Dictionary Entries
Showing 1–20 of 507 words
ဗ
ဗ
[b]
Arakanese:
ဗျည်း သုံးဆယ့်သုံးလုံးမာ နှစ်ဆယ့်သုံးလုံးမြောက် ဗျည်း။ ဗလချိတ်ဟု ခေါ်ရေ
Burmese:
ဗျည်း သုံးဆယ့်သုံးလုံးတွင် နှစ်ဆယ့်သုံးလုံးမြောက် ဗျည်း။ ဗလချိတ်ဟု ခေါ်သည်
English:
the rd letter of the Arakanese alphabet
Grammar Note:
နာမ်
ဗကောစီး
[bkɔ́sï]
Arakanese:
အထက်က ကြောထက်ကို နှစ်ဘက်ခွဖြာ၍ စီးနင်းတည်နီရေ
Burmese:
အပေါ်က ကြောပေါ်ကို နှစ်ဘက်ခွဖြာ၍ စီးနင်းတည်နေသည်
English:
none
Grammar Note:
ကြိယာ
ဗက်
[bɛʔ]
Arakanese:
ကြက်၊ ငှက်ရို့ကို ခိုးစားတတ်ရေ၊ အိမ်ကြောင်နှင့် တူသော ကြောင်ရိုင်း ဘာဟုန်ဘက်
Burmese:
ကြက်၊ ငှက်တို့ကို ခိုးစားတတ်သော၊ အိမ်ကြောင်နှင့် တူသော ကြောင်ရိုင်း တောကြောင်
English:
wild cat
Grammar Note:
နာမ်
ဗက်၂
[bɛʔ၂]
Arakanese:
တီထိုးတမ်း ကစပ်ရာမာ တီဟု ရက်ပြတ်ဆိုကာ ပြေးလားပနာ ရပ်တန့်လိုရာ အရပ်၌ ဗက်ဟုဆိုရာ ရပ်တန်ရရေ
Burmese:
တီထိုးတမ်း ကစားရာတွင် တီဟု အဆက်မပြတ်ဆိုကာ ပြေးသွား၍ ရပ်တန့်လိုရာ အရပ်၌ ဗက်ဟုဆိုရာ ရပ်တန်ရသည်
English:
stop
Grammar Note:
ကြိယာ
ဗက်ကာ
[bɛʔkà]
Arakanese:
အကောင်း ဆုံးသော အရာဝတ္တု
Burmese:
အကောင်း ဆုံးသော အရာဝတ္တု
English:
best
Grammar Note:
နာမ်
ဗက်ကားမ
[bɛʔkám]
Arakanese:
ဂြိုကားသော ကျွဲမ၊ နမ။ ယင်းပိုင်ကားသော ကျွဲမ၊ နမကို ခေါ်သော အမည်
Burmese:
ဦးချိုကားသော ကျွဲမ၊ နွားမ။ ယင်းသို့ကားသော ကျွဲမ၊ နွားမကို ခေါ်သော အမည်
English:
ox
Grammar Note:
နာမ်
ဗက်ခွဲ
[bɛʔkʰwɛ]
Arakanese:
စုဝေးမိ ပြီးရေ လူအချင်းချင်း တကွဲတပြားစီ ခွဲရှဲ ထွက်ကတ်တေ။ ၂၊ ဂူရာကျိုင်ကို တကွဲတပြား ဖြစ်ယောင် အားထုတ် ဆောင်ရွက်ရေ။ ၃၊ ကိုယ့်ဘက် သူ့ဘက် ခွဲကတ်တေ
Burmese:
စုဝေးမိ ပြီးသော လူအချင်းချင်း တကွဲတပြားစီ ခွဲရှဲ ထွက်ကြသည်။ ၂၊ လူအုပ်ကို တစ်ကွဲတပြား ဖြစ်အောင် အားထုတ် ဆောင်ရွက်သည်။ ၃၊ ကိုယ့်ဘက် သူ့ဘက် ခွဲကြသည်
English:
pick
Grammar Note:
ကြိယာ
ဗက်စိ
[bɛʔsì]
Arakanese:
ရသင့် ရထိုက်သော အဖို့အစုအနိန်နန့် လောက်စွာ။ ၂၊ နှစ်ယောက်တတွဲကျအနိန်နန့်
Burmese:
ရသင့် ရထိုက်သော အဖို့အစု အားဖြင့် ပြည့်ဝစွာ။ ၂၊ နှစ်ယောက်တစ်တွဲကျ အားဖြင့်
