Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,101–2,120 of 3,186 words

    က

    ကျောက်မာရာ

    [t͡ɕɔ́ɛʔmàɹà]
    ကျောက်ပေါက်ရားကေ အရီထက်မာချိုင့်၍ ကျန်ရစ်သော အနာဖီး။ ဆံပင်ခြူယှက်၊ သားမဲနက်သည်၊ မျက်နှာကျောက်မရာနှင့် (ကုသတု)
    ကျောက်ပေါက်ပြီးနောက် အရေပေါ်တွင်ချိုင့်၍ ကျန်ရစ်သော အမာရွက်။ ဆံပင်ခြူယှက်၊ သားမဲနက်သည်၊ မျက်နှာကျောက်မရာနှင့် (ကုသတု)
    cicatrice
    နာမ်

    ကျောက်မီးသွီး

    [t͡ɕɔ́ɛʔmïθwï]
    မြေမားထဲက တူးဖော်ရဟိရေ့ မဲနက်ရေ ကျောက်တမျိုး။ အယင်က သင်္ဘောခုတ်မောင်းရာမာ လောင်စာအဖြစ် အသုံးပြု သည်
    မြေတွင်းထဲမှ တူးဖော်ရရှိသည့် မည်းနက်သော ကျောက်တစ်မျိုး။ ယခင်က သင်္ဘောခုတ်မောင်းရာတွင် လောင်စာအဖြစ် အသုံးပြု သည်
    coal
    နာမ်

    ကျောက်မျက်ရွဲ

    [t͡ɕɔ́ɛʔmrɛʔɹwɛ]
    ၁၊ ကျောက်မျက်ရတနာ အားလုံးကို ခြုံ၍ခေါ်သော စကားလုံး။ ၂၊ ပတ္တမြားအမျိုးဝင် ကျောက်မျက်ရတနာ တမျိုး။ ကျောက်မြှုပ်မာ ကျောက်မြှုပ်ဖြူးဖွေး၍ ပေါ့သော ဆီးဖက်၀င်သော ကျောက်တမျိုး
    ၁၊ ကျောက်မျက်ရတနာ အားလုံးကို ခြုံ၍ခေါ်သော စကားလုံး။ ၂၊ ပတ္တမြားအမျိုးဝင် ကျောက်မျက်ရတနာ တစ်မျိုး။ ကျောက်မြှုပ်တွင် ကျောက်မြှုပ်ဖြူးဖွေး၍ ပေါ့သော ဆေးဖက်၀င်သော ကျောက်တစ်မျိုး
    ruby
    နာမ်

    ကျောက်ရည်

    [t͡ɕɔ́ɛʔɹɛ̀]
    ကျောက်ရောဂါအနာမာ တည်သောအရည်
    ကျောက်ရောဂါအနာတွင် တည်သောအရည်
    none
    နာမ်

    ကျောက်ရိုး

    [t͡ɕɔ́ɛʔɹó]
    ၁၊ ရှေးဖြစ်နှောင်းဖြစ်ကို ဟောတတ်ရေသူ။ ၂၊ ယင်းပိုင်သော ဟောတတ်ရေသူ
    ၁၊ ရှေးဖြစ်နှောင်းဖြစ်ကို ဟောတတ်သောသူ။ ၂၊ ယင်းသို့သော ဟောတတ်သောသူ
    clairvoyant
    နာမ်

    ကျောက်ရိုင်း

    [t͡ɕɔ́ɛʔɹáɪɴ]
    သတ္တုအရိုင်းမျိုး
    သတ္တုအရိုင်းမျိုး
    topaz
    နာမ်

    ကျောက်ရီစစ်

    [t͡ɕɔ́ɛʔɹísɪʔ]
    အနည်များရေရေ၌ အနည်မပါစီရန်ပြုလုပ်ရေ ရီစစ်။ ယင်းရီစစ်ကို အနည်များရေ ရေ၌ နှစ်၍ထားက အကြည်ရေရရေ
    အနည်များသောရေ၌ အနည်မပါစေရန်ပြုလုပ်သော ရေစစ်။ ၎င်းရေစစ်ကို အနည်များသော ရေ၌ နှစ်၍ထားက အကြည်ရေရသည်
    water which seeps throught rock revices
    နာမ်

    ကျောက်ရီတွင်း

    [t͡ɕɔ́ɛʔɹítwɪ́ɴ]
    ကျောက်ကိုဆက်ပြီးကေ ကျောက်ချပ်များနန့် ပြုလုပ်ထားရေ အုတ်မား
    ကျောက်ကိုဆက်၍ ကျောက်ချပ်များဖြင့် ပြုလုပ်ထားသော ရေတွင်း
    well
    နာမ်

    ကျောက်ရူး

    [t͡ɕɔ́ɛʔɹùး]
    ကျောက်ပေါက်ပနာ မျက်နှာထက်မာ အချိုင့်အချေဟိသူအား မခံချိမခံသာဖြစ်ယောင် နှိမ့်ချလိုရေတွက်နန့် ပြောဆိုရေ စကားလုံး
    ကျောက်ပေါက်၍ မျက်နှာပေါ်တွင် အချိုင့်ကလေးရှိသူအား မခံချိမခံသာဖြစ်အောင် နှိမ့်ချလို