Dictionary Entry

ဝဲလင်းဆောင်

[wɛlɪ́ɴsʰàʊɴ]
အယင်က အိမ်ကြီးများရို့မာ အိမ်ဟိမျက်နှာစာ၌ (သားသမီး၊ မြေး၊ မြစ်အစဟိစွာ အချေသူငယ် ကစပ်ပျော်ရွှင်ဖို့အတွက်) အမိုးချဗျာယ် အကာမဲ့ ဆောက်လုပ် ထားရေ အဆောင်။ တနည်း လီညင်းခံရန် အဆောင်။ နဂါးရစ်ကေ ဆောင်ယောင်၊ ဝဲလင်းဆောင်မာ မောင်သျှင်ပျော်ပါး (နတ်သိုက်)
ယခင်က အိမ်ကြီးများတို့တွင် အိမ်ရှေ့မျက်နှာစာ၌ (သားသမီး၊ မြေး၊ မြစ်စသည် ကလေးသူငယ် ကစားပျော်ရွှင်ဖို့အတွက်) အမိုးချလျက် အကာမဲ့ ဆောက်လုပ် ထားသော အဆောင်။ သို့မဟုတ် လေညှင်းခံရန် အဆောင်။ နဂါးရစ်ကေ ဆောင်ယောင်၊ ဝဲလင်းဆောင်မှာ မောင်သျှင်ပျော်ပါး (နတ်သိုက်)
roofed open extension in front of old period houses
◆

Grammar Note:

နာမ်

Additional Details

Created At
2026-02-22 11:45:50
Search similar ← Back to Dictionary