Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,812 words

    ခ

    ခ

    [kʰ]
    ဗျည်း သုံးဆယ့်သုံးလုံးမာ ဒုတိယမြောက် အက္ခရာ။ (ခငယ် ဟုခေါ်ရေ
    ဗျည်း သုံးဆယ့်သုံးလုံးတွင် ဒုတိယမြောက် အက္ခရာ။ (ခငယ် ဟုခေါ်သည်
    the second consonant of the Arakanese alphabet
    နာမ်

    ခံ

    [kʰံ]
    ရန်သူကို ပြန်လှန် တိုက်ခိုက်ရေ။ ခုခံသည်
    ရန်သူကို ပြန်လှန် တိုက်ခိုက်သည်။ ခုခံသည်
    resist-oppose
    ကြိယာ

    ခံ့

    [kʰံ့]
    နနောင်းရေ။ အမျက်မထွက်စီပဲ စိတ်ကို ချုပ်တည်းနိုင်စွမ်း ဟိရေ။ ကိုယ်စိတ်ဆင်းရဲမှု ဟူသမျှကို ကြံ့ကြံ့ခံနိုင်စွမ်း ဟိရေ
    ခိုင်မာသည်။ အမျက်မထွက်စေပဲ စိတ်ကို ချုပ်တည်းနိုင်စွမ်း ရှိသည်။ ကိုယ်စိတ်ဆင်းရဲမှု ဟူသမျှကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်
    strong
    ကြိယာ

    ခ၂

    [kʰ၂]
    အတိတ်ကို ညွှန်ပြသော စကား
    အတိတ်ကို ညွှန်ပြသော စကား
    past
    ပစ္စည်း

    ခံ၂

    [kʰံ၂]
    ဝန်တခုတရီကို ရယူရေ။ ကိုယ်စိတ်နှဖြာ ချမ်းသာ ဆင်းရဲမှု ဖြစ်တေ။ ကတိပြုရေ။ တခုတရီ စည်းကမ်းကို လိုက်နာဖို့လို့ သဘောတူရေ
    ပစ္စည်းတစ်စုံတစ်ရာကို ရယူသည်။ ကိုယ်စိတ်နှဖြာ ချမ်းသာ ဆင်းရဲမှု ဖြစ်သည်။ ကတိပြုသည်။ တစ်စုံတစ်ခု စည်းကမ်းကို လိုက်နာမည်ဟု သဘောတူသည်
    promise
    ကြိယာ

    ခ၃

    [kʰ၃]
    ကျိုးနွံရိုသေစွာ ဆည်းကပ်ရေ။ ရောက်လှာတည်ဟိရေ။ ထိသည်
    ကျိုးနွံရိုသေစွာ ဆည်းကပ်သည်။ ရောက်လာတည်ရှိသည်။ ထိသည်
    respect
    ကြိယာ

    ခက္ကရာ

    [kʰkə́kəɹà]
    ကြမ်းတမ်းသော။ မနူးညံ့သော။ မပျော့ရေ။ မသိမ့်မွေ့သော
    ကြမ်းတမ်းသော။ မနူးညံ့သော။ မပျော့သော။ မသိမ့်မွေ့သော
    rude
    နာမဝိသေသန

    ခက္ကရာ၂

    [kʰkə́kəɹà၂]
    အမွီးအတောင်၊ အကိုင်းအခက်အစဟိစွာရို့ကို စုစည်းပနာ အညှက်ဆိုး ဂါရီရရေ ကိရိယာ။ အဂါရီခက်
    အမွေးအတောင်၊ အကိုင်းအခက်စသည်တို့ကို စုစည်း၍ အမှိုက်သရိုက် လှည်းရသော ကိရိယာ။ တံမြက်စည်း
    broom
    နာမ်

    ခက်

    [kʰɛʔ]
    ဈီးနှုန်းမြင့်ရေ။ တိစွာ။ မလွယ်ကူ။ ခဲယဉ်းသည်
    ဈေးနှုန်းမြင့်သည်။ များသည်။ မလွယ်ကူ။ ခဲယဉ်းသည်
    expensive-hard
    ကြိယာ

