Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 913 words

    ဆ

    ဆ

    [sʰ]
    ဗျည်း သုံးဆယ့်သုံး လုံးမာ ခုနှစ်လုံး မြောက်သော အက္ခရာ။ ဆ လိမ် ဟု ခေါ်ရေ
    ဗျည်း သုံးဆယ့်သုံး လုံးတွင် ခုနှစ်လုံး မြောက်သော အက္ခရာ။ ဆ လိမ် ဟု ခေါ်သည်
    th of Arakanese consonant
    နာမ်

    ဆံ

    [sʰံ]
    အဂေါင်း၌ ပေါက်သော အမွီး။ ဂေါင်းတွက်ရစ်ပတ်၊ ဆံကေသာကို၊ ဖြီးကာလှိုက်ကေ၊ ကိုက်၍ပြီးကေ (ကော်)
    ဦးခေါင်း၌ ပေါက်သော အမွေး။ ဂေါင်းတွက်ရစ်ပတ်၊ ဆံကေသာကို၊ ဖြီးကာလှိုက်ကေ၊ ကိုက်၍ပြီးလျှင် (ကော်)
    hair
    နာမ်

    ဆံ့

    [sʰံ့]
    ၁၊ ဝင်ကန်ရေ။ သင့်လျော် ပိုင် ရောနှော ပါဝင်နှိုင်ရေ။ ၂၊ အပြင်သို့ (ပိုလျှံ) ထွက်ကျမှု မဟိ။ အထဲထဲမာ တည်နေ နိုင်လောက်သည်
    ၁၊ ဝင်ဆံ့သည်။ သင့်လျော် သလို ရောနှော ပါဝင်နိုင်သည်။ ၂၊ အပြင်သို့ (ပိုလျှံ) ထွက်ကျမှု မရှိ။ အတွင်းထဲ၌ တည်နေ နိုင်လောက်သည်
    have the capacity
    ကြိယာ

    ဆ၂

    [sʰ၂]
    ကြံတွေးရေ။ မှန်းကြည့်ရေ။ ၂၊ မှန်းထားခြင်းအနိန်နန့် ချင့်ချိန်ရေ။ နှိုင်းနိူင်းသည်
    ကြံတွေးသည်။ မှန်းကြည့်သည်။ ၂၊ မှန်းထားခြင်း အားဖြင့် ချင့်ချိန်သည်။ နှိုင်းယှဉ်သည်
    guess - compare
    ကြိယာ

    ဆ၃

    [sʰ၃]
    မူလ အရင်းခံနန့် တူညီရေ အတိုင်း အထွာ ပမာဏ
    မူလ အရင်းခံနှင့် တူညီသော အတိုင်း အထွာ ပမာဏ
    measurement
    နာမ်

    ဆက်

    [sʰɛʔ]
    ၁၊ တယောက်နှင့် တယောက် မီးမြန်း ကတ်တေ။ နှုတ်ဆက် ခမက်ဖြစ်တေ (ပုံ)။ ဂုဏ်ကြီးမြတ်သော သူရို့အား ပီးကမ်းရေ။ ဘုရင် မင်းမြတ်အား သမီးတော်နှင့် တကွ ပဏာ လက်ဆောင်ရို့ကို ပေးဆက်လေ၏ (တောင်)။ ၃၊ တခုနန့်တခု ပူးစပ်ရေ။ တိုလျှင်ဆက်စပ်၊ ရှည်လျှင်ဖြတ် (ပုံ)။ ရှင်ဘု
    ၁၊ တစ်ယောက်နှင့် တစ်ယောက် မေးမြန်း ကြသည်။ နှုတ်ဆက် ခမက်ဖြစ်တေ (ပုံ)။ ဂုဏ်ကြီးမြတ်သော သူတို့အား ပေးကမ်းသည်။ ဘုရင် မင်းမြတ်အား သမီးတော်နှင့် တကွ ပဏာ လက်ဆောင်တို့ကို ပေးဆက်လေ၏ (တောင်)။ ၃၊ တစ်ခုနှင့်တစ်ခု ပူးစပ်သည်။ တိုလျှင်ဆက်စပ်၊ ရှည်လျှင်ဖြတ် (ပုံ)။ ရှင်ဘု
    serve meals
    ကြိယာ

