သာလီစွပါ ဆရာမ
Greetings, Teacher.
အကျွန်ရို့ဆရာမ လာပါရေ၊ ဝလုံး ရွီးပါမေ။
Our teacher has arrived, we will write the letter "Wa".
ကျောက်တံချေ ချွန်ချွန်သွီး၊ သင်ပုန်းစင်စင်ဆီး။
Sharpen the slate pencil neatly, clean the slate completely.
ဝလုံးရွီးလို့ မညောင်းပါ၊ ရယ်ရယ်ပြုံးပြုံး ပျော်စရာ။
Writing "Wa" never makes us tired, it is joyful with smiles.
သင်ပုန်းမာ ပြည့်ပြည့်ဘုန်း၊ မောင်ရို့ မရို့ ဝလုံးလုံး။
Fill the slate completely, brothers and sisters write round "Wa".
အကျွန့်သင်ပုန်း ကြည့်ပီးပါ၊ အမှတ်ကြီးကြီးထည့်ပီးပါ။
Please look at my slate and give me high marks.
သာလီစွပါ ဆရာမ၊ အကျွန်ရို့ဆရာမ၊ ဝဝဝ ဝ။
Greetings, Teacher! Our dear teacher! Wa Wa Wa Wa.