Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,759 words

    ပ

    ပ

    [p]
    ဗျည်း သုံးဆယ့်သုံး လုံးမာ နှစ်ဆယ့် တလုံးမြောက် ဗျည်း
    ဗျည်း သုံးဆယ့်သုံး လုံးတွင် နှစ်ဆယ့် တစ်လုံးမြောက် ဗျည်း
    th of Arakanese consonant
    နာမ်

    ပံ့

    [pံ့]
    ဝိုင်းဝန်း ထောက်မရေ။ ထောက်ကူသည်
    ဝိုင်းဝန်း ထောက်မသည်။ ထောက်ကူသည်
    help
    ကြိယာ

    ပ ကရ

    [p kɹ]
    တင့်ရေရေ။ တင့်ရေစွာ နီထိုင်ရေ။ ‘ဆံမြိတ် တတွဲတွဲနန့် ပ ကရ ထိုင်နီရေ၊ ယိုင်ကျေးမှု တရပ်ရာ မလားဒေး’ (အရပ်
    တင့်တယ်သည်။ တင့်တယ်စွာ နေထိုင်သည်။ ‘ဆံမြိတ် တတွဲတွဲနန့် ပ ကရ ထိုင်နီရေ၊ ယဉ်ကျေးမှု တစ်ရပ်ရာ မလားဒေး’ (အရပ်
    graceful
    ကြိယာ

    ပ သ

    [p θ]
    ကိုးကွယ်ရေ။ အရိုအသီ ပြုသည်
    ကိုးကွယ်သည်။ အရိုအသေ ပြုသည်
    believe
    ကြိယာ

    ပ၂

    [p၂]
    တင့်ရေရေ။ ကျက်သရေ ဟိရေ။ တင့်ရေသော အသွင်ကို ဆောင်ရေ။ အသရေကို ဆောင်ရေ။ တင့်ရေစွာ တည်နီရေ။ ‘ဆံထုံး နောက်တွဲ ထုံးလို့ပ လို့ ထိုင်နီရေ ကြည်လို့ပင် မဝကာ’ (အရပ်)။ ၂၊ ထွန်းတောက်ရေ။ ဝင်းလက်ရေ။ ‘လစ နီလေ ညချိန်ကျလို့၊ ပ ကာနီကျင်၊ ပြိုင်ပင်ကို၊ မြင်ပါ၏လား
    တင့်တယ်သည်။ ကျက်သရေ ယှိသည်။ တင့်တယ်သော အသွင်ကို ဆောင်သည်။ အသရေကို ဆောင်သည်။ တင့်တယ်စွာ တည်နေသည်။ ‘ဆံထုံး နောက်တွဲ ထုံးလို့ပ လို့ ထိုင်နီရေ ကြည်လို့ပင် မဝကာ’ (အရပ်)။ ၂၊ ထွန်းတောက်သည်။ ဝင်းလက်သည်။ ‘လစ နီလေ ညချိန်ကျလို့၊ ပ ကာနေကျင်၊ ပြိုင်ပင်ကို၊ မြင်ပါ၏လား
    bright
    ကြိယာ

    ပကတိ

    [pktì]
    ပင်ကိုသဘော။ မူလပင်ကို သဘာဝ အနေ
    ပင်ကိုသဘော။ မူလပင်ကို သဘာဝ အနေ
    original
    နာမ်

    ပကပ်

    [pkaʔ]
    အပေါင်၊ တန်းခါးရွက် အစဟိစွာ တပ်ဆင် ရာမာ ချိုးခေါက် ဖွင့်ပိတ်ပနာ ရနိုင်စီရန် နှစ်ခုရို့၏ အကြား တွယ်ဆက် ပီးရေ သတ္တူပြား
    အဖုံး၊ တံခါးရွက် စသည် တပ်ဆင် ရာ၌ ချိုးခေါက် ဖွင့်ပိတ်၍ ရနိုင်စေရန် နှစ်ခုတို့၏ အကြား တွယ်ဆက် ပေးသော သတ္တူပြား
    hinge
    နာမ်

