Dictionary Entries
Showing 1–20 of 781 words
ထ
ထ
[tʰ]
Arakanese:
ဗျည်း သုံးဆယ့်သုံး လုံးမာ တဆယ့်ခုနစ်လုံး မြောက်သော ဗျည်း။ ထဝမ်းစိ ဆိုပနာ ပင်ဖြစ်ဖြစ်၊ ထဆံထုံး ဆိုပနာ ပင်ဖြစ်ဖြစ် ခေါ်ရေ
Burmese:
ဗျည်း သုံးဆယ့်သုံး လုံးတွင် တစ်ဆယ့်ခုနစ်လုံး မြောက်သော ဗျည်း။ ထဝမ်းစိ ဟူ၍ လည်းကောင်း၊ ထဆံထုံး ဟူ၍ လည်းကောင်း ခေါ်သည်
English:
th of Arakanese consonant
Grammar Note:
နာမ်
ထံ
[tʰံ]
Arakanese:
နီးသော ဝန်းကျင် အရပ်။ နီရာ။ တည်ဟိရာ အရပ်။ အထံ
Burmese:
နီးသော ဝန်းကျင် အရပ်။ နေရာ။ တည်ရှိရာ အရပ်။ အထံ
English:
to
Grammar Note:
နာမ်
ထကေဟောင်းလောင်းထိုင်ကေဟောင်းလောင်း
[tʰkèháʊɴláʊɴtʰàɪɴkèháʊɴláʊɴ]
Arakanese:
အရဲအထိုင် ပိပြား သေဝပ်မှု မဟိဘဲ။ ကိုးရိုးကားရား
Burmese:
အနေအထိုင် ပိပြား သေဝပ်မှု မရှိပဲ။ ကိုးရိုးကားရား
English:
awkwardly
Grammar Note:
ကြိယာဝိသေသန
ထက်
[tʰɛʔ]
Arakanese:
၁၊ ကြမ်းတမ်းစွာ စကားပြော တတ်ရေ။ ပဇာ့ယုတ်သော။ အကြမ်းသော။ မောင်ဖြူလှ ကကောင်း ပစ (ပစ) ထက်တေ။ ၂၊ (မတုံးသော ဓါး)။ မြသော သွားဟိရေ။ ၃၊ ခက်ထန်သော စိတ်ဟိရေ။ ပြင်းထန်းသော စိတ်ဟိရေ။ ဂုဆိုကေ ဂုဗျာယ်၊ ကကောင်း စိတ်ထက်တေ လူရာ
Burmese:
၁၊ ကြမ်းတမ်းစွာ စကားပြော တတ်သော။ နှုတ်ကြမ်းသော။ အကြမ်းသော။ မောင်ဖြူလှ ကောင်းကောင်း ပစ (ပါးစပ်) ထက်တေ။ ၂၊ (မတုံးသော ဓါး)။ မြသော သွားရှိသော။ ၃၊ ခက်ထန်သော စိတ်ရှိသော။ ပြင်းထန်းသော စိတ်ရှိသော။ ဂုဆိုကေ ဂုဗျာယ်၊ ကောင်းကောင်း စိတ်ထက်တေ လူရာ
English:
sharp
Grammar Note:
နာမဝိသေသန
ထက်၂
[tʰɛʔ၂]
Arakanese:
(ဥပစာ)(စေတနာ အစွမ်း၊ ဉာဏ်၊ တန်ခိုး၊ အာဏာ) စူးရှသည်
Burmese:
(ဥပစာ)(စေတနာ အစွမ်း၊ ဉာဏ်၊ တန်ခိုး၊ အာဏာ) စူးရှသည်
English:
be effective
Grammar Note:
ကြိယာ
ထက်၃
[tʰɛʔ၃]
Arakanese:
အပေါ်။ အထက်ခေါင်း ထက်ဂဠုန်၊ ခတ်တုံးကိုးခါ (ပါရာ)။ ထက်မာကပူ၊ အောက်မာကချမ်း၊ ဖျားကြန်ဖျားလွန် (ပဉ္စဘုတ်)
Burmese:
အပေါ်။ အထက်ခေါင်း ထက်ဂဠုန်၊ ခတ်တုံးကိုးခါ (ပါရာ)။ ထက်မှာကပူ၊ အောက်မှာကချမ်း၊ ဖျားကြန်ဖျားလွန် (ပဉ္စဘုတ်)
