Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,963 words

    လ

    လ

    [l]
    ဗျည်းသုံးဆယ့် သုံးလုံးမာ နှစ်တဆယ့်သျှစ်လုံးမြောက် ဗျည်း။ လ ဟုခေါ်ရေ
    ဗျည်းသုံးဆယ့် သုံးလုံးတွင် နှစ်ဆယ့်ရှစ်လုံးမြောက် ဗျည်း။ လ ဟုခေါ်သည်
    twenty-eighth letter of the Arakanese alphabet symbol for ellipsis (part) particle used as an abbreviated form of particles (as in ကြင်~တုံနန့်) particle prefixed to verbs for emphasis or euphony (as in မင်းက~ဝါခေါင်မကောင်း)
    နာမ်

    လံ

    [lံ]
    လေးတောင်နန့် ညီမျှသော အတိုင်းအတာ
    လေးတောင်ဖြင့် ညီမျှသော အတိုင်းအတာ
    unit of length equivalent to two yards - Arakan unit of measurement equivalant to fee
    နာမ်

    လ၂

    [l၂]
    ကမ္ဘာမြီကြီးကို ကိုယ့်လားလမ်း အတိုင်း (လမ်းဖြင့်)လှည့်ပတ်ကာ နီမှ အလင်းကို ကမ္ဘာသို့ ရောင်ပြန်ဟပ် ပေးနိန်ရေ ဂြိုဟ်ကြီး တလုံး။ တနင်းလာဂြိုဟ်။ စန်း။ ၂၊ သာမန်အနိန်နန့် လူရို့ရက် ၃ဝ-ခန့် ပိုင်းခြား ရွီတွက်သော ကာလ
    ကမ္ဘာမြေကြီးကို မိမိသွားလမ်း အတိုင်း (လမ်းဖြင့်)လှည့်ပတ်ကာ နေမှ အလင်းကို ကမ္ဘာသို့ ရောင်ပြန်ဟပ် ပေးနေသော ဂြိုဟ်ကြီး တစ်လုံး။ တနင်္လာဂြိုဟ်။ စန်း။ ၂၊ သာမန်အားဖြင့် လူတို့ရက် ၃ဝ-ခန့် ပိုင်းခြား ရေတွက်သော ကာလ
    moon month
    နာမ်

    လံ၂

    [lံ၂]
    တိရစ္ဆာန်ကို ကြိုးနန့်ခြည်ကာ ဂွက်မာ စားစီရေ
    တိရစ္ဆာန်ကို ကြိုးဖြင့်ချည်ကာ စားကျက်တွင် စားစေသည်
    measure length by လံ let out cattle to graze at the end of a long tether
    ကြိယာ

    လကာ

    [lkà]
    အရွက် လက်နှစ်လုံး သုံးလုံးလောက်လောင်းာက် အရှည် တတောင်လောက်ဟိ၊ အရွက်မာ စူးပေါက်ပနာ အုန်းပျစ်ပိုင် ပျစ်၍ အိမ်မိုးနှိုင်ရေ ကြိမ်အမျိုးဝင် အပင်တမျိုး
    အရွက် လက်နှစ်လုံး သုံးလုံးလောက်ခန့် အရှည် တစ်တောင်လောက်ယှိ၊ အရွက်တွင် ဆူးပေါက်၍ ဓနိပျစ်ကဲ့သို့ ပျစ်၍ အိမ်မိုးနိုင်သော ကြိမ်အမျိုးဝင် အပင်တစ်မျိုး
    kind of cane
    နာမ်

    လကာခတ်

    [lkàkʰaʔ]
    ခန့်ညား ထည်ဝါသည်
    ခန့်ညား ထည်ဝါသည်
    be grand
    ကြိယာ

    လကောင်းလကန်း

    [lkáʊɴlkáɴ]
    မောက်မာစွာ ပြောဆိုပြုမှုရေ။ ကိုယ်နန့်မတော် မတန်ပြောဆို ပြုမှုရေ။ အဝီး …. စကားတခွန်း ပြောဖို့စွာကို လကောင်းလကန်း လုပ်နီစွာက။ ပုတ်တလုံး ရက်ထားရေ လကောင်းလကန်း ဟုတ်တိပတ်တိဗျာယ် (အရပ်)
    မောက်မာစွာ ပြောဆိုပြုမှုသည်။ ကိုယ်နှင့်မတော် မတန်ပြောဆို ပြုမှုသည်။ အဝေး …. စကားတစ်ခွန်း ပြောဖို့စွာကို လကောင်းလကန်း လုပ်နီစွာက။ ပုတ်တစ်လုံး ရက်ထားရေ လကောင်းလကန်း ဟုတ်တိပတ်တိဗျာယ် (အရပ်)
    proud - arrogant - haughty
    ကြိယာ