    ဆက်ကပ်

    [sʰɛʔkaʔ]
    ဂုဏ်အားဖြင့် မြင့်မြတ်သော ပုဂ္ဂိုလ်ရို့အား ပီးရေ
    ဂုဏ်အားဖြင့် မြင့်မြတ်သော ပုဂ္ဂိုလ်တို့အား ပေးသည်
    offer respectfully
    ကြိယာ

    ဆက်ကာဆက်ကာ

    [sʰɛʔkàsʰɛʔkà]
    တစပ်တည်း ရက်ပြတ်။ အစိုင်တစိုက်။ မင်းကြီးလည်း အလှူ ဒါနကို မပြတ်မလပ် ဆက်ကာဆက်ကာ ပြုလုပ်ကတ်တေ (တောင်)
    တစ်စပ်တည်း အဆက်မပြတ်။ အစဉ်တစိုက်။ မင်းကြီးလည်း အလှူ ဒါနကို မပြတ်မလပ် ဆက်ကာဆက်ကာ ပြုလုပ်ကြသည် (တောင်)
    repeated
    ကြိယာဝိသေသန

    ဆက်ကြေး

    [sʰɛʔt͡ɕé]
    ၁၊ တောမား သူပုန်တိက တောင်းသည့် အတွက် ကောက်ခံ ပီးရရေ ငွီ။ ၂၊ အဖွဲ့ခွဲတိက အထက် အဖွဲ့တိသို့ ဆက်သွယ်ရရေ အတွက် ပီးရရေ ငွီ
    ၁၊ တောတွင်း သူပုန်များက တောင်းသည့် အတွက် ကောက်ခံ ပေးရသော ငွေ။ ၂၊ အဖွဲ့ခွဲများက အထက် အဖွဲ့များသို့ ဆက်သွယ်ရသည့် အတွက် ပေးရသော ငွေ
    extortion money
    နာမ်

    ဆက်ကြောင်း

    [sʰɛʔt͡ɕáʊɴ]
    အရာနှစ်ခု ပူးကပ်(ထိကပ်) နိူင်းရာ နီရာ
    အရာနှစ်ခု ပူးကပ်(ထိကပ်) ယှဉ်ရာ နေရာ
    channel
    နာမ်

    ဆက်ခံ

    [sʰɛʔkʰံ]
    ရာထူး၊ အမွီအနှစ်၊ လုပ်ငန်း တာဝန် အစဟိစွာရို့ကို မပြတ်မလပ် ရယောင် ခံယူရေ
    ရာထူး၊ အမွေအနှစ်၊ လုပ်ငန်း တာဝန် စသည်တို့ကို မပြတ်မလပ် ရအောင် ခံယူသည်
    inherit
    ကြိယာ

    ဆက်စ

    [sʰɛʔs]
    ကြိုးစ နှစ်ခုကို ပေါင်းပနာ ချိုင်နှောင် ထားရေ အရာ
    ကြိုးစ နှစ်ခုကို ပေါင်း၍ ချည်နှောင် ထားသော အရာ
    rope
    နာမ်

    ဆက်စပ်

    [sʰɛʔsaʔ]
    တခုနှင့် တခု သဘာဝချင်း တသဘောတည်း စပ်နိန်ရေ။ တတူ လက်တွဲ ဖြစ်စီရေ။ တခုတည်း အဖြစ်သို့ ရောက်ရေ
    တစ်ခုနှင့် တစ်ခု သဘာဝချင်း တစ်သဘောတည်း စပ်နေသည်။ အတူ ယှဉ်တွဲ ဖြစ်စေသည်။ တစ်ခုတည်း အဖြစ်သို့ ရောက်သည်
    relate
    ကြိယာ

    ဆက်စာ

    [sʰɛʔsà]
    တဦးနှင့် တဦး ကူးလူး ဆက်ဆံသော စာ။ အဖြစ်အပျက်၊ အရီးအခင်း အရပ်ရပ်ကို သိသမျှ ပီးပို့သော စာ
    တစ်ဦးနှင့် တစ်ဦး ကူးလူး ဆက်ဆံသော စာ။ အဖြစ်အပျက်၊ အရေးအခင်း အရပ်ရပ်ကို သိသမျှ ပေးပို့သော စာ
    letter
    နာမ်