English:
up
Grammar Note:
နာမ်
ထက်၄
[tʰɛʔ၄]
Arakanese:
ပိုလွန်ရေ အနက် ဟိရေ စကားလုံး။ သစ်မျက်နှာထက်၊ ထုကြီးရေ၊ လျောက်ကြီးရေ၊ မြာတိုင်ကြီးရေ ဖြစ်အံ့ (ပါရာ) အစ အလယ် အဆုံး ရနိုင်မူကား လူများ ထက်မြက်အံ့ (ပါရာ)။ ထိုထက် လွန်သနန့် တနည်း စက်အဋကထာ အလိုဆိုပေ၏ (ပါရာ)
Burmese:
ပိုလွန်သည့် အနက် ရှိသော စကားလုံး။ သစ်မျက်နှာထက်၊ ထုကြီးသည်၊ လျောက်ကြီးသည်၊ မြာတိုင်ကြီးသည် ဖြစ်အံ့ (ပါရာ) အစ အလယ် အဆုံး ရနိုင်မူကား သူတစ်ပါး ထက်မြက်အံ့ (ပါရာ)။ ထိုထက် လွန်သဖြင့် တနည်း စက်အဋကထာ အလိုဆိုပေ၏ (ပါရာ)
English:
more than
Grammar Note:
ပစ္စည်း
ထက်ကပ်
[tʰɛʔkaʔ]
Arakanese:
တတူတကွ၊ နံပါးမကွာ၊ မကင်းမကွာ။ ထိုးကမူးမတ်၊ သားနန့်ထပ်ဖို့၊ ထက်ကပ်လိုက်စေ၊ မြို့ရွာပြည်ကို၊ စည်လည်စီရား (ဝိဇယ)။ ထက်ကပ်မကွာ၊ အငှားသမားလေ၊ ကျွန်တယောက်လျှင်၊ နောင်ထားပါးက၊ ကိုယ်တော်ခုဝေ၊ မင်းယောက်ျားမာ၊ တရားဖြေဟု (ပန်း)
Burmese:
အတူတကွ၊ နံပါးမကွာ၊ မကင်းမကွာ။ ထိုးကမူးမတ်၊ သားနှင့်ထပ်ဖို့၊ ထက်ကပ်လိုက်စေ၊ မြို့ရွာပြည်ကို၊ စည်လည်စေပြီး (ဝိဇယ)။ ထက်ကပ်မကွာ၊ အစေခံလေ၊ ကျွန်တစ်ယောက်လျှင်၊ နောင်တော်ပါးက၊ ကိုယ်တော်ခုဝေ၊ မင်းယောက်ျားမှာ၊ တရားဖြေဟု (ပန်း)
English:
together
Grammar Note:
ကြိယာဝိသေသန
ထက်ခြမ်း
[tʰɛʔkʰɹáɴ]
Arakanese:
နှစ်ခု ခွဲခြမ်း ထားရေမှ တခြမ်း
Burmese:
နှစ်ခု ခွဲခြမ်း ထားသည်မှ တစ်ခြမ်း
English:
half
Grammar Note:
နာမ်
ထက်ခြမ်းကွဲ
[tʰɛʔkʰɹáɴkwɛ]
Arakanese:
နှစ်ဖြာ ကွဲစိတ်သည်
Burmese:
နှစ်ဖြာ ကွဲစိတ်သည်
English:
half
Grammar Note:
ကြိယာ
ထက်ခြမ်းခွဲ
[tʰɛʔkʰɹáɴkʰwɛ]
Arakanese:
ထက်ခြမ်း နှစ်ခု ခွဲထားရေ အရာ
Burmese:
ထက်ခြမ်း နှစ်ခု ခွဲထားသော အရာ
English:
half
Grammar Note:
နာမ်
ထက်ခွီဖွဲ့
[tʰɛʔkʰwípʰwé]
Arakanese:
တင်ပျိုင်ခွေ ထိုင်ဗျာယ်
Burmese:
တင်ပျဉ်ခွေ ထိုင်လျက်
English:
Cross-legged
Grammar Note:
ကြိယာဝိသေသန
ထက်စိ.
