Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 412 words

    ဇ

    ဇ

    [z]
    ဗျည်း သုံးဆယ် သုံးလုံးမာ သျှစ်လုံးမြောက် ဗျည်း။ ဇ ကွဲ ဟု ခေါ်ရေ
    ဗျည်း သုံးဆယ် သုံးလုံးတွင် ရှစ်လုံးမြောက် ဗျည်း။ ဇ ကွဲ ဟု ခေါ်သည်
    th of Arakanese consonant
    နာမ်

    ဇ န ဝ

    [z n w]
    ကွဲကွဲ ပြားပြား။ ခြားခြား နားနား။ သီသီ ချာချာ။ အတိ ကျကျ (မသိပါလေ့လျှက်)
    ကွဲကွဲ ပြားပြား။ ခြားခြား နားနား။ သေသေ ချာချာ။ တိတိ ကျကျ (မသိပါလဲလျှက်)
    difference
    ကြိယာဝိသေသန

    ဇ မဟိ

    [z mhì]
    ဉာဏ်တုံးရေ။ အကြံအဖန်၊ အကြား အမြင် နည်းသည်
    ဉာဏ်တုံးသည်။ အကြံအဖန်၊ အကြား အမြင် နည်းသည်
    stupid
    ကြိယာ

    ဇကတိ

    [zktì]
    လက်မောင်း ရင်းဟိ လက်ကတီး
    လက်မောင်း ရင်းရှိ ချိုင်းကြား
    armpit
    နာမ်

    ဇကတိမွီး

    [zktìmwï]
    လက်မောင်း လက်ကတီး အမွီး
    လက်မောင်း ချိုင်းကြား အမွေး
    armpit hair
    နာမ်

    ဇကန်း

    [zkáɴ]
    ဇကန်း ငှက်ကို ခေါ်သော အမည် ‘ဇကန်းလည်း အာအာ၊ ခဲဝါလည်း သောင်းသောင်း၊ ဖလောင်း တည်ကေ၊ ကာသက်မြို့မာ၊ နီဖို့ကောင်း’ (တေး)
    ကျီးကန်း ငှက်ကို ခေါ်သော အမည် ‘ဇကန်းလည်း အာအာ၊ ခဲဝါလည်း သောင်းသောင်း၊ ဖလောင်း တည်ကေ၊ ကာသက်မြို့မှာ၊ နီဖို့ကောင်း’ (တေး)
    crow
    နာမ်

    ဇကန်း၂

    [zkáɴ၂]
    သစ်ကလိန်သီး ခေါ် အသီး ထဲမာ အထပ်ထပ် ပါရေ အဆံ
    သစ်ကလိန်သီး ခေါ် အသီး ထဲတွင် အထပ်ထပ် ပါသော အဆံ
    seed
    နာမ်

    ဇကန်း၃

    [zkáɴ၃]
    ပိုက်၊ ကွန် အစဟိစွာ ထိုးရန် ပြုလုပ် ရာမာ ပိုက်ခြည်မျှင် (ခြည်ပင်) ထည့်သွင်းရန် နှစ်ခွ ပြုလုပ် ထားရေ ဝါးခြမ်း (သစ်သား) အပြားငယ်
    ပိုက်၊ ကွန် စသည် ထိုးရန် ပြုလုပ် ရာတွင် ပိုက်ချည်မျှင် (ချည်ပင်) ထည့်သွင်းရန် နှစ်ခွ ပြုလုပ် ထားသော ဝါးခြမ်း (သစ်သား) အပြားငယ်
    bamboo slat
    နာမ်

    ဇကန်း၄

    [zkáɴ၄]
    (ရက်ကန်း ရက်ရန် အတွက်) ယိုင်သွား ဝါးတံမျှင်များ ဒေါင်လိုက် စီထားရေ အကြားမှ ခြည်ပင်ကို အလွယ်ချေ လျှိုသွင်း ဆွဲထုတ် နိုင်ဖို့ ပြုလုပ် ထားရေ အဖျားမာ အထစ် (အထက်ကို နည်းငယ် ကော့၍) ပြုလုပ် ထားရေ ကော်တံ တမျိုး
    (ယက်ကန်း ရက်ရန် အတွက်) ယဉ်သွား ဝါးတံမျှင်များ ဒေါင်လိုက် စီထားသော အကြားမှ ချည်ပင်ကို အလွယ်တကူ လျှိုသွင်း ဆွဲထုတ် နိုင်ရန် ပြုလုပ် ထားသော အဖျားတွင် အထစ် (အထက်သို့ နည်းငယ် ကော့၍) ပြုလုပ် ထားသော ကော်တံ တစ်မျိုး
    bamboo slat
    နာမ်

