Dictionary Entries
Showing 1–20 of 475 words
ဟ
ဟ
[h]
Arakanese:
ဗျည်း သုံးဆယ်သုံးလုံးမာ သုံးဆယ်တလုံးမြောက် ‘ဟ’ အက္ခရာ
Burmese:
ဗျည်း သုံးဆယ်သုံးလုံးတွင် သုံးဆယ်တစ်လုံးမြောက် ‘ဟ’ အက္ခရာ
English:
thirty-first letter of the Arakanese alphabet
Grammar Note:
နာမ်
ဟ၂
[h၂]
Arakanese:
မစိသော၊ ပွင့်လပ်နိန်ရေ။ တန်းခါး ဟ နီရေ’ (အရပ်)
Burmese:
မစေ့သော၊ ပွင့်လပ်နေသော။ တံခါး ဟ နီရေ’ (အရပ်)
English:
open
Grammar Note:
နာမဝိသေသန
ဟ၃
[h၃]
Arakanese:
ဟနိန်ရေ အရာကို ဖွင့်ရေ။ ၂၊ ဖွင့်ထုတ်ပြောဆိုရေ။ ချိုချိုသံမြ၊ ဟလို့မရယ်၊ မောင့်မျက်နှာကို၊ ကြည့်ကာငုံ့လို့၊ ပြုံးတတ် တေလေ (ကော်)။ တခါတရီထူး၊ ယင်းစကားကို၊ မဟ ဖူး (အရပ်)
Burmese:
ဟနေသော အရာကို ဖွင့်သည်။ ၂၊ ဖွင့်ထုတ်ပြောဆိုသည်။ ချိုချိုသံမြ၊ ဟလို့မရယ်၊ မောင့်မျက်နှာကို၊ ကြည့်ကာငုံ့လို့၊ ပြုံးတတ် တေလေ (ကော်)။ တစ်ခါတစ်ရံထူး၊ ယင်းစကားကို၊ မဟ ဖူး (အရပ်)
English:
open [as in တံခါး~] speak out [as in ဖွင့်~ပြောဆို] (of doors) be ajar be agape
Grammar Note:
ကြိယာ
ဟ၄
[h၄]
Arakanese:
အံ့အားသင့်ရေအခါ မျိုးမာ ပြောဆို မြည်တမ်းသော စကားလုံး ဟ ကြည့်ဖိချက် ကြည့်ဖိချက်
Burmese:
အံ့အားသင့်သည့်အခါ မျိုးတွင် ပြောဆို မြည်တမ်းသော စကားလုံး ဟ ကြည့်စမ်း ကြည့်စမ်း
English:
interjection denoting surprise amazement alarm [as in ~ကြည့်စမ်း ကြည့်စမ်း]
Grammar Note:
အာလုပ်
ဟက္ကရာ
[hkə́kəɹà]
Arakanese:
အဘိုးအဘောင်မရို့က မြီးတိကို ဆုံးမရေ အနေအားဖြင့် ကော်ဆဲရေ အာလုပ်စကား။ ဟေ-ဟက်ကရာ=အဆွီး၊ နီပူခံလို့ လားမနီကေ့၊ ဖျားဖို့ပျာ (အရပ်)
Burmese:
အဘိုးအဘွားတို့က မြေးများကို ဆုံးမသည့် အနေအားဖြင့် ဆဲဆိုသော အာလုပ်စကား။ ဟေ-ဟက်ကရာ=အဆွီး၊ နီပူခံလို့ လားမနီကေ့၊ ဖျားဖို့ပျာ (အရပ်)
English:
scold word
Grammar Note:
အာလုပ်
ဟက္ကရာကျ
[hkə́kəɹàt͡ɕ]

ဟက္ကရာဟက္ကရီ
[hkə́kəɹàhkə́kəɹí]
Arakanese:
ဗဟရီသော။ နုံချာသော။ ညံ့ဖျင်းသော။ စိကေချေသော။ သိမ်ငယ်သော။ ဘိန်းသောက်ဘိန်းချီး၊ ဘိန်းဟောက်ကြီးကေ၊ အဆွီးအဆာ၊ ဟက္ကရာဟက္ကရီ၊ အသိကုန်ခန်း၊ ဇကုန်ယစ် ကမ်းကုန်မိုက်သည်၊ အာလဇ္ဇီဟု (ဘိန်း)။ ဟက္ကရာ ဟက္ကရီ၊ ငဒုဿီဟောက် (ကော်)
Burmese:
အသုံးမကျသော။ နုံချာသော။ ညံ့ဖျင်းသော။ သေးနုပ်သော။ သိမ်ငယ်သော။ ဘိန်းသောက်ဘိန်းချီး၊ ဘိန်းဟောက်ကြီးကေ၊ အဆွီးအဆာ၊ ဟက္ကရာဟက္ကရီ၊ အသိကုန်ခန်း၊ အစွမ်းကုန်ယစ် ကမ်းကုန်မိုက်သည်၊ အာလဇ္ဇီဟု (ဘိန်း)။ ဟက္ကရာ ဟက္ကရီ၊ ငဒုဿီဟောက် (ကော်)
English:
useless
Grammar Note:
နာမဝိသေသန
ဟက္ကရီ
[hkə́kəɹí]
Arakanese:
ပြစ်တင် ကဲ့၏ ကော်ဆဲရေ စကားလုံး။ ယောင် ဟက္ကရီ၊ ငဒုသီကေ ပြာရီကျွတ်မာ၊ မနပ်မိုက် (ပဒုမ္မာ)
Burmese:
ပြစ်တင် ကဲ့ရဲ့ ဆဲဆိုသော စကားလုံး။ ယောင် ဟက္ကရီ၊ ငဒုသီကေ ပြာရီကျွတ်မှာ၊ မနပ်မလိမ္မာ (ပဒုမ္မာ)
English:
vituperate
Grammar Note:
ပစ္စည်း
ဟက်
[hɛʔ]
Arakanese:
သလိပ်ကို ခံမားလေဖြင့် မှုတ်ထုတ်ရေ။ လိုင်ခြောင်းမာ တဆို့နိန်ပနာ ဟက် ထုတ်လိုက်ရေ။ ၂၊ သစ်၊ ဝါးစစွာကို အလျားလိုက် ထိပ်ဝကို စကေ ဖြတ်ခွဲရေ။ တိုင်ကို ဟက်ပြီး လျောက်တန်းကို တင်ပါ (အရပ်)
Burmese:
သလိပ်ကို ခံတွင်းလေဖြင့် မှုတ်ထုတ်သည်။ လည်ချောင်းတွင် တစ်ဆို့နေ၍ ဟက် ထုတ်လိုက်သည်။ ၂၊ သစ်၊ ဝါးစသည်ကို အလျားလိုက် ထိပ်ဝကို အတန်ငယ် ဖြတ်ခွဲသည်။ တိုင်ကို ဟက်ပြီး လျောက်တန်းကို တင်ပါ (အရပ်)
English:
chip off - pare off - gash
Grammar Note:
ကြိယာ
ဟက်၂
[hɛʔ၂]
Arakanese:
တခုတရီသော အကြောင်းအရာကို နောက်ထပ် မပြောဖို့ ရန်ကို ဟန့်တားလိုရာမာ သုံးသော ဝါကျ အဆုံးသတ် စကားလုံး။ တော်ပေစွာဟက်၊ စားကွက်လာပျာ (လွမ်း)။ ယင်းလောက်ထိ မပြောကေ့ဖိ၊ တော်ပေစွဟက် (အရပ်)။ ၂၊ ယောက်ျား အချင်းချင်း ကိုယ့်ထက်ငယ်သူ၊ တနည်း ရွယ်တူအား စကားပြောရာတ
Burmese:
တစ်စုံတစ်ခုသော အကြောင်းအရာကို နောက်ထပ် မပြောဖို့ ရန်ကို ဟန့်တားလိုရာတွင် သုံးသော ဝါကျ အဆုံးသတ် စကားလုံး။ တော်ပေစွာဟက်၊ စားကွက်လာပျာ (လွမ်း)။ ယင်းလောက်ထိ မပြောကေ့ဖိ၊ တော်ပေစွဟက် (အရပ်)။ ၂၊ ယောက်ျား အချင်းချင်း မိမိထက်ငယ်သူ၊ သို့မဟုတ် ရွယ်တူအား စကားပြောရာတ
English:
hem
Grammar Note:
ပစ္စည်း
ဟက်၃
[hɛʔ၃]
Arakanese:
မေးရေအချက်ကို ဝန်ခံခြင်း သဘောတူကြောင်း ဟုတ်မှန်ကြောင်း ပြောကြားခြင်း အစဟိစွာရို့အတွက် အတိုအကျိုင်း တုံ့ပြန်သော စကား (ဟောက်ပါယင့် ဆိုဖို့အစား ဟက် ဟု သုံးရေ
Burmese:
မေးသည့်အချက်ကို ဝန်ခံခြင်း သဘောတူကြောင်း ဟုတ်မှန်ကြောင်း ပြောကြားခြင်း စသည်တို့အတွက် အတိုအကျဉ်း တုံ့ပြန်သော စကား (ဟောက်ပါယင့် ဆိုမည့်အစား ဟက် ဟု သုံးသည်
English:
yeah
Grammar Note:
နာမ်
ဟက်ကရာ
[hɛʔkɹà]
Arakanese:
အဘိုးအဘောင်မရို့က မြီးတိကို ဆုံးမရေ အနေအားဖြင့် ကော်ဆဲရေ အာလုပ်စကား။ ဟေ-ဟက်ကရာ=အဆွီး၊ နီပူခံလို့ လားမနီကေ့၊ ဖျားဖို့ပျာ (အရပ်)
Burmese:
အဘိုးအဘွားတို့က မြေးများကို ဆုံးမသည့် အနေအားဖြင့် ဆဲဆိုသော အာလုပ်စကား။ ဟေ-ဟက်ကရာ=အဆွီး၊ နီပူခံလို့ လားမနီကေ့၊ ဖျားဖို့ပျာ (အရပ်)
English:
scold word
Grammar Note:
အာလုပ်
ဟက်ကရီ
[hɛʔkɹí]

ဟက်ကာရီကျ
[hɛʔkàɹít͡ɕ]

ဟက်ကာဟက်ကာ
[hɛʔkàhɛʔkà]
Arakanese:
တတက်ကပ်ပြီးကေ။ နံဖီးသို့ ချိုင်းကပ်၍ ဆရာ ခေါင်းကို၊ နီရောင်မထိုး၊ ဟပ်ကာဟပ်ကာ၊ ထီးဆတ္စွာကို၊ လုံစွာမိုးကေ၊ ကြာရိုး သဏ္ဌာန် (မိုး)
Burmese:
အနီးကပ်လျက်။ အနီးသို့ ချဉ်းကပ်၍ ဆရာ ခေါင်းကို၊ နီရောင်မထိုး၊ ဟပ်ကာဟပ်ကာ၊ ထီးဆတ္တာကို၊ လုံစွာမိုးကေ၊ ကြာရိုး သဏ္ဌာန် (မိုး)
English:
nearly
Grammar Note:
ကြိယာဝိသေသန
ဟက်ကွဲ
[hɛʔkwɛ]
Arakanese:
ထိပ်ဝ မျက်နှာ နှစ်ဘက် ပွင့်ဟအောင် ပြဲကွာသည်
Burmese:
ထိပ်ဝ မျက်နှာ နှစ်ဘက် ပွင့်ဟအောင် ပြဲကွာသည်
English:
split
Grammar Note:
ကြိယာ
ဟက်တက်
[hɛʔtɛʔ]
Arakanese:
ထိပ်ဝမျက်နှာ နှစ်ဘက် ပွင့်ဟအောင် ပြဲကွာသည်
Burmese:
ထိပ်ဝမျက်နှာ နှစ်ဘက် ပွင့်ဟအောင် ပြဲကွာသည်
English:
(split cleave) apart
Grammar Note:
ကြိယာ
ဟက်တက်ကွဲ
[hɛʔtɛʔkwɛ]
Arakanese:
ထိပ်ဝမျက်နှာ နှစ်ဘက် ပွင့်ဟအောင် ပြဲကွာသည်
Burmese:
ထိပ်ဝမျက်နှာ နှစ်ဘက် ပွင့်ဟအောင် ပြဲကွာသည်
English:
be split open - be cloven
Grammar Note:
ကြိယာ
ဟက်ပက်ကွဲ
[hɛʔpɛʔkwɛ]
Arakanese:
အထက်မျက်နှာ နှစ်ဘက် ဟဗျာယ်
Burmese:
အထက်မျက်နှာ နှစ်ဘက် ဟလျက်
English:
be split open - be cloven
Grammar Note:
ကြိယာဝိသေသန
ဟက်ပယ်
[hɛʔpɛ̀]
Arakanese:
အရိုးရှည် တပ်ထားရေ အဖျားလုံးချွန် တနည်း အခွဟိရေ သံတံ ပိုင် လက်နက်။ မောင်ကြီးသျှင်မခတ်၊ ပြောင်းသနပ်က၊ ပစ်လတ်လေးမြှား၊ ဟက်ပယ်များနန့် (ရခိုင်ကာ
Burmese:
အရိုးရှည် တပ်ထားသော အဖျားလုံးချွန် သို့မဟုတ် အခွရှိသည့် သံတံ အသွား လက်နက်။ မောင်ကြီးမခတ်၊ ပြောင်းသနပ်က၊ ပစ်လတ်လေးမြှား၊ ဟက်ပယ်များဖြင့် (ရခိုင်ကာ
English:
pitch fork
Grammar Note:
နာမ်