    ဆက်ဆံ

    [sʰɛʔsʰံ]
    ၁၊ အကြောင်း စပ်ဆိုင်ရေ။ ဆက်စပ်ရေ။ ဆက်စပ်နီမှု ကြောင့် မကင်းမရှင်း နိုင်ဖြစ်တေ။ ၂၊ မေထုန် ပြုသည်
    ၁၊ အကြောင်း စပ်ဆိုင်သည်။ ဆက်စပ်သည်။ ဆက်စပ်နေမှု ကြောင့် မကင်းမရှင်း နိုင်ဖြစ်သည်။ ၂၊ မေထုန် ပြုသည်
    relation
    ကြိယာ

    ဆက်ဆက်

    [sʰɛʔsʰɛʔ]
    ၁၊ ကတိ၊ တာဝန် အစဟိစွာ လစ်ဟင်းခြင်း မဟိဘဲ။ နနောင်း တိကျစွာ။ မပျက်ဆက်ဆက်၊ ရောက်ခဗျာယ်တည်း (ရခိုင်ကာ)
    ၁၊ ကတိ၊ တာဝန် စသည် လစ်ဟင်းခြင်း မရှိပဲ။ ခိုင်မာ တိကျစွာ။ မပျက်ဆက်ဆက်၊ ရောက်ခဲ့လျက်တည်း (ရခိုင်ကာ)
    surely
    ကြိယာဝိသေသန

    ဆက်တိုက်

    [sʰɛʔtaɪʔ]
    ရပ်နားမှု မဟိဘဲ။ ပြတ်လပ်ခြင်း မဟိ ဖြစ်ဗျာယ်။ တဆက်တည်း။ မရပ်မနား၊ ဆက်တိုက် လားလည်း၊ ခရီးဓွန့်ရှည်၊ ဝေးရပ်မြီကို (ရခိုင်ကာ)
    ရပ်နားမှု မရှိပဲ။ ပြတ်လပ်ခြင်း မရှိ ဖြစ်လျက်။ တစ်ဆက်တည်း။ မရပ်မနား၊ ဆက်တိုက် သွားလည်း၊ ခရီးဓွန့်ရှည်၊ ဝေးရပ်မြေကို (ရခိုင်ကာ)
    persistent
    ကြိယာဝိသေသန

    ဆက်ထုံး

    [sʰɛʔtʰóʊɴ]
    ကြိုးစ နှစ်ခုကို ပေါင်းပနာ ချိုင်နှောင် ထားရေ အရာ
    ကြိုးစ နှစ်ခုကို ပေါင်း၍ ချည်နှောင် ထားသော အရာ
    rope
    နာမ်

    ဆက်နွယ်

    [sʰɛʔnwɛ̀]
    အကြားအလပ် မဟိဘဲ ဖြစ်တေ။ အကျိုးကြောင်း ဆက်စပ်မှု ဟိရေ။ ပတ်သက် ပါဝင်နိန်ရေ
    အကြားအလပ် မရှိပဲ ဖြစ်သည်။ အကျိုးကြောင်း ဆက်စပ်မှု ရှိသည်။ ပတ်သက် ပါဝင်နေသည်
    allied
    ကြိယာ

    ဆက်နှီး

    [sʰɛʔn̥ï]
    တောင်းရက်ရာမာ အောက်ခံ ရက်ပြီးကေ၊ အထက်ကို ဆက်ပြီးကေ ရက်နှိုင်ယောင် အပိုဆက်စပ် စိုက်ပီးရရေ နှီးပင်။ စိုက်ပင်
    တောင်းရက်ရာ၌ အောက်ခံ ရက်ပြီးနောက်၊ အထက်သို့ ဆက်၍ ရက်နိုင်အောင် အပိုဆက်စပ် စိုက်ပေးရသော နှီးပင်။ စိုက်ပင်
    thin bamboo strips
    နာမ်