Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 5,980 words

    အ

    အ

    [ʔ]
    ဗျည်း သုံးဆယ့်သုံးလုံးရို့မာ အဆုံးဖြစ်ရေ ဗျည်း။ သင်ရိုး သရ နှစ်ဆယ့်နှစ်လုံးရို့မာ အစဖြစ်ရေ သရ
    ဗျည်း သုံးဆယ့်သုံးလုံးတို့တွင် အဆုံးဖြစ်သော ဗျည်း။ သင်ရိုး သရ နှစ်ဆယ့်နှစ်လုံးတို့တွင် အစဖြစ်သော သရ
    the last letter of the Arakanese alphabet first in the set of twelve vowels traditionally taught in the learning of Arakan language
    နာမ်

    အံ

    [ʔံ]
    သင်ရိုးသရ နှစ်ဆယ့် နှစ်လုံးမာ တတဆယ့်သျှစ်လုံးမြောက် သရ
    သင်ရိုးသရ နှစ်ဆယ့် နှစ်လုံးတွင် တစ်ဆယ့်ရှစ်လုံးမြောက် သရ
    eighteenth in the set of twelve vowels traditionally taught in the learning of Arakan Language
    နာမ်

    အံ့

    [ʔံ့]
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးမာ တဆယ့်ကိုးလုံးမြောက် သရ
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးတွင် တစ်ဆယ့်ကိုးလုံးမြောက် သရ
    nineteenth in the set of twelve vowels traditionally taught in the learning of Arakan Language
    နာမ်

    အ ထလီ-အ ထလစ်

    [ʔ tʰlí-ʔ tʰlɪʔ]
    (စကားပြောဆိုခြင်း အမှု တစုံတရာ ဆောင်ရွက်ခြင်း အစဟိစွာရို့မာ) မပြေချော ရပ်ဆိုင်းခြင်း ဖြစ်တေ။ စကားပြောနိုင်စွမ်း မဟိ ဖြစ်တေ။ စိတ်လှုပ်ယှားမှု တခုခုကြောင့် အခိုက်အတန့် မဆက်နိုင် ဖြစ်တေ။ အသံပြည့်မီ ပီသခြင်း မဟိ ဖြစ်တေ
    (စကားပြောဆိုခြင်း အမှု တစ်စုံတရာ ဆောင်ရွက်ခြင်း စသည်တို့တွင်) မပြေချော ရပ်ဆိုင်းခြင်း ဖြစ်သည်။ စကားပြောနိုင်စွမ်း မယှိ ဖြစ်သည်။ စိတ်လှုပ်ရှားမှု တစ်ခုခုကြောင့် အခိုက်အတန့် စကားမပြောနိုင် ဖြစ်သည်။ အသံပြည့်မီ ပီသခြင်း မယှိ ဖြစ်သည်
    stop
    ကြိယာ

    အ ရီအ ရော

    [ʔ ɹíʔ ɹɔ́]
    အလွန် အ လွန်းသော။ နုံချာလွန်းသော။ ညံ့ဖျင်း လွန်းသော
    အလွန် အ လွန်းသော။ နုံချာလွန်းသော။ ညံ့ဖျင်း လွန်းသော
    inferior
    နာမဝိသေသန

    အ-ထစ်

    [ʔ-tʰɪʔ]
    စကား ပြောဆိုရာမာ စကားလုံးရို့၏ အစိတ်အပိုင်းတိကို အထူးအနိန်နန့် အစ ဗျည်းတိကို ထပ်ကာထပ်ကာ ရွတ်၍ ရပ်ဆိုင်း ရပ်ဆိုင်းဖြစ်တေ
    စကား ပြောဆိုရာတွင် စကားလုံးတို့၏ အစိတ်အပိုင်းများကို အထူးသဖြင့် အစ ဗျည်းများကို ထပ်တလဲလဲ ရွတ်၍ ရပ်ဆိုင်း ရပ်ဆိုင်းဖြစ်သည်
    jerkily
    ကြိယာ

    အ-ထစ်၂

    [ʔ-tʰɪʔ၂]
    စကားသံ တောက်လျောက် မထွက်ပဲ ရပ်ဆိုင်း ရပ်ဆိုင်း ဖြစ်ရေ
    စကားသံ တောက်လျောက် မထွက်ပဲ ရပ်ဆိုင်း ရပ်ဆိုင်း ဖြစ်သော
    make a nick or notch
    နာမဝိသေသန

    အ-ဖို့-ကောင်း

    [ʔ-pʰo̰-káʊɴ]
    ကြည့်ရှု၍ နှစ်လိုခြင်း မဟိဖြစ်တေ။ အမြင်ရ သန သလမိရေ။ မုန်းသည်
    ကြည့်ရှု၍ နှစ်လိုခြင်း မယှိဖြစ်သည်။ အမြင်ရ ရွံရှာ စက်ဆုပ်သည်။ မုန်းသည်
    hate
    ကြိယာ

    အ-ရေ

    [ʔ-ɹè]
    မကြည့်ချင်၊ မမြင်ချင်ဖြစ်တေ။ မုန်းသည်
    မကြည့်ချင်၊ မမြင်ချင်ဖြစ်သည်။ မုန်းသည်
    hate
    နာမဝိသေသန

    အ-ရေ၂

    [ʔ-ɹè၂]
    အဆီအဆိမ့် များရေ အရသာဟိသော
    အဆီအဆိမ့် များသော အရသာယှိသော
    cloyed
    နာမဝိသေသန

    အ-ရေ၃

    [ʔ-ɹè၃]
    အဆီအအိမ့်များ လွန်းသနန့် နောက်ထပ် မစားချင် လောက်ယောင် ဖြစ်တေ
    အဆီအအိမ့်များ လွန်းသဖြင့် နောက်ထပ် မစားချင် လောက်အောင် ဖြစ်သည်
    be rich
    ကြိယာ

    အ-အီ-အ-အ

    [ʔ-ʔí-ʔ-ʔ]
    စကားလုံးရို့၏ အစိတ်အပိုင်း အစပိုင်း ဗျည်းတိကို ထပ်ကာထပ်ကာ ရွတ်၍ ရပ်ဆိုင်း ရပ်ဆိုင်း စကားပြောသူ အသိဉာဏ် ဗဟုသုတ နည်းပါးသူ။ ညံ့ဖျင်းသူ။ နုံချာသူ။ လူစဉ်မမီခြင်း။ ကိုယ်အင်္ဂါ အစိတ်အပိုင်းအစဟိစွာ ပြည့်စုံမှု မဟိခြင်း။ ညံ့ဖျင်းသူ။ နုံချာသူ။ လူစဉ်မမီခြင်း။ ကိုယ်အင်
    စကားလုံးတို့၏ အစိတ်အပိုင်း အစပိုင်း ဗျည်းများကို ထပ်တလဲလဲ ရွတ်၍ ရပ်ဆိုင်း ရပ်ဆိုင်း စကားပြောသူ အသိဉာဏ် ဗဟုသုတ နည်းပါးသူ။ ညံ့ဖျင်းသူ။ နုံချာသူ။ လူစဉ်မမီခြင်း။ ကိုယ်အင်္ဂါ အစိတ်အပိုင်းစသည် ပြည့်စုံမှု မယှိခြင်း။ ညံ့ဖျင်းသူ။ နုံချာသူ။ လူစဉ်မမီခြင်း။ ကိုယ်အင်
    incompetent
    နာမ်

    အ၂

    [ʔ၂]
    အဆီအဆိမ့် ကကောင်းများသနန့် နောက်ထပ် မစားချင် လောက်ယောင် ဖြစ်တေ။ အာရုံ တခုခုကို အလီလီအဖန်ဖန် ခံစားရရေ ကြောင့် ငြီးငွိ့သည်
    အဆီအဆိမ့် များလွန်းသဖြင့် နောက်ထပ် မစားချင် လောက်အောင် ဖြစ်သည်။ အာရုံ တစ်ခုခုကို ထပ်ခါထပ်ခါ ခံစားရသော ကြောင့် ငြီးငွေ့သည်
    turn off
    ကြိယာ

    အံ၂

    [ʔံ၂]
    အံသွား
    အံသွား
    molar tray - drawer
    နာမ်

    အံ့၂

    [ʔံ့၂]
    မဖြစ်တန်ရာပဲ ဖြစ်တေဟု စိတ်မာ ဖြစ်ပေါ်ရေ။ ချီးမွမ်းသည်
    မဖြစ်တန်ရာပဲ ဖြစ်သည်ဟု စိတ်တွင် ဖြစ်ပေါ်သည်။ ချီးမွမ်းသည်
    praise in wonder [as in အချေကို ဝရေလို~ကေ ပိန်လားဖို့ရေ] be amazed - be wonder struck (at some unexpected event)
    ကြိယာ

    အ၃

    [ʔ၃]
    အသံပီသခြင်း မဟိဖြစ်တေ။ စကား ပြောနိုင်စွမ်း မဟိဖြစ်တေ။ ဆင်ခြင်နိုင်စွမ်းမဟိ ဖြစ်တေ။ ရွံမုန်းရေ။ အမြင်ကတ်ရေ။ မမြင်ချင် ဖြစ်တေ
    အသံပီသခြင်း မရှိဖြစ်သည်။ စကား ပြောနိုင်စွမ်း မရှိဖြစ်သည်။ ဆင်ခြင်နိုင်စွမ်းမရှိ ဖြစ်သည်။ ရွံမုန်းသည်။ အမြင်ကတ်သည်။ မမြင်ချင် ဖြစ်သည်
    hate
    ကြိယာ

    အံ၃

    [ʔံ၃]
    သင်ယူထားပြီးသားသော စာကို မမိရယောင် ရွတ်ဆို ကျက်မှတ်သည်
    သင်ယူထားပြီးသော စာကို မမေ့ရအောင် ရွတ်ဆို ကျက်မှတ်သည်
    memorise by reading aloud repeatedly - recite - learn
    ကြိယာ

    အက

    [ʔk]
    သီဆို တီးမှုတ်မှုနှင့် စပ်၍ လက်ခြေ အဂေါင်းရို့ကို ကွေးညွတ်ပနာ လှုပ်ရှားပြခြင်း။ ယင်းပိုင်သော ဟန်ပန် အမူအရာ
    သီဆို တီးမှုတ်မှုနှင့် စပ်၍ လက်ခြေ ဦးခေါင်းတို့ကို ကွေးညွတ်၍ လှုပ်ရှားပြခြင်း။ ယင်းကဲ့သို့သော ဟန်ပန် အမူအရာ
    character
    နာမ်

    အကင်း

    [ʔkɪ́ɴ]
    ကင်းဝီး စီရေ။ ကင်းရှင်း စီရေ
    ကင်းဝေး စေသည်။ ကင်းရှင်း စေသည်
    fruit in its earliest stages of development Also ကင်း body temperature - heat [as in ~ တက် -] fume [as in ဆီ~ သေမှ ကြက်သွန်ထည့်ပါ] potency - strength - sting [as in အရက်ကို ရေအနည်းငယ် ရော၍ ~သတ်ပြီး] shrewdness - astuteness [as in အရည်အချင်း~သတ္တိ]
    ကြိယာ

    အကင်းချေ

    [ʔkɪ́ɴɕè]
    အပွင့်အသီးများ ထွက်ပြူစ ပြုသည်
    အပွင့်အသီးများ ထွက်ပြူစ ပြုသည်
    be flower and fruit in its earliest stages of development Also ကင်း
    ကြိယာ