Dictionary Entries
Showing 1–20 of 1,587 words
စ
စ
[s]
Arakanese:
ဗျည်း သုံးဆယ့်သုံး လုံးမာ ခြောက်လုံး မြောက် စအက္ခရာ
Burmese:
ဗျည်း သုံးဆယ့်သုံး လုံးတွင် ခြောက်လုံး မြောက် စအက္ခရာ
English:
of arakanese consonant
Grammar Note:
နာမ်
စံ
[sံ]
Arakanese:
တခုနန့် တခု၊ တဦးနန့် တဦး အရည်အခြင်း နှိုင်းနိူင်း အပ်ရေ အရာ။ ၂၊ အကောင်း ဆုံးသော အရာ
Burmese:
တစ်ခုနှင့် တစ်ခု၊ တစ်ဦးနှင့် တစ်ဦး အရည်အချင်း နှိုင်းယှဉ် အပ်သော အရာ။ ၂၊ အကောင်း ဆုံးသော အရာ
English:
standard
Grammar Note:
နာမ်
စ၂
[s၂]
Arakanese:
အဦး။ အစ။ ပထမ
Burmese:
အဦး။ အစ။ ပထမ
English:
begin - first
Grammar Note:
နာမ်
စံ၂
[sံ၂]
Arakanese:
ဂုဏ် အရည်အခြင်း တူညီပုံကို မှန်းဆ ဆင်ခြင်သည်
Burmese:
ဂုဏ် အရည်အချင်း တူညီပုံကို မှန်းဆ ဆင်ခြင်သည်
English:
compare
Grammar Note:
ကြိယာ
စ၃
[s၃]
Arakanese:
အဦးအလျင် ပြုရေ။ တခုခုကို စတင် စီစိုင်ရေ။၂၊ နောက်ရေ။ ကြီစပ်သည်
Burmese:
အဦးအလျင် ပြုသည်။ တစ်ခုခုကို စတင် စီစဉ်သည်။၂၊ နောက်သည်။ ကျီစယ်သည်
English:
Start - kid
Grammar Note:
ကြိယာ
စံ၃
[sံ၃]
Arakanese:
စည်းစိမ် ချမ်းသာကို ခံစားရေ။ ၂၊ ထည်ဝါ ခမ်းနားစွာ နီထိုင်သည်
Burmese:
စည်းစိမ် ချမ်းသာကို ခံစားသည်။ ၂၊ ထည်ဝါ ခမ်းနားစွာ နေထိုင်သည်
English:
grandly-magnificently
Grammar Note:
ကြိယာ
စ၄
[s၄]
Arakanese:
လုပ်ငန်း တခုခုကို စတင် လုပ်ဆောင်ရာမာ မပြေ ပြစ်သော အခြီအရဲ ဖြစ်နီပါက ရခိုင် ဝေါဟာရ အနိန်နန့် အဓိပ္ပါယ် ပေါ်လွင်အောင် လေးလေး နက်နက် အသုံးပြုရေ။၂၊ ရန်ဖြစ်ယောင် ဦးစွာ ပြုလုပ်ရေ
Burmese:
လုပ်ငန်း တစ်ခုခုကို စတင် လုပ်ဆောင်ရာ၌ မပြေ ပြစ်သော အခြေအနေ ဖြစ်နေပါက ရခိုင် ဝေါဟာရ အနေဖြင့် အဓိပ္ပါယ် ပေါ်လွင်အောင် လေးလေး နက်နက် အသုံးပြုသည်။၂၊ ရန်ဖြစ်အောင် ဦးစွာ ပြုလုပ်သည်
English:
first
Grammar Note:
ကြိယာ
စ၅
[s၅]
Arakanese:
စတင် ကြံစည် ရရေ အခြီခံ အကြောင်းရင်း စနစ်
Burmese:
စတင် ကြံစည် ရသော အခြေခံ အကြောင်းရင်း စနစ်
English:
reason
Grammar Note:
နာမ်
စ၆
[s၆]
Arakanese:
စဝင်္ဂ နံကောက် ဝေါဟာရမာ ဦးစွာ စတင် ဆိုရရေ အက္ခရာ။ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ (အင်္ဂါနံ အသုံး)
Burmese:
စဝင်္ဂ နံကောက် ဝေါဟာရတွင် ဦးစွာ စတင် ဆိုရသော အက္ခရာ။ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ (အင်္ဂါနံ အသုံး)
English:
none
Grammar Note:
နာမ်
စ၇
[s၇]
Arakanese:
လုပ်ငန်း တရပ်ရပ်ကို လုပ်ရာမာ အဆုံးသတ် ပြီးစီးခြင်းကို ပြရာမာ ပင်ဖြစ်ဖြစ်၊ စပြီးကေ ပြုလုပ်ရာမာ ပင်ဖြစ်ဖြစ် အသုံးပြုရေ။ (စပါး ကြိတ်ပြီးစ။ စာချုပ် ချုပ်ပြီးစ။ ကျောင်းဖွင့်စ။ ထွန်ချ ပြီးခါစ။
Burmese:
လုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ရာတွင် အဆုံးသတ် ပြီးစီးခြင်းကို ပြရာ၌ လည်းကောင်း၊ စ၍ ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုသည်။ (စပါး ကြိတ်ပြီးစ။ စာချုပ် ချုပ်ပြီးစ။ ကျောင်းဖွင့်စ။ လယ်ထွန် ပြီးခါစ။
English:
Newly completed - start