    ဇကန်းပင်

    [zkáɴpɪ̀ɴ]
    ခွပ်ထစ်ကေ အပင်၊ အရွက်ရို့မှ အစီး ထွက်သော ပင်စောက်ပင် တမျိုး
    ခုတ်ထစ်လျှင် အပင်၊ အရွက်တို့မှ အစေး ထွက်သော ပင်စောက်ပင် တစ်မျိုး
    none
    နာမ်

    ဇကန်းပျံ

    [zkáɴprံ]
    ၁၊ နရောင်ညှိုးချိန်။ ၂၊ ဈီးရောင်းသူ ဝယ်သူ ပါးသော အချိန်။ ၃၊ ယင်း အချိန်မာ လျှော့ရောင်းသော ကုန်ဝန်
    ၁၊ နေဝင်ခါနီး အချိန်။ ၂၊ ဈေးရောင်းသူ ဝယ်သူ ပါးသော အချိန်။ ၃၊ ယင်း အချိန်တွင် လျှော့ရောင်းသော ကုန်ပစ္စည်း
    lower or reduce the price
    ကြိယာ

    ဇကန်းအာ

    [zkáɴʔ]
    (ဇကန်း သတ္တဝါ) အာရေ။ အော်မြည်ရေ။ ‘ဇကန်းအာ၊ ပြည်သာရေ’ (ပုံ)
    (ကျီးကန်း သတ္တဝါ) အာသည်။ အော်မြည်သည်။ ‘ဇကန်းအာ၊ ပြည်သာရေ’ (ပုံ)
    crow
    ကြိယာ

    ဇကာ

    [zkà]
    နီထိုင်ရာ အရပ်။ နီရာ။ မြီကြီး
    နေထိုင်ရာ အရပ်။ နေရာ။ မြေကြီး
    land
    နာမ်

    ဇကာကျယ်

    [zkàt͡ɕɛ̀]
    အဆာကျယ်ရေ။ ကျီနပ် နိုင်ခရေ။ စိတ်ဆန္ဒ ထူးထွေ များပြားရေ။ ချီး တိစွာ။ ၂၊ (စကားကို) ချဲ့ထွင်၍ ပြောရေ
    အလို များသည်။ ကျေနပ် နိုင်ခဲ့သည်။ စိတ်ဆန္ဒ ထူးထွေ များပြားသည်။ ချေး များသည်။ ၂၊ (စကားကို) ချဲ့ထွင်၍ ပြောသည်
    be abundant
    ကြိယာ

    ဇက်

    [zɛʔ]
    လိုင်ဖင်း၏ နောက်ဘက်ဟိ အရပ်
    လည်ပင်း၏ နောက်ဘက်ရှိ အရပ်
    nape of the neck
    နာမ်

    ဇက်၂

    [zɛʔ၂]
    အချက်အချာ ကျသော နီရာ အရပ်
    အချက်အချာ ကျသော နေရာ အရပ်
    main place
    နာမ်

    ဇက်ကတီး

    [zɛʔktï]
    လက်မောင်း ရင်းဟိ လက်ကတီး
    လက်မောင်း ရင်းရှိ ချိုင်းကြား
    armpit
    နာမ်

    ဇက်ကိုင်

    [zɛʔkàɪɴ]
    ကြီးကြပ် အုပ်ချုပ်ရေ။ ကြီးမှူး အုပ်စိုးရေ။ ပြောဆို ညွှန်ကြား ဩဇာ ပီးရေ။ လူများရို့ အပေါ် အမိန့် အာဏာ တည်စီရေ။ ကျိုးနွံ စီရေ
    ကြီးကြပ် အုပ်ချုပ်သည်။ ကြီးမှူး အုပ်စိုးသည်။ ပြောဆို ညွှန်ကြား ဩဇာ ပေးသည်။ သူတစ်ပါးတို့ အပေါ် အမိန့် အာဏာ တည်စေသည်။ ကျိုးနွံ စေသည်
    administer
    ကြိယာ

    ဇက်ကိုင်၂

    [zɛʔkàɪɴ၂]
    ကြီးကြပ် အုပ်ချုပ်သူ။ ကြီးမှူး အုပ်စိုးသူ
    ကြီးကြပ် အုပ်ချုပ်သူ။ ကြီးမှူး အုပ်စိုးသူ
    management
    နာမ်

    ဇက်ကြိုး

    [zɛʔt͡ɕó]
    မြင်းကို ထိန်းထားရန် မြင်း၏ ပစမာ ထည့်ထားရေ ဇက်အစွန်း နှစ်ခုနှင့် ဆက်ထားရေ ကြိုးရှည်မျှင်
    မြင်းကို ထိန်းထားရန် မြင်း၏ ပါးစပ်တွင် ထည့်ထားသော ဇက်အစွန်း နှစ်ခုနှင့် ဆက်ထားသော ကြိုးရှည်မျှင်
    rens
    နာမ်