    လက္ခဏာ

    [lkʰə́kʰanà]
    ကိုယ်အင်္ဂါ အစိတ်အပိုင်း အရည်အခြင်းကို သိသာစီနှိုင်ရေ ထူးခြား ကောင်းမြတ်သော သွင်ပြင် အမှတ်အသား။ ၂၊ ပုရိသဣတ္ထိ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ မြေ အစဟိစွာ ကောင်းမကောင်း ညီမညီ ထူးခြားသော ကိုယ်အစိတ်အပိုင်းကို သိတတ်ရေ အတတ်
    ကိုယ်အင်္ဂါ အစိတ်အပိုင်း အရည်အချင်းကို သိသာစေနိုင်သော ထူးခြား ကောင်းမြတ်သော သွင်ပြင် အမှတ်အသား။ ၂၊ ပုရိသဣတ္ထိ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ မြေ စသည် ကောင်းမကောင်း ညီမညီ ထူးခြားသော ကိုယ်အစိတ်အပိုင်းကို သိတတ်သော အတတ်
    sign - mark - token - indication - symptom - characteristics lines and configurations on ones palms [ Pali လက္ခဏာ ]
    နာမ်

    လက္ခဏာကြည့်

    [lkʰə́kʰanàt͡ɕɛ့̀]
    လက်ဝါးပြင် အပေါ်ဟိ အရီးအကြောင်းကို စစ်ဆီးပနာ ဖြစ်ပြီးကေ၊ ဖြစ်နီဆဲ၊ ဖြစ်အံ့ သော အဖြစ်အပျက်ရို့ကို ဟောပြောရေ
    လက်ဝါးပြင် အပေါ်ယှိ အရေးအကြောင်းကို စစ်ဆေး၍ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ သော အဖြစ်အပျက်တို့ကို ဟောပြောသည်
    read the palm and interpret his character have ones palm read
    ကြိယာ

    လက္ခဏာတော်ကြီး

    [lkʰə́kʰanàtɔ̀t͡ɕï]
    ဘုရားသျှင်ရို့မာသာ ကုံလုံပြည့်စုံခြင်း ဟိသော ကိုယ်၏ အစိတ်အပိုင်းဆိုင်ရာ ကွဲပြား ထူးခြာရေ့ လက္ခဏာ ၃၂ ပါး
    ဘုရားသျှင်တို့တွင်သာ ကုံလုံပြည့်စုံခြင်း ယှိသော ကိုယ်၏ အစိတ်အပိုင်းဆိုင်ရာ ကွဲပြား ထူးခြားသည့် လက္ခဏာ ၃၂ ပါး
    the thirty two distinctive features or signs on the persons of the Buddhas and Charkravartins
    နာမ်

    လက္ခဏာတော်ငယ်

    [lkʰə́kʰanàtɔ̀ŋɛ̀]
    ဘုရားသျှင်၏ ကိုယ်တော်၌ ပေါ်လွင် ထင်ရှားဟိသော အနုစိတ် လက္ခဏာ ၈၀
    ဘုရားရှင်၏ ကိုယ်တော်၌ ပေါ်လွင် ထင်ရှားယှိသော အနုစိတ် လက္ခဏာ ၈၀
    the eighty detailed characteristic signs on the persons of Buddhas
    နာမ်

    လက္ခဏာဖတ်

    [lkʰə́kʰanàpʰaʔ]
    လူ၏ ခန္ဓာကိုယ်မာ ဟိသော ကွဲပြား ထူးခြာရေ့ ပုံပန်း သဏ္ဍာန် အရီးအကြောင်းရို့ကို ကြည့်၍ ကောင်းဆိုး ကျိုးပြစ်ကို ဟောရေ။ အာဒိမှီ သီလဝါ ပုတ္တဉ္စလဗ္ဘန္တိ၊ သေဌံ ဣတ္ထိ လက္ခဏံ ပဏ္ဍိတော (ပါရာ)။ စနီ၊ အင်္ဂါနိဖွား၍ လက်ညှိုးဖျား၊ လျှာဖျား၊ သွားဖုံးနီသော မိမ္မကား
    လူ၏ ခန္ဓာကိုယ်တွင် ယှိသော ကွဲပြား ထူးခြားသည့် ပုံပန်း သဏ္ဍာန် အရေးအကြောင်းတို့ကို ကြည့်၍ ကောင်းဆိုး ကျိုးပြစ်ကို ဟောသည်။ အာဒိမှီ သီလဝါ ပုတ္တဉ္စလဗ္ဘန္တိ၊ သေဌံ ဣတ္ထိ လက္ခဏံ ပဏ္ဍိတော (ပါရာ)။ စနေ၊ အင်္ဂါနေ့ဖွား၍ လက်ညှိုးဖျား၊ လျှာဖျား၊ သွားဖုံးနီသော မိမ္မကား
    read the palm and interpret his character have ones palm read
    ကြိယာ