Grammar Note:
ကြိယာ
စ၈
[s၈]
Arakanese:
အရင်းခံ ကြိယာ၏ အနက်ကို လီးနက် စေလိုရေ စကားလုံး
Burmese:
အရင်းခံ ကြိယာ၏ အနက်ကို လေးနက် စေလိုသော စကားလုံး
English:
support to be meaningful
Grammar Note:
ပစ္စည်း
စကာ
[skà]
Arakanese:
ကျယ်ဝန်းသော နီရာ။ ဌာန။၂၊ ချဲ့ထွင်၍ ပြောသော စကား
Burmese:
ကျယ်ဝန်းသော နေရာ။ ဌာန။၂၊ ချဲ့ထွင်၍ ပြောသော စကား
English:
spacious
Grammar Note:
နာမ်
စကား
[ská]
Arakanese:
လူမျိုး တမျိုး၏ ပြောဆိုချက် အဓိပ္ပါယ်ဟိရေ မြွက်ဟသော အသံ။ ၂၊ ဘာသာ။ ၃၊ တစုံ တခု ဖြစ်ပျက်မှုကို ထုတ်ဖေါ် ပြောဆိုရေ အကြောင်း အရာ။ ၄၊ ကျဉ်းကျဉ်းနန့် လိုရင်း ပြည့်သော ပြောဆိုချက်။ ၅၊ အစိုင် လက်သုံး ပြောဆိုရေ စကား
Burmese:
လူမျိုး တစ်မျိုး၏ ပြောဆိုချက် အဓိပ္ပါယ်ရှိသော မြွက်ဟသော အသံ။ ၂၊ ဘာသာ။ ၃၊ တစ်စုံ တစ်ခု ဖြစ်ပျက်မှုကို ထုတ်ဖေါ် ပြောဆိုသော အကြောင်း အရာ။ ၄၊ ကျဉ်းကျဉ်းနှင့် လိုရင်း ပြည့်သော ပြောဆိုချက်။ ၅၊ အစဉ် လက်သုံး ပြောဆိုသော စကား
English:
speech
Grammar Note:
နာမ်
စံကား
[sံká]
Arakanese:
ပန်း အနံ့ မွီးကြိုင်စွာ ပွင့်သော အပင်ကြီး တမျိုး
Burmese:
ပန်း အနံ့ မွေးကြိုင်စွာ ပွင့်သော သစ်ပင်ကြီး တစ်မျိုး
English:
champac- magnolia(michelia champaca)
Grammar Note:
နာမ်
စကား၂
[ská၂]
Arakanese:
ကြိယာကို ကြိယာနာမ်သို့ ပြောင်းလဲ ရာမာ နောက်က ဆက်တွဲ ရရေ စကားလုံး။ မသေမချာ အတိ ကျကျ မဟုတ်ဘဲ ယုံမား သံသယဖြင့်
Burmese:
ကြိယာကို ကြိယာနာမ်သို့ ပြောင်းလဲ ရာတွင် နောက်က ဆက်တွဲ ရသော စကားလုံး။ မသေမချာ တိတိ ကျကျ မဟုတ်ပဲ ယုံမှား သံသယဖြင့်
English:
unsure
Grammar Note:
ပစ္စည်း
စကားကုန်
[skákòʊɴ]
Arakanese:
နောက်ထပ် ပြောဆို စရာပင် မဟိ ဖြစ်တေ
Burmese:
နောက်ထပ် ပြောဆို စရာပင် မရှိ ဖြစ်သည်
English:
speechless
Grammar Note:
ကြိယာ
စကားကုန်၂
[skákòʊɴ၂]
Arakanese:
ကြက်စာကောက် ပြောဆိုရေ စကား။ အားလုံး ပြောလိုက် ပြီးရေ စကား
Burmese:
အပြီးသတ် ပြောဆိုသော စကား။ ကုန်စင်အောင် ပြောလိုက် ပြီးသော စကား
English:
the final talk
Grammar Note:
နာမ်
စကားကောင်း
[skákáʊɴ]
Arakanese:
စကားကို အာရုံ စူးစိုက်ပနာ စိတ်ဝင် တစား ပြောဆို ရေ။ စကားကို စိတ်ဝင်စား ကိုယ်ပါ အားရ ပါးရ ပြောဆို ရေ။ စကားကို အဆုံး မသတ်နိုင် ဖြစ်တေ
Burmese:
စကားကို အာရုံ စူးစိုက်၍ စိတ်ဝင် စားစွာ ပြောဆို သည်။ စကားကို စိတ်ပါ ကိုယ်ပါ အားရ ပါးရ ပြောဆို သည်။ စကားကို အဆုံး မသတ်နိုင် ဖြစ်သည်
English:
long speak
Grammar Note:
ကြိယာ
စကားကောင်း၂
[skákáʊɴ၂]
Arakanese:
အကျိုး ဟိရေ စကား။ မင်္ဂလာ ဟိရေ စကား
Burmese:
အကျိုး ရှိသော စကား။ မင်္ဂလာ ရှိသော စကား
English:
blessed
Grammar Note:
နာမ်
စကာကျယ်
[skàt͡ɕɛ̀]
Arakanese:
အဆာကျယ်ရေ။ ကျီနပ် နိုင်ခရေ။ စိတ်ဆန္ဒ ထူးထွေ များပြားရေ။ ဂျိများရေ။ ၂၊ (စကားကို) ချဲ့ထွင်၍ ပြောရေ
Burmese:
အလို များသည်။ ကျေနပ် နိုင်ခဲ့သည်။ စိတ်ဆန္ဒ ထူးထွေ များပြားသည်။ ချေးများသည်။ ၂၊ (စကားကို) ချဲ့ထွင်၍ ပြောသည်
English:
exaggerate
Grammar Note:
ကြိယာ