Dictionary Entries
Showing 1–20 of 1,683 words
သ
သ
[θ]
Arakanese:
ဗျည်း သုံးဆယ့်သုံးလုံးမာ အလုံးသုံးဆယ်မြောက် ဗျည်း။ သဟု ခေါ်ရေ
Burmese:
ဗျည်း သုံးဆယ့်သုံးလုံးတွင် အလုံးသုံးဆယ်မြောက် ဗျည်း။ သဟု ခေါ်သည်
English:
thirtieth letter of the Arakanese alphabet
Grammar Note:
နာမ်
သံ
[θံ]
Arakanese:
ရှီးခေတ် ကာလက ဘုရင့်တပါးပါးက အရာ ဘုရင်တပါးပါးကို ချစ်ကြည်ရီး၊ စီးပွားရီး၊ နိုင်ငံ အရီးအခင်းအတွက် ဆက်သွယ် ဆောင်ရွက်ရန် စီလွှတ်ခြင်း ခံရရေ ပုဂိ္ဂုလ်
Burmese:
ရှေးခေတ် ကာလက ဘုရင့်တစ်ပါးထံမှ အခြား ဘုရင်တစ်ပါးထံသို့ ချစ်ကြည်ရေး၊ စီးပွားရေး၊ နိုင်ငံ အရေးအခင်းအတွက် ဆက်သွယ် ဆောင်ရွက်ရန် စေလွှတ်ခြင်း ခံရသော ပုဂိ္ဂုလ်
English:
diplomat - envoy - embassy
Grammar Note:
နာမ်
သ ကိ သ ကာ
[θ kì θ kà]
Arakanese:
ခက်ခဲရေ။ မလွယ်ကူ ငြိုငြင်ဖွယ် ဖြစ်တေ။ ပင်ပန်းဖွယ် ဖြစ်တေ။ ဇော်နိုင် သ ကိ သ ကာ လူမဟောက် အရာရာကို စွမ်းဆောင်နိုင်ရေ (အရပ်)
Burmese:
ခက်ခဲသည်။ မလွယ်ကူ ငြိုငြင်ဖွယ် ဖြစ်သည်။ ပင်ပန်းဖွယ် ဖြစ်သည်။ ဇော်နိုင် သ ကိ သ ကာ လူမဟောက် အရာရာကို စွမ်းဆောင်နိုင်ရေ (အရပ်)
English:
hard
Grammar Note:
ကြိယာ
သ ကိ သ ကာ၂
[θ kì θ kà၂]
Arakanese:
သာမန်ပုဂ္ဂိုလ်။ ဂုဏ်ဒြပ်သိမ်ငယ်သူ
Burmese:
သာမန်ပုဂ္ဂိုလ်။ ဂုဏ်ဒြပ်သေးသိမ်သူ
English:
normal
Grammar Note:
နာမ်
သ သျှေ
[θ ʃè]
Arakanese:
(နှစ်လုံးပေါင်းထားရေ) ရိုးရိုး သ
Burmese:
(နှစ်လုံးပေါင်းထားသော) ရိုးရိုး သ
English:
thirtieth letter of the Arakanese alphabet
Grammar Note:
နာမ်
သ၂
[θ၂]
Arakanese:
ပြုပျင်ရေ။ ဆင်ယင်ရေ။ မွမ်းမံရေ။ ဆံပင်ရှည်ရေ တိုအောင်တဖဲ့ချေ ပိုင်က်ပါ။ (အရပ်)။ ၂၊ ဓါး၊ လှံ အစဟိစွာ ပဲ့ယွဲ့ နေစွာကို အကောင်းဖြစ်ယောင် ပြုရေ။ ဓါးပိုင် ပဲ့လားခဗျာ ပန်းဖဲဖိုဖို့လားရို့ သပစ်ခီ (အရပ်)
Burmese:
ပြုပြင်သည်။ ဆင်ယင်သည်။ မွမ်းမံသည်။ ဆံပင်ရှည်ရေ တိုအောင်နည်းနည်း သလိုက်ပါ။ (အရပ်)။ ၂၊ ဓါး၊ လှံ စသည် ပဲ့ယွဲ့ နေသည်ကို အကောင်းဖြစ်အောင် ပြုသည်။ ဓါးအသွား ပဲ့လားခဗျာ ပန်းပဲဖိုမှာလားရို့ သပစ်ခီ (အရပ်)
English:
make oneself presentable or good-looking keep(sth)in trim or in shape [as in ဆံပင်ရှည်ကို ~လိုက်] sharpen a spear or a knife [as in ဓါး၊ လှံကို~]
Grammar Note:
ကြိယာ
သံ၂
[θံ၂]
Arakanese:
ဓါး၊ လက်နက်၊ စက်ကိရိယာ အစဟိစွာရို့မာ အသုံးပြုရေ အလွန်မာရေ မြီကြီးထဲက တူးဖော်ပနာ ရရေ မားထွက် သတ္တု ဝန်တမျိုး
Burmese:
ဓါး၊ လက်နက်၊ စက်ကိရိယာ စသည်တို့တွင် အသုံးပြုသော အလွန်မာသည့် မြေကြီးထဲမှ တူးဖော်၍ ရသော တွင်းထွက် သတ္တု ပစ္စည်းတစ်မျိုး
English:
metal - iron iron nail
Grammar Note:
နာမ်
သကလ
[θkl]
Arakanese:
မြင့်မိုရ်တောင်နန့် ကျွန်းကြီး ချေကျွန်းအပါအဝင် စကြာဝဠါ
Burmese:
မြင့်မိုရ်တောင်နှင့် ကျွန်းကြီး လေးကျွန်းအပါအဝင် စကြာဝဠါ
English:
universe
Grammar Note:
နာမ်
သကာ
[θkà]
Arakanese:
ကြီးငွီ။ ရောင်းမှုဝယ်မှုမာ သုံးရရေ အသပြာ။ ‘သကာ’ ကြီးငွီ၊ တပြားတရွှား၊ ရတုံလတ်က၊ စရေ။ ‘သကာ၊ သုကာ၊ သိုးကာ’ ဟု အမျိုးမျိုး ခေါ်ဝေါ် သုံးစွဲကတ်တေ။ တနန့်တွဲလျှင် ‘တသကာ’ တန်ဖိုးမာ ၂၅-ကျပ်သား ဖြစ်တေ အစဟိစွာအနိန်နန့်
Burmese:
ကြေးငွေ။ ရောင်းမှုဝယ်မှုတွင် သုံးရသော အသပြာ။ ‘သကာ’ ကြေးငွေ၊ တစ်ပြားတစ်ချပ်၊ ရတုံလတ်က၊ စသည်။ ‘သကာ၊ သုကာ၊ သိုးကာ’ ဟု အမျိုးမျိုး ခေါ်ဝေါ် သုံးစွဲကြသည်။ တစ်နှင့်တွဲလျှင် ‘တစ်သကာ’ တန်ဖိုးမှာ ၂၅-ကျပ်သား ဖြစ်သည် စသည်ဖြင့်
English:
money
Grammar Note:
နာမ်
သကာကျ
[θkàt͡ɕ]
Arakanese:
ကြံရည်ကို ကြိုချက်လိုက်ရေအခါ အရည်ဘဝမှ အခဲဘဝသို့ ပြောင်းလှာရေ။ ကျဲသောအဖြစ်မှ ခဲသောအဖြစ်သို့ ပြောင်းလှာသည်
Burmese:
ကြံရည်ကို ကျိုချက်လိုက်သောအခါ အရည်ဘဝမှ အခဲဘဝသို့ ပြောင်းလာသည်။ ကျဲသောအဖြစ်မှ ခဲသောအဖြစ်သို့ ပြောင်းလာသည်
English:
change
Grammar Note:
ကြိယာ
သကာဆီး
[θkàsʰï]
Arakanese:
ကြံရည်ကို ကြိုချက်၍ သကာ ဖြစ်လှာရေခါ အခဲတိကို ဆယ်ယူပနာ အိုးမာ ကျန်ရစ်သော အနည်ရည် (ယင်းအရည်သည် မည်းတူးပျစ်ချွဲ၍ ခါးသော အရရာဟိရေ
Burmese:
ကြံရည်ကို ကျိုချက်၍ သကာ ဖြစ်လာသောအခါ အခဲများကို ဆယ်ယူ၍ အိုးတွင် ကျန်ရစ်သော အနည်ရည် (ယင်းအရည်သည် မည်းတူးပျစ်ချွဲ၍ ခါးသော အရသာရှိသည်
English:
none
Grammar Note:
နာမ်
သံကောင်
[θံkàʊɴ]
Arakanese:
သတ္တဝါရို့၏ အူမား၌ နိန်ရေ ကိုယ်သွယ်၍ ဖြူဖွေးသော ပိုးကောင်တမျိုး
Burmese:
သတ္တဝါတို့၏ အူတွင်း၌ နေသော ကိုယ်သွယ်၍ ဖြူဖွေးသော ပိုးကောင်တစ်မျိုး
English:
worm
Grammar Note:
နာမ်
သကါစါး
[θkàsàး]
Arakanese:
ညံဖျင်းသော။ သိမ်ငယ်သော။ စိကေချေသော။ နုံအသီာ
Burmese:
ညံဖျင်းသော။ သိမ်ငယ်သော။ သေးနုပ်သော။ နုံအသော
English:
not up to the standard
Grammar Note:
နာမဝိသေသန
သကါစါး၂
[θkàsàး၂]
Arakanese:
နှိမ့်ချပနာ ပြောဆိုရေ စကား။ (သကားစါး၊ စကားခြစ်အစဟိစွာ)
Burmese:
နှိမ့်ချ၍ ပြောဆိုသော စကား။ (သကားစါး၊ စကားခြစ်စသည်)
English:
humbly
Grammar Note:
နာမ်
သက်
[θɛʔ]
Arakanese:
ရခိုင်ပြည်မာ နီထိုင်သော တိုင်းရင်းသား လူမျိုးတမျိုး
Burmese:
ရခိုင်ပြည်တွင် နေထိုင်သော တိုင်းရင်းသား လူမျိုးတစ်မျိုး
English:
as a nation of arakan
Grammar Note:
နာမ်
သက်၂
[θɛʔ၂]
Arakanese:
စိကေချေ ခါးသော အရသာ ဟိရေ။ အရသာက တစိသျှေ ခါးသက်လက် ဖြစ်တေ (အရပ်)
Burmese:
အနည်းငယ် ခါးသော အရသာ ရှိသော။ အရသာက တစ်စိသျှေ ခါးသက်လက် ဖြစ်တေ (အရပ်)
English:
(of taste) slightly bitter
Grammar Note:
နာမဝိသေသန
သက်၃
[θɛʔ၃]
Arakanese:
အမြင့်မှ အနိမ့်သို့ ဆင်းရေ။ လျောကျရေ
Burmese:
အမြင့်မှ အနိမ့်သို့ ဆင်းသည်။ လျောကျသည်
English:
descend - dismount [as in ဆင်က~လျှင်၊ မြင်းက~လျှင်] - fall [as in လေခမြေ~၊ ဈာန်ဝိတက်သို့]
Grammar Note:
ကြိယာ
သက်ကန်
[θɛʔkàɴ]
Arakanese:
တခုတရီသော အဖြစ် အပျက် အရီးအခင်းရို့ကို မျက်မြင်အားဖြင့် တွိကြုံရသူ။ ၂၊ ယင်းရို့၏ အကြောင်းစုံ မြင်ရပုံကို တရားရုံးမာ ဖေါ်ထုတ်ထွက်ဆိုသူ
Burmese:
တစ်စုံတစ်ခုသော အဖြစ် အပျက် အရေးအခင်းတို့ကို မျက်မြင်အားဖြင့် တွေ့ကြုံရသူ။ ၂၊ ယင်းတို့၏ အကြောင်းစုံ မြင်ရပုံကို တရားရုံးတွင် ဖေါ်ထုတ်ထွက်ဆိုသူ
English:
witness
Grammar Note:
နာမ်
သက်ကရေ
[θɛʔkɹè]
Arakanese:
တဲ၊ အိမ် စရေ မိုးရရေ မြက်ရှည် တမျိုး
Burmese:
တဲ၊ အိမ် စသည့် မိုးရသော မြက်ရှည် တစ်မျိုး
English:
kind of grass used in thatching Imperata cylindrica
Grammar Note:
နာမ်
သက်ကရေခင်း
[θɛʔkɹèkʰɪ́ɴ]
Arakanese:
သက်ငယ်ပင်များ ပေါက်ရောက်ရာ နီရာကွင်း
Burmese:
သက်ငယ်ပင်များ ပေါက်ရောက်ရာ နေရာကွင်း
English:
none
Grammar Note:
နာမ်