Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 34,671 words

    က

    က

    [k]
    ပြုသူ ဖြစ်သူကို ညွှန်ပြသော စကားလုံး
    ပြုသူ ဖြစ်သူကို ညွှန်ပြသော စကားလုံး
    postpositional marker to indicate nominative case
    ဝိသေသန

    ကံ

    [kံ]
    အမှု။ ကိစ္စ။ အလုပ်။ ထိုထိုပြုသမျှ၊ ကံကိစ္စကို။ ရှေးကပြုခဖူးသော ကောင်းမှုရို့၏အကျိုး။ ဝိနည်းဘက် ဆိုင်ရာ ရဟန်းရို့၏ (ကံ) ဆောင်ရွက်ချက်
    အမှု။ ကိစ္စ။ အလုပ်။ ထိုထိုပြုသမျှ၊ ကံကိစ္စကို။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုတို့၏အကျိုး။ ဝိနည်းဘက် ဆိုင်ရာ ရဟန်းတို့၏ (ကံ) ဆောင်ရွက်ချက်
    one's deed word or thought which predetermines one's future luck fortune lot [gram] object [Pali ကမ္မ ]
    နာမ်

    က စား

    [k sá]
    အမှီ ပုဒ်စုနှင့် အခြီခံ ပုဒ်စုရို့ကို စပ်ပီးရေ ဖလိဖလာ စကားလုံး
    အမှီ ပုဒ်စုနှင့် အခြေခံ ပုဒ်စုတို့ကို စပ်ပေးသော ဆန့်ကျင်ဖက် စကားလုံး
    opposite
    သမ္ဗန္တ

    က တောင်း

    [k táʊɴ]
    တော၊ တောင်အစဟိစွာရို့မာ ပင်ဖြစ်ဖြစ်၊ ပြင်လယ်ကောင် အစဟိစွာရို့မာ ပင်ဖြစ်ဖြစ်၊ မီးလင်းပေါက်ရယောင် စည်ပုံးကို အပေါက်ဖောက်၍ မီးထွန်းပြီးသည့် အခါမှ မီးရောင်နန့် သား၊ ငှက်တိရိစ္ဆာန်ရို့ကို ဖမ်းဆီးသော ကရိယာ၊ ငှက်ဖမ်း ကရိယာတမျိုး
    တော၊ တောင်စသည်တို့၌ လည်းကောင်း၊ လယ်ကွင်းပြင် စသည်တို့၌ လည်းကောင်း၊ မီးလင်းပေါက်ရအောင် စည်ပုံးကို အပေါက်ဖောက်၍ မီးထွန်းပြီးသည့် အခါတွင် မီးရောင်ဖြင့် သား၊ ငှက်တိရိစ္ဆာန်တို့ကို ဖမ်းဆီးသော ကရိယာ၊ ငှက်ဖမ်း ကရိယာတစ်မျိုး
    equipment
    နာမ်

    က၂

    [k၂]
    ဖဲကြည် ထွက်ခွာ လာခရာ အရပ်စရေရို့ကို ညွှန်ပြသော စကားလုံး။ မှ
    ဖဲကြည် ထွက်ခွာ လာခဲ့ရာ အရပ်စသည့်တို့ကို ညွှန်ပြသော စကားလုံး။ မှ
    postpositional marker indicating locative case - leave the place(firm)
    ဝိသေသန

    က၃

    [k၃]
    တည်နီရာ အရပ်ကို ညွှန်ပြသော စကားလုံး။ မှ
    တည်နေရာ အရပ်ကို ညွှန်ပြသော စကားလုံး။ မှ
    postpositional marker indicating place - location place
    ဝိသေသန

    က၄

    [k၄]
    ပြုရာ၊ တည်ရာ၊ ဖြစ်ရာအရပ် တခုခုကို ရည်မှတ်ပနာ ပြောသော စကား။ ၌။ မာ
    ပြုရာ၊ တည်ရာ၊ ဖြစ်ရာအရပ် တစ်ခုခုကို ရည်မှတ်၍ ပြောသော စကား။ ၌။ တွင်
    destination - scenes of aim
    ဝိသေသန

    က၅

    [k၅]
    တစုံ တခုကို ပြုလုပ်ခြင်း၊ ဖြစ်ခြင်းကို ရည်ရွယ်၍ ပြောဆိုရာမာ သုံးသော စကား။ မူ။ သော်။ လျှင်
    တစ်စုံ တစ်ခုကို ပြုလုပ်ခြင်း၊ ဖြစ်ခြင်းကို ရည်ရွယ်၍ ပြောဆိုရာတွင် သုံးသော စကား။ မူ။ သော်။ လျှင်
    if - create something of aim
    သမ္ဗန္တ

    က၆

    [k၆]
    ခွပ်ရေ။ ခုတ်ဖြတ်ရေ။ ပိုင်းဖြတ်ရေ
    ခုတ်သည်။ ခုတ်ဖြတ်သည်။ ပိုင်းဖြတ်သည်
    be at least equal to (usually used in the negative form) - chop - cut
    ကြိယာ

