Dictionary Entries
Showing 1–20 of 635 words
ဝ
ဝ
[w]
Arakanese:
ဗျည်းသုံးဆယ့်သုံး လုံးမာ နှစ်ဆယ့်ကိုးလုံးမြောက် ဗျည်း။ ‘ဝ’ဟု ခေါ်ရေ
Burmese:
ဗျည်းသုံးဆယ့်သုံး လုံးတွင် နှစ်ဆယ့်ကိုးလုံးမြောက် ဗျည်း။ ‘ဝ’ဟု ခေါ်သည်
English:
twenty-ninth letter of the Arakanese alphabet
Grammar Note:
နာမ်
ဝ၂
[w၂]
Arakanese:
ကိုယ်ခန္ဓာ ဖွံ့ဖြိုးသော။ ၂၊ လိုအပ်သမျှ၊ ဟိသင့် ဟိအပ်သမျှသော အလုံစုံပမာဏ ပြည့်စုံသော။ (စားပစ်လို့ ‘ဝ’ ရေ။ သုံးနှုန်းလေ့ ဟိကတ်တေ။
Burmese:
ကိုယ်ခန္ဓာ ဖွံ့ဖြိုးသော။ ၂၊ လိုအပ်သမျှ၊ ယှိသင့် ယှိအပ်သမျှသော အလုံစုံပမာဏ ပြည့်စုံသော။ (စားလို့ ‘ဝ’ သည်။ သုံးနှုန်းလေ့ ယှိကြသည်။
English:
fat [as in ကိုယ်ခန္ဓာ~] - obese [as in အလွန်~] - plump [as in ကြက်ချေ~လို့ ချစ်ဖို့ကောင်း] sufficient [as in အိပ်ရီး~]
Grammar Note:
နာမဝိသေသန
ဝ၃
[w၃]
Arakanese:
အားရ တင်းတိမ်ရေ။ ကျီနပ်မှု ရဟိရေ။ မင်းစကားပြောလို့ ဝဗျာလား။ ၂၊ ဖီးဖယ်ထားရေ။ ဂရုမပြုပဲ ထားရေ။ ဥပေက္ခာပြု ထားရေ။ ထားလိုက်ဝေး မောင်လှ စကားကို မကြားချင် ‘ဝ’ ဖို့ကောင်းရေ (အရပ်)
Burmese:
အားရ တင်းတိမ်သည်။ ကျေနပ်မှု ရယှိသည်။ မင်းစကားပြောလို့ ဝဗျာလား။ ၂၊ ဘေးဖယ်ထားသည်။ ဂရုမပြုပဲ ထားသည်။ ဥပေက္ခာပြု ထားသည်။ ထားလိုက်ဝေး မောင်လှ စကားကို မကြားချင် ‘ဝ’ ဖို့ကောင်းရေ (အရပ်)
English:
be satisfied [as in ပြောလို့~ဗျာယ်]
Grammar Note:
ကြိယာ
ဝ၄
[w၄]
Arakanese:
မကြည့်ချင် မမြင်ချင် ဖြစ်တေ။ ၂၊ မုန်းရေ။ အမြင်ကတ်ရေ။ ထိမ်းမြှားချိန်မှန်၊ သားလင်တန်လည်း၊ ယမန်ရှေးက၊ မင်းဘုရင်ကို၊ ငါလျှင် ‘ဝ’လို့ ပြောပြရီမာ (ဒွေး)
Burmese:
မကြည့်ချင် မမြင်ချင် ဖြစ်သည်။ ၂၊ မုန်းသည်။ အမြင်ကတ်သည်။ ထိမ်းမြှားချိန်မှန်၊ သားလင်တန်လည်း၊ ယမန်ရှေးက၊ မင်းဘုရင်ကို၊ ငါလျှင် ‘ဝ’လို့ ပြောပြသည်မှာ (ဒွေး)
English:
hate
Grammar Note:
နာမ်
ဝကင်းကပ်
[wkɪ́ɴkaʔ]
Arakanese:
ဆန်မုန့်ညက်ရည်ကို ဝကင်းမာ ထည့်၍ ကျက်နပ်စီရေ မုန့်တမျိုး
Burmese:
ဆန်မုန့်ညက်ရည်ကို အိုးကင်းတွင် ထည့်၍ ကျက်နပ်စေသော မုန့်တစ်မျိုး
English:
snack
Grammar Note:
နာမ်
ဝကန်
[wkàɴ]
Arakanese:
စားသောက်ပြီးကေ သိမ်းဆည်းခြင်းကို မပြုဘဲနန့် ဖယ်ရှောင်၍ လားရာမာ သုံးသော စကားလုံး (ကိုယ့်ရို့အချင်းချင်း စားသောက်ရာမာ ပြောခြင်းသာ။ တခြားနန့် မသက်ဆိုင်ပါ။) ‘အဝကန်’ဆိုပနာလည်း သုံးနှုန်းသည်
Burmese:
စားသောက်ပြီးလျှင် သိမ်းဆည်းခြင်းကို မပြုတော့ပဲ ရှောင်ဖယ်၍ သွားရာ၌ သုံးသော စကားလုံး (မိမိတို့အချင်းချင်း စားသောက်ရာ၌ ပြောခြင်းသာ။ တစ်ခြားနှင့် မသက်ဆိုင်ပါ။) ‘အဝကန်’ဟူ၍လည်း သုံးနှုန်းသည်
English:
after eating but not clean
Grammar Note:
နာမ်
ဝကို
[wkÒ]
Arakanese:
ညီအစ်ကို မောင်နှမမာ အကြီးဆုံးဖြစ်ရေ ယောကျ်ား။ ၂၊ အစ်ကို အရွယ်ဟိ ယောကျ်ားကိုခေါ်သော စကား။ ညီနန့်ဝကို၊ တရားဆို၊ ဝကိုမျက်ရည်ယို။ အစ်ကို
Burmese:
ညီအစ်ကို မောင်နှမတွင် အကြီးဆုံးဖြစ်သော ယောကျ်ား။ ၂၊ အစ်ကို အရွယ်ယှိ ယောကျ်ားကိုခေါ်သော စကား။ ညီနန့်ဝကို၊ တရားဆို၊ ဝကိုမျက်ရည်ယို။ အစ်ကို
English:
eldest
Grammar Note:
နာမ်
ဝကေကန်
[wkèkàɴ]
Arakanese:
စားသောက်ပြီးကေ သိမ်းဆည်းခြင်းကို မပြုဘဲနန့် ဖယ်ရှောင်၍ လားရာမာ သုံးသော စကားလုံး (ကိုယ်ရို့ အချင်းချင်း စားသောက်ရာမာ ပြောခြင်းသာ။ တခြားနန့် မသက်ဆိုင်ပါ။) ‘အဝကန်’ဆိုပနာလည်း သုံးနှုန်းသည်
Burmese:
စားသောက်ပြီးလျှင် သိမ်းဆည်းခြင်းကို မပြုတော့ပဲ ရှောင်ဖယ်၍ သွားရာ၌ သုံးသော စကားလုံး (မိမိတို့ အချင်းချင်း စားသောက်ရာ၌ ပြောခြင်းသာ။ တစ်ခြားနှင့် မသက်ဆိုင်ပါ။) ‘အဝကန်’ဟူ၍လည်း သုံးနှုန်းသည်
English:
after eating but not clean
Grammar Note:
နာမ်
ဝက်
[wɛʔ]
Arakanese:
ထက်ဝက် ခွဲရေ။ အဆတူ ခွဲရေ။ ၂၊ သာမန်အနိန်နန့် ခွဲစိတ်သည်
Burmese:
ထက်ဝက် ခွဲသည်။ အဆတူ ခွဲသည်။ ၂၊ သာမန် အားဖြင့် ခွဲစိတ်သည်
English:
half - halve
Grammar Note:
ကြိယာ
ဝက်၂
[wɛʔ၂]
Arakanese:
ကိုယ်ခန္ဓာ ဝဖြိုးပြီး၊ ထူရေ အရေအခေါက် ဟိရာ နှုတ်သီးများမာ ပြန့်သော နှုတ်ခမ်းနန့် နခေါင်းပေါက် ဟိရေ ခြေတို၊ လက်တို ပတုံးတိုနှင့် ခြီမာ ခွာပါဟိရေ သတ္တဝါတမျိုး
Burmese:
ကိုယ်ခန္ဓာ ဆူဖြိုးပြီး၊ ထူသော အရေအခေါက် ယှိရာ နှုတ်သီးများတွင် ပြန့်သော နှုတ်ခမ်းနှင့် နှာခေါင်းပေါက် ယှိသည့် ခြေတို၊ လက်တို အမြီးတိုနှင့် ခြေတွင် ခွာပါယှိသည့် သတ္တဝါတစ်မျိုး
