Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 600 words

    ယ

    ယ

    [j]
    ဗျည်း သုံးဆယ့်သုံးလုံးမာ နှစ်ဆယ့် ခြောက်လုံးမြောက် ဗျည်း။ ယသျှေ အစဟိစွာအနိန်နန့်လည်း ခေါ်ရေ
    ဗျည်း သုံးဆယ့်သုံးလုံးတွင် နှစ်ဆယ့် ခြောက်လုံးမြောက် ဗျည်း။ ယသျှေ စသည်ဖြင့်လည်း ခေါ်သည်
    the th letter of the Arakanese alphabet
    နာမ်

    ယ လားရေ

    [j láɹè]
    အရာသူတိ မသိစီပဲ၊ အမှတ်တမဲ့ ဖယ်ရှောင်လားရေအနိန်နန့်။ ယလောက်ပင်ရာလား
    အခြားသူများ မသိစေပဲ၊ အမှတ်တမဲ့ ရှောင်ဖယ်သွားသော အားဖြင့်။ ယလောက်ပင်ရာလား
    keep out
    ကြိယာဝိသေသန

    ယ သူယို့သူ

    [j θùjo̰θù]
    ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုစုလုပ်ကျွေးရေ။ ယ သူယို့သူ၊ မေ့ကိုမူလီ၊ ရီပူရီချမ်းပီးပြီးကေ (ဥဒိန်တု)
    ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုစုလုပ်ကျွေးသည်။ ယ သူယို့သူ၊ မေ့ကိုမူလေ၊ ရီပူရီချမ်းပေး၍ (ဥဒိန်တု)
    treat
    ကြိယာ

    ယ၂

    [j၂]
    ၁၊ ကြင်နာမြတ်နိုးစွာ ထိန်းသိမ်း စောင့်ယှောက် ပြုစုရေ။ ယ-သူယို့သူ၊ မေ့ကိုမူလီ၊ ရေပူရီချမ်းပီးပြီးကေ (ဥဒိန်တု)။ ၂၊ ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုမူရေ။ ၃၊ အဖိုကအမကို ကြင်နာမြတ်နိုးမှုဖြင့် ချော့မြူရေ။ မေတ္တာ သက်ဝင်အောင် ပြုရေ။ ယုယရေ။ လက်ပံပင်မာ၊ ဇရက်သ
    ၁၊ ကြင်နာမြတ်နိုးစွာ ထိန်းသိမ်း စောင့်ယှောက် ပြုစုသည်။ ယ-သူယို့သူ၊ မေ့ကိုမူလေ၊ ရေပူရေချမ်းပေး၍ (ဥဒိန်တု)။ ၂၊ ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုမူသည်။ ၃၊ အဖိုကအမကို ကြင်နာမြတ်နိုးမှုဖြင့် ချော့မြူသည်။ မေတ္တာ သက်ဝင်အောင် ပြုသည်။ ယုယသည်။ လက်ပံပင်မှာ၊ ဇရက်သ
    treat - symbol for ellipsis
    နာမ်

    ယကေ

    [jkè]
    ရှေ့ဝါကျ၏ နောက်မာ ထပ်မံပြလိုရေ စကားကို မစမီ ဆက်စပ်ပီးရေ စကားလုံး။ အယင်ဆုံး ဦးရာဇ်တောင်ဓာတ်ကို ဖူးရေ၊ ယကေ ကျောက်တော်မာ ကျောက်ရိုးတော်ဓာတ်ကို ဖူးရေ၊ ယကေအရာ မဟာမုနိဘရားကိုဖူးရေ (အရပ်)
    ရှေ့ဝါကျ၏ နောက်တွင် ထပ်မံပြလိုသော စကားကို မစမီ ဆက်စပ်ပေးသော စကားလုံး။ အယင်ဆုံး ဦးရာဇ်တောင်ဓာတ်ကို ဖူးရေ၊ ယကေ ကျောက်တော်မှာ ကျောက်ရိုးတော်ဓာတ်ကို ဖူးရေ၊ ယကေအရာ မဟာမုနိဘရားကိုဖူးရေ (အရပ်)
    and - then
    ကြိယာဝိသေသန

    ယက်

    [jɛʔ]
    ပင်လယ် ရီပြင်၌ လီဟုန်ကြောင့် ရိုက်ခတ်သော လှိုင်း၏ စူးညံသော အသံ။ ဒေလှိုင်းသံလေ၊ ညံဂရက်ကေ၊ ယက်သောသောနှင့် (ဓမ္မသာ)
    ပင်လယ် ရေပြင်၌ လေဟုန်ကြောင့် ရိုက်ခတ်သော လှိုင်း၏ ဆူးညံသော အသံ။ ဒီလှိုင်းသံလေ၊ ညံဂရက်ကေ၊ ယက်သောသောနှင့် (ဓမ္မသာ)
    fizzle
    နာမ်

    ယက်၂

    [jɛʔ၂]
    ၁၊ ခြေ၊ လက်၊ ဒုတ်တံ အစဟိစွာအနိန်နန့် တစုံတရာကို ဖီးသို့ ခြစ်ထုတ်ရေ။ အလှကျော်ကေ၊ မနော်ဂေါင်းမာ၊ ယင်းလက်စွပ်၊ တင်နီရာကို၊ ပွတ်ကာယက်ကေ၊ လက်မာစွပ်လို(ဒွေး)။ ၂၊ ကရားကထား ဖြစ်ယောင် အနှံ့ဖြစ်ပနာ ပစ်ရေ။ မုန့်ကိုပီးကေ၊ ငါဝေး့နမ်းထွေ၊ နှတ်ဆတ်ချေကေ၊ ခြီးဖြင့်ယက်ကြဲ၊ နား
    ၁၊ ခြေ၊ လက်၊ ဒုတ်တံ စသည်ဖြင့် တစ်စုံတရာကို ဘေးသို့ ခြစ်ထုတ်သည်။ အလှကျော်ကေ၊ မနော်ဂေါင်းမှာ၊ ၎င်းလက်စွပ်၊ တင်နေရာကို၊ ပွတ်ကာယက်ကေ၊ လက်မှာစွပ်လို(ဒွေး)။ ၂၊ ဖရိုဖရဲ ဖြစ်အောင် အနှံ့ဖြစ်၍ ပစ်သည်။ မုန့်ကိုပီးကေ၊ ငါလည်းနမ်းထွေ၊ နှတ်ဆတ်ချေကေ၊ ခြီးဖြင့်ယက်ကြဲ၊ နား
    scraper
    နာမ်

    ယက်၃

    [jɛʔ၃]
    ပိုင်ဆိုင်ခြင်း သဘောအားဖြင့် နာမ်နှစ်ခုကို ဆက်စပ် ပီးရေ့ စကားလုံး။ ကိုယ်၌ရောဂါ၊သွီးလေမယှောင်၊ အေးကြည်ဖြောင့်လို့၊ မထောင့်သာသော်၊ ထားပါသိယက်၊ အဖြာဖြာကို၊ မှော်ကာတွေးကေ၊ စိစိတွက်က (ပဒုမ္မာ)။ ဖီးဘေ ကျိုင်းမာ ပါယက်လား၊ ကျိုင်းပါယက်တာ (အရပ်)
    ပိုင်ဆိုင်ခြင်း သဘောအားဖြင့် နာမ်နှစ်ခုကို ဆက်စပ် ပေးသည့် စကားလုံး။ ကိုယ်၌ရောဂါ၊ သွေးလေမယှောင်၊ အေးကြည်ဖြောင့်လို့၊ မထောင့်သာသော်၊ တော်ပါသိယက်၊ အဖြာဖြာကို၊ မှော်ကာတွေးကေ၊ စိစိတွက်က (ပဒုမ္မာ)။ ဘေးဘေ ကျိုင်းမာ ပါယက်လား၊ ကျိုင်းပါယက်တာ (အရပ်)
    none
    နာမ်

    ယက်ကာတိုက်

    [jɛʔkàtaɪʔ]
    အောက်နှုတ်ခမ်းကို ပစသို့ သွင်း၍ လျှာဖြင့် အပြင်သို့ ကန်ထုတ်ပနာ ကယက်ကယက် မြည်စီရေ
    အောက်နှုတ်ခမ်းကို ပါးစပ်သို့ သွင်း၍ လျှာဖြင့် အပြင်သို့ ကန်ထုတ်ကာ ကယက်ကယက် မြည်စေသည်
    fizzle
    ဝိသေသန

    ယက်ခေါက်ကျိုး

    [jɛʔkʰaʊʔt͡ɕó]
    ရီလှိုင်း မြင့်တက်သနန့် ဖြူဖွေးသော ထိပ်စွန်း ဟိသည့်လှိုင်း
    ရေလှိုင်း မြင့်တက်သဖြင့် ဖြူဖွေးသော ထိပ်စွန်း ယှိသည့်လှိုင်း
    wave
    နာမ်

    ယက်ဆူ

    [jɛʔsʰù]
    အဝီး ပင်လယ်ပြင်မှ လှိုင်းလေရို့၏ လှုပ်ရှားထသံ ပြင်းစွာ မြည်ဟည်းရေ။ ‘‘ဧမြလဟာ၊ ရီသီဒါဟု၊ ဂင်္ဂါမြစ်ပါး၊ ဒေလှိုင်းညံညံ၊ ယက်တက်သံနှင့်၊ ကမ်းယံနားမာ၊ ယှာရေအခါ (ပန်း)
    အဝေး ပင်လယ်ပြင်မှ လှိုင်းလေတို့၏ လှုပ်ရှားထကြွသံ ပြင်းစွာ မြည်ဟည်းသည်။ ‘‘ဧမြလဟာ၊ ရီသီဒါဟု၊ ဂင်္ဂါမြစ်ပါး၊ ဒီလှိုင်းညံညံ၊ ယက်တက်သံနှင့်၊ ကမ်းယံနားမှာ၊ ရှာသောအခါ (ပန်း)
    boom
    နာမ်

    ယက်ဆူ၂

    [jɛʔsʰù၂]
    ပင်လယ်ရီပြင်၌ လီဟုန်ကြောင့် ရိုက်ခတ်သော လှိုင်း၏ စူးညံသော အသံ။ ဒေလှိုင်းသံလေ၊ ညံဂရက်ကေ၊ ယက်သောသောနှင့် (ဓမ္မသာ)
    ပင်လယ်ရေပြင်၌ လေဟုန်ကြောင့် ရိုက်ခတ်သော လှိုင်း၏ ဆူးညံသော အသံ။ ဒီလှိုင်းသံလေ၊ ညံဂရက်ကေ၊ ယက်သောသောနှင့် (ဓမ္မသာ)
    boom
    နာမ်

    ယက်တက်

    [jɛʔtɛʔ]
    အဝီး ပင်လယ်ပြင်မှ လှိုင်းလေရို့၏ လှုပ်ရှားထသံ ပြင်းစွာ မြည်ဟည်းရေ။ ‘‘ဧမြလဟာ၊ ရီသီဒါဟု၊ ဂင်္ဂါမြစ်ပါး၊ ဒေလှိုင်းညံညံ၊ ယက်တက်သံနှင့်၊ ကမ်းယံနားမာ၊ ယှာရေအခါ (ပန်း)
    အဝေး ပင်လယ်ပြင်မှ လှိုင်းလေတို့၏ လှုပ်ရှားထကြွသံ ပြင်းစွာ မြည်ဟည်းသည်။ ‘‘ဧမြလဟာ၊ ရီသီဒါဟု၊ ဂင်္ဂါမြစ်ပါး၊ ဒီလှိုင်းညံညံ၊ ယက်တက်သံနှင့်၊ ကမ်းယံနားမှာ၊ ရှာသောအခါ (ပန်း)
    boom
    နာမ်

    ယက်ဖြူ

    [jɛʔpʰɹù]
    လီဟုန်ကြောင့် ရီလှိုင်း မြင့်တက်သနန့် ဖြူဖွေးသော ထိပ်စွန်း ဟိသည့် လှိုင်းလုံးများ။ ‘‘လှိုင်းရီမောက်ဖြိုး၊ ယက်တဖြူဖြူ၊ ကျွတ်ကျွတ်ဆူကေ၊ ရီပူအိုးသို့၊ (ဓမ္မသာ)။ မဟာဩဃ၊ ဥမုဒ်ကျယ်ကေ၊ ပင်လယ်ဝမာ၊ ပြင်းထယက်ဖြူ၊ လှိုင်းရေဆူလီ၊ မြင်သူကြောက်ကောင်း’’ (နာရဒ)
    လေဟုန်ကြောင့် ရေလှိုင်း မြင့်တက်သဖြင့် ဖြူဖွေးသော ထိပ်စွန်း ယှိသည့် လှိုင်းလုံးများ။ ‘‘လှိုင်းရီမောက်ဖြိုး၊ ယက်တဖြူဖြူ၊ ကျွတ်ကျွတ်ဆူကေ၊ ရီပူအိုးသို့၊ (ဓမ္မသာ)။ မဟာဩဃ၊ ဥမုဒ်ကျယ်ကေ၊ ပင်လယ်ဝမှာ၊ ပြင်းထယက်ဖြူ၊ လှိုင်းရေဆူလေ၊ မြင်သူကြောက်ကောင်း’’ (နာရဒ)
    waves
    နာမ်

