Dictionary Entries
Showing 1–20 of 1,415 words
ရ
ရ
[ɹ]
Arakanese:
ဗျည်းသုံးဆယ့် သုံးလုံးမာ နှစ်တဆယ့်ခုနစ်လုံးမြောက် ဗျည်း။ ရ ဟုခေါ်ရေ။ (ပီပီ သသ လျှာလိပ်သံ ရ ဟု ရွတ်ဆိုရရေ။ ရ အက္ခရာ၏ အမည်
Burmese:
ဗျည်းသုံးဆယ့် သုံးလုံးတွင် နှစ်ဆယ့်ခုနှစ်လုံးမြောက် ဗျည်း။ ရ ဟုခေါ်သည်။ (ပီပီ သသ လျှာလိပ်သံ ရ ဟု ရွတ်ဆိုရသည်။ ရ အက္ခရာ၏ အမည်
English:
twenty-seventh letter of the Arakanese alphabet
Grammar Note:
နာမ်
ရံ
[ɹံ]
Arakanese:
ပတ်လည်ဝန်းကျင် တည်ဟိရေ။ ဖီးပတ်ပတ်လည် ဝိုင်းပတ်ရေ။ ၂၊ ပတ်လည် ကာဆီးရေ။ ၃၊ နံဖီးအနားမာ ခစားရေ။ တရာ့ထီးဆောင်း၊ မင်းပေါင်းခြံရံ၊ ညီလာခံပြီးကေ (ရခိုင်ကာ)
Burmese:
ပတ်လည်ဝန်းကျင် တည်ရှိသည်။ ဘေးပတ်ပတ်လည် ဝိုင်းပတ်သည်။ ၂၊ ပတ်လည် ကာဆီးသည်။ ၃၊ အနီးအနားတွင် ခစားသည်။ တရာ့ထီးဆောင်း၊ မင်းပေါင်းခြံရံ၊ ညီလာခံလျက် (ရခိုင်ကာ)
English:
surround be in attendance besiege
Grammar Note:
ကြိယာ
ရ–ကောင်းယင့်
[ɹ–káʊɴjɪ̰ɴ]
Arakanese:
ရသင့်ရေ။ ရထိုက်သည်
Burmese:
ရသင့်သည်။ ရထိုက်သည်
English:
rightful
Grammar Note:
ကြိယာ
ရ–ကောင်းယင့်၂
[ɹ–káʊɴjɪ̀ɴ့၂]
Arakanese:
အခွင့်အရီး တစုံတရာမှ ရစီတော့ဆိုရေ အနက်ဖြင့် ကြိယာနောက်ခါ ကပ်၍သုံးသော စကားလုံး။ (လာရကောင်းယင့်၊ စားရကောင်းယင့် အစဟိစွာအနိန်နန့် သုံးရေ။
Burmese:
အခွင့်အရေး တစ်စုံတရာမှ ရစေတော့ဟူသော အနက်ဖြင့် ကြိယာနောက်မှ ကပ်၍သုံးသော စကားလုံး။ (လာရကောင်းယင့်၊ စားရကောင်းယင့် စသည်ဖြင့် သုံးသည်။
English:
rights
Grammar Note:
နာမ်
ရ၂
[ɹ၂]
Arakanese:
လက်ထဲကို ရောက်ဟိရေ။ သီးသန့် ပိုင်ဆိုင်မှုသို့ ရောက်ဟိရေ။ ၂၊ ဖမ်းဆီး မိရေ။ ၃၊ ဇနီးမောင်နှံအဖြစ် နီထိုင်ရေ။ ၄၊ ရောဂါ ရရေ။ ဈာန် ရရေ
Burmese:
လက်ထဲသို့ ရောက်ရှိသည်။ သီးခြား ပိုင်ဆိုင်မှုသို့ ရောက်ရှိသည်။ ၂၊ ဖမ်းဆီး မိသည်။ ၃၊ ဇနီးမောင်နှံအဖြစ် နေထိုင်သည်။ ၄၊ ရောဂါ ရသည်။ ဈာန် ရသည်
English:
(a) get - obtain - have - (b) attain - acquire - earn - learn - reach etc. capture be married
Grammar Note:
ကြိယာ
ရကိန်း
[ɹkéɪɴ]
Arakanese:
ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်းရို့ကြောင့် ရဟိလာရေ ကိန်း
Burmese:
ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်းတို့ကြောင့် ရရှိလာသော ကိန်း
English:
[maths.] result effect - consequence - outcome
Grammar Note:
နာမ်
ရကောင်းရခဲ
[ɹkáʊɴɹkʰɛ]
Arakanese:
အလွန် ခဲယဉ်းကြောင်းကို ဖော်ပြသော။ တခါတရံ အေးပိုင် အခက်အခဲ ကြားက ရကောင်းရခဲ အခွင့်အရီးရာ (အရပ်)