English:
pig
Grammar Note:
နာမ်
ဝက်ကင်းပတ်စွယ်
[wɛʔkɪ́ɴpaʔswɛ̀]
Arakanese:
အခေါင်းမဟိသော တောဝက်စွယ်။ ဝက်စွယ်ကင်းပိတ်။ (ကာယသိဒိ္ဓ ပြီးရေလို့ အယူ ဟိကတ်တေ။
Burmese:
အခေါင်းမယှိသော တောဝက်စွယ်။ ဝက်စွယ်ကင်းပိတ်။ (ကာယသိဒိ္ဓ ပြီးသည်ဟု အယူ ယှိကြသည်။
English:
solid tusk of a hog
Grammar Note:
နာမ်
ဝက်ကပိုင်
[wɛʔkpàɪɴ]
Arakanese:
အမြစ် ဆီးဖက်ဝင်ရေ ခြုံပင်တမျိုး။ ယပြီးကေ ဝက်ကပိုင်၊ အစိုင်သင့်ငြား အဖျားသန္နပါတ်၊ ရီဆာဝမ်းကျ၊ တိုက်ကတ်လေ၊ ကျမ်းဆိုပေ၏ (ဓာပကာနီ)
Burmese:
အမြစ် ဆေးဖက်ဝင်သော ချုံပင်တစ်မျိုး။ ထို့နောက် ဝက်ကပိုင်၊ အစဉ်သင့်ငြား အဖျားသန္နပါတ်၊ ရေငတ်ဝမ်းကျ၊ တိုက်ကြလေ၊ ကျမ်းဆိုပေ၏ (ဓာပကာနီ)
English:
herbal plant
Grammar Note:
နာမ်
ဝက်ကား
[wɛʔká]
Arakanese:
ထိပ်ဖျားပိုင်းမာ စုစည်းခြည်ကာ ခြေပိုင်းကိုကားဗျာယ် ထောင်ထားရရေ သုံးချောင်းထောက်
Burmese:
ထိပ်ဖျားပိုင်းတွင် စုစည်းချည်ကာ ခြေပိုင်းကိုကားလျက် ထောင်ထားရသော သုံးချောင်းထောက်
English:
tripod
Grammar Note:
နာမ်
ဝက်ကားတင်
[wɛʔkátɪ̀ɴ]
Arakanese:
(ခြေနှစ်ဘက်၊ လက်နှစ်ဘက်ကို ကားဗျာယ်) ရာဇဝတ်သားကို သီဒဏ်ပီးရန် ကားစိုင်၌ (ထားပိုင်) တင်ထားရေ။ ပတူးမှုတ်ကျည်သို့၊ စွယ်ကိုချွတ်လို့၊ အောက်ဆင့်မာဆွဲ၊ ဝက်ကားတင်ပျာ၊ ရင်ကိုခွဲဟု၊ ကော်ဆဲကတ်ကုန် (ကော်)
Burmese:
(ခြေနှစ်ဘက်၊ လက်နှစ်ဘက်ကို ကားလျက်) ရာဇဝတ်သားကို သေဒဏ်ပေးရန် ကားစင်၌ (ထားသကဲ့သို့) တင်ထားသည်။ ဝါးပြောင်းကျည်သို့၊ စွယ်ကိုချွတ်လို့၊ အောက်ထပ်မှာဆွဲ၊ ဝက်ကားတင်ပျာ၊ ရင်ကိုခွဲဟု၊ ဆဲဆိုကြကုန် (ကော်)
English:
none
Grammar Note:
ကြိယာ
ဝက်ကားထောက်
[wɛʔkátʰɔ́ɛʔ]
Arakanese:
တခုတရီလဲပြို ပြိုမကျရယောင် ထောက်ကန် ထားရရေ သုံးချောင်းထောက်
Burmese:
တစ်စုံတစ်ခုပြိုလဲ ပြိုမကျရအောင် ထောက်ကန် ထားရသော သုံးချောင်းထောက်
English:
tripod
Grammar Note:
နာမ်
ဝက်ကြက်ခြောက်ကောင်
[wɛʔt͡ɕɛʔkʰɹɔ́ɛʔkàʊɴ]
Arakanese:
တောင်ပေါ်နန့် တောင်ခြီမာ ကျက်စားလေ့ ဟိသော ရှည်၍ချွန်သော အတောင်ဟိရေ ဥဩမျိုးဝင် ငှက်ငယ်တမျိုး
Burmese:
တောင်ပေါ်နှင့် တောင်ခြေတွင် ကျက်စားလေ့ ယှိသော ရှည်၍ချွန်သော အတောင်ယှိသည့် ဥဩမျိုးဝင် ငှက်ငယ်တစ်မျိုး
English:
bird
Grammar Note:
နာမ်
ဝက်ခေါက်
[wɛʔkʰaʊʔ]
Arakanese:
ဝဖြိုးသော ကိုယ်ခန္ဓာဟိသော ဝက်၏ထူရေ အရေအခေါက်
Burmese:
ဆူဖြိုးသော ကိုယ်ခန္ဓာယှိသော ဝက်၏ထူသော အရေအခေါက်
English:
pig skin - rind (of pork)
Grammar Note:
နာမ်
ဝက်ချိုင်ချိုင်
[wɛʔɕàɪɴɕàɪɴ]
Arakanese:
ခြေနှစ်ဘက် လက်နှစ်ဘက်ကို ပူး၍ ဖြစ်စီ၊ ခြေလက် လေးချောင်းလုံးကို ပူး၍ဖြစ်စီ ကြိုးဖြင့် ပူးတွဲ ချိုင်နှောင်သည်
Burmese:
ခြေနှစ်ဘက် လက်နှစ်ဘက်ကို ပူး၍ ဖြစ်စေ၊ ခြေလက် လေးချောင်းလုံးကို ပူး၍ဖြစ်စေ ကြိုးဖြင့် ပူးတွဲ ချည်နှောင်သည်
English:
tie
Grammar Note:
ကြိယာ
ဝက်ချီးပနဲ
[wɛʔɕïpnɛ]
Arakanese:
ခွီးသွားစိပ် ရွက်နားပါဟိသော နှလုံးပုံ အရွယ်ဟိရေ တန်ဆောင်မုန်းလ နံတော်လ လောက်မာ ပွင့်တတ်ရေ ပွင့်ဖတ်ငါးခု ဟိပြီး အဝါရောင် အပွင့် ဟိရေ ဆီးဖက်ဝင် ပင်နိမ့်ငယ် တမျိုး
Burmese:
ခွေးသွားစိပ် ရွက်နားပါယှိသော နှလုံးပုံ အရွယ်ယှိသည့် တန်ဆောင်မုန်းလ နတ်တော်လ လောက်တွင် ပွင့်တတ်သော ပွင့်ဖတ်ငါးခု ယှိပြီး အဝါရောင် အပွင့် ယှိသည့် ဆေးဖက်ဝင် ပင်နိမ့်ငယ် တစ်မျိုး
English:
medicinal plant bearingyellow flowers Sida cordifolia Also ကပ်စေးနှဲ - aramina fibre Urena lobata
Grammar Note:
နာမ်
ဝက်ခြင်
[wɛʔkʰɹɪ̀ɴ]
Arakanese:
အသားထဲမာ မြုံဗျာယ် အသားအုံရောင် ကြစီတတ်ရေ ဝက်ခြုတ်နာ။ (ဧချင့်ပိုင် အနာမျိုးပေါက်ပနာ ညှော်မိလျှင် ရမ်းကာ အနာအုံ ပေါက်ထွက်ပြီး သေစီတတ်ရေ။ တနည်း ပေါက်ရေ နီရာမာ အမာရာ ဖြစ်တတ်ရေ။ များရွီတွက်နန့် မျက်နှာနန့် နားထဲမား မေးရို့မာသာ ပေါက်တတ်ရေ။) မိထက်ဝ
Burmese:
အသားထဲတွင် မြုံလျက် အသားအုံရောင် ကြစေတတ်သော ဝက်ခြံနာ။ (ဤကဲ့သို့ အနာမျိုးပေါက်၍ ညှော်မိလျှင် ရောင်ရမ်းကာ အနာအုံ ပေါက်ထွက်ပြီး သေစေတတ်သည်။ သို့မဟုတ် ပေါက်သည့် နေရာတွင် အမာရာ ဖြစ်တတ်သည်။ များသောအားဖြင့် မျက်နှာနှင့် နားထဲတွင်း မေးတို့၌သာ ပေါက်တတ်သည်။) မိထက်ဝ
English:
pigsty prisoners dock bullock cart body with high side-railings pimple - acne
Grammar Note:
နာမ်