Dictionary Entries
Showing 1–20 of 2,515 words
မ
မ
[m]
Arakanese:
ဗျည်း သုံးဆယ့်သုံးလုံးမာ နှစ်ဆယ်ငါးလုံးမြောက် ဗျည်း။ မ ဆိုပနာ ခေါ်ရေ
Burmese:
ဗျည်း သုံးဆယ့်သုံးလုံးတွင် နှစ်ဆယ်ငါးလုံးမြောက် ဗျည်း။ မ ဟူ၍ ခေါ်သည်
English:
the th letter of the Arakanese alphabet
Grammar Note:
နာမ်
မံ
[mံ]
Arakanese:
ပြင်ပ မျက်နှာပြင်မှ နောက်ထပ်နောက်ထပ် နှိမ်းသည်
Burmese:
ပြင်ပ မျက်နှာပြင်မှ နောက်ထပ်တဖန် လိမ်းကျံသည်
English:
cover with
Grammar Note:
ကြိယာ
မ ကိုယ
[m kÒj]
Arakanese:
ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုမူရေ။ ‘အပွင့်ကိုခြွီ၊ သီးတန်ချီချ၊ လက်ပန်ဇိုင်မာ၊ မ ကိုယလေ-မ ကိုယ’ (တေး)
Burmese:
ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုမူသည်။ ‘အပွင့်ကိုခြွီ၊ သီးတန်ချီချ၊ လက်ပန်ဇိုင်မှာ၊ မ ကိုယလေ-မ ကိုယ’ (တေး)
English:
be gentle
Grammar Note:
ကြိယာ
မ ကောက်
[m kɔ́ɛʔ]
Arakanese:
လက်ရီး အသွက်ရီးရာမာ တပြိုင်တည်းဖြင့် ရီးဆွဲသော မ အက္ခရာရီးပုံ
Burmese:
လက်ရေး အသွက်ရေးရာတွင် တစ်ချက်တည်းဖြင့် ရေးဆွဲသော မ အက္ခရာရေးပုံ
English:
none
Grammar Note:
နာမ်
မ ခေါင်း
[m kʰèàɪ́ɴ]
Arakanese:
တခေါက် သားပေါက်ဖူးသော ကျွဲမ၊ နမစရေ။ ‘အေ-ဂြိုဝန်းမစွာ တသားပေါက်ဗျာ ဒေ။ မ ခေါင်းရာ မတန်းက မဟောက်’ (အရပ်)
Burmese:
တစ်ကြိမ် သားပေါက်ဖူးသော ကျွဲမ၊ နွားမစသည်။ ‘အေ-ဂြိုဝန်းမစွာ တစ်သားပေါက်ဗျာ ဒေ။ မ ခေါင်းရာ မတန်းက မဟောက်’ (အရပ်)
English:
cow
Grammar Note:
နာမ်
မ တမ်း
[m táɴ]
Arakanese:
(သားမပေါက်သိရေ့) ပျိုရွယ်သော သတ္တဝါမ။ ‘အေ-ကျွဲမကား သားမပေါက်သိ၊ မ တမ်းပါ’ (အရပ်)
Burmese:
(သားမပေါက်သေးသည့်) ပျိုရွယ်သော သတ္တဝါမ။ ‘အေ-ကျွဲမကား သားမပေါက်သိ၊ မ တမ်းပါ’ (အရပ်)
English:
heifer
Grammar Note:
နာမ်
မ ပြန်သီး
[m pɹàɴθï]
Arakanese:
ရာသီချိန် မဟုတ်ဘဲ (ကြားကာလ) သီးသော သစ်သီးဝလံ အစဟိစွာ့ သစ်သီးမျိုး
Burmese:
ရာသီချိန် မဟုတ်ပဲ (ကြားကာလ) သီးသော သစ်သီးဝလံ စသည့် သစ်သီးမျိုး
English:
none
Grammar Note:
နာမ်
မ ဖီး
[m pʰï]
Arakanese:
အိုမင်း ရင့်ရော်သော ဝါကြီးမ
Burmese:
အိုမင်း ရင့်ရော်သော အဘွားအို
English:
very old woman
Grammar Note:
နာမ်
မ ဖီးမ
[m pʰïm]
Arakanese:
အိုမင်း ရင့်ရော်သော ဝါကြီးမ
Burmese:
အိုမင်း ရင့်ရော်သော အဘွားအို
English:
very old woman
Grammar Note:
နာမ်
မ ရိုး
[m ɹó]
Arakanese:
မြစ်ကြီး၏ ဝဲယာကမ်းခြီ တလျှောက် မြို့ရွာဒေသ။ ကစ္ဆပနဒေမြစ် အနောက်ဖက်မာ မ ရိုးကျွန်းဟိသည် (တောင်)
Burmese:
မြစ်ကြီး၏ ဝဲယာကမ်းခြေ တစ်လျှောက် မြို့ရွာဒေသ။ ကစ္ဆပနဒီမြစ် အနောက်ဘက်တွင် မ ရိုးကျွန်းယှိသည် (တောင်)
English:
mājou: island
Grammar Note:
နာမ်
မ ရိုးသား
[m ɹóθá]
Arakanese:
မြစ်ကြီး၏ ဝဲဘက် ကမ်းခြီတလျှောက် မြို့ရွာဒေသမာ နီထိုင်သည့် ရခိုင်လူမျိုး တမျိုး၏ အမည်။ ဒေသအလိုက် ခေါ်ဝေါ်သောအမည်
Burmese:
မြစ်ကြီး၏ ဝဲဘက် ကမ်းခြေတစ်လျှောက် မြို့ရွာဒေသတွင် နေထိုင်သည့် ရခိုင်လူမျိုး တစ်မျိုး၏ အမည်။ ဒေသအလိုက် ခေါ်ဝေါ်သောအမည်
English:
race
Grammar Note:
နာမ်
မ သံတိုက်
[m θံtaɪʔ]
Arakanese:
အသံ ကျယ်လောင် စွာဖြင့် ဣန္ဒြေကင်း ဖောက်ပြန် ပြောဆိုပြုမူသည်
Burmese:
အသံ ကျယ်လောင် စွာဖြင့် ဣန္ဒြေမဲ့ လော်လည် ပြောဆိုပြုမူသည်
English:
immodest
Grammar Note:
ကြိယာ
မ၂
[m၂]
Arakanese:
မျိုးပေါက် ပွားတတ်ရေ ဝမ်းကြီး (သန္ဓေဆောင်) သတ္တဝါ။ ၂၊ မမာ့၊ မ။ (အတိုသုံးစကား။) ၃၊ အမ သတ္တဝါ ဖြစ်ကတ်ောင်း ထင်ရှား သိဟိစီရန် နာမ်ပုဒ်နှင့် တွဲဆက်ပြီးကေ သုံးသော စကားလုံး။ (အိမ်သျှင်မ၊ ဝန်ထောက်မ၊ ရဲအုပ်မ၊ လယ်သျှင်မ၊ ယာသျှင်မ၊ ကျွဲမ၊ နမ အစဟိစွာအနိန်နန့် သုံးနှု
Burmese:
မျိုးပေါက် ပွားတတ်သော ကိုယ်ဝန်ဆောင် (သန္ဓေဆောင်) သတ္တဝါ။ ၂၊ မိန်းမ၊ မ။ (အတိုသုံးစကား။) ၃၊ အမ သတ္တဝါ ဖြစ်ကြောင်း ထင်ရှား သိယှိစေရန် နာမ်ပုဒ်နှင့် တွဲဆက်၍ သုံးသော စကားလုံး။ (အိမ်သျှင်မ၊ ဝန်ထောက်မ၊ ရဲအုပ်မ၊ လယ်သျှင်မ၊ ယာသျှင်မ၊ ကျွဲမ၊ နွားမ စသည်ဖြင့် သုံးနှု
English:
female
Grammar Note:
နာမ်
မ၃
[m၃]
Arakanese:
(အထက်ကို) ပင့်မြှောက်ရေ။ ကြွစီရေ။ ၂၊ ကူပံ့ရေ။ ကူညီ ချီးမြှောက်ရေ။ ၃၊ မကွာ မထွက်ရယောင် ထိန်းချုပ်သည်
Burmese:
(အပေါ်သို့) ပင့်မြှောက်သည်။ ကြွစေသည်။ ၂၊ ကူပံ့သည်။ ကူညီ ချီးမြှောက်သည်။ ၃၊ မကွာ မထွက်ရအောင် ထိန်းချုပ်သည်
English:
help
Grammar Note:
ကြိယာ
မ၄
[m၄]
Arakanese:
ကြိယာနှင့် နာမဝိသေသန ရို့၏ အနက်ကို ပယ်ရှားလိုရာမာ သုံးသောစကား။ (မလား၊ မလာ၊ မကောင်း၊ မလှ၊ မပ အစဟိစွာအနိန်နန့် ဆက်ပြီးကေ သုံးနှုန်းသည်)
Burmese:
ကြိယာနှင့် နာမဝိသေသန တို့၏ အနက်ကို ပယ်ရှားလိုရာတွင် သုံးသောစကား။ (မလား၊ မလာ၊ မကောင်း၊ မလှ၊ မပ စသည်ဖြင့် ဆက်၍ သုံးနှုန်းသည်)
English:
none
Grammar Note:
ပစ္စည်း
မ၅
[m၅]
Arakanese:
တ တနည်း နှစ်ခုမှ အပိုစွန်း ထွက်သော အရွီအတွက်။ စုံဘက်၏ ဆန့်ကျင်ဘက် မစုံကိန်း။ ၁၊ ၃၊ ၅၊ ၇၊ ၉ အစဟိစွာရို့ ဖြစ်တေ
Burmese:
တစ် သို့မဟုတ် နှစ်ခုမှ အပိုစွန်း ထွက်သော အရေအတွက်။ စုံဘက်၏ ဆန့်ကျင်ဘက် မစုံကိန်း။ ၁၊ ၃၊ ၅၊ ၇၊ ၉ စသည်တို့ ဖြစ်သည်
English:
odd
Grammar Note:
နာမ်
မက
[mk]
Arakanese:
အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ။ ၂၊ ပမာဏ ကန့်သတ်ချက် မရပ်တန့်မူပဲဗျာယ်။ ပိုလွန် ကဲဗျာယ်
Burmese:
အမျိုးအမည် အရေအတွက် စသည် များပြားစွာ။ ၂၊ ပမာဏ ကန့်သတ်ချက် မရပ်တန့်မူပဲလျက်။ ပိုလွန် ကဲလျက်
English:
many
Grammar Note:
ကြိယာဝိသေသန
မက၂
[mk၂]
Arakanese:
ပမာဏ ပိုင်းခြား သတ်မှတ် ထားရေ အတိုင်းအတာ အဆံရှည် မပိုလွန်ရေ။ ကျော်လွန်သည်
Burmese:
ပမာဏ ပိုင်းခြား သတ်မှတ် ထားသော အတိုင်းအတာ မပြီးပြတ် မပိုလွန်သည်။ ကျော်လွန်သည်
English:
exceed
Grammar Note:
ကြိယာ
မကင်းတရား
[mkɪ́ɴtɹá]
Arakanese:
ကောင်းမြတ်သော စောင့်ထိန်းမှု တရား။ ငါးပါးသီလ။ ၂၊ ကိုယ့်နှင့် အကျိုးအကြောင်း ဆက်စပ်နီမှု သဘော
Burmese:
ကောင်းမြတ်သော စောင့်ထိန်းမှု တရား။ ငါးပါးသီလ။ ၂၊ မိမိနှင့် အကျိုးအကြောင်း ဆက်စပ်နေမှု သဘော
English:
five morals
Grammar Note:
နာမ်
မကင်းရာမကင်းကြောင်း
[mkɪ́ɴɹàmkɪ́ɴt͡ɕáʊɴ]
Arakanese:
ကိုယ့်နှင့် တခုတရီ ဆက်စပ် ပတ်သက်နိန်ရေ့ ဖြစ်ပျက်မှုခြင်းရာ
Burmese:
မိမိနှင့် တစ်စုံတစ်ခု ဆက်စပ် ပတ်သက်နေသည့် ဖြစ်ပျက်မှုခြင်းရာ
English:
mutual interest
Grammar Note:
နာမ်