[tʰɛʔsì.]
Arakanese:
မျှမျှတတ။ မပိုမလို။ အမင်ာင်နှမျှ
Burmese:
မျှမျှတတ။ မပိုမလို။ အညီအမျှ
English:
equal
Grammar Note:
ကြိယာဝိသေသန
ထက်စိ.ဗက်စိ.
[tʰɛʔsì.bɛʔsì.]
Arakanese:
မပိုမလို။ အမင်ာင်နှမျှ၊ သကြေလုံး ဆယ်လုံး၊ လူဆယ်ယောက် ထက်စိ.ဗက်စိ. မပိုမလို
Burmese:
မပိုမလို။ အညီအမျှ၊ သကြားလုံး ဆယ်လုံး၊ လူဆယ်ယောက် ထက်စိ.ဗက်စိ. မပိုမလို
English:
equal
Grammar Note:
ကြိယာဝိသေသန
ထက်တိုင်
[tʰɛʔtàɪɴ]
Arakanese:
(အဂု၊ ဒေနိ အစဟိစွာအစဟိစွာ) ထိတောင်၊ ထက်တိုင်။ ယဂုထက်ထိ၊ ငါ့ထက်ဇာတိကို၊ မသိလားဟု (ရာမ)။ အဂုထက်တိုင်၊ ရွှီပြည်ခိုင်ဟု၊ နာမည်ကျော်ကြား (ငှက်ဆင်ချီ)
Burmese:
(ယခု၊ ယနေ့ စသည်စသည်) တိုင်အောင်၊ ထက်တိုင်။ ယခုထက်ထိ၊ ငါ့ထက်ဇာတိကို၊ မသိလားဟု (ရာမ)။ ယခုထက်တိုင်၊ ရွှေပြည်ခိုင်ဟု၊ နာမည်ကျော်ကြား (ငှက်ဆင်ချီ)
English:
till
Grammar Note:
သမ္ဗန္တ
ထက်ထက်
[tʰɛʔtʰɛʔ]
Arakanese:
လုပ်ကိုင် ဆောင်ရွက် နှိုင်ရေ အရည်အခြင်း။ အရည်အသွီး။ စွမ်းရည် သတ္တိ။ မောင်ဖြူ ထက်ထက် အားလုံး စွမ်းဆောင်နိုင်ရေ
Burmese:
လုပ်ကိုင် ဆောင်ရွက် နိုင်သော အရည်အချင်း။ အရည်အသွေး။ စွမ်းရည် သတ္တိ။ မောင်ဖြူ ထက်ထက် အားလုံး စွမ်းဆောင်နိုင်ရေ
English:
ability
Grammar Note:
နာမ်
ထက်ထိ
[tʰɛʔtʰì]
Arakanese:
(အဂု၊ ဒေနိ အစဟိစွာအစဟိစွာ) ထိတောင်၊ ထက်တိုင်။ ယဂုထက်ထိ၊ ငါ့ထက်ဇာတိကို၊ မသိလားဟု (ရာမ)
Burmese:
(ယခု၊ ယနေ့ စသည်စသည်) တိုင်အောင်၊ ထက်တိုင်။ ယခုထက်ထိ၊ ငါ့ထက်ဇာတိကို၊ မသိလားဟု (ရာမ)
English:
till
Grammar Note:
သမ္ဗန္တ
ထက်ပင်း
[tʰɛʔpɪ́ɴ]
Arakanese:
၁၊ မျက်မြင် တတ်အပ်။ လက်ငင်း ဟိဆိုင်။ ထက်ပက်။ လှစံညက်ခြေ၊ စောင်းကြည့်ချေသော်၊ မေ့မျက်ခွက်မာ၊ ထက်ပက်ကျကေ (မိုး)။ ၂၊ အခန့်သင့် တွိ့ဆုံရေ။ တိုက်ဆိုင်ရေ။ ကြိမ်ကြိုက်ရေ။ ကြုံတွိခြင်းကြောင့်၊ လူချင်းပြိုင်ကျ၊ ထက်ပက်ကြုံပျာ၊ မြင်ရုံမျှဖြင့်၊ စိတ်ကချစ်ခင
Burmese:
၁၊ မျက်မြင် တတ်အပ်။ လက်ငင်း ရင်ဆိုင်။ ပက်ပင်း။ လှစံညက်ခြေ၊ စောင်းကြည့်ချေသော်၊ မေ့မျက်ခွက်မှာ၊ ထက်ပက်ကျကေ (မိုး)။ ၂၊ အခန့်သင့် တွေ့ဆုံသည်။ တိုက်ဆိုင်သည်။ ကြိမ်ကြိုက်သည်။ ကြုံကြိုက်ခြင်းကြောင့်၊ လူချင်းပြိုင်ကျ၊ ထက်ပက်ကြုံပျာ၊ မြင်ရုံမျှဖြင့်၊ စိတ်ကချစ်ခင
English:
be obsessed by
Grammar Note:
ကြိယာဝိသေသန
ထက်ပတ်
[tʰɛʔpaʔ]
Arakanese:
၁၊ မျက်မြင် တတ်အပ်။ လက်ငင်း ဟိဆိုင်။ ထက်ပက်။ လှစံညက်ခြေ၊ စောင်းကြည့်ချေသော်၊ မေ့မျက်ခွက်မာ၊ ထက်ပက်ကျကေ (မိုး)။ ၂၊ အခန့်သင့် တွိ့ဆုံရေ။ တိုက်ဆိုင်ရေ။ ကြိမ်ကြိုက်ရေ။ ကြုံတွိခြင်းကြောင့်၊ လူချင်းပြိုင်ကျ၊ ထက်ပက်ကြုံပျာ၊ မြင်ရုံမျှဖြင့်၊ စိတ်ကချစ်ခင
Burmese:
၁၊ မျက်မြင် တတ်အပ်။ လက်ငင်း ရင်ဆိုင်။ ပက်ပင်း။ လှစံညက်ခြေ၊ စောင်းကြည့်ချေသော်၊ မေ့မျက်ခွက်မှာ၊ ထက်ပက်ကျကေ (မိုး)။ ၂၊ အခန့်သင့် တွေ့ဆုံသည်။ တိုက်ဆိုင်သည်။ ကြိမ်ကြိုက်သည်။ ကြုံကြိုက်ခြင်းကြောင့်၊ လူချင်းပြိုင်ကျ၊ ထက်ပက်ကြုံပျာ၊ မြင်ရုံမျှဖြင့်၊ စိတ်ကချစ်ခင
English:
be obsessed by
Grammar Note:
ကြိယာဝိသေသန
ထက်ပိုင်း
[tʰɛʔpáɪɴ]
Arakanese:
၁၊ အပေါ်ပိုင်း။ ၂၊ နှစ်ပိုင်း ဖြတ်ထားရေမှ တပိုင်း
Burmese:
၁၊ အပေါ်ပိုင်း။ ၂၊ နှစ်ပိုင်း ဖြတ်ထားသည်မှ တစ်ပိုင်း
English:
half
Grammar Note:
နာမ်