Dictionary Entries
Showing 2,041–2,060 of 3,186 words
က
ကျောက်ငူ၂
[t͡ɕɔ́ɛʔŋù၂]
Arakanese:
စအိုအထက် ကြောရိုး အဖျားစွန်း
Burmese:
စအိုအထက် ကျောရိုး အဖျားစွန်း
English:
the upper spin
Grammar Note:
နာမ်
ကျောက်ငူတော်ဓါတ်
[t͡ɕɔ́ɛʔŋùtɔ̀dʱàaʔ]
Arakanese:
ဘုရားသျှင်၏ ကျောက်ငူမှဖြစ်ရေ ဓါတ်တော်။ မင်းပြားမြို့နယ် ခြိတ်တောင်ရွာမာ ၄င်းဓါတ်တော်တည်ဟိရေ
Burmese:
ဘုရားရှင်၏ ကျောက်ငူမှဖြစ်သော ဓါတ်တော်။ မင်းပြားမြို့နယ် ခြိတ်တောင်ရွာတွင် ၄င်းဓါတ်တော်တည်ရှိသည်
English:
relics of the buddha or of an arhat
Grammar Note:
နာမ်
ကျောက်စက်ရီ
[t͡ɕɔ́ɛʔsɛʔɹí]
Arakanese:
ကျောက်ကြို ကျောက်ကြားမှ စိမ့်ထွက်သော အီးမြရေရေ
Burmese:
ကျောက်ကြို ကျောက်ကြားမှ စိမ့်ထွက်သော အေးမြသောရေ
English:
water
Grammar Note:
နာမ်
ကျောက်စက်ရီ၂
[t͡ɕɔ́ɛʔsɛʔɹí၂]
Arakanese:
(ဥပစာ)အလွန် ကြည်လင်အီးမြရေ ရေကိုခေါ်သော စကားလုံး
Burmese:
(ဥပစာ)အလွန် ကြည်လင်အေးမြသော ရေကိုခေါ်သော စကားလုံး
English:
water which seeps throught rock revices
Grammar Note:
နာမ်
ကျောက်စရစ်ခဲ
[t͡ɕɔ́ɛʔsɹɪʔkʰɛ]
Arakanese:
အလွန်မာကျောသော ကျောက်သီးလုံးအချေ
Burmese:
အလွန်မာကျောသော ကျောက်ခဲလုံးကလေး
English:
stone
Grammar Note:
နာမ်
ကျောက်စာ
[t͡ɕɔ́ɛʔsà]
Arakanese:
ကျောက်တိုင်၊ ကျောက်ချပ်၊ ကျောက်လုံးထက်မာ ရီးထိုးထားရေ စာ
Burmese:
ကျောက်တိုင်၊ ကျောက်ချပ်၊ ကျောက်လုံးပေါ်တွင် ရေးထိုးထားသော စာ
English:
stone inscription
Grammar Note:
နာမ်
ကျောက်စာတိုင်
[t͡ɕɔ́ɛʔsàtàɪɴ]
Arakanese:
ကုသိုလ်ကောင်းမှု တခုခုကို အကြောင်းပြပြီးကေကေ တနည်း ပိဋကတ်သုံးပုံကို ကျောက်ချပ်ပြားမာ စာရီးထိုးပနာ စိုက်ထူထားရေ ကျောက်တိုင်
Burmese:
ကုသိုလ်ကောင်းမှု တစ်ခုခုကို အကြောင်းပြု၍ သို့မဟုတ် ပိဋကတ်သုံးပုံကို ကျောက်ချပ်ပြားတွင် စာရေးထိုး၍ စိုက်ထူထားသော ကျောက်တိုင်
English:
obelisk
Grammar Note:
နာမ်
ကျောက်စာထိုး
[t͡ɕɔ́ɛʔsàtʰó]
Arakanese:
ကျောက်ချပ် ကျောက်ပြား၊ ကျောက်လုံးထက်မာ စာကို ကျောက်စူးနန့် ရီးထွင်းသည်
Burmese:
ကျောက်ချပ် ကျောက်ပြား၊ ကျောက်လုံးပေါ်တွင် စာကို ကျောက်စူးဖြင့် ရေးထွင်းသည်
English:
lapicide
Grammar Note:
ကြိယာ
ကျောက်စိမ်း
[t͡ɕɔ́ɛʔséɪɴ]
Arakanese:
အစိမ်းရောင်ဟိရေ အမျက်ရတနာတမျိုး
Burmese:
အစိမ်းရောင်ရှိသော အမျက်ရတနာတစ်မျိုး
English:
jade
Grammar Note:
နာမ်
ကျောက်စု
[t͡ɕɔ́ɛʔsoʊ]
Arakanese:
ကျောက်တုံး ကျောက်သီးများ စုဝေးဟိနိန်ရေနီရာ
Burmese:
ကျောက်တုံး ကျောက်ခဲများ စုဝေးရှိနေသောနေရာ
English:
stone
Grammar Note:
နာမ်
ကျောက်စွယ်
[t͡ɕɔ́ɛʔswɛ̀]
Arakanese:
၁၊ ကျောက်ဆောင်မှပိုပြီးကေ ထိုးထွက်နိန်ရေအစွန်း။၂၊ ရေမျက်နှာပြင်ထက်ရို့ ထိုးထွက်နိန်ရေအစွန်း။ ၂၊ ရေမျက်နှာပြင်ထက်ရို့ ထိုးထွက်ပြီးကေချွန်နိန်ရေ ကျောက်
Burmese:
၁၊ ကျောက်ဆောင်မှပို၍ ထိုးထွက်နေသောအစွန်း။၂၊ ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်နေသောအစွန်း။ ၂၊ ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်၍ချွန်နေသော ကျောက်
English:
cliff
Grammar Note:
နာမ်
ကျောက်ဆစ်
[t͡ɕɔ́ɛʔsʰɪʔ]
Arakanese:
ကျောက်ကို ထုထွင်းမှုအတတ်၌ တတ်ကျွမ်းသူ
Burmese:
ကျောက်ကို ထုထွင်းမှုအတတ်၌ ကျွမ်းကျင်သူ
English:
graver
Grammar Note:
နာမ်
ကျောက်ဆစ်၂
[t͡ɕɔ́ɛʔsʰɪʔ၂]
Arakanese:
ကျောက်ကို ထွင်းထုပြုပျင်သည်
Burmese:
ကျောက်ကို ထွင်းထုပြုပြင်သည်
English:
grave
Grammar Note:
ကြိယာ
ကျောက်ဆစ်၃
[t͡ɕɔ́ɛʔsʰɪʔ၃]
Arakanese:
ခါးဆစ်၏ နောက်ကျောဖက်။ တင်သား၏ အထက်ခါးဆစ်။ အလုပ်ထောင်းထောင်း၊ ကျောက်ဆစ်ညောင်း၍ (ထွန်းတိ)။ ပြီးသွားမယင်၊ ခြီကိုငင်၍၊ တင်ကျောက်ဆစ်သီ၊ လိုက်ခါမှီကေ (ကော်)
Burmese:
ခါးဆစ်၏ နောက်ကျောဖက်။ တင်ပါး၏ အထက်ခါးဆစ်။ အလုပ်ထောင်းထောင်း၊ ကျောက်ဆစ်ညောင်း၍ (ထွန်းတိ)။ ပြီးသွားမယင်၊ ခြီကိုငင်၍၊ တင်ကျောက်ဆစ်သီ၊ လိုက်လို့မှီကေ (ကော်)
English:
waist
Grammar Note:
နာမ်
ကျောက်ဆတ်
[t͡ɕɔ́ɛʔsʰaʔ]
Arakanese:
ကျောက်ကိုထွင်း ထုဆစ်ရရေ စူးဆောက်အစဟိစွာ့ကိရိယာ
Burmese:
ကျောက်ကိုထွင်း ထုဆစ်ရသော စူးဆောက်စသည့်ကိရိယာ
English:
sculpt(stone)
Grammar Note:
နာမ်
ကျောက်ဆတ်၂
[t͡ɕɔ́ɛʔsʰaʔ၂]
Arakanese:
ကျောက်ကို အချပ်လိုက်၊ ဗြက်ပြုလုပ်ရေ
Burmese:
ကျောက်ကို အချပ်လိုက်၊ အပြားလိုက်ပြုလုပ်သည်
English:
Lapis-lazuli
Grammar Note:
ကြိယာ
ကျောက်ဆရာ
[t͡ɕɔ́ɛʔsʰɹà]
Arakanese:
ကျောက်ရောဂါကို ကာကွယ်ကုသပီးရေသူ
Burmese:
ကျောက်ရောဂါကို ကာကွယ်ကုသပေးသောသူ
English:
doctor
Grammar Note:
နာမ်
ကျောက်ဆောင်
[t͡ɕɔ́ɛʔsʰàʊɴ]
Arakanese:
အထုအထည်ကြီးမားသည့် ကျောက်အစိုင်အခဲကြီး
Burmese:
အထုအထည်ကြီးမားသည့် ကျောက်အစိုင်အခဲကြီး
English:
stone
Grammar Note:
နာမ်
ကျောက်တံ
[t͡ɕɔ́ɛʔtံ]
Arakanese:
ပျိုင်သင်ပုန်းမာ စာရီးရန် ကျောက်ကိုပြုလုပ်ထားရေ အချောင်းငယ်
Burmese:
ကျောက်သင်ပုန်းတွင် စာရေးရန် ကျောက်ကိုပြုလုပ်ထားသော အချောင်းငယ်
English:
state pencil
Grammar Note:
နာမ်
ကျောက်တည်
[t͡ɕɔ́ɛʔtɛ̀]
Arakanese:
ဆီးအိမ်၌ မာကျောသော အခဲချေတိ ဖြစ်ပေါ်သည်
Burmese:
ဆီးအိမ်၌ မာကျောသော အခဲလေးများ ဖြစ်ပေါ်သည်
English:
cpt stone
Grammar Note:
ကြိယာ