Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,061–2,080 of 3,186 words

    က

    ကျောက်တန်း

    [t͡ɕɔ́ɛʔtáɴ]
    ကောက်လှိုင်းတိကို အဆင့်ဆင့် အလျားရှည်ပုံထားရေ ကောက်လှိုင်း ပုံနည်းတမျိုး
    ကောက်လှိုင်းများကို အဆင့်ဆင့် အလျားရှည်ပုံထားသော ကောက်လှိုင်း ပုံနည်းတစ်မျိုး
    windrower
    နာမ်

    ကျောက်တန်း၂

    [t͡ɕɔ́ɛʔtáɴ၂]
    ပင်လယ်၊ မြစ်၊ ချောင်း အစဟိစွာရို့၏ ရီထဲမာ အတန်းလိုက်ပေါ်ထွက်နိန်ရေ ကျောက်ဆောင်များ
    ပင်လယ်၊ မြစ်၊ ချောင်း စသည်တို့၏ ရေထဲတွင် အတန်းလိုက်ပေါ်ထွက်နေသော ကျောက်ဆောင်များ
    rock
    နာမ်

    ကျောက်တိုင်

    [t͡ɕɔ́ɛʔtàɪɴ]
    ၁၊ မရွေ့မပြောင်း တည်တံ့ရေ။ ခိုင်မြဲရေ။ ၂၊ အခိုင်အမာစွဲသည်
    ၁၊ မရွေ့မပြောင်း တည်တံ့သည်။ ခိုင်မြဲသည်။ ၂၊ အခိုင်အမာစွဲသည်
    bonding
    ကြိယာ

    ကျောက်တိုင်၂

    [t͡ɕɔ́ɛʔtàɪɴ၂]
    ကိုယ်ရို့၏နယ်မြီအဖြစ် သတ်မှတ်စိုက်ထူထားရေ တိုင်
    မိမိတို့၏နယ်မြေအဖြစ် သတ်မှတ်စိုက်ထူထားသော တိုင်
    pillar
    နာမ်

    ကျောက်တုံး

    [t͡ɕɔ́ɛʔtóʊɴ]
    မာကျောသော မြီစိုင်ခဲကြီး
    မာကျောသော မြေစိုင်ခဲကြီး
    rock
    နာမ်

    ကျောက်တောင်

    [t͡ɕɔ́ɛʔtàʊɴ]
    တောင်ပိုင် အထုအထည်ကြီးမား၍ မာကျောသော ကျောက်စိုင်ခဲကြီး။ မာကျောသော အစိုင်ခဲကြီး
    တောင်သဖွယ် အထုအထည်ကြီးမား၍ မာကျောသော ကျောက်စိုင်ခဲကြီး။ မာကျောသော အစိုင်ခဲကြီး
    stone
    နာမ်

    ကျောက်တွင်း

    [t͡ɕɔ́ɛʔtwɪ́ɴ]
    ၁၊ လက်ကောက်၊ လက်စွပ်အစဟိစွာရို့မာ ကျောက်တပ်ရာမား။ ၂၊ ကျောက်ချပ်များနန့် ပြုလုပ်ထားရေအုတ်မား။ ၃၊ သဘာဝကျောက်မာ အုတ်မားပိုင် ဖြစ်ပေါ်နိန်ရေမား။ ကျောက်လွှာတိကို ထုထစ်၍ ပြုလုပ်ထားရေမား
    ၁၊ လက်ကောက်၊ လက်စွပ်စသည်တို့တွင် ကျောက်တပ်ရာတွင်း။ ၂၊ ကျောက်ချပ်များဖြင့် ပြုလုပ်ထားသောရေတွင်း။ ၃၊ သဘာဝကျောက်တွင် ရေတွင်းကဲ့သို့ ဖြစ်ပေါ်နေသောတွင်း။ ကျောက်လွှာများကို ထုထစ်၍ ပြုလုပ်ထားသောတွင်း
    well
    နာမ်

    ကျောက်ထက်အက္ခရာတင်

    [t͡ɕɔ́ɛʔtʰɛʔʔkʰə́kʰaɹàtɪ̀ɴ]
    ပိဋကတ်စာပီအက္ခရာ အရီးအသားရို့ကို ကျောက်ချပ်ထက်မာ ရီးထိုးသည်
    ပိဋကတ်စာပေအက္ခရာ အရေးအသားတို့ကို ကျောက်ချပ်ပေါ်တွင် ရေးထိုးသည်
    inscribe on a stone tablet in scribe on palm-leaves
    ကြိယာ

    ကျောက်ထိုး

    [t͡ɕɔ́ɛʔtʰó]
    ကျောက်ရောဂါမဖြစ်ရယောင် အကာအကွယ်အဖြစ် ဆီးထိုးနှံသည်
    ကျောက်ရောဂါမဖြစ်ရအောင် အကာအကွယ်အဖြစ် ဆေးထိုးနှံသည်
    pox recovery injection
    ကြိယာ

    ကျောက်ထီး

    [t͡ɕɔ́ɛʔtʰï]
    ထီးပိုင်ကျောက်ကို အဝိုင်ကြီးဆက်ပြီးကေ စာတီဖျား၌ တင်ထားရေ ထီးတမျိုး။ မြောက်ဦးမြို့မာ တချို့စာတီပုထိုးရို့မာ တွိမြင်ရသိရေ
    ထီးသဖွယ်ကျောက်ကို အဝိုင်ကြီးဆက်၍ စေတီဖျား၌ တင်ထားသော ထီးတစ်မျိုး။ မြောက်ဦးမြို့တွင် အချို့စေတီပုထိုးတို့၌ တွေ့မြင်ရသေးသည်
    umbrella
    နာမ်