    ပကရိုင်

    [pkɹàɪɴ]
    ဘိတ်ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျား အမျိုး အနွယ်ဝင် ပိုးကောင် တမျိုး။ (နဂျီ၊ ပဂျီဟု လည်း ခေါ်ရေ။
    ရွှံ့ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျား အမျိုး အနွယ်ဝင် ပိုးကောင် တစ်မျိုး။ (နဂျီ၊ ပဂျီဟု လည်း ခေါ်သည်။
    wasp
    နာမ်

    ပကရိုင်အုံ

    [pkɹàɪɴʔòʊɴ]
    ဘိတ်ပျော့ဖြင့် ပကရိုင် ဆောက်လုပ်သော အခန်း အဆက် ဆက် အိမ်
    ရွှံ့ပျော့ဖြင့် ပကရိုင် ဆောက်လုပ်သော အခန်း အဆက် ဆက် အိမ်
    none
    နာမ်

    ပကာပျဉ်

    [pkàprɪ̀ɴ]
    သစ်၏ ပြင်ပ အကာသား
    သစ်၏ ပြင်ပ အကာသား
    none
    နာမ်

    ပက်

    [pɛʔ]
    တခုတရီ (ပစမားသို့) ထည့်သွင်းရေ။ ရေအစဟိစွာအနိန်နန့် ပစ်လွတ်ရေ။ ပင့်ထိုး ကော်သည်
    တစ်စုံတစ်ခု (ပါးစပ်တွင်းသို့) ထည့်သွင်းသည်။ ရေစသည်ဖြင့် ပစ်လွတ်သည်။ ပင့်ထိုး ကော်သည်
    add
    ကြိယာ

    ပက်၂

    [pɛʔ၂]
    တယောက်ယောက်ပါးကို ရောက်လှားရေ
    တစ်စုံတစ်ဦးထံသို့ ရောက်သွားသည်
    arrive
    ကြိယာ

    ပက်ကရူ

    [pɛʔkɹù]
    အချေများ အပိုင် ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာမာ အမိုက့်၊ ပယောဂ တခုတရီ ပူးကပ်နိူင်းရေလို့ ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စီရန် ရခိုင်ရို့၏ ဓလိထုံးစံဖြင့် ကိုယ်ပေါ်၌ သွန်းဆီး။ ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိ
    ကလေးငယ်များ အလိုလို ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာ၌ အမှောင့်၊ ပယောဂ တစ်စုံတစ်ခု ပူးကပ်ယှဉ်သည်ဟု ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စေရန် ရခိုင်တို့၏ ဓလေ့ထုံးစံဖြင့် ကိုယ်ပေါ်၌ တံတွေး ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိ
    none
    နာမ်

    ပက်ကရူ၂

    [pɛʔkɹù၂]
    ထို့ပေါကြူ၊ ထို့ပေါကြူ သုံးကတ်ိမ်ဆို၍ စတိပြုရေ။ ပေါကြူ ပက်ကြူ ဖလံယူသား၊ အလိုဘုရား၊ စိတ်မာ ထားဗျာယ်။ (ကင်းရီလား
    ထို့ပေါကြူ၊ ထို့ပေါကြူ သုံးကြိမ်ဆို၍ စတိပြုသည်။ ပေါကြူ ပက်ကြူ လိပ်ပြာယူသား၊ အလိုဘုရား၊ စိတ်မှာ ထားလျက်။ (ကင်းရီလား
    none
    ကြိယာ

