Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,758 words

    န

    န

    [n]
    ဗျည်း သုံးဆယ့်သုံး လုံးမာ အလုံး နှစ်ဆယ့်မြောက် အက္ခရာ
    ဗျည်း သုံးဆယ့်သုံး လုံးတွင် အလုံး နှစ်ဆယ့်မြောက် အက္ခရာ
    th of Arakanese consonant
    နာမ်

    နံ

    [nံ]
    ကိုယ်ခန္ဓာ အစဟိစွာရို့၏ လက်ဝဲ လင်္ကျာ ဖြစ်ရေ ဖီးအရပ်
    ကိုယ်ခန္ဓာ စသည်တို့၏ လက်ဝဲ လင်္ကျာ ဖြစ်သော ဘေးအရပ်
    side
    နာမ်

    န ကျာ

    [n t͡ɕà]
    လူန။ လူအ။ လူညံ့။ လူဖျင်း
    လူန။ လူအ။ လူညံ့။ လူဖျင်း
    dumb
    နာမ်

    န ကျိန ကျာ

    [n t͡ɕìn t͡ɕà]
    ၁၊ တခု ခုသော အာရုံမာ တွေဝေ စူးစိုက်ဗျာယ်။ ၂၊ ကိုယ့် လျော့လျော့။ ပေါ့ပေါ့ ဆဆ။ ဂရု မစိုက်ပဲ။ သတိ မမူပဲ။ အမှတ်တမဲ့
    ၁၊ တစ်ခု ခုသော အာရုံတွင် တွေဝေ စူးစိုက်လျက်။ ၂၊ မေ့မေ့ လျော့လျော့။ ပေါ့ပေါ့ ဆဆ။ ဂရု မစိုက်ပဲ။ သတိ မမူပဲ။ အမှတ်တမဲ့
    carelessly
    ကြိယာဝိသေသန

    န ကျိန ကျာ၂

    [n t͡ɕìn t͡ɕà၂]
    အလွန် အ လွန်းသော။ နုံချာ လွန်းသော။ ညံ့ဖျင်း လွန်းသော
    အလွန် အ လွန်းသော။ နုံချာ လွန်းသော။ ညံ့ဖျင်း လွန်းသော
    dumb
    နာမဝိသေသန

    န နီ

    [n ní]
    ၁၊ ညံ့ရေ။ ဖျင်းရေ။ အ ရေ။ နုံရေ။ ၂၊ ငေးစိုက် နိန်ရေ
    ၁၊ ညံ့သည်။ ဖျင်းသည်။ အ သည်။ နုံသည်။ ၂၊ ငေးစိုက် နေသည်
    dumb
    ကြိယာ

    န နီန နော(မ)

    [n nín nɔ́(m)]
    ၁၊ (နဝိ-န ကျိန ကျာ ရှု။) ၂၊ မည်စွာကိုမျှ ရည်မှန်းချက် မဟိဘဲ ငေးစိုက်ဗျာယ်
    ၁၊ (နဝိ-န ကျိန ကျာ ရှု။) ၂၊ မည်သည်ကိုမျှ ရည်မှန်းချက် မရှိပဲ ငေးစိုက်လျက်
    be indecisive
    နာမဝိသေသန

    န နော

    [n nɔ́]
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ။ လူန လူအ
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မရှိသူ။ လူန လူအ
    dumb
    နာမ်

    န သတ်

    [n θaʔ]
    စာရီး ရာမာ ကန်၊ ကိန်၊ ကုန် အစဟိရေ အသံများ ရရန် န ဗျည်း အထက်မာ (-န်) ဤ လက္ခဏာကို ထည့်ခြင်း (ဖြစ်တေ။
    စာရေး ရာတွင် ကန်၊ ကိန်၊ ကုန် စသော အသံများ ရရန် န ဗျည်း အထက်၌ (-န်) ဤ လက္ခဏာကို ထည့်ခြင်း (ဖြစ်သည်။
    none
    နာမ်

    န၂

    [n၂]
    နုံချာရေ။ အ ရေ။ ညံ့ဖျင်းရေ။ ‘ကကောင်း အ လွန်း၊ န လွန်းရေ လူကို’
    နုံချာသည်။ အ သည်။ ညံ့ဖျင်းသည်။ ‘ကောင်းကောင်း အ လွန်း၊ န လွန်းရေ လူကို’
    dumb
    ကြိယာ

    နံ၂

    [nံ၂]
    ၁၊ ခုနစ်ရက် သားသမီးရို့ မွီးဖွားသည့် နိနှင့် စပ်ဆိုင်ရေ ဂြိုဟ်။ ပူးကားအင်ကြင်၊ ထည့်ခြင်းခူဇံ၊ နဂါးနံ (ပါရာ)။ နံအုပ်နံတော်၊ နံပေါ်ထိုထို၊ သိလိုသို့လျှင်၊ တွက်ခြင်းလျောက်ပတ် (ပါရာ)။ ၂၊ နံသင့်အက္ခရာနန့် သက်ဆိုင်ရေ ဝတ္တု ဝန် အမည်
    ၁၊ ခုနစ်ရက် သားသမီးတို့ မွေးဖွားသည့် နေ့နှင့် စပ်ဆိုင်သော ဂြိုဟ်။ ပူးကားအင်ကြင်၊ ထည့်ခြင်းခူဇံ၊ နဂါးနံ (ပါရာ)။ နံအုပ်နံတော်၊ နံပေါ်ထိုထို၊ သိလိုသို့လျှင်၊ တွက်ခြင်းလျောက်ပတ် (ပါရာ)။ ၂၊ နံသင့်အက္ခရာနှင့် သက်ဆိုင်သော ဝတ္တု ပစ္စည်း အမည်
    human planet
    နာမ်

    နံ၃

    [nံ၃]
    မကောင်းရေ အနံ ထွက်သည်
    မကောင်းသော အနံ ထွက်သည်
    reek
    ကြိယာ

    နံ၄

    [nံ၄]
    (တစုံ တခုသော အတတ် ပညာကို) တတ်မြောက်ရေ။ တတ်ကျွမ်း လိမ္မာရေ။ ပန်းထိမ်လုပ်ဖူးယင့်လား? နံရေ (တတ်ကျွမ်းရေ)
    (တစ်စုံ တစ်ခုသော အတတ် ပညာကို) တတ်မြောက်သည်။ ကျွမ်းကျင် လိမ္မာသည်။ ပန်းထိမ်လုပ်ဖူးယင့်လား? နံရေ (တတ်ကျွမ်းသည်)
    complete a course of study
    ကြိယာ

    နံကပ်

    [nံkaʔ]
    (နံချင်းပြိုင်) အသားအရီ ကြုံလှီ ပိန်ကပ်၍ အသားနန့် အရိုး ထိစပ်လုသော
    (နံဘေး) အသားအရေ ကြုံလှီ ပိန်ကပ်၍ အသားနှင့် အရိုး ထိစပ်လုသော
    skinny
    နာမဝိသေသန

    နံကမနံ

    [nံkmnံ]
    ၁၊ (တစုံ တခုသော အတတ် ပညာကို) တတ်မှ တတ်သည် မဟုတ်ဘဲ။ ၂၊ တစုံ တခုသော အနံ့ အသက်မှ မထွက်ပဲ
    ၁၊ (တစ်စုံ တစ်ခုသော အတတ် ပညာကို) တတ်မှ တတ်သည် မဟုတ်ပဲ။ ၂၊ တစ်စုံ တစ်ခုသော အနံ့ အသက်မှ မထွက်ပဲ
    not smelling
    ကြိယာဝိသေသန

    နကရုံ

    [nkɹòʊɴ]
    အိမ် နံရံများမာ ဘိတ်ပျော့ဖြင့် အိမ်လုပ်ပနာ နီတတ်ရေ ပျားမျိုး နွယ်ဝင် ပိုးကောင် တမျိုး
    အိမ် နံရံများတွင် ရွှံ့ပျော့ဖြင့် အိမ်လုပ်၍ နေတတ်သော ပျားမျိုး နွယ်ဝင် ပိုးကောင် တစ်မျိုး
    wasp
    နာမ်

    နကရုံအိမ်

    [nkɹòʊɴʔèɪɴ]
    နကရုံ ကောင်များ အိမ် နံရံများမာ ဘိတ်ပျော့ဖြင့် အခန်း အဆက် ဆက် ပြုပနာ ဆောက်လုပ် နိန်ရေ အိမ်။ (ဤ နကရုံအိမ်၊ အိမ် နံရံမာ အများ တည်လျှင် စပါး အများ ရရေ ဟူ၏။
    နကရုံ ကောင်များ အိမ် နံရံများတွင် ရွှံ့ပျော့ဖြင့် အခန်း အဆက် ဆက် ပြု၍ ဆောက်လုပ် နေသော အိမ်။ (ဤ နကရုံအိမ်၊ အိမ် နံရံတွင် အများ တည်လျှင် စပါး အများ ရသည် ဟူ၏။
    mud cell of wasp
    နာမ်

    နံကာ

    [nံkà]
    ဝါခေါင်လကို ခေါ်သော အမည်။ နွယ်တာဆိုရေ ဝါဆိုလ၊ နံကာဆိုရေ ဝါခေါင်လ၊ နတ်နိုးလဆိုရေ နံတော်လ (ပါရာ)။ နံကာ ဆိုရေ ဝါခေါင်လ လှုပ်မူကား ဆင်းပုလိပ် ရို့ကို ကလူနှိပ်စက်အံ့ (ပါရာ)
    ဝါခေါင်လကို ခေါ်သော အမည်။ နွယ်တာဟူသော ဝါဆိုလ၊ နံကာဟူသော ဝါခေါင်လ၊ နတ်နိုးလဟူသော နတ်တော်လ (ပါရာ)။ နံကာ ဟူသော ဝါခေါင်လ လှုပ်မူကား ဆင်းရဲသား တို့ကို ကလူနှိပ်စက်အံ့ (ပါရာ)
    th of Arakanese year
    နာမ်

    နံကိုင်း

    [nံkáɪɴ]
    ၁၊ လူ၏ ကိုယ်မာ လက်ကတီး လက်ကတီးအောက် အရပ်။ နံချင်းပြိုင်။ နံစောင်း။ ၂၊ ဖီးဖက် အရပ်။ တပြည်ကလာ၊ ကုလားမ၊ သားကိုကျိတ်တေ၊ နံကိုင်းက (ပန်းဝှက်)
    ၁၊ လူ၏ ကိုယ်တွင် လက်ကတီး ချိုင်းကြားအောက် အရပ်။ နံဘေး။ နံစောင်း။ ၂၊ ဘေးဘက် အရပ်။ တပြည်ကလာ၊ ကုလားမ၊ သားကိုကျိတ်တေ၊ နံကိုင်းက (ပန်းဝှက်)
    side
    နာမ်

    နက္ခတ္တရာဇာ

    [nkʰə́kʰat̪t̪a̰ɹàzà]
    လမင်း။ (ပါ
    လမင်း။ (ပါ
    moon
    နာမ်