    က၇

    [k၇]
    သီ၊ ဆို၊ မှုတ်တီးသော တူရိယာ အသံနန့် ခန္ဓာ ကိုယ်လက် အစဟိစွာရို့ကို ရှုချင် စဖွယ် ဖြစ်ယောင် လှုပ်ရှား၍ ပြရေ
    သီ၊ ဆို၊ မှုတ်တီးသော တူရိယာ အသံဖြင့် ခန္ဓာ ကိုယ်လက် စသည်တို့ကို ရှုချင် စဖွယ် ဖြစ်အောင် လှုပ်ရှား၍ ပြသည်
    dance
    ကြိယာ

    က၈

    [k၈]
    ဆင်မြင်းရို့ နောက်ကုန်း ထက်မာ လူထိုင်ရန် ပြုလုပ် ထားရေ နီရာ
    ဆင်မြင်းတို့ ကျောကုန်း ထက်တွင် လူထိုင်ရန် ပြုလုပ် ထားသော နေရာ
    howdah - saddle
    နာမ်

    က၉

    [k၉]
    ဗျည်း သုံးဆယ့်သုံးလုံး ရို့မာ အစဖြစ်ရေ အက္ခရာ။ ကကြီးဟု ခေါ်ရေ
    ဗျည်း သုံးဆယ့်သုံးလုံး တို့တွင် အစဖြစ်သော အက္ခရာ။ ကကြီးဟု ခေါ်သည်
    the first consonant of the Arakanese alphabet
    နာမ်

    ကံကုန်

    [kံkòʊɴ]
    သီကေအချိန်ဆိုက်ရောက်ရေ။ သေချိန်နီးကပ်လာရေ
    သေရန်အချိန်ဆိုက်ရောက်သည်။ သေချိန်နီးကပ်လာသည်
    (of royalty) die - pass away expire
    ကြိယာ

    ကံ့ကူစိ.

    [kံ့kùsì.]
    ပျိုင်သင်းပုန်းချပ်မာရီးရရေ အရောင်ဖြူ၍နုသော ကန့်ကူစိတမျိုး
    ပျဉ်သင်းပုန်းချပ်တွင်ရေးရသော အရောင်ဖြူ၍နုသော ကျောက်တံတစ်မျိုး
    writing instrument consisiting of a stick of soap-stone in a holder - soap-stone pencil - statite pencil
    နာမ်

    ကံကောက်

    [kံkɔ́ɛʔ]
    ဒူးဆစ်ကွေး အထဲဘက်နီရာ
    ဒူးဆစ်ကွေး အတွင်းဘက်နေရာ
    crook
    နာမ်

    ကံကောင်း

    [kံkáʊɴ]
    ကောင်းမြတ်သော ကံ။ ကံမကောင်း အကြောင်းမလှ
    ကောင်းမြတ်သော ကံ။ ကံမကောင်း အကြောင်းမလှ
    fluke
    နာမ်

    ကံကောင်း၂

    [kံkáʊɴ၂]
    ရှေးကပြုခပြီးကေသော ကောင်းမှုရို့၏ အကျိုးကို ခံစားရရေ
    ရှေးကပြုခဲ့ပြီးသော ကောင်းမှုတို့၏ အကျိုးကို ခံစားရသည်
    be luckly - be fortunate
    ကြိယာ

    ကံ့ကော်

    [kံ့kɔ̀]
    တန်ခူးလ၏ ရာသီပန်းပွင့်သော ရနံ့မွီးကြိုင်စွာ ပန်းပွင့်ရေ ကြီးရေ အပင်တမျိုး
    တန်ခူးလ၏ ရာသီပန်းပွင့်သော ရနံ့မွေးကြိုင်စွာ ပန်းပွင့်သည့် ကြီးသော သစ်ပင်တစ်မျိုး
    hardwood evergreen bearing sweet scented white blossms with yellow stamens Mesua ferrea
    နာမ်

    ကက္ကူကြာ

    [kkə́kəùt͡ɕà]
    အရွယ်ငယ်ငယ် အပွင့်ဖြူဖြူ ပေါက်စချေပွင့်၍ ကြာနန့်တူသော ကြာငယ်တမျိုး
    အရွယ်ငယ်ငယ် အပွင့်ဖြူဖြူ သေးသေးလေးပွင့်၍ ကြာနှင့်တူသော ကြာငယ်တစ်မျိုး
    [myth.] kind of divine flower [ Pali ကက္ကရု ] - lotus
    နာမ်

    ကက္ကူစူး

    [kkə́kəùsùး]
    သုံးခွဟိရေ စူး သံစူး ဝါးစူး ဆိုပနာ နှစ်မျိုး ဟိရေ
    သုံးခွရှိသော ဆူး သံဆူး ဝါးဆူး ဟူ၍ နှစ်မျိုး ရှိသည်
    thorn
    နာမ်