    ပက်ကရူယိုး

    [pɛʔkɹùjó]
    အချေများ အပိုင် ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာမာ အမိုက့်၊ ပယောဂ တခုတရီ ပူးကပ်နိူင်းရေလို့ ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စီရန် ရခိုင်ရို့၏ ဓလိထုံးစံဖြင့် ကိုယ်ပေါ်၌ သွန်းဆီး။ ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကတ်ိမ်ဆို၍ စတိ
    ကလေးငယ်များ အလိုလို ကြောက်လန့်ခြင်း၊ လန့်ဖျပ်ခြင်း၊ ယောင်ယမ်းခြင်း ပြုရာ၌ အမှောင့်၊ ပယောဂ တစ်စုံတစ်ခု ပူးကပ်ယှဉ်သည်ဟု ယူဆ၍ ထိုအန္တရာယ်မှ ကင်းပျောက်စေရန် ရခိုင်တို့၏ ဓလေ့ထုံးစံဖြင့် ကိုယ်ပေါ်၌ တံတွေး ဆွတ်ဖျန်းပြီး ထို့ပေါကြူ၊ ထို့ပေါကြူဟု သုံးကြိမ်ဆို၍ စတိ
    none
    နာမ်

    ပက်ကာ

    [pɛʔkà]
    ကောင်းဘီယက်သော အရာဝတ္တု။ နှစ်သက် လိုလားဖွယ် ဖြစ်ရေ အရာဝတ္တု။ အပြစ်အနာအဆာ ကင်းသော အရာဝတ္တု
    အကောင်းဆုံးသော အရာဝတ္တု။ နှစ်သက် လိုလားဖွယ် ဖြစ်သော အရာဝတ္တု။ အပြစ်အနာအဆာ ကင်းသော အရာဝတ္တု
    best thing
    နာမ်

    ပက်ကား

    [pɛʔká]
    သိပ်သည်း စုစည်းခြင်း၊ သပ်ရပ်ခြင်း မဟိ ပြန့်ထွက်သည့် အရာ
    သိပ်သည်း စုစည်းခြင်း၊ သပ်ရပ်ခြင်း မရှိ ပြန့်ထွက်သည့် အရာ
    chaotic
    နာမ်

    ပက်ကား၂

    [pɛʔká၂]
    ကားပြန့်သော အရာ။ ဥချိုကားသော ကျွဲ၊ နွား အစဟိစွာ
    ကားပြန့်သော အရာ။ ဥချိုကားသော ကျွဲ၊ နွား စသည်
    herd
    နာမ်

    ပက်ကုန်း

    [pɛʔkóʊɴ]
    ပက်ခုံး လက်မောင်း အပေါ်စွန်ဖျားနှင့် လိုင်ဖင်း၏ ကြားဖြစ်ရေ ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ဖဲကောင်းပုဝါ၊ လက်ယာကလျှင်၊ ပက်ကုန်းတင်ကေ၊ ထေရ်သျှင်ဟိက။ (မိုး) တသွယ်တင်းခွန်၊ မျက်နှာမှန်သည်၊ မကျန်ဝန်းလုံး၊ ပြည်ပတ်ကုန်းတည်း (ရခိုင်ကာ
    ပခုံး လက်မောင်း အပေါ်စွန်ဖျားနှင့် လည်ပင်း၏ ကြားဖြစ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်း။ ဖဲကောင်းပုဝါ၊ လက်ယာကလျှင်၊ ပက်ကုန်းတင်ကေ၊ ထေရ်သျှင်ရှိက။ (မိုး) တသွယ်တံခွန်၊ မျက်နှာမှန်သည်၊ မကျန်ဝန်းလုံး၊ ပြည်ပတ်ကုန်းတည်း (ရခိုင်ကာ
    none
    နာမ်

    ပက်ကုန်းချင်းယှဉ်

    [pɛʔkóʊɴɕɪ́ɴʃɪ̀ɴ]
    (ဥပစာ) ဖီးသတ် ညီစွာ ပြုရေ။ တန်းတူ ရည်တူ အပြိုင်လိုက်ရေ
    (ဥပစာ) ဘေးတိုက် ညီစွာ ပြုသည်။ တန်းတူ ရည်တူ အပြိုင်လိုက်သည်
    compete
    ကြိယာ