    ကျောက်ထီးတန္တု

    [t͡ɕɔ́ɛʔtʰïtn̪a̰n̪t̪a̰oʊ]
    ဥပစာ အလီး ဂရုပြုအပ် ပြုထိုက်သော ပုဂ္ဂိုလ်ရို့အား တင်စားပနာ သုံးနှုန်းသောစကား။ ကျောက်ထီးတန္တု။ ဂုဏ်ပြုတထွေ။ (ရခိုင်ကာ)
    ဥပစာ အလေး ဂရုပြုအပ် ပြုထိုက်သော ပုဂ္ဂိုလ်တို့အား တင်စား၍ သုံးနှုန်းသောစကား။ ကျောက်ထီးတန္တု။ ဂုဏ်ပြုတထွေ။ (ရခိုင်ကာ)
    none
    နာမ်

    ကျောက်ထုံး

    [t͡ɕɔ́ɛʔtʰóʊɴ]
    ဖြူဖတ်ဖတ် ကျောက်တမျိုးဟိ ကျောက်ကိုမီးဖုတ်ပနာ ယင်းကျောက်မှ ဖြစ်ရေ ထုံး
    ဖြူဖတ်ဖတ် ကျောက်တစ်မျိုးရှိ ကျောက်ကိုမီးဖုတ်၍ ယင်းကျောက်မှ ဖြစ်သော ထုံး
    limestone
    နာမ်

    ကျောက်ထွန်

    [t͡ɕɔ́ɛʔtʰʊ̀ɴ]
    ကျောက်ဟက်သည် မြီကြီးမာ ကောင်းစွာမစွဲမငြိပဲ လောင်း၊ သင်္ဘောဆွဲရာသို့ ပါလားရေ
    ကျောက်ဆူးသည် မြေကြီးတွင် ကောင်းစွာမစွဲမငြိပဲ လှေ၊ သင်္ဘောဆွဲရာသို့ ပါသွားသည်
    No anchor in soil attached
    ကြိယာ

    ကျောက်နဖါး

    [t͡ɕɔ́ɛʔnpʰàး]
    ၁၊ ကျောက်ဟက်၌ ကြိုးချိုင်သောအပေါက်။ ၂၊ ကျောက်တုံးချွန်ချွန်၌ သဘာဝ နဖါးပေါက်ပိုင် ဟိရေအရာ
    ၁၊ ကျောက်ဆူး၌ ကြိုးချိုင်သောအပေါက်။ ၂၊ ကျောက်တုံးချွန်ချွန်၌ သဘာဝ နဖါးပေါက်ကဲ့သို့ ရှိသောအရာ
    stone dragholes
    နာမ်

    ကျောက်နာဖီး

    [t͡ɕɔ́ɛʔnàpʰï]
    ကျောက်မရာ၏ အနာဖေး
    ကျောက်ပေါက်နာ၏ အနာဖေး
    scab
    နာမ်

    ကျောက်နာရာ

    [t͡ɕɔ́ɛʔnàɹà]
    ကျောက်ပေါက်ရားကေ အရီထက်မာချိုင့်၍ ကျန်ရစ်သော အနာဖီး။ ဆံပင်ခြူယှက်၊ သားမဲနက်သည်၊ မျက်နှာကျောက်မရာနှင့် (ကုသတု)
    ကျောက်ပေါက်ပြီးနောက် အရေပေါ်တွင်ချိုင့်၍ ကျန်ရစ်သော အမာရွက်။ ဆံပင်ခြူယှက်၊ သားမဲနက်သည်၊ မျက်နှာကျောက်မရာနှင့် (ကုသတု)
    cicatrice
    နာမ်

    ကျောက်နီ

    [t͡ɕɔ́ɛʔní]
    နီသောအရောင်ဟိရေ ကျောက်မျက်ရတနာတမျိုး
    နီသောအရောင်ရှိသော ကျောက်မျက်ရတနာတစ်မျိုး
    red gem; ruby
    နာမ်

    ကျောက်နီမေါ်

    [t͡ɕɔ́ɛʔnímɔ̀]
    ၁၊ နီသော အရောင်ဟိရေ ကျောက်ဆောင်၏ စွန်းထွက်နိန်ရေအစွန်း။ အငူ။ ၂၊ ယင်းပိုင် နာမည်ဟိသောရွာ
    ၁၊ နီသော အရောင်ရှိသော ကျောက်ဆောင်၏ စွန်းထွက်နေသောအစွန်း။ အငူ။ ၂၊ ယင်းသို့ အမည်ရှိသောရွာ
    red jag
    နာမ်

    ကျောက်နု

    [t͡ɕɔ́ɛʔnoʊ]
    မာကျောသည် မဟုတ်ရေ နုသော ကျောက်တမျိုး
    မာကျောသည် မဟုတ်သော နုသော ကျောက်တစ်မျိုး
    soft rock
    နာမ်

    ကျောက်နုတ်

    [t͡ɕɔ́ɛʔnoʊʔ]
    သင်္ဘော၊ လောင်းေရို့မာ ရီထဲကို ချထားရေ ကျောက်ဟက်ကို ပြန်ပနာ ဖော်နုတ်ယူရေ
    သင်္ဘော၊ လှေေတို့မှာ ရေထဲသို့ ချထားသော ကျောက်ဆူးကို ပြန်လည် ဖော်နုတ်ယူသည်
    unmoor
    ကြိယာ