Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,981–2,000 of 3,186 words

    က

    ကျေးဇူးခံစား

    [t͡ɕézùးkʰံsá]
    တမလွန်ဘဝ၊ အဂုဘဝမာပြုခရေ ကောင်းမှုကြောင့် အကျိုးခံစားရရေ
    တမလွန်ဘဝ၊ ယခုဘဝတွင်ပြုခဲ့သော ကောင်းမှုကြောင့် အကျိုးခံစားရသည်
    effectiveness
    ကြိယာ

    ကျေးဇူးဆပ်

    [t͡ɕézùးsʰaʔ]
    တပါးသောသူက ကိုယ့်အား အကျိုးဖြစ်ထွန်းစေစွာကို တုံ့ပြန်သောအနိန်နန့် ယင်းအား အကျိုးဖြစ်ထွန်းသက်ရောက်စီသည်
    တစ်ပါးသောသူက မိမိအား အကျိုးဖြစ်ထွန်းစေသည်ကို တုံ့ပြန်သောအားဖြင့် ၎င်းအား အကျိုးဖြစ်ထွန်းသက်ရောက်စေသည်
    be in somebody’s debt
    ကြိယာ

    ကျေးဇူးတင်

    [t͡ɕézùးtɪ̀ɴ]
    လူတိက ပြုဖူးသော ကျေးဇုဂုဏ်ကို ထုတ်ဖေါ်ပြောဆိုရေ
    သူတစ်ပါးက ပြုဖူးသော ကျေးဇူးဂုဏ်ကို ထုတ်ဖေါ်ပြောဆိုသည်
    be in somebody’s debt
    ကြိယာ

    ကျေးဇူးတရစ်

    [t͡ɕézùးtɹɪʔ]
    ၁၊ လူတိက ပြုဖူးသော ကျေးဇုတရားကို မထောက်မထားပဲ ပြောဆိုပြုမူရေ။ ၂၊ လူတိက ပြုဖူးသော ကျေးဇုတရားကို ချီးကျူး၍ မပြောဆိုကား အပြစ်ပြောဆိုပြုမူရေ။ ကျေးဇုတရစ်၊ စုတ်စုတ်နစ် (ရိုးရာ)
    ၁၊ သူတစ်ပါးက ပြုဖူးသော ကျေးဇူးတရားကို မထောက်မထားပဲ ပြောဆိုပြုမူသည်။ ၂၊ သူတစ်ပါးက ပြုဖူးသော ကျေးဇူးတရားကို ချီးကျူး၍ မပြောဆိုပဲ အပြစ်ပြောဆိုပြုမူသည်။ ကျေးဇူးတရစ်၊ စုတ်စုတ်နစ် (ရိုးရာ)
    thankless
    ကြိယာ

    ကျေးဇူးတရား

    [t͡ɕézùးtɹá]
    လူတိကပြုပနာ သက်ရောက်သော အကျိုးကျေးဇု
    သူတစ်ပါးကပြု၍ သက်ရောက်သော အကျိုးကျေးဇူး
    be in somebody’s debt
    နာမ်

    ကျေးဇူးနစ်

    [t͡ɕézùးnɪʔ]
    ကျေးဇုကန်းသည်
    ကျေးဇူးကန်းသည်
    thankless
    ကြိယာ

    ကျေးဇူးပြန်

    [t͡ɕézùးpɹàɴ]
    တပါးသောသူက ကိုယ့်အား အကျိုးဖြစ်ထွန်းစေစွာကို တုံ့ပြန်သောအနိန်နန့် ယင်းအား အကျိုးဖြစ်ထွန်း သက်ရောက်စီသည်
    တစ်ပါးသောသူက မိမိအား အကျိုးဖြစ်ထွန်းစေသည်ကို တုံ့ပြန်သောအားဖြင့် ၎င်းအား အကျိုးဖြစ်ထွန်း သက်ရောက်စေသည်
    beget
    ကြိယာ

    ကျေးဇူးပြု

    [t͡ɕézùးpɹoʊ]
    ကြည့်ရှုစောင့်မရေ။ အကျိုးဖြစ်ထွန်းစီရေ
    ကြည့်ရှုစောင့်မသည်။ အကျိုးဖြစ်ထွန်းစေသည်
    beget
    ကြိယာ

    ကျေးဇူးသျှင်

    [t͡ɕézùးʃɪ̀ɴ]
    ကျေးဇုပြုဖူးသောသူ။ အသျှင်။ သခင်။ လင်။ အကျွန်ထိပ်တင်၊ ကျေးဇုသျှင်၏။ သခင်အရင်း၊ သမင်မင်းကား (ထွန်းဘိ)
    ကျေးဇူးပြုဖူးသောသူ။ အရှင်။ သခင်။ လင်။ အကျွန်ထိပ်တင်၊ ကျေးဇူးသျှင်၏။ သခင်အရင်း၊ သမင်မင်းကား (ထွန်းဘိ)
    master
    နာမ်

    ကျေးဇူးဟိ

    [t͡ɕézùးhì]
    လူတိကပြုရေ ကျေးဇုအကျိုးသက်ရောက်ရေ။ အကျိုးဟိသည်
    သူတစ်ပါးကပြုသော ကျေးဇူးအကျိုးသက်ရောက်သည်။ အကျိုးရှိသည်
    effective
    ကြိယာ