English:
by right
Grammar Note:
ကြိယာဝိသေသန
ဗက်တီ
[bɛʔtí]
Arakanese:
သတ္တု၊ ပလတ်စတ အစဟိစွာ့ တမျိုးမျိုးဖြင့် ပြုလုပ်ရေ ရေသယ်စရာ ရီခပ်ငင် စရာနှင့် ထည့်စရာ
Burmese:
သတ္တု၊ ပလတ်စတစ် စသည့် တစ်မျိုးမျိုးဖြင့် ပြုလုပ်သော ရေသယ်စရာ ရေခပ်ငင် စရာနှင့် ထည့်စရာ
English:
bucket
Grammar Note:
နာမ်
ဗက်လန်
[bɛʔlàɴ]
Arakanese:
ကော့လန်သော။ (နှုတ်ခမ်း) မကြီးဖြူ နှုတ်ခမ်းဗက်လန်ကြီးနန့် အသူနေစပ်ဖို့လဲ (အရပ်)။ နှုတ်ခမ်းဗက်လန်၊ ကန်တော်ကြီးနန့်၊ ပြိုင်လောင်းကြည့်ဖို့၊ လာလတ်တေ (လှီသံချပ်
Burmese:
ကော့လန်သော။ (နှုတ်ခမ်း) မကြီးဖြူ နှုတ်ခမ်းဗက်လန်ကြီးနန့် အသူနေစပ်ဖို့လဲ (အရပ်)။ နှုတ်ခမ်းဗက်လန်၊ ကန်တော်ကြီးနန့်၊ ပြိုင်လောင်းကြည့်ဖို့၊ လာလတ်တေ (လှီသံချပ်
English:
curl
Grammar Note:
နာမဝိသေသန
ဗက်အိုး
[bɛʔʔó]
Arakanese:
ညံ့ဖျင်းသော။ သိမ်ငယ်သော။ စိကေချေသော။ အသုံး မကျသော လူက ဗက်အိုးရာ တဂုပင်လေ့ သုံးဖို့ကမရ (အရပ်)
Burmese:
ညံ့ဖျင်းသော။ သိမ်ငယ်သော။ သေးနုပ်သော။ အသုံး မကျသော လူက ဗက်အိုးရာ တစ်ခုမှလည်း သုံးဖို့ကမရ (အရပ်)
English:
poor
Grammar Note:
နာမဝိသေသန
ဗက်အိုးကြီး
[bɛʔʔót͡ɕï]
Arakanese:
အချိုး အဆစ် မပြေပြစ်အောင် ဝဖြိုးသော
Burmese:
အချိုး အဆစ် မပြေပြစ်အောင် ဝဖြိုးသော
English:
fat
Grammar Note:
နာမဝိသေသန
ဗကျင်း
[bt͡ɕɪ́ɴ]
Arakanese:
ကိုယ်ကို လေဖြင့် ဖေါင်းပွအောင် လုပ်နှိုင်ပနာ ထက်သော နှုတ်သီးဖြင့် တွပ်တတ်ရေ ငါးဝါတမျိုး။ (ကိုယ်မာ စူးများဟိသည်) ‘ဗကျင်းဝမ်းပူ၊ ငါးဖလောက်ကေ၊ ငါးတောက်တူနှင့်’ (ငါး)
Burmese:
ကိုယ်ကို လေဖြင့် ဖေါင်းပွအောင် လုပ်နိုင်၍ ထက်သော နှုတ်သီးဖြင့် တွပ်တတ်သော ငါးဝါတစ်မျိုး။ (ကိုယ်တွင် ဆူးများဟိသည်) ‘ဗကျင်းဝမ်းပူ၊ ငါးဖလောက်ကေ၊ ငါးတောက်တူနှင့်’ (ငါး)
English:
fish
Grammar Note:
နာမ်
ဗကျင်းစောင်
[bt͡ɕɪ́ɴsàʊɴ]
Arakanese:
မြို့၊ ခမီး၊ ချင်းရို့ ဂျပ်ခုပ်ဖြင့် ရက်လုပ်သော ထူထပ်သော စောင်တမျိုး
Burmese:
မြို့၊ ခမီး၊ ချင်းတို့ ဂျပ်ခုပ်ဖြင့် ရက်လုပ်သော ထူထပ်သော စောင်တစ်မျိုး
English:
blanket
Grammar Note:
နာမ်
ဗခုပ်ပိုး
[bkʰoʊʔpó]
