📜 ရခိုင်ကဗျာလေးတိ

ဝလုံးရွီးပါမေ
မင်္ဂလာပါ ဆရာမ အကျွန်ရို့ဆရာမ လာပါရေ၊ ဝလုံး ရွီးပါမေ။ ကျောက်တံချေ ချွန်ချွန်သွီး၊ သင်ပုန်းစင်စင်ဆီး။ ဝလုံးရွီးလို့ မညောင်းပါ၊ ရယ်ရယ်ပြုံးပြုံး ပျော်စရာ။ သင်ပုန်းမာ ပြည့်ပြည့်ဘုန်း၊ မောင်ရို့ မရို့ ဝလုံးလုံး။ အကျွန့်သင်ပုန်း ကြည့်ပီးပါ၊ အမှတ်ကြီးကြီးထည့်ပီးပါ။ မင်္ဂလာပါ ဆရာမ၊ အကျွန်ရို့ဆရာမ၊ ဝဝဝ ဝ။
ကျောင်းအပ်ဖို့
မိရင်ခွင်လေ ...ဖ ပေါင်ထက်မာ ... တင်ကာသိပ်ကေ၊ အိပ်ဖို့ရာကောင်းတုန်း လေးနှစ်ကေကျော်၊ ငါးနှစ်ရာစိလို့ ဆရာသျှင်လေ၊ ဝိဟာကျောင်းမာ ဘားဘာလားပျာ၊ သားတော်မောင်ယေ လက်ကိုဆွဲလို့၊ ကျောင်းအပ်ဖို့လေ။