ရွတ်ဆိုဖို့ ဗျည်းကဗျာတိ

က ကထိန်ပွဲ ဆင်ယင်နွှဲ ခမောက်ဆောင်း ထီးပိုင်ကောင်း ဂမုန်းပင် ဆီးဖက်ဝင် ဃကျောက်ရှည် ရွီးခက်တေ ငရုတ်ကောင်း အမှုန့်ထောင်း

စပါး ဝမ်းစာထား ဆရာ စာသင်ပါ ဇလုံချေ လက်ဆီးမေ ညဇာသား ရီခပ်လား

တလင်းပြင် ကျင်ကိုင်ချင် ထမင်းစား ခြီယင့်လား ဓလိမှန် ရှိခိုးဟန် နပျိုးသီး ချိုအီးအီး ဒလက်ချေ ဂျင်ပိုင်လည်

ပဝတ်ပင် အသုံးဝင် ဖရဲသီး စိတ်ပျာပီး ဗလမောင် ခွန်အားဆောင် ဘယက်ဆင် လှရေပင် မရွတ်ပြုတ် ပျုပ်ပျုပ်စုပ်

ယမုန်နာ မြစ်သာယာ ရခိုင် မျိုးစောင့်နှိုင် လပခါ ကဇတ်ပါ ဝသန္တ မိုးကာလ သဇင်တန် ခေါင်းမာပန်

ဟပျာထား ခြံတန်းခါး အဖိုးသျှင် ဥပုသ်ဝင်၊ ကုသိုလ်ရဖို့ပင်