Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 494 words

    ဘ

    ဘ

    [bʱ]
    ဗျည်း သုံးဆယ့်သုံးလုံးရို့မာ နှစ်ဆယ့် လေးလုံးမြောက် ဖြစ်ရေ ဗျည်း။ ဘကုန်းဟု ခေါ်ရေ
    ဗျည်း သုံးဆယ့်သုံးလုံးတို့တွင် နှစ်ဆယ့် လေးလုံးမြောက် ဖြစ်သော ဗျည်း။ ဘကုန်းဟု ခေါ်သည်
    the th letter of the Arakanese alphabet
    နာမ်

    ဘ သ

    [bʱ θ]
    ကိုယ့်ကိုယ်ကို ညွှန်ပြသော စကားလုံး။ ‘ဘဇောင်လဲ ဘ သကို ကြည့်ကား’ (အရပ်)
    မိမိကိုယ်ကို ညွှန်ပြသော စကားလုံး။ ‘ဘဇောင်လဲ ဘ သကို ကြည့်ကား’ (အရပ်)
    I
    နာမ်စား

    ဘ သကြီး

    [bʱ θt͡ɕï]
    ယောက်ျား တစုံ တဦးကို ကြိုးစားပန်းစားရည်ညွှန်း လိုရာမာ သုံးသော စကား။ ‘ကောင်းယင့် - ဘ သကြီးသား သိရလိမ့်မည်’ (အရပ်)
    ယောက်ျား တစ်စုံ တစ်ဦးကို အထူးတလည် ရည်ညွှန်း လိုရာတွင် သုံးသော စကား။ ‘ကောင်းယင့် - ဘ သကြီးသား သိရလိမ့်မည်’ (အရပ်)
    He
    နာမ်စား

    ဘ သားကြီးသား

    [bʱ θát͡ɕïθá]
    ယောက်ျားတစုံ တဦးကို ကြိုးစားပန်းစားရည်ညွှန်း လိုရာမာ သုံးသော စကား။ ‘ကောင်းယင့် - ဘ သကြီးသား သိရလိမ့်မည်’ (အရပ်)
    ယောက်ျားတစ်စုံ တစ်ဦးကို အထူးတလည် ရည်ညွှန်း လိုရာတွင် သုံးသော စကား။ ‘ကောင်းယင့် - ဘ သကြီးသား သိရလိမ့်မည်’ (အရပ်)
    He
    နာမ်စား

    ဘ၂

    [bʱ၂]
    သားသမီး ဖြစ်ထွန်းစီနှိုင်ရေ အဖိုအမနှစ်ဦးရို့မာ အဖိုသတ္တဝါ
    သားသမီး ဖြစ်ထွန်းစေနိုင်သော အဖိုအမနှစ်ဦးတို့တွင် အဖိုသတ္တဝါ
    male
    နာမ်

    ဘကရေ

    [bʱkɹè]
    ဘိတ်ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျားမျိုးနွယ် ပိုးကောင်
    ရွှံ့ပျော့ဖြင့် အိမ်လုပ်ကာ သားပေါက်သော ပျားမျိုးနွယ် ပိုးကောင်
    wasp
    နာမ်

    ဘကရေအုံ

    [bʱkɹèʔòʊɴ]
    ဘိတ်ပျော့ဖြင့် ဇော်ဂျီ ဆောက်သော အခန်းဆက်အိမ်
    ရွှံ့ပျော့ဖြင့် နကျယ်ကောင် ဆောက်သော အခန်းဆက်အိမ်
    mud cell of wasp
    နာမ်

    ဘကား

    [bʱká]
    သိမ်ဖျင်းသော။ သိမ်ငယ်သော။ စိကေချေသော
    သိမ်ဖျင်းသော။ သိမ်ငယ်သော။ သေးနုပ်သော
    seamy
    နာမဝိသေသန

    ဘကုန်း

    [bʱkóʊɴ]
    ဘ အက္ခရာ၏ အမည်
    ဘ အက္ခရာ၏ အမည်
    the letter called names of th of the Arakanese consonant
    နာမ်

    ဘက်

    [bʱɛʔ]
    ကြက်၊ ငှက်ရို့ကို ခိုးစားတတ်ရေ၊ အိမ်ကြောင်နန့်တူသော ကြောင်ရိုင်း ဘာဟုန်ဘက်
    ကြက်၊ ငှက်တို့ကို ခိုးစားတတ်သော၊ အိမ်ကြောင်နှင့်တူသော ကြောင်ရိုင်း တောကြောင်
    wild cat
    နာမ်

    ဘက်ကန်တိုက်

    [bʱɛʔkàɴtaɪʔ]
    ဖီဆန် ဆန့်ကျင်၍ နားပူနားဆာ ပြုသည်
    ဖီဆန် ဆန့်ကျင်၍ နားပူနားဆာ ပြုသည်
    nag
    ကြိယာ

