Dictionary Entries
Showing 1–20 of 364 words
ည
ည
[ɲ]
Arakanese:
ဗျည်း သုံးဆယ့်သုံး လုံးမာ ဆယ်လုံးမြောက် ဗျည်း။ ညကြီး
Burmese:
ဗျည်း သုံးဆယ့်သုံး လုံးတွင် ဆယ်လုံးမြောက် ဗျည်း။ ညကြီး
English:
th of Arakanese consonant
Grammar Note:
နာမ်
ညံ
[ɲံ]
Arakanese:
၁၊ သံပြိုင် သီဆိုရေ အသံ။ ၂၊ အသံ မစဲမြည်သော အသံ။ တီးခတ်သော အသံ။ သာယာ ငြိမ့်ညောင်းသော အသံ။ စိတ်နုပျိုယောင်၊ လီချိုကသွေး၊ တအီးအီးကေ၊ ဆလွဲအော်သံ၊ တညံညံနှင့်၊ ပျံကာသွားမြောက် (ထာနု)
Burmese:
၁၊ သံပြိုင် သီဆိုသော အသံ။ ၂၊ အသံ မစဲမြည်သော အသံ။ တီးခတ်သော အသံ။ သာယာ ငြိမ့်ညောင်းသော အသံ။ စိတ်နုပျိုယောင်၊ လီချိုကသွေး၊ တအေးအေးကေ၊ ဆလွဲမြည်သံ၊ တညံညံနှင့်၊ ပျံကာသွားမြောက် (ထာနု)
English:
noise
Grammar Note:
နာမ်
ညံ့
[ɲံ့]
Arakanese:
၁၊ ပျော့ပျောင်းရေ။ သိမ်မွေ့ ညက်ညောသော။ ၂၊ အရည်အသွီး ထက်မြက် တိုးတက်ခြင်း နည်းပါးသော။ နိမ့်ကျ သိမ်ငယ်ရေ
Burmese:
၁၊ ပျော့ပျောင်းသော။ သိမ်မွေ့ ညက်ညောသော။ ၂၊ အရည်အသွေး ထက်မြက် တိုးတက်ခြင်း နည်းပါးသော။ နိမ့်ကျ သေးသိမ်သော
English:
mild
Grammar Note:
နာမဝိသေသန
ည၂
[ɲ၂]
Arakanese:
နီဝင်ရေ နီထွက်သည် အထိ အချိန်။ ညည့်။ ‘ညရီတထွီ ညည့်ရီကထူး မောင်လပျိုလေ မေ့ကိုကြိုက်ကေ ချစ်ယောင်ကားလေ’ (ဇမ်း)
Burmese:
နေဝင်သည် နေထွက်သည် အထိ အချိန်။ ညည့်။ ‘ညရီတထွီ ညည့်ရီကထူး မောင်လူပျိုလေ မေ့ကိုကြိုက်ကေ ချစ်ယောင်ကားလေ’ (ဇမ်း)
English:
night
Grammar Note:
နာမ်
ညံ၂
[ɲံ၂]
Arakanese:
အသံဆူရေ
Burmese:
အသံဆူသည်
English:
noisy
Grammar Note:
ကြိယာ
ညံ့၂
[ɲံ့၂]
Arakanese:
(အနာဟိန်) တဆတ်ဆတ် နည်း၍ လားရေ။ လျော့နည်း လားရေ။ (အနာ) သက်သာ လျော့ပါး လာရေ
Burmese:
(အနာရှိန်) တဖြည်းဖြည်း နည်း၍ သွားသည်။ လျော့နည်း သွားသည်။ (အနာ) သက်သာ လျော့ပါး လာသည်
English:
decrease
Grammar Note:
ကြိယာ
ညက
[ɲk]
Arakanese:
ဒေနိ မရောက်ခင် တရက်က။ ညက
Burmese:
ယနေ့ မတိုင်မီ တစ်ရက်က။ မနေ့က
English:
yesterday
Grammar Note:
နာမ်
ညကခါ
[ɲkkʰà]
Arakanese:
ဒေနိ မရောက်ခင် တရက်က။ ညက။ ‘ဤနန်းဆောင်မာ၊ ညာတောင်စိုးရ၊ သူ့မူလလေ၊ မုတ္ထိုရဖို့၊ ညကအခါ၊ သားဖွားရာဝယ်’ (ကော်)
