Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,001–2,020 of 3,186 words

    က

    ကျေပြီ

    [t͡ɕèpɹì]
    ပြေလားရေ။ ကျေလည်သည်
    ပြေသွားသည်။ ကျေလည်သည်
    convenient
    ကြိယာ

    ကျေပွန်

    [t͡ɕèpʊ̀ɴ]
    ၁၊ တတ်ကျွမ်းနားလည်ရေ။ ၂၊ ကျရောက်ရေ့တာ၀န်ကို ပြီးပြတ်ယောင်လုပ်ဆောင်ရေ
    ၁၊ တတ်ကျွမ်းနားလည်သည်။ ၂၊ ကျရောက်သည့်တာ၀န်ကို ပြီးပြတ်အောင်လုပ်ဆောင်သည်
    take
    ကြိယာ

    ကျေးမလီ

    [t͡ɕémlí]
    ၁၊ မိုးလီလာရေအခါ အဟိရပ်မှ တိုက်ခတ်လာရေလီရေ တောကြိုတောင်ကြား အနောက်အရပ်မှ ထွက်လှာသော လေ။ ယင်းလီထခတ်လာကေ အသည်းစိမ့်အောင် ချမ်းအီးလှရေ။ ၂၊ တောအုံတောဖျားမှ တိုက်ခတ်လာယား၊ တောကြိုတောင်ကြားမှ တဟုန်ထိုး ထွက်လှာသော လေ
    ၁၊ မိုးလေလာသောအခါ အရှေ့ရပ်မှ တိုက်ခတ်လာသောလေသည် တောကြိုတောင်ကြား အနောက်အရပ်မှ ထွက်လာသော လေ။ ယင်းလေတိုက်ခတ်လာလျှင် အသည်းစိမ့်အောင် ချမ်းအေးလှသည်။ ၂၊ တောအုံတောဖျားမှ တိုက်ခတ်လာပြီး၊ တောကြိုတောင်ကြားမှ တစ်ဟုန်ထိုး ထွက်လာသော လေ
    wind
    နာမ်

    ကျေးရတတ်

    [t͡ɕéɹtaʔ]
    ဥစ္စာ ကြီးငွီ ကြွယ်ဝ ချမ်းသာသူ
    ဥစ္စာ ကြေးငွေ ကြွယ်ဝ ချမ်းသာသူ
    wealthy man
    နာမ်

    ကျော

    [t͡ɕɔ́]
    ကိုယ့်ကိုယ်ကို ဂုဏ်တင်လိုရေ စိတ်နန့် ပြောဆိုပြုမူရေ။ ဝင့်ဝါလွှမ်ရေ။ မောင်တော်ဘုရား၊ ဂုခါလေ၊ သူ့ရင်းသွီးကေ၊ သမီးသားကို၊ ကျောရယောင်သာ (ဓမ္မသာ)
    မိမိကိုယ်ကို ဂုဏ်တင်လိုသော စိတ်ဖြင့် ပြောဆိုပြုမူသည်။ ဝင့်ဝါပလွှားသည်။ မောင်တော်ဘုရား၊ ယခုတွင်လေ၊ သူ့ရင်းသွီးကေ၊ သမီးသားကို၊ ကျောရအောင်သာ (ဓမ္မသာ)
    uppish
    ကြိယာ

    ကျော့

    [t͡ɕɔ̰]
    ၁၊ ကြိုးလွန်ကွင်းရို့နန့် တောတိရိစ္ဆာန်စစွာကို ထောင်ရေ။ တကျော့ နှစ်ကျော့အစဟိစွာနန့် တဖန်ထပ်၍ ပြုလုပ်ရေ။ ပစ်ရစ်ရေ။ ၂၊ ကြိုးစစွာကို အထက်မှ အောက်ကို လျှိုသွင်းရစ်ယူရေ
    ၁၊ ကြိုးလွန်ကွင်းတို့ဖြင့် တောတိရိစ္ဆာန်စသည်ကို ထောင်သည်။ တစ်ကျော့ နှစ်ကျော့စသည်ဖြင့် တစ်ဖန်ထပ်၍ ပြုလုပ်သည်။ ပစ်ရစ်သည်။ ၂၊ ကြိုးစသည်ကို အထက်မှ အောက်သို့ လျှိုသွင်းရစ်ယူသည်
    trap
    ကြိယာ

