Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 34,671 words

    ဪအည်းခံ

    [ʔɔ̀ʔɛ́kʰံ]
    မှန်ကန်ကြောင်း သဖောချင်း တိုက်ဆိုင် ညီညွတ်ကြောင်း ကတိပြု ပြောဆိုရေ
    မှန်ကန်ကြောင်း သဘောချင်း တိုက်ဆိုင် ညီညွတ်ကြောင်း ကတိပြု ပြောဆိုသည်
    make promise
    ကြိယာ

    ဪဟိ

    [ʔɔ̀hì]
    သစ္စာဟိဟိ။ အသက်ထက်ဆုံး
    သစ္စာယှိယှိ။ အသက်ထက်ဆုံး
    faithful
    ကြိယာဝိသေသန

    ဪလန်

    [ʔɔ̀làɴ]
    ဟုတ်မှန်ကြောင်း ဝန်ခံ ကတိပြုရေ စကား။ အားနာဘယ ဝန်ခံကတိ ပြောဆိုရေ စကား
    ဟုတ်မှန်ကြောင်း ဝန်ခံ ကတိပြုသော စကား။ လေးလေးစားစား ဝန်ခံကတိ ပြောဆိုသော စကား
    admission
    နာမဝိသေသန

    ဪရာမာရာ

    [ʔɔ̀ɹàmàɹà]
    ကျရာ တာဝန်ကို အညီအညွတ် ခွဲဝီထမ်းဆောင်ဗျာယ်
    ကျရာ တာဝန်ကို အညီအညွတ် ခွဲဝေထမ်းဆောင်လျက်
    serve
    ကြိယာဝိသေသန

    ဪရာကြီး

    [ʔɔ̀ɹàt͡ɕï]
    အလွန်တရာ့ ကြီးမားရေ
    အလွန့်အလွန့် ကြီးမားသော
    extra large
    နာမဝိသေသန

    ဪရာ၂

    [ʔɔ̀ɹà၂]
    ဟုတ်မှန်ကြောင်း ဝန်ခံ ကတိပြုရေ စကား။ အားနာဘယ ဝန်ခံ ကတိ ပြောဆိုရေ စကား
    ဟုတ်မှန်ကြောင်း ဝန်ခံ ကတိပြုသော စကား။ လေးလေးစားစား ဝန်ခံ ကတိ ပြောဆိုသော စကား
    admission
    နာမ်

    ဪရာ

    [ʔɔ̀ɹà]
    ကမ္ဘာလောက် မားသော
    အလွန်ကြီး မားသော
    very large
    နာမဝိသေသန

    ဪ၂

    [ʔɔ̀၂]
    ငါ။ ကိုယ့်ကိုယ်ကို ညွှန်ပြသော စကားလုံး
    ငါ။ မိမိကိုယ်ကို ညွှန်ပြသော စကားလုံး
    I
    နာမ်စား

    ဪ

    [ʔɔ̀]
    မဖြစ်တန်ကောင်းရာ ဖြစ်တေဟု စိတ်မာ ဖြစ်ပေါ်လှာခြင်း။ စိတ်မာ ကျီနပ် နှစ်သက်အားရခြင်း။ ကရုဏာသက်ခြင်း အစဟိစွာ ရို့ကို ဗြုန်းကနဲ ခံစားရရေ့အခါမှ နှုတ်က မြည်တမ်း ပြောဆိုရေ စကား
    မဖြစ်တန်ကောင်းပဲ ဖြစ်သည်ဟု စိတ်တွင် ဖြစ်ပေါ်လာခြင်း။ စိတ်တွင် ကျေနပ် နှစ်သက်အားရခြင်း။ ကရုဏာသက်ခြင်း စသည် တို့ကို ဗြုန်းကနဲ ခံစားရသည့်အခါတွင် နှုတ်မှ မြည်တမ်း ပြောဆိုသော စကား
    word expressing surprise joy or sudden emotion
    အာလုပ်

    ဩအည်းလိုက်

    [ʔɔ́ʔɛ́laɪʔ]
    ကြိတ်မှိတ်ခံရေ။ မကြိုက် ဖြစ်တေ။ ငြိုငြင်သည်
    ကြိတ်မှိတ်ခံသည်။ မကြည်မဖြူ ဖြစ်သည်။ ငြိုငြင်သည်
    voice assent
    ကြိယာ

    ဩအည်းခံ

    [ʔɔ́ʔɛ́kʰံ]
    မှန်ကန်ကြောင်း သဖောချင်း တိုက်ဆိုင် ညီညွတ်ကြောင်း ကတိပြု ပြောဆိုရေ
    မှန်ကန်ကြောင်း သဘောချင်း တိုက်ဆိုင် ညီညွတ်ကြောင်း ကတိပြု ပြောဆိုသည်
    plight
    ကြိယာ