    ကျေးတိုး

    [t͡ɕétó]
    ၁၊ ကြီးပွားရေ။ ချမ်းသာရေ။ ၂၊ ဈီးနှုန်းတိုးမြှင့်ရေ။ ၃၊ အကောက်အခွန် တိုးပွားသည်
    ၁၊ ကြီးပွားသည်။ ချမ်းသာသည်။ ၂၊ ဈေးနှုန်းတိုးမြှင့်သည်။ ၃၊ အကောက်အခွန် တိုးပွားသည်
    wealth
    ကြိယာ

    ကျေးတိုင်

    [t͡ɕétàɪɴ]
    ၁၊ မြေနှင့်ပတ်သက်ပြီးကေ တိုင်းထွာစစ်ဆီးပိုင်းခြား သတ်မှတ်မှုဆိုင်ရာ အတတ်ပညာ။ ၂၊ ယင်းအလုပ်ကို လုပ်ကိုင်သူ
    ၁၊ မြေနှင့်ပတ်သက်၍ တိုင်းထွာစစ်ဆေးပိုင်းခြား သတ်မှတ်မှုဆိုင်ရာ အတတ်ပညာ။ ၂၊ ယင်းအလုပ်ကို လုပ်ကိုင်သူ
    geologist
    နာမ်

    ကျေးတော

    [t͡ɕétɔ́]
    ၁၊ ကျေးပင်များပေါက်ရောက်သော နီရာ။ အရပ်။ ၂၊ မြို့မှဝေးခေါင်သောနီရာ အရပ်၊ ရွာငယ်
    ၁၊ ကျေးပင်များပေါက်ရောက်သော နေရာ။ အရပ်။ ၂၊ မြို့မှဝေးခေါင်သောနေရာ အရပ်၊ ရွာငယ်
    village
    နာမ်

    ကျေးထမ်း

    [t͡ɕétʰáɴ]
    လယ်မြီအစဟိစွာဆိုင်ရာ တန်ဖိုးပီးသွင်းရဖို့့ အခကြီးငွီ
    လယ်မြေစသည်ဆိုင်ရာ တန်ဖိုးပေးသွင်းရမည့် အခကြေးငွေ
    tax
    နာမ်

    ကျေးထမ်းကြီး

    [t͡ɕétʰáɴt͡ɕï]
    ၁၊ လယ်မြီ အစဟိစွာဆိုင်ရာ အခွန်အတုတ်ကို ကောက်ခံသူ။ ၂၊ ကိုယ့်ပါးကို ဝင်လှာသမျှသော ငွီကြီးရို့ကို စာရင်းနှင့်တကွ စနစ်တကျ ထိန်းသိမ်းရရေ အမှုထမ်း စာရီးကြီး အကြီးစားမျိုး
    ၁၊ လယ်မြေ စသည်ဆိုင်ရာ အခွန်အတုတ်ကို ကောက်ခံသူ။ ၂၊ မိမိထံသို့ ဝင်လာသမျှသော ငွေကြေးတို့ကို စာရင်းနှင့်တကွ စနစ်တကျ ထိန်းသိမ်းရသော အမှုထမ်း စာရေးကြီး အကြီးစားမျိုး
    taximan
    နာမ်

    ကျေးထမ်းကြီး၂

    [t͡ɕétʰáɴt͡ɕï၂]
    လယ်ကောင်း မြီကောင်းအစဟိစွာဆိုင်ရာမာ အခွန်အတုတ်ကို တိုးမြှင့်၍ ကောက်ခံသည်
    လယ်ကောင်း မြေကောင်းစသည်ဆိုင်ရာ၌ အခွန်အတုတ်ကို တိုးမြှင့်၍ ကောက်ခံသည်
    tax
    ကြိယာ

    ကျေထောက်

    [t͡ɕètʰɔ́ɛʔ]
    လစ်ဟင်းမှုမဟိရေ။ ပြည့်စုံသော
    လစ်ဟင်းမှုမရှိသော။ ပြည့်စုံသော
    perfect
    နာမဝိသေသန

    ကျေနက်

    [t͡ɕènɛʔ]
    ကိုယ့်အလိုတော်ကျဖြစ်ပနာ နှစ်သက်အားရရေ
    မိမိအလိုတော်ကျဖြစ်၍ နှစ်သက်အားရသည်
    satisfy
    ကြိယာ

    ကျေးပင်

    [t͡ɕépɪ̀ɴ]
    ပန်းဆိုင်ပိုင် တွဲလောင်းကျသော ညှာတံမာ သီးပွင့်သောအပင်တမျိုး။ ကျည်းပင်
    ပန်းဆိုင်ကဲ့သို့ တွဲလျားကျသော ညှာတံတွင် သီးပွင့်သောအပင်တစ်မျိုး။ ကျည်းပင်
    none
    နာမ်

    ကျေးပါ

    [t͡ɕépà]
    အဖိုးတန်သည်
    အဖိုးတန်သည်
    precious
    ကြိယာ