    ကျော၂

    [t͡ɕɔ́၂]
    ၁၊ ချောမွိ့နူးညံ့သော။ ညက်ညောပြေပြစ်သော။ ၂၊ လှပတင့်ရေရှုချင်စဖွယ် ကောင်းရေ
    ၁၊ ချောမွေ့နူးညံ့သော။ ညက်ညောပြေပြစ်သော။ ၂၊ လှပတင့်တယ်ရှုချင်စဖွယ် ကောင်းသော
    benign
    နာမဝိသေသန

    ကျော့၂

    [t͡ɕɔ̰၂]
    ကြိုးလွန်အစဟိစွာရို့နန့် တိရစ္ဆာန်စစွာကို ကျော့ထောင်ဖမ်းသော ညွတ်ကွင်း တမျိုး
    ကြိုးလွန်စသည်တို့ဖြင့် တိရစ္ဆာန်စသည်ကို ကျော့ထောင်ဖမ်းသော ညွတ်ကွင်း တစ်မျိုး
    trap
    နာမ်

    ကျောက်

    [t͡ɕɔ́ɛʔ]
    ၁၊ ကျော။ ကျောက်ကုန်း။ ၂၊ ခါးဆစ်
    ၁၊ ကျော။ ကျောက်ကုန်း။ ၂၊ ခါးဆစ်
    back
    နာမ်

    ကျောက်၂

    [t͡ɕɔ́ɛʔ၂]
    ခေါင်းမိုးထရံအစဟိစွာ့ အပေါက်မှ နီရောင်ဟပ်ရေ။ နီကျောက်ထိုး
    ခေါင်းမိုးထရံစသည့် အပေါက်မှ နေရောင်ဟပ်သည်။ နီကျောက်ထိုး
    The sun dipped to the hole
    နာမ်

    ကျောက်၃

    [t͡ɕɔ́ɛʔ၃]
    ၁၊ အလွယ်ချေနှင့် မပြိုကွဲနှိုင်ရေ နနောင်းသည့်မြီစိုင်ခဲမျိုး။ ၂၊ ဆီးအိမ်အထဲမာ တည်တတ်ရေ မာသောအခဲ။ ၃၊ စိန် ချေတိပိုင် အရောင် တောက်ပသည့် အမျက်ရတနာတမျိုး
    ၁၊ အလွယ်တကူနှင့် မပြိုကွဲနိုင်သော ခိုင်မာသည့်မြေစိုင်ခဲမျိုး။ ၂၊ ဆီးအိမ်အတွင်း၌ တည်တတ်သော မာသောအခဲ။ ၃၊ စိန် ပမာကဲ့သို့ အရောင် တောက်ပသည့် အမျက်ရတနာတစ်မျိုး
    cpt stone or dimond
    နာမ်

    ကျောက်၄

    [t͡ɕɔ́ɛʔ၄]
    ကိုယ်ခန္ဓာ၌ အဖုအလုံး ပေါက်တတ်သည့် အနာတမျိုး
    ကိုယ်ခန္ဓာ၌ အဖုအလုံး ပေါက်တတ်သည့် အနာတစ်မျိုး
    rash
    နာမ်

    ကျောက်၅

    [t͡ɕɔ́ɛʔ၅]
    လောင်း၊ သင်္ဘောအစဟိစွာရို့၏ မရွေ့မလားရယောင် မြေ၌ကုပ်ထားရေ သံစူး။ ကျောက်ဟက်
    လှေ၊ သင်္ဘောစသည်တို့၏ မရွေ့မသွားရအောင် မြေ၌ကုပ်ထားသော သံဆူး။ ကျောက်ဆူး
    anchor
    နာမ်

    ကျောက်၆

    [t͡ɕɔ́ɛʔ၆]
    ၁၊ ခြေနန့်ကျောက်ရေ။ ၂၊ သစ်ကိုင်းအခက်အလက်အစဟိစွာ ကိုယ်ခန္ဓာ၌ တွန်းကန်ပြီး ထိခိုက်လာရေ။ ၃၊ တခုခုကိုယ်ခန္ဓာ၌ တွန်းအနိန်နန့် ထိခိုက်လာရေ
    ၁၊ ခြေဖြင့်ကန်သည်။ ၂၊ သစ်ကိုင်းအခက်အလက်စသည် ကိုယ်ခန္ဓာ၌ တွန်းကန်ပြီး ထိခိုက်လာသည်။ ၃၊ တစ်ခုခုကိုယ်ခန္ဓာ၌ တွန်းအားဖြင့် ထိခိုက်လာသည်
    kick
    ကြိယာ