Burmese:
ယနေ့ မတိုင်မီ တစ်ရက်က။ မနေ့က။ ‘ဤနန်းဆောင်မှာ၊ ညာတောင်စိုးရ၊ သူ့နဂိုလေ၊ မုတ္ထိုရမှာ၊ ညကအခါ၊ သားဖွားရာဝယ်’ (ကော်)
English:
yesterday
Grammar Note:
နာမ်
ညကသိ
[ɲkθì]
Arakanese:
ဒေနိ မရောက်ခင် တရက်က။ လွန်ခရေ နိက။ ‘ငါးဟင်းအပုံ၊ စုံလေအဂု၊ သားဦးမိခင်၊ ဝင်စားပါလော့၊ ညကသိကေ၊ ဆီရွဲရွဲလေ၊ အမဲသားဟု’ (ဂုတ္ထိလ)
Burmese:
ယနေ့ မတိုင်မီ တစ်ရက်က။ လွန်ခဲ့သော နေ့က။ ‘ငါးဟင်းအပုံ၊ စုံလေယခု၊ သားဦးမိခင်၊ ဝင်စားပါလော့၊ ညကသိကေ၊ ဆီရွဲရွဲလေ၊ အမဲသားဟု’ (ဂုတ္ထိလ)
English:
yesterday
Grammar Note:
နာမ်
ညက်
[ɲɛʔ]
Arakanese:
၁၊ ထထွတ်ကြီညက်ရေ။ ထထောင်းကြီရေ။ အမှုန့်မှုန့် ဖြစ်တေ။ ကျောက်ဖျိုင်ပြားနှင့်၊ တင်ထားကြိတ်ပါ၊ ညက်သောခါလျှင် (ပဉ္စဘုတ်)။ ၂၊ တနီရာ တည်းမာ သွားဖန် လာဖန် တိစွာ။ ကြေမွအောင် ဖြိုဖျက်ရေ။ ဘီလူးရွာကို၊ ပြာအဆုံးကေ၊ ထုံးသို့ညက်ယောင်(ကော်)။ ၃၊ (အသားအရ
Burmese:
၁၊ ထွားထွား ကြေညက်သည်။ ထောင်းထောင်း ကြေသည်။ အမှုန့်မှုန့် ဖြစ်သည်။ ကျောက်ပျဉ်ပြားနှင့်၊ တင်ထားကြိတ်ပါ၊ ညက်သောခါလျှင် (ပဉ္စဘုတ်)။ ၂၊ တစ်နေရာ တည်းတွင် သွားဖန် လာဖန် များသည်။ ကြေမွအောင် ဖြိုဖျက်သည်။ ဘီလူးရွာကို၊ ပြာအဆုံးကေ၊ ထုံးသို့ညက်ယောင်(ကော်)။ ၃၊ (အသားအရ
English:
assimilate
Grammar Note:
ကြိယာ
ညက်ညက်
[ɲɛʔɲɛʔ]
Arakanese:
မုန့်မုန့် ညက်ညက် ဖြစ်တေ
Burmese:
မုန့်မုန့် ညက်ညက် ဖြစ်သည်
English:
into powder
Grammar Note:
ကြိယာ
ညက်ညက်ကြွီ
[ɲɛʔɲɛʔt͡ɕwí]
Arakanese:
၁၊ ကြီမွထွားညက်ရေ။ အမှုန့်မှုန့် ဖြစ်တေ။ နာဂဝင်လေ၊ ဆင်ပြောင်ကြီးနှင့်၊ စီးလို့လာပျာ၊ နင်းကာလည်းသတ်၊ အသက်ဇီဝီ။ ညက်ညက်ကြွီကေ၊ လက်ခြီပြတ်လို့ (ပန်း)။ ၂၊ (ဥပစာ) တတ်ကျွမ်း နှံ့စပ်ရေ။ ပိုင်ပိုင် နိုင်နိုင် တတ်မြောက်သည်
Burmese:
၁၊ ကြေမွ ထွားညက်သည်။ အမှုန့်မှုန့် ဖြစ်သည်။ နာဂဝင်လေ၊ ဆင်ပြောင်ကြီးနှင့်၊ စီးလို့လာပျာ၊ နင်းကာလည်းသတ်၊ အသက်ဇီဝီ။ ညက်ညက်ကြွီကေ၊ လက်ခြီပြတ်လို့ (ပန်း)။ ၂၊ (ဥပစာ) ကျွမ်းကျင် နှံ့စပ်သည်။ ပိုင်ပိုင် နိုင်နိုင် တတ်မြောက်သည်
English:
be crushed
Grammar Note:
ကြိယာ
ညက်ညော
[ɲɛʔɲɔ́]
Arakanese:
၁၊ ထထွတ်ကြီညက်ရေ။ ထထောင်းကြီရေ။ အမှုန့်မှုန့် ဖြစ်တေ။ ကျောက်ဖျိုင်ပြားနှင့်၊ တင်ထားကြိတ်ပါ၊ ညက်သောခါလျှင် (ပဉ္စဘုတ်)။ ၂၊ တနီရာ တည်းမာ သွားဖန် လာဖန် တိစွာ။ ကြေမွအောင် ဖြိုဖျက်ရေ။ ဘီလူးရွာကို၊ ပြာအဆုံးကေ၊ ထုံးသို့ညက်ယောင်(ကော်)။ ၃၊ (အသားအရ
Burmese:
၁၊ ထွားထွား ကြေညက်သည်။ ထောင်းထောင်း ကြေသည်။ အမှုန့်မှုန့် ဖြစ်သည်။ ကျောက်ပျဉ်ပြားနှင့်၊ တင်ထားကြိတ်ပါ၊ ညက်သောခါလျှင် (ပဉ္စဘုတ်)။ ၂၊ တစ်နေရာ တည်းတွင် သွားဖန် လာဖန် များသည်။ ကြေမွအောင် ဖြိုဖျက်သည်။ ဘီလူးရွာကို၊ ပြာအဆုံးကေ၊ ထုံးသို့ညက်ယောင်(ကော်)။ ၃၊ (အသားအရ
English:
satin
Grammar Note:
ကြိယာ
ညကျောင်း
[ɲt͡ɕáʊɴ]
Arakanese:
ညကျောင်း ညကျောင်း ပြသော ကျောင်းကို ခေါ်သော စကားလုံး
Burmese:
ကျူရှင် ညကျောင်း ပြသော ကျောင်းကို ခေါ်သော စကားလုံး
English:
night school
Grammar Note:
နာမ်
ညကြီး
[ɲt͡ɕï]
Arakanese:
၁၊ ည အက္ခရာ၏ အမည်။ ၂၊ ည သိုင်ခေါင်။ သိုင်ခေါင်ယံ တဝိုက်
Burmese:
၁၊ ည အက္ခရာ၏ အမည်။ ၂၊ ည သန်းခေါင်။ သန်းခေါင်ယံ တဝိုက်
English:
midnight
Grammar Note:
နာမ်
ညကြီးမိုးချုပ်
[ɲt͡ɕïmóɕoʊʔ]
Arakanese:
ညည့်နက် သိုင်ခေါင်။ သိုင်ခေါင်ယံ တဝိုက်
Burmese:
ညည့်နက် သန်းခေါင်။ သန်းခေါင်ယံ တဝိုက်
English:
midnight
Grammar Note:
နာမ်
ညကြီးလကြီး
[ɲt͡ɕïlt͡ɕï]
Arakanese:
ညည့် အချိန် မတော်
Burmese:
ညည့် အချိန် မတော်
English:
midnight
Grammar Note:
နာမ်
ညကြီးသိုင်ခေါင်
[ɲt͡ɕïθàɪɴkʰèàɪ̀ɴ]
Arakanese:
ညည့်နက် သိုင်ခေါင်။ သိုင်ခေါင်ချိန် ပတ်ဝန်းကျင်
Burmese:
ညည့်နက် သန်းခေါင်။ သန်းခေါင်ချိန် ပတ်ဝန်းကျင်
English:
midnight
Grammar Note:
နာမ်
ညခင်း
[ɲkʰɪ́ɴ]
Arakanese:
၁၊ ညဇာ အချိန် သုံးနာရီမှ နီနဘိုခတ် အချိန် ကာလအထဲ။ ၂၊ ညဦး မိုက်စ ပျိုးချိန်မှ သိုင်ခေါင် အချိန်ထိ
Burmese:
၁၊ ညနေ အချိန် သုံးနာရီမှ နေဝင်စ အချိန် ကာလအတွင်း။ ၂၊ ညဦး မှောင်စ ပျိုးချိန်မှ သန်းခေါင် အချိန်ထိ
English:
night
Grammar Note:
နာမ်
ညခပ်ရီ
[ɲkʰaʔɹí]
Arakanese:
ညဦးက ခပ်၍ ညလုံးပေါက် လောင်းာင် ထားရေ ရေ
Burmese:
ညဦးက ခပ်၍ တစ်ညလုံး သိုလှောင် ထားသော ရေ
English:
water stored up overnight
Grammar Note:
နာမ်