    ဘက်ကန်တိုက်၂

    [bʱɛʔkàɴtaɪʔ၂]
    အချင်းချင်း ပြန်ပနာ ဆန့်ကျင်ရေ။ ၂၊ နောက်ကို ပြန်ပနာ ရိုက်ခတ်သည်
    အချင်းချင်း ပြန်၍ ဆန့်ကျင်သည်။ ၂၊ နောက်သို့ ပြန်၍ ရိုက်ခတ်သည်
    oppose
    ကြိယာ

    ဘက်ကာ

    [bʱɛʔkà]
    အကောင်း ဆုံးသော အရာဝတ္တု။ ၂၊ နှစ်သက် လိုလားဖွယ်ဖြစ်ရေ အရာဝတ္တု။ အပြစ် အနာအဆာ ကင်းသော အရာဝတ္တု၊ ငါကလေ့ အကောင်းစား ပက်ကာကိုမှ ရွီးလို့ ဝယ်စွာရာ မလား (အရပ်)
    အကောင်း ဆုံးသော အရာဝတ္တု။ ၂၊ နှစ်သက် လိုလားဖွယ်ဖြစ်သော အရာဝတ္တု။ အပြစ် အနာအဆာ ကင်းသော အရာဝတ္တု၊ ငါကလည်း အကောင်းစား ပက်ကာကိုမှ ရွေးလို့ ဝယ်စွာရာ မလား (အရပ်)
    best thing
    နာမ်

    ဘက်ကား

    [bʱɛʔká]
    ကားပြန့်သောအရာ။ ၂၊ ဥချို ကားသော ကျွဲ၊ နွား အစဟိစွာ
    ကားပြန့်သောအရာ။ ၂၊ ဥချို ကားသော ကျွဲ၊ နွား စသည်
    outspread
    နာမ်

    ဘက်ကာ၂

    [bʱɛʔkà၂]
    ပစ်ကစပ်ရရေ အိုးခြမ်းကွဲ တနည်း ခဲပြားအစဟိစွာ့ ချပ်ပြားသော အရာ
    ပစ်ကစားရသော အိုးခြမ်းကွဲ သို့မဟုတ် ခဲပြားစသည့် ချပ်ပြားသော အရာ
    potaherd
    နာမ်

    ဘက်ကာတောင်း

    [bʱɛʔkàtáʊɴ]
    ရိုးရိုး ဆွဲတောင်းထက် နှစ်သိုက့်ခန့် ကြီးရေ ဆွဲတောင်း။ တော်လှန်ရီး ခေတ်က လယ်သမားရို့ပါးမှ စပါးခြင်းယူသော အစိုးရ ဆွဲတောင်းတမျိုး
    ရိုးရိုး ခြင်းတောင်းထက် တစ်ပြည့်ခန့် ကြီးသော ခြင်းတောင်း။ တော်လှန်ရေး ခေတ်က လယ်သမားတို့ထံမှ စပါးခြင်းယူသော အစိုးရ ခြင်းတောင်းတစ်မျိုး
    basket
    နာမ်

    ဘက်ကာပစ်

    [bʱɛʔkàpɪʔ]
    အိုးခြမ်းကွဲ တနည်း ခဲဖြင့် ပြုလုပ်ရေ အရာဖြင့် ထိမှန်ယောင် ထိုးရရေ
    အိုးခြမ်းကွဲ သို့မဟုတ် ခဲဖြင့် ပြုလုပ်သော အရာဖြင့် ထိမှန်အောင် ထိုးရသည်
    potaherd
    ကြိယာ

    ဘက်ကောင်း

    [bʱɛʔkáʊɴ]
    ကြက်၊ ငှက်ရို့ကို ခိုးစားတတ်ရေ အိမ်ကြောင်နှင့် တူသော ကြောင်ရိုင်း ဘာဟုန်ဘက်
    ကြက်၊ ငှက်တို့ကို ခိုးစားတတ်သော အိမ်ကြောင်နှင့် တူသော ကြောင်ရိုင်း တောကြောင်
    wild cat
    နာမ်

    ဘက်ကွဲ

    [bʱɛʔkwɛ]
    အဖေါ်အဖက်ဖြစ်ရေ တစိတ်တပိုင်း တနည်း တယောက်ယောက်နှင့် တခြားစီ ဖြစ်လှားကတ်တေ
    အဖေါ်အဖက်ဖြစ်သော တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်စုံတစ်ဦးနှင့် တစ်ခြားစီ ဖြစ်သွားကြသည်
    spread
    ကြိယာ

    ဘက်စုံ

    [bʱɛʔsòʊɴ]
    အဘက်ဘက်မှ ပြည့်စုံသော
    အဘက်ဘက်မှ ပြည့်စုံသော
    complete
    နာမဝိသေသန