    ကျောက်ကန်

    [t͡ɕɔ́ɛʔkàɴ]
    ၁၊ ခြေနန့် ပုတ်ခတ်ရေ။၂၊ အားဓမနှုတ်နန့် ငြင်းကန်ပြောဆိုရေ။ နှုတ်လှန်ထိုးရေ။ ကျောက်ကန်ပြောဆို၊ နှုတ်လှန်ပိုပြီးကေ၊ မဆိုစံဂိုးင်း (ဒိဋ)
    ၁၊ ခြေဖြင့် ပုတ်ခတ်သည်။၂၊ အတင်းနှုတ်ဖြင့် ငြင်းကန်ပြောဆိုသည်။ နှုတ်လှန်ထိုးသည်။ ကျောက်ကန်ပြောဆို၊ နှုတ်လှန်ပို၍၊ မဆိုစကောင်း (ဒိဋ)
    do battle over
    ကြိယာ

    ကျောက်ကန်ကျောက်ကန်

    [t͡ɕɔ́ɛʔkàɴt͡ɕɔ́ɛʔkàɴ]
    ၁၊ လန့်ဆန်ရေ။ ၂၊ မလားချင်ပဲ ကျောက်ခနုန့်သတ်ကန် လိုက်ပါလားရရေ
    ၁၊ ငြင်းဆန်သည်။ ၂၊ မသွားချင်ပဲ ကျောက်ကန်ကျောက်ကန် လိုက်ပါသွားရသည်
    denying
    ကြိယာ

    ကျောက်ကန်ကျောက်ကန်၂

    [t͡ɕɔ́ɛʔkàɴt͡ɕɔ́ɛʔkàɴ၂]
    ခြေတဖက်ကို မြီမာထောက်ဗျာယ် ကျီးနင့်ကျီးနင့် လိုက်ပါလားရဗျာယ်
    ခြေတစ်ဖက်ကို မြေမှာထောက်လျက် ထော့နဲထော့နဲ လိုက်ပါသွားရလျက်
    game man
    ကြိယာဝိသေသန

    ကျောက်ကလန့်

    [t͡ɕɔ́ɛʔkla̰ɴ]
    တော၊ တောင်၊ ကျောက်ကြို ကျောက်ကြား၊ မြောင်းကြို မြောင်းကြား၌ နီတတ်ရေ ကလန့်တမျိုး။ ကျောက်ကလန့်ကို၊ အခြီကိုချိုး၊ ကျိုင်နှင့်ထိုးပနာ (ထွန်းတိ)
    တော၊ တောင်၊ ကျောက်ကြို ကျောက်ကြား၊ မြောင်းကြို မြောင်းကြား၌ နေတတ်သော ဂဏန်းကောင်တစ်မျိုး။ ကျောက်ကလန့်ကို၊ အခြီကိုချိုး၊ ကျိုင်နှင့်ထိုး၍ (ထွန်းတိ)
    crab
    နာမ်

    ကျောက်ကာ

    [t͡ɕɔ́ɛʔkà]
    ကျောက်ရောဂါကို ကာကွယ်စီတတ်ရေ ဆီးမြစ်တမျိုး
    ကျောက်ရောဂါကို ကာကွယ်စေတတ်သော ဆေးမြစ်တစ်မျိုး
    pox recovery root
    နာမ်

    ကျောက်ကိုက်

    [t͡ɕɔ́ɛʔkaɪʔ]
    လောင်း၊ သင်္ဘော အစဟိစွာရို့၏ ကျောက်ဟက်ကို ဘိတ်မြေ၌ ငြိတွယ်နီစီရေ
    လှေ၊ သင်္ဘော စသည်တို့၏ ကျောက်ဆူးကို ရွှံ့မြေ၌ ငြိတွယ်နေစေသည်
    latch on to
    ကြိယာ