    လက်ကစိတိုက်

    [lɛʔksìtaɪʔ]
    လူကို ရယ်ချင်ရောင် ခါး၊ လက်ကတီး စစွာကို ထိုးဆွ ပီးရေ
    လူကို ရယ်မောအောင် ခါး၊ ချိုင်းကြား စသည်ကို ထိုးဆွ ပေးသည်
    tickle
    ကြိယာ

    လက်ကတီး

    [lɛʔktï]
    လက်ကတီး။ လက်မောင်းရင်း အောက်ဘက်ဟိ ချိုင့်ခွက်
    ချိုင်းကြား။ လက်မောင်းရင်း အောက်ဘက်ယှိ ချိုင့်ခွက်
    armpit
    နာမ်

    လက်ကတီးကြား

    [lɛʔktït͡ɕá]
    လက်ကတီး။ လက်မောင်းရင်း အောက်ဘက်ဟိ ချိုင့်ခွက်
    ချိုင်းကြား။ လက်မောင်းရင်း အောက်ဘက်ယှိ ချိုင့်ခွက်
    armpit
    နာမ်

    လက်ကတီးခတ်

    [lɛʔktïkʰaʔ]
    မစ္ဆရိယ ဝန်တိုမှုနန့် တယောက်တလီမာ ဝန်ဥစ္စာ ပျက်စီး ဆုံးယှုံးမှုကို မြင်၍ အားရ နှစ်သက်ခြင်းကို ပြုသည်
    မစ္ဆရိယ ဝန်တိုမှုဖြင့် တစ်စုံတစ်ယောက်တွင် ပစ္စည်းဥစ္စာ ပျက်စီး ဆုံးရှုံးမှုကို မြင်၍ အားရ နှစ်သက်ခြင်းကို ပြုသည်
    whack with an open palm over the crook of the elbow of the other arm folded across one’s chest
    ကြိယာ

    လက်ကတီးထိုး

    [lɛʔktïtʰó]
    လူကို ရယ်ချင်ရောင် ခါး၊ လက်ကတီး စစွာကို ထိုးဆွပီးရေ
    လူကို ရယ်မောအောင် ခါး၊ ချိုင်းကြား စသည်ကို ထိုးဆွပေးသည်
    tickle
    နာမ်

    လက်ကတီးမွီး

    [lɛʔktïmwï]
    လက်ကတီး၌ ပေါက်သော အမွီး
    ချိုင်းကြား၌ ပေါက်သော အမွေး
    armpit hair
    နာမ်

    လက်ကတော့တင်

    [lɛʔktɔ̰tɪ̀ɴ]
    ခြုံထည်တခုခုကို ညာဘက် ချိုင်းအောက်မှ လျှို့ကာ၊ ဗယ်ဘက် ပုခုံးပေါ်၌ ရှေ့အစကို နောက်ကို ပင်ဖြစ်ဖြစ်၊ နောက်အစကို ဟိကို ပင်ဖြစ်ဖြစ် တင်ပနာ သင်္ကန်းကို ရုံခြင်း ပြုသည်
    ခြုံထည်တစ်ခုခုကို လက်ယာဘက် ချိုင်းအောက်မှ လျှို့ကာ၊ လက်ဝဲဘက် ပုခုံးပေါ်၌ ရှေ့အစကို နောက်သို့ လည်းကောင်း၊ နောက်အစကို ရှေ့သို့ လည်းကောင်း တင်၍ သင်္ကန်းကို ရုံခြင်း ပြုသည်
    (of monks) wear the robe wrapped around the body with one end draped over the left shoulder
    ကြိယာ

    လက်ကတော့ထိုး

    [lɛʔktɔ̰tʰó]
    လက်ကတော့တင်ပနာ သင်္ကန်းကို ရုံခြင်း ပြုသည်
    လက်ကတော့တင်၍ သင်္ကန်းကို ရုံခြင်း ပြုသည်
    (of monks) wear the robe wrapped around the body with one end draped over the left shoulder
    ကြိယာ