Burmese:
အလွန် ခဲယဉ်းကြောင်းကို ဖော်ပြသော။ တစ်ခါတရံ အေးပိုင် အခက်အခဲ ကြားက ရကောင်းရခဲ အခွင့်အရေးရာ (အရပ်)
English:
hard to come by
Grammar Note:
နာမဝိသေသန
ရက်
[ɹɛʔ]
Arakanese:
မိုးထ ခြောက်နာရီမှ နောက် မိုးထ ခြောက်နာရီ အချိန်ထိ။ စက် ၂၄ နာရီကာလ
Burmese:
နံနက် ခြောက်နာရီမှ နောက် နံနက် ခြောက်နာရီ အချိန်ထိ။ စက် ၂၄ နာရီကာလ
English:
a day
Grammar Note:
နာမ်
ရက်၂
[ɹɛʔ၂]
Arakanese:
ခြည်၊ လျော်၊ ဝါးခြမ်း အစဟိရေ အတိုင်နန့် အဖောက် အပင် ရို့ကို အပြားဖြစ်ယောင် အထက် အောက် ဖွဲ့ယှက်သည်
Burmese:
ချည်၊ လျော်၊ ဝါးခြမ်း စသော အတိုင်နှင့် အဖောက် အပင် တို့ကို အပြားဖြစ်အောင် အထက် အောက် ဖွဲ့ယှက်သည်
English:
weave
Grammar Note:
ကြိယာ
ရက်၃
[ɹɛʔ၃]
Arakanese:
ထောက်ထား ငဲ့ညာ တွယ်တာမှု မဟိခြင်း သဘောရို့ကို ညွှန်ပြရာမာ ကြိယာ နောက်မာ ထည့်သွင်းသော စကားလုံး။ (စိတ်ရက်တေ၊ စွန့်ရက်တေ၊ ပြောရက်တေ၊ စိမ်းရက်တေ၊ စရေ။
Burmese:
ထောက်ထား ငဲ့ညာ တွယ်တာမှု မရှိခြင်း သဘောတို့ကို ညွှန်ပြရာ၌ ကြိယာ နောက်တွင် ထည့်သွင်းသော စကားလုံး။ (စိတ်ရက်တေ၊ စွန့်ရက်တေ၊ ပြောရက်တေ၊ စိမ်းရက်တေ၊ စသည်။
English:
particle suffixed to a verb to denote lack of consideration (as in ပြော~တေ)
Grammar Note:
ပစ္စည်း
ရက်ကန်း
[ɹɛʔkáɴ]
Arakanese:
ဝါခြည် အစဟိရေ အမျှင်မျိုးကို အတိုင်နန့် အဖောက် ကျော်နင်း လျှိုသွင်း၍ ရက်လုပ်သော လုပ်ငန်း။ ရက်လုပ်ရေ အတတ်ပညာ။ ဘုရားပွဲကို၊ သွားမြဲမချွတ်၊ ခါးကြိုးတပင်၊ ရက်ကန်းခွင့်က၊ အယင်ပြတ်လို့၊ ဝတ်ရဖို့ရာ (ဂုတ္တိလ)
Burmese:
ဝါချည် စသော အမျှင်မျိုးကို အတိုင်နှင့် အဖောက် ကျော်နင်း လျှိုသွင်း၍ ရက်လုပ်သော လုပ်ငန်း။ ရက်လုပ်သည့် အတတ်ပညာ။ ဘုရားပွဲကို၊ သွားမြဲမချွတ်၊ ခါးကြိုးတပင်၊ ရက်ကန်းခွင့်က၊ အယင်ပြတ်လို့၊ ဝတ်ရတော့မည် (ဂုတ္တိလ)
English:
loom
Grammar Note:
နာမ်
ရက်ကန်းကြိုး
[ɹɛʔkáɴt͡ɕó]
Arakanese:
ရက်ကန်းစင်မာ တိုင်ခြည်ကို အလျော့အားဓမ ပြုလုပ်နိုင်ဖို့ ထုံးဖွဲ့ထားရေ ကြိုး
Burmese:
ယက်ကန်းစင်တွင် တိုင်ချည်ကို အလျော့အတင်း ပြုလုပ်နိုင်ရန် ထုံးဖွဲ့ထားသော ကြိုး
English:
knot at the warp end regulating the tension of warp threads in a hand-loom long thin green arboreal snake usually found living in a group. Dipsas cynodon
Grammar Note:
နာမ်
ရက်ကန်းခင်း
[ɹɛʔkáɴkʰɪ́ɴ]
Arakanese:
ရက်ကန်းရက်ရန် ရက်ကန်းစင်၌ အဆင့်သင့် ပြုလုပ် ထားရေ
Burmese:
ယက်ကန်းရက်ရန် ယက်ကန်းစင်၌ အဆင့်သင့် ပြုလုပ် ထားသည်
English:
ready weave (on a loom)
Grammar Note:
ကြိယာ
ရက်ကန်းခတ်
[ɹɛʔkáɴkʰaʔ]
Arakanese:
ရက်ကန်းစင်၌ လက်ခတ်ကိုဆွဲပနာ အထည်ရက်သည်
Burmese:
ယက်ကန်းစင်၌ လက်ခတ်ကိုဆွဲ၍ အထည်ရက်သည်
English:
weave (on a loom)
Grammar Note:
ကြိယာ
ရက်ကန်းခုံ
[ɹɛʔkáɴkʰòʊɴ]
Arakanese:
ရက်ကန်းစင်မာ တိုင်ခြည်ရို့ကို ခံထားရေ ကုန်းဖြီ နှစ်ချောင်းနန့် လက်ထိပ် အနားဟိ သစ်သားတန်း
Burmese:
ယက်ကန်းစင်တွင် တိုင်ချည်တို့ကို ခံထားသော ထုတ်တန်း နှစ်ချောင်းနှင့် လက်ထိပ် အနားရှိ သစ်သားတန်း
English:
timber
Grammar Note:
နာမ်
ရက်ကန်းခွင်
[ɹɛʔkáɴkʰwɪ̀ɴ]
Arakanese:
ရက်ကန်းစင်၏ နံဖီးတဝိုက်ဟိ ပတ်ဝန်းကျင်
Burmese:
ယက်ကန်းစင်၏ အနီးတဝိုက်ရှိ ပတ်ဝန်းကျင်
English:
around the loom
Grammar Note:
နာမ်
ရက်ကန်းစင်
[ɹɛʔkáɴsɪ̀ɴ]
Arakanese:
ရက်ကန်း ရက်ဖို့အတွက် တန်ဆာပလာအစုံ တပ်ထားရေ ခုံ။ (လက်ရက်ကန်းစင်၊ စက်ရက်ကန်းစင် ဆိုပနာ ဟိရေ။) လင်္ကာယဉ်ဆန်း၊ အခန်းခန်းမာ၊ အလွမ်းချင်းယှက်၊ ယိုင်စင်မာ၊ ခြည်ပင်ဆက်လို့ (ကော်)
Burmese:
ယက်ကန်း ရက်ရန်အတွက် တန်ဆာပလာအစုံ တပ်ထားသော ခုံ။ (လက်ယက်ကန်းစင်၊ စက်ယက်ကန်းစင် ဟူ၍ ရှိသည်။) လင်္ကာယဉ်ဆန်း၊ အခန်းခန်းမှာ၊ အလွမ်းချင်းယှက်၊ ရက်ကန်းစင်မှာ၊ ခြည်ပင်ဆက်လို့ (ကော်)
English:
loom
Grammar Note:
နာမ်
ရက်ကန်းဆက်
[ɹɛʔkáɴsʰɛʔ]
Arakanese:
ရက်ကန်းရက်ရန် ခြည်ထွီးမှ သွယ်ယူလာရေ တိုင်ခြည်ပင် တိကို အသား လိပ်တုံးမာ လက်စ ချန်ထားရေ မြိတ်ဆာခြည် အစတိနန့် တပင်ချင်း ဆက်ရေ။ အလွမ်းချင်းယှက်၊ ယိုင်စင်မာ၊ ခြည်ပင်ဆက်သို့ (ကော်)
Burmese:
ယက်ကန်းရက်ရန် ချည်ထွေးမှ သွယ်ယူလာသော တိုင်ချည်ပင် များကို အသား လိပ်တုံးတွင် လက်စ ချန်ထားသော မြိတ်ဆာချည် အစများနှင့် တစ်ပင်ချင်း ဆက်သည်။ အလွမ်းချင်းယှက်၊ ရက်ကန်းစင်မှာ၊ ချည်ပင်ဆက်သို့ (ကော်)
English:
connect the string
Grammar Note:
ကြိယာ
ရက်ကန်းဆင်
[ɹɛʔkáɴsʰɪ̀ɴ]
Arakanese:
ရက်ကန်းရက် ဖို့အတွက် လိုအပ်ရေ တန်ဆာပလာအစုံ တပ်ဆင်ထားရေ
Burmese:
ယက်ကန်းရက် ရန်အတွက် လိုအပ်သော တန်ဆာပလာအစုံ တပ်ဆင်ထားသည်
English:
install the loom
Grammar Note:
နာမ်
ရက်ကန်းတစ်သပ်
[ɹɛʔkáɴtɪʔθaʔ]
Arakanese:
ရက်ကန်းရက်ရေအခါ ကိုယ့် လက်ခတ်နန့် လက်လှမ်း တမီ (တဒေါင့် တထွာခန့် ပမာဏ) ရက်လုပ်ထားရေ အထည်သား
Burmese:
ယက်ကန်းရက်သည့်အခါ မိမိ၏ လက်ခတ်နှင့် လက်လှမ်း တမီ (တစ်ထောင့် တစ်ထွာခန့် ပမာဏ) ရက်လုပ်ထားသော အထည်သား
English:
none
Grammar Note:
နာမ်