    ခက်၂

    [kʰɛʔ၂]
    ကြိုးအမျှင်မျှင်ဖြင့် ဖွဲ့ယှက်ချိုင်နှောင်သည်
    ကြိုးအမျှင်မျှင်ဖြင့် ဖွဲ့ယှက်ချည်နှောင်သည်
    bind
    ကြိယာ

    ခက်၃

    [kʰɛʔ၃]
    သစ်ခက်၊ ဝါးခက်၊ ပန်းခက် စစွာကို ရွီတွက်သောစကား
    သစ်ခက်၊ ဝါးခက်၊ ပန်းခက် စသည်ကို ရေတွက်သောစကား
    counting bamboo flower
    ပစ္စည်း

    ခက်ခက်ခဲခဲ

    [kʰɛʔkʰɛʔkʰɛkʰɛ]
    မလွယ်ကူ၊ ပင်ပန်းဖွယ်ဖြစ်တေ။ ငြိုငြင်ဖွယ်ဖြစ်တေ။ ခက်ခဲရေ။ ခဲယဉ်းသည်
    မလွယ်ကူ၊ ပင်ပန်းဖွယ်ဖြစ်သည်။ ငြိုငြင်ဖွယ်ဖြစ်သည်။ ခက်ခဲသည်။ ခဲယဉ်းသည်
    hard
    ကြိယာ

    ခက်ခက်မက်မက်

    [kʰɛʔkʰɛʔmɛʔmɛʔ]
    ဈီးနှုန်းမြင့်မား၍၊ တန်ဖိုးကကောင်းများသနန့်
    ဈေးနှုန်းမြင့်မား၍၊ တန်ဖိုးများလွန်းသဖြင့်
    expensive
    ကြိယာဝိသေသန

    ခက်ခရော်

    [kʰɛʔkʰɹɔ̀]
    ရုန်းရင်းခက်ထန်ရေ။ ကြမ်းတမ်းသည်
    ရုန်းရင်းခက်ထန်သည်။ ကြမ်းတမ်းသည်
    rude
    ကြိယာ

    ခက်ခဲ

    [kʰɛʔkʰɛ]
    မလွယ်ကူ၊ ပင်ပန်းဖွယ်ဖြစ်တေ။ ငြိုငြင်ဖွယ်ဖြစ်တေ။ ခက်ခဲရေ။ ခဲယဉ်းသည်
    မလွယ်ကူ၊ ပင်ပန်းဖွယ်ဖြစ်သည်။ ငြိုငြင်ဖွယ်ဖြစ်သည်။ ခက်ခဲသည်။ ခဲယဉ်းသည်
    hard
    ကြိယာ

    ခက်ဆစ်

    [kʰɛʔsʰɪʔ]
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    hard
    နာမ်

    ခက်ထော်

    [kʰɛʔtʰɔ̀]
    တောင့််တင်းမာကျောသည်
    တောင့််တင်းမာကျောသည်
    hard
    ကြိယာ

    ခက်မ

    [kʰɛʔm]
    ပင်မကြီးမှ ထွက်သော အကိုင်းကြီး
    ပင်စည်မှ ထွက်သော အကိုင်းကြီး
    main branch
    နာမ်

    ခက်မငါးဖြာ

    [kʰɛʔmŋàးpʰɹà]
    လူရို့၏ ကိုယ်၊ လက်၊ ခြေ၊ အဂေါင်း၊ နရွက် အစဟိရေ အင်္ဂါအစိတ်အပိုင်း
    လူတို့၏ ကိုယ်၊ လက်၊ ခြေ၊ ဦးခေါင်း၊ နားရွက် စသော အင်္ဂါအစိတ်အပိုင်း
    body parts
    နာမ်

    ခက်ရာခက်ဆစ်

    [kʰɛʔɹàkʰɛʔsʰɪʔ]
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    hard fact
    နာမ်