Dictionary Entries
Showing 1–20 of 769 words
ဖ
ဖ
[pʰ]
Arakanese:
ဗျည်း သုံးဆယ့်သုံး လုံးမာ နှစ်ဆယ့် နှစ်လုံးမြောက် ဗျည်း။ (ဖဝထုပ်ဟု ခေါ်ရေ။
Burmese:
ဗျည်း သုံးဆယ့်သုံး လုံးတွင် နှစ်ဆယ့် နှစ်လုံးမြောက် ဗျည်း။ (ဖဦးထုပ်ဟု ခေါ်သည်။
English:
Twenty-second letter of the Arakanese alphabet
Grammar Note:
နာမ်
ဖ၂
[pʰ၂]
Arakanese:
ဖခင်ကို ခေါ်သော စကား။ ဖကိုလက်ယာ၊ မိကိုလက်ဝဲ၊ ပက်ခုံးထက်မာ တင်လို့ကျွေးလည်း ကျေးဆပ်မကုန်။ (ပုတေ္တာ) (အဖ၊ ဖခင်၊ မွီးဖ အစဟိစွာအနိန်နန့်လည်း သုံးရေ။
Burmese:
ဖခင်ကို ခေါ်သော စကား။ ဖကိုလက်ယာ၊ မိကိုလက်ဝဲ၊ ပက်ခုံးပေါ်တွင် တင်လို့ကျွေးလည်း ကျေးဆပ်မကုန်။ (ပုတေ္တာ) (အဖ၊ ဖခင်၊ မွီးဖ စသည်ဖြင့်လည်း သုံးသည်။
English:
father
Grammar Note:
နာမ်
ဖ၃
[pʰ၃]
Arakanese:
ဖရေ။ ဖလှယ်ရေ။ ဒယောင်းချင်း ဖဝတ်ကတ်တေ (အရပ်)
Burmese:
လဲလှယ်သည်။ ဖလှယ်သည်။ ဒယောင်းချင်း ဖဝတ်ကတ်တေ (အရပ်)
English:
exchange
Grammar Note:
ကြိယာ
ဖက်မလုံဂေါင်းမလုံ
[pʰɛʔmlòʊɴɡèàɪ́ɴmlòʊɴ]
Arakanese:
ကိုယ့်ကိုယ်ကို ကိုယ့်စိတ်ချ ယုံကြည်ခြင်း မဟိပဲ သံသယ ဖြစ်လှာရေ
Burmese:
မိမိကိုယ်ကို မိမိစိတ်ချ ယုံကြည်ခြင်း မယှိပဲ သံသယ ဖြစ်လာသည်
English:
diffidence
Grammar Note:
ကြိယာ
ဖက်ရံစူး
[pʰɛʔɹံsùး]
Arakanese:
ယင်းအပင်၏ အစူး စူးခက်ရံ၊ ဖက်ရံတောမာ ဂြွန်းထိုးလဲရေ (တေး)
Burmese:
ယင်းအပင်၏ အဆူး စူးခက်ရံ၊ ဖက်ရံတောမှာ ဂြွန်းထိုးလဲရေ (တေး)
English:
gimlet
Grammar Note:
နာမ်
ဖက်ရွက်တစ်ချက်လက်တစ်ချက်
[pʰɛʔɹwɛʔtɪʔɕɛʔlɛʔtɪʔɕɛʔ]
Arakanese:
(ဥပစာ) နီရာတိုင်း၊ အဝှမ်း
Burmese:
(ဥပစာ) နေရာတကာ၊ အနှံ့အပြား
English:
everywhere
Grammar Note:
ကြိယာဝိသေသန
ဖက်ရွက်တစ်ချက်လက်တစ်ချက်၂
[pʰɛʔɹwɛʔtɪʔɕɛʔlɛʔtɪʔɕɛʔ၂]
Arakanese:
အပျံ့အနှံ့ ထွက်ဝင် ရှာဖွီရေ။ နီရာများစွာ အဝှမ်း ရှာဖွီရေ။ မွီနှောက်သည်
Burmese:
အပျံ့အနှံ့ ထွက်ဝင် ရှာဖွေသည်။ နေရာများစွာ အနှံ့အပြား ရှာဖွေသည်။ မွှေနှောက်သည်
English:
search
Grammar Note:
ကြိယာ
ဖက်လိပ်ပိုး
[pʰɛʔlìaʔpó]
Arakanese:
စပါးရွက်ကို လိပ်ပြီး အိမ်ဖွဲ့ပြီးကေ စားသောက် ဖျက်ဆီးတတ်ရေ စပါးဖျက်ပိုး တမျိုး
Burmese:
စပါးရွက်ကို လိပ်ပြီး အိမ်ဖွဲ့ကာ စားသောက် ဖျက်ဆီးတတ်သော စပါးဖျက်ပိုး တစ်မျိုး
English:
caterpillar which makes tubular leaf-cases on rice plants
Grammar Note:
နာမ်
ဖက်လိုက်
[pʰɛʔlaɪʔ]
Arakanese:
တဖက်ကို အလီး ပီးလိုက် ပါရေ
Burmese:
တစ်ဘက်သို့ အလေး ပေးလိုက် ပါသည်
English:
favour someone or some people
Grammar Note:
ကြိယာ
ဖက်လိုင်စိုင်း
[pʰɛʔlàɪɴsáɪɴ]
Arakanese:
လောက်ကောင်တိကို သေစီနှိုင်ရေ (ရွက်ညှာနားမာ စိကေချေငယ်ပနာ) ရွက်ဖျား ချွန်သော အရွက်လှရေ့ ပင်ငယ်တမျိုး။ ဖျားချွန်သော အရွက်ဟိသည့် ပင်ငယ်တမျိုး
Burmese:
လောက်ကောင်များကို သေစေနိုင်သော (ရွက်ညှာနားတွင် အနည်းငယ်သေး၍) ရွက်ဖျား ချွန်သော အရွက်လှသည့် ပင်ငယ်တစ်မျိုး။ ဖျားချွန်သော အရွက်ယှိသည့် ပင်ငယ်တစ်မျိုး
English:
herb
Grammar Note:
နာမ်
ဖက်ဝန်း
[pʰɛʔwáɴ]
Arakanese:
ဖက်ဝန်း
Burmese:
ဖက်ဝန်း
English:
none
Grammar Note:
နာမ်
ဖက်သန်းဗလိ
[pʰɛʔθáɴblì]
Arakanese:
ရီငန်ပိုင်း၊ ပင်လယ်စပ် ဒေသများမာ ဖြားရီနှင့် မျိုးပါလာပြီးကေ နှုန်းမြေ၌ တင်ကျန်နီတတ်ရေ ကဏန်း အချေစား တမျိုး
Burmese:
ရေငန်ပိုင်း၊ ပင်လယ်စပ် ဒေသများတွင် ဒီရေနှင့် မျောပါလာ၍ နှုန်းမြေ၌ တင်ကျန်နေတတ်သော ကဏန်း အငယ်စား တစ်မျိုး
English:
crab
Grammar Note:
နာမ်
ဖက်သျှပ်
[pʰɛʔʃaʔ]
Arakanese:
(သစ်သား ပန်းနု ပန်းတက်တိကို ချောအောင် ကော်ပတ်တိုက်စား ပိုင်) သစ်ရွက်ဖြင့် တိုက်စားနှိုင်ရေ အပင်တမျိုး
Burmese:
(သစ်သား ပန်းနု ပန်းတက်များကို ချောအောင် ကော်ပတ်တိုက်စား သကဲ့သို့) သစ်ရွက်ဖြင့် တိုက်စားနိုင်သော သစ်ပင်တစ်မျိုး
English:
a kind of tree
Grammar Note:
နာမ်
ဖက်သျှပ်ရွက်
[pʰɛʔʃaʔɹwɛʔ]
Arakanese:
(သစ်သား ပန်းနု ပန်းတက်တိကို ချောအောင် ကော်ပတ်တိုက်စား ပိုင်) သစ်ရွက်ဖြင့် တိုက်စားနှိုင်ရေ အပင်၏ အရွက်
Burmese:
(သစ်သား ပန်းနု ပန်းတက်များကို ချောအောင် ကော်ပတ်တိုက်စား သကဲ့သို့) သစ်ရွက်ဖြင့် တိုက်စားနိုင်သော သစ်ပင်၏ အရွက်
English:
leave
Grammar Note:
နာမ်
ဖက်သျှေ(ငါး)
[pʰɛʔʃè(ŋàး)]
Arakanese:
လိပ်ကျောက် အမျိုးဝင် အချေစား တမျိုး
Burmese:
လိပ်ကျောက် အမျိုးဝင် အငယ်စား တစ်မျိုး
English:
turtle
Grammar Note:
နာမ်
ဖခင်
[pʰkʰɪ̀ɴ]
Arakanese:
သားသမီး ဖြစ်ထွန်း နိုင်စီရေ အဖိုးသတ္တဝါ။ မိခင်၊ ဖခင်၊ ကျေးဇုသျှင်ကို၊ ချစ်ခင် မြတ်နိုး၊ ဂုဏ်ပုထိုးသို့ (လောကသာရ)
Burmese:
သားသမီး ဖြစ်ထွန်း နိုင်စေသော အဖိုးသတ္တဝါ။ မိခင်၊ ဖခင်၊ ကျေးဇူးသျှင်ကို၊ ချစ်ခင် မြတ်နိုး၊ ဂုဏ်ပုထိုးသို့ (လောကသာရ)
English:
father
Grammar Note:
နာမ်
ဖင်
[pʰɪ̀ɴ]
Arakanese:
ကျင်ကြီးစွန်ရာ စအို
Burmese:
ကျင်ကြီးစွန်ရာ စအို
English:
anus
Grammar Note:
နာမ်
ဖင်ကားရားတင်ကားရား
[pʰɪ̀ɴkáɹátɪ̀ɴkáɹá]
Arakanese:
အရဲအထိုင် ပိပြားသေဝပ်မှု မဟိပဲ
Burmese:
အနေအထိုင် ပိပြားသေဝပ်မှု မယှိပဲ
English:
in a slipshod or lovely manner
Grammar Note:
ကြိယာဝိသေသန
ဖင်ကြွားကြွား
[pʰɪ̀ɴt͡ɕWàt͡ɕWà]
Arakanese:
ဝင့်ဝါးလွှမ်ရေ။ ကိုယ့်ကိုယ်ကို ဂုဏ်တင်လိုရေ စိတ်ဖြင့် ပြောဆို ပြုမူသည်
Burmese:
ဝင့်ဝါးပလွှားသည်။ မိမိကိုယ်ကို ဂုဏ်တင်လိုသော စိတ်ဖြင့် ပြောဆို ပြုမူသည်
English:
vaunt
Grammar Note:
ကြိယာ
ဖင်ကြွားတင်း
[pʰɪ̀ɴt͡ɕWàtɪ́ɴ]
Arakanese:
အမှန်အကန် ဂုဏ်ရည် အရည်အခြင်းမဟိပဲ ပလွှားဝင့်ဝါဗျာယ်
Burmese:
အမှန်တကယ် ဂုဏ်ရည် အရည်အချင်းမယှိပဲ ပလွှားဝင့်ဝါလျက်
English:
boastfully
Grammar Note:
ကြိယာဝိသေသန