    ဩရသ

    [ʔɔ́ɹθ]
    ရင်၌ ဖြစ်ရေ သားကြီး၊ သမီးကြီး
    ရင်၌ ဖြစ်သော သားကြီး၊ သမီးကြီး
    ones own offspring [colloq] eldest son or daughter [ Pali ဩရသ ]
    နာမ်

    ဩဘာသ

    [ʔɔ́bʱàθ]
    အရောင်အဝါ
    အရောင်အဝါ
    glow
    နာမ်

    ဩဘာပီး

    [ʔɔ́bʱàpï]
    လက်ခုတ်လက်ဝါး တီးပြီးကေ ဝမ်းသာအားရ ချီးကျူး စကားပြော ဆိုရေ။ ဂုဏ်သတင်းကို ဖော်ထုတ် ပြောဆိုရေ
    လက်ခုတ်လက်ဝါး တီး၍ ဝမ်းသာအားရ ချီးကျူး စကားပြော ဆိုသည်။ ဂုဏ်သတင်းကို ထုတ်ဖော် ပြောဆိုသည်
    applaud - cheer speak words of praise
    ကြိယာ

    ဩဘာ

    [ʔɔ́bʱà]
    ကောင်းချီး စကား။ ချီးမွမ်းခြင်း
    ကောင်းချီး စကား။ ချီးမွမ်းခြင်း
    aura [as in သုံးဆယ့်ခြောက်သွယ်၊ တင့်တယ်လှစွာ၊ ရောင်~တို့ဖြင့်] augury [as in သဗ္ဗမင်္ဂလာ၊ ~ကောင်းဟိတ်၊ ကောင်းနိမိတ်နှင့်] applause - acclaim [as in ချီးမွမ်းထောမနာ ~ ပြုကြလေ၏။ ~မင်္ဂလာစကား] [ Pali ဩရသ ]
    နာမ်

    ဩထွက်

    [ʔɔ́tʰwɛʔ]
    အန်ထွက်ရေ။ ပိုပြီးကေ လျှံထွက်ရေ။ ဟိသင့်စွာထက် ကဲလွန် များပြားရေ။ ရည်မှန်း သတ်မှတ်သည့်ထက် (ပိုလျှံ) များပြားသည်
    အန်ထွက်သည်။ ပိုမို လျှံထွက်သည်။ ယှိသင့်သည်ထက် ကဲလွန် များပြားသည်။ ရည်မှန်း သတ်မှတ်သည့်ထက် (ပိုလျှံ) များပြားသည်
    be abundant
    ကြိယာ

    ဩဇာဟိ

    [ʔɔ́zàhì]
    လူများရို့ ရိုသေ ပျပ်ဝပ်လိုက် လိုက်နာယူစီနှိုင်ရေ အမိန့်အာဏာ ဘုန်းတေဇာနှင့် ပြည့်စုံရေ
    သူတစ်ပါးတို့ ရိုသေ ပျပ်ဝပ်လိုက် နာခံယူစေနိုင်သော အမိန့်အာဏာ ဘုန်းတေဇာနှင့် ပြည့်စုံသည်
    have a power of influence
    ကြိယာ

    ဩဇာလိုက်

    [ʔɔ́zàlaɪʔ]
    လူများ ပီးရေ့ အာဏာကို လိုက်နာ ခံယူရေ
    သူတစ်ပါး ပေးသည့် အာဏာကို လိုက်နာ ခံယူသည်
    follow
    ကြိယာ

    ဩဇာပီး

    [ʔɔ́zàpï]
    တခုတရီကို ပြုလုပ် ဆောင်ရွက်နိုင်ဖို့ အာဏာဖြင့် ခိုင်းစီရေ။ တခုတရီကို လိုက်နာ ဆောင်ရွက်ရန် ထုတ်ဖေါ်ပြရေ
    တစ်စုံတစ်ရာကို ပြုလုပ် ဆောင်ရွက်နိုင်ရန် အာဏာဖြင့် စေခိုင်းသည်။ တစ်စုံတစ်ခုကို လိုက်နာ ဆောင်ရွက်ရန် ထုတ်ဖေါ်ပြသည်
    exercise one’s power - throw one’s weight about (fig.)
    ကြိယာ

    ဩဇာထွန်း

    [ʔɔ́zàtʰʊ́ɴ]
    လူများရို့အပေါ် ဩဇာ ကမ္ဘာလောက်ရေ။ လူများရို့အပေါ် ဩဇာပျံ့နှံ တည်စီရေ
    သူတစ်ပါးတို့အပေါ် ဩဇာ အလွန်ကြီးသည်။ သူတစ်ပါးတို့အပေါ် ဩဇာပျံ့နှံ တည်စေသည်
    be powerful - be influential
    ကြိယာ