Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 2,498 words

    တ

    တ

    [t]
    ဗျည်း သုံးဆယ့်သုံး လုံးမာ တဆယ့်ခြောက် လုံးမြောက် ဗျည်း။ (တဝမ်းတက်ဟု ပင်ဖြစ်ဖြစ်၊ တဝမ်းပူဟု ပင်ဖြစ်ဖြစ် ခေါ်ရေ။
    ဗျည်း သုံးဆယ့်သုံး လုံးတွင် တစ်ဆယ့်ခြောက် လုံးမြောက် ဗျည်း။ (တစ်ဝမ်းတက်ဟု လည်းကောင်း၊ တဝမ်းပူဟု လည်းကောင်း ခေါ်သည်။
    Sixteenth of Arakanese consonant
    နာမ်

    တံ

    [tံ]
    အချောင်းငယ် ပြုလုပ် ထားရေ အရာ
    အချောင်းငယ် ပြုလုပ် ထားသော အရာ
    rod
    နာမ်

    တ ခြွီ

    [t kʰWɹí]
    အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ
    အမျိုးအမည် အရေအတွက် စသည် များပြားစွာ
    many
    ကြိယာဝိသေသန

    တ ခြွီ၂

    [t kʰWɹí၂]
    အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ
    အမျိုးအမည် အရေအတွက် စသည် များပြားစွာ
    quantities
    ကြိယာ

    တ တိုင်းရ

    [t táɪɴɹ]
    (လိုချင်) တောင့်တတိုင်း ပြည့်စုံသည်
    (လိုချင်) တောင့်တတိုင်း ပြည့်စုံသည်
    complete
    ကြိယာ

    တ ရူ

    [t ɹù]
    တ သ လွမ်းတရေ။ ဆိုမြည် တမ်းတရေ။ မှိုင်တွေတ ရူ၊ လွမ်းပူစိတ်ဆာ၊ အသည်းနာမကျဉ်းဖြစ်ပနာ၊ မျှော်ခေါ်တမ်းတ၊ နိန်ပြီးကေမှလျှင် (ရှီးထုံး)
    တ သ လွမ်းဆွတ်သည်။ ဆိုမြည် တမ်းတသည်။ မှိုင်တွေတ ရူ၊ လွမ်းပူစိတ်ဆာ၊ အသည်းနာ၍၊ မျှော်ခေါ်တမ်းတ၊ နေပြီးမှလျှင် (ရှေးထုံး)
    repine
    ကြိယာ

    တ သ

    [t θ]
    တမ်းတ အောင်းမေ့။ မြွက်ဟ ပြောဆိုရေ။ သားကိုမြင်ချင်၊ လင်ကိုတ သ၊ ကြီးဗျာယကြောင့်၊ သောကလေ့ပို (ပဒုမ္မ)
    တမ်းတ အောက်မေ့သည်။ မြွက်ဟ ပြောဆိုသည်။ သားကိုမြင်ချင်၊ လင်ကိုတ သ၊ ကြီးဗျာယကြောင့်၊ သောကလည်းပို (ပဒုမ္မ)
    remembrance
    ကြိယာ

    တ သတ်

    [t θaʔ]
    စာရီးရာမာ `တ´ ၏ အသံ မပေါ်စီဘဲ `တတ်၊ တိတ်၊ တုတ်´ ရစီရန် `တ´ ဗျည်း အပေါ် အသတ် ( ်- ) လက္ခဏာကို ထည့်ခြင်း။ `တ´ ဗျည်းဖြင့် အသတ် ပြုခြင်း
    စာရေးရာတွင် `တ´ ၏ အသံ မပေါ်စေဘဲ `တတ်၊ တိတ်၊ တုတ်´ ရစေရန် `တ´ ဗျည်း အပေါ် အသတ် ( ်- ) လက္ခဏာကို ထည့်ခြင်း။ `တ´ ဗျည်းဖြင့် အသတ် ပြုခြင်း
    none
    နာမ်

    တ၂

    [t၂]
    ဆယ်၊ ရာ၊ ထောင်၊ သောင်း အစဟိစွာရို့နန့် တွဲပြီးကေ သုံးရရေအခါ သုံးသော တသင်္ချာ၏ အက္ခရာ ဂဏန်း အတိုကောက်။ တ။ (တရက်၊ တလ၊ တနှစ်၊ တသက်၊ တဘဝ စရေ။
    ဆယ်၊ ရာ၊ ထောင်၊ သောင်း စသည်တို့နှင့် တွဲ၍ သုံးရသောအခါ သုံးသော တစ်သင်္ချာ၏ အက္ခရာ ဂဏန်း အတိုကောက်။ တစ်။ (တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ တစ်သက်၊ တစ်ဘဝ စသည်။
    one
    နာမဝိသေသန

    တ၃

    [t၃]
    သေချာသည် မဟုတ်ရေ အကြောင်းအရာ (တခုတရီ) ကို ဖော်ပြဖို့ နှစ်ခုထပ်၍ ပြုထားရေ နာမ်ဟိ့မာ သုံးရရေ စကားလုံး။ (တရက်ရက်၊ တရက်နိ၊ တဦးတလီ၊ တပါးပါးအစဟိစွာအနိန်နန့် သုံးရေ။
    သေချာသည် မဟုတ်သော အကြောင်းအရာ (တစ်စုံတစ်ရာ) ကို ဖော်ပြရန် နှစ်ခုထပ်၍ ပြုထားသော နာမ်ရှေ့တွင် သုံးရသော စကားလုံး။ (တစ်ရက်ရက်၊ တစ်နေ့နေ့၊ တစ်ဦးဦး၊ တစ်ပါးပါးစသည်ဖြင့် သုံးသည်။
    owt
    ပစ္စည်း