Arakanese:
စပါးနို့ရည် တည်စကို စုတ်ငင် ဖျက်ဆီးနှိုင်ရေ နှာမေါင်းပိုင် ရှည်သော နှာတံရှည်သော ခြီထောက် ခြောက်ချောင်းနှင့် ပျံလားနှိုင်သော ပိုးကောင်တမျိုး။ (ယင်းပိုးကောင်မာ စူးရှပြင်းသော ကိုယ်နံ့ထွက်ရေ။
Burmese:
စပါးနို့ရည် တည်စကို စုတ်ငင် ဖျက်ဆီးနိုင်သော နှာမေါင်းကဲ့သို့ ရှည်သော နှာတံရှည်သော ခြေထောက် ခြောက်ချောင်းနှင့် ပျံသွားနိုင်သော ပိုးကောင်တစ်မျိုး။ (ယင်းပိုးကောင်မှာ စူးရှပြင်းသော ကိုယ်နံ့ထွက်သည်။
English:
insect
Grammar Note:
နာမ်
ဗင်းကျိကျ
[bɪ́ɴt͡ɕìt͡ɕ]
Arakanese:
ဆုံးရှုးမှု အတွက် အစာပီးရရေ ငွီ တနည်း ဝန်
Burmese:
ဆုံးရှုးမှု အတွက် အစာပေးရသော ငွေ သို့မဟုတ် ပစ္စည်း
English:
compensation
Grammar Note:
နာမ်
ဗင်ကျော်
[bɪ̀ɴt͡ɕɔ̀]
Arakanese:
ရီငန်ပိုင်၊ ချောင်းနားစပ်မာ ပေါက်ရောက်သော ကျိတော့ရေ့ ဟင်းစားရရေ အပင်တမျိုး
Burmese:
ရေငန်ပိုင်၊ ချောင်းနားစပ်တွင် ပေါက်ရောက်သော ကျိချွဲသည့် ဟင်းစားရသော အပင်တစ်မျိုး
English:
vegetable
Grammar Note:
နာမ်
ဗင်ကျော်၂
[bɪ̀ɴt͡ɕɔ̀၂]
Arakanese:
ပျောင်းပျော့စွာ ပွတ်ချီပွတ်ချက် ပြောဆိုပြုမူရေ။ (ဥပစာ) ချစ်မှန်းသိပနာ ကိုယ့်အလိုပြည့်စီရန် ချစ်သော သူရို့အား စိတ်အနှောင့် အယှက် ဖြစ်စီရေ။ နွဲ့ဆိုး ဆိုးသည်
Burmese:
ပျောင်းပျော့စွာ တီတီတာတာ ပြောဆိုပြုမူသည်။ (ဥပစာ) ချစ်မှန်းသိ၍ မိမိအလိုပြည့်စေရန် ချစ်သော သူတို့အား စိတ်အနှောင့် အယှက် ဖြစ်စေသည်။ နွဲ့ဆိုး ဆိုးသည်
English:
wheedle
Grammar Note:
ကြိယာ
ဗင်ကျော်စေါင်း
[bɪ̀ɴt͡ɕɔ̀sèàɪ́ɴ]
Arakanese:
အသံအိမ် တနည်း ကြိုးတပ်ခုံဖြစ်ရေ ဗျပ်ပုံ အဝိုင်းအပြားအိုးမာ ဖေါင်ရိုး တပ်ထားရေ့ ကြိုးတပ် တူရိယာတမျိုး
Burmese:
အသံအိမ် သို့မဟုတ် ကြိုးတပ်ခုံဖြစ်သော ဗျပ်ပုံ အဝိုင်းအပြားအိုးတွင် ဖေါင်ရိုး တပ်ထားသည့် ကြိုးတပ် တူရိယာတစ်မျိုး
English:
lute
Grammar Note:
နာမ်
ဗင်ကျော်ဟင်း
[bɪ̀ɴt͡ɕɔ̀hɪ́ɴ]
Arakanese:
ဗင်ကျော် ခေါ် ချောင်းနားဟင်းကို ငါးပိကြူကြူနှင့် ချက်ထားရေ ဟင်းတမျိုး
Burmese:
ဗင်ကျော် ခေါ် ချောင်းနားဟင်းကို ငါးပိကြူကြူနှင့် ချက်ထားသော ဟင်းတစ်မျိုး
English:
curry
Grammar Note:
နာမ်