    ယက်လှိုင်း

    [jɛʔɬáɪɴ]
    လှိုင်းကြောင့် ဖြစ်စီ၊ ဝဲကြောင့် ဖြစ်စီ၊ ရက်ပြတ် ပျံ့နှံ့စွာ ဖြစ်ပေါ်သော ရေ၏ လှုပ်ယှားမှု
    လှိုင်းကြောင့် ဖြစ်စေ၊ ဝဲကြောင့် ဖြစ်စေ၊ အဆက်မပြတ် ပျံ့နှံ့စွာ ဖြစ်ပေါ်သော ရေ၏ လှုပ်ရှားမှု
    wave
    နာမ်

    ယက်သဲ့

    [jɛʔθé]
    ရီစစ်၍ ငါးတင် ကျန်ရစ်နိန်စီရန် ဝါးနှီးပြားငယ်တိနန့် ရက်လုပ်ပနာ အနားလေးဘက်ကို ဝါးခြမ်းဖြင့် ဘောင်ကွက်ကာ၊ တဖက်မာ စုချိုင်ပြီး တဖက်ကို ချိုင့်ကားအောင် ပြုလုပ်ထားရေ ပိုက်ချ ကရိယာ
    ရေစစ်၍ ငါးတင် ကျန်ရစ်နေစေရန် ဝါးနှီးပြားငယ်များဖြင့် ရက်လုပ်၍ အနားလေးဘက်ကို ဝါးခြမ်းဖြင့် ဘောင်ကွက်ကာ၊ တစ်ဘက်တွင် စုချည်ပြီး တစ်ဘက်ကို ချိုင့်ကားအောင် ပြုလုပ်ထားသော ငါးဖမ်း ကရိယာ
    fishing net - scoop net
    နာမ်

    ယက်သဲ့တင်

    [jɛʔθétɪ̀ɴ]
    ယက်သဲ့နှင့် ငါးယိုးရေအခါ မကျပဲ ကျန်ရစ်သည်
    ယက်သဲ့နှင့် ငါးယိုးသောအခါ မကျပဲ ကျန်ရစ်သည်
    fish on the scoop net
    နာမ်

    ယက်သဲ့တင်၂

    [jɛʔθétɪ̀ɴ၂]
    ၁၊ ယက်သဲ့နှင့် ငါးယိုးရေအခါ မကျပဲ ကျန်ရစ်သော ငါး။ ၂၊ (ဥပစာ) ကောင်းဘီယက်။ လက်ရွေးစင်
    ၁၊ ယက်သဲ့နှင့် ငါးယိုးသောအခါ မကျပဲ ကျန်ရစ်သော ငါး။ ၂၊ (ဥပစာ) အကောင်းဆုံး။ လက်ရွေးစင်
    fish
    နာမ်

    ယက်သွါး

    [jɛʔθwàး]
    ၁၊ အခွံပါး ပြောင်ချော ခွံမာနှစ်ဘက် ဟိဆိုင်ကပ်နိန်ရေ လက်တဆစ်ခန့်အရှည် ကိုယ်ခွံဟိသည့် အချေစား (ယောက်သွား) ရီသတ္တဝါတမျိုး။ (ထုံးကျောက်ပိုင် အခွံမာ နှစ်ဘက်ဟိသော ရီသတ္တဝါကား ပင်လယ် မြစ်ကမ်းထောင်းမာ နီထိုင်တတ်ရေ ယောက်သွား အကြီးစား တမျိုး။ ၂၊ အိမ်ခေါင်
    ၁၊ အခွံပါး ပြောင်ချော ခွံမာနှစ်ဘက် ရင်ဆိုင်ကပ်နေသော လက်တစ်ဆစ်ခန့်အရှည် ကိုယ်ခွံယှိသည့် အငယ်စား (ယောက်သွား) ရေသတ္တဝါတစ်မျိုး။ (ထုံးကျောက်ကဲ့သို့ အခွံမာ နှစ်ဘက်ယှိသော ရေသတ္တဝါကား ပင်လယ် မြစ်ကမ်းပါးတွင် နေထိုင်တတ်သော ယောက်သွား အကြီးစား တစ်မျိုး။ ၂၊ အိမ်ခေါင်
    mussel
    နာမ်

    ယက်အူ

    [jɛʔʔù]
    အဝီး ပင်လယ်ပြင်မှ လှိုင်းလေရို့၏ လှုပ်ရှားထသံ ပြင်းစွာ မြည်လာရေ
    အဝေး ပင်လယ်ပြင်မှ လှိုင်းလေတို့၏ လှုပ်ရှားထကြွသံ ပြင်းစွာ မြည်လာသည်
    echo
    နာမ်