    တ၄

    [t၄]
    စိုင်ဆက်မပြတ် ဖြစ်ရေ အနက်ကို ဖော်ပြဖို့ နှစ်ခု၊ နှစ်ထပ် ပြုထားရေ ကြိယာဟိ့မာ သုံးရရေ စကားလုံး။ (တမွိန့်မွိန့်။ တထောင်းထောင်း။ တဆတ်ဆတ်။ တရုရု စစွာတိနန့် သုံးရေ။
    စဉ်ဆက်မပြတ် ဖြစ်သော အနက်ကို ဖော်ပြရန် နှစ်ခု၊ နှစ်ထပ် ပြုထားသော ကြိယာရှေ့တွင် သုံးရသော စကားလုံး။ (တမွိန့်မွိန့်။ တထောင်းထောင်း။ တဆတ်ဆတ်။ တတွတ်တွတ် စသည်တို့ဖြင့် သုံးသည်။
    owt
    ပစ္စည်း

    တ၅

    [t၅]
    တောင်းဆို မြွက်ဟ ခေါ်ဝေါ်ရေ။ အောက်မိလွမ်းကြင်၊ သခင်ယောက်ျား၊ ဘုရားမ ပါ၊ တ သခေါ်ပနာ’ (ထွန်းတိ)
    တောင်းဆို မြွက်ဟ ခေါ်ဝေါ်သည်။ အောက်မေ့လွမ်းကြင်၊ သခင်ယောက်ျား၊ ဘုရားမ ပါ၊ တ သခေါ်၍’ (ထွန်းတိ)
    demand
    ကြိယာ

    တကတည်း

    [tktɛ́]
    ၁၊ တတတူ။ တတူတကွ။ တချက်တည်း။ တပါတည်း။ ငါနှင့်မူလီ၊ တတူမှတ်ကေ၊ မှတ်ဖလာလေ၊ ငါလျှင်တကတည်း၊ ခယ်မတော်လေ၊ ညှာပန်းခက်ကြောင့်၊ အရှက်ကွဲလို့ (ပန်း)။ ၂၊ မဟုတ်မခံ။ ရဲရဲတင်းတင်း။ သည်းအူသုံးယောက်၊ လက်နက်စကြာ၊ ရွတ်သောခါမာ၊ ခန္ဓာပျောက်မည်၊ မထီတကတည်း၊ သားရင်သွီးတိ
    ၁၊ အတူတူ။ အတူတကွ။ တချက်တည်း။ တပါတည်း။ ငါနှင့်မူလေ၊ အတူမှတ်ကေ၊ မှတ်ဖလာလေ၊ ငါလျှင်တကတည်း၊ ခယ်မတော်လေ၊ ညှာပန်းခက်ကြောင့်၊ အရှက်ကွဲလို့ (ပန်း)။ ၂၊ မဟုတ်မခံ။ ရဲရဲတင်းတင်း။ သည်းအူသုံးယောက်၊ လက်နက်စကြာ၊ ရွတ်သောခါတွင်၊ ခန္ဓာပျောက်မည်၊ မကြောက်တကတည်း၊ သားရင်သွေးတိ
    together
    ကြိယာဝိသေသန

    တကတ်ကတ်

    [tkaʔkaʔ]
    ခွီး (တကတ်ကတ်) မြည်သည်
    ခွေး (တကတ်ကတ်) မြည်သည်
    yelp
    ကြိယာ

    တကတ်ကတ်၂

    [tkaʔkaʔ၂]
    ခွီး (တကတ်ကတ်) မြည်သောအသံ
    ခွေး (တကတ်ကတ်) မြည်သောအသံ
    fizzle
    နာမ်

    တကန်

    [tkàɴ]
    (တောင်းမာ) ဆန့်နိုင် သမျှ
    (တောင်းတွင်) ဆန့်နိုင် သမျှ
    none
    ကြိယာဝိသေသန

    တကန်တက

    [tkàɴtk]
    ပင်ပန်း ခံ၍။ ခဲယဉ်းစွာ
    ပင်ပန်း ခံ၍။ ခဲယဉ်းစွာ
    tired
    ကြိယာဝိသေသန

    တကပ်ကပ်

    [tkaʔkaʔ]
    အမြဲတစေ ပူးကပ်ပြီးကေ။ မကွဲမကွာ။ ထိကပ်ပြီးကေ
    အမြဲတစေ ပူးကပ်လျက်။ မကွဲမကွာ။ ထိကပ်လျက်
    close up
    ကြိယာဝိသေသန

    တကယ်

    [tkɛ̀]
    အမှန်။ စင်စစ်။ ဧကန်။ မလွဲမသွေ။ မုချ
    အမှန်။ စင်စစ်။ ဧကန်။ မလွဲမသွေ။ မုချ
    certainly
    ကြိယာဝိသေသန

    တကယ့်

    [tkɛ့̀]
    အဂေါင့် အမှန် စင်စစ် ဖြစ်ရေ။ အမျိုးအစား မှန်ကန်သော
    အဟုတ် အမှန် စင်စစ် ဖြစ်သော။ အမျိုးအစား မှန်ကန်သော
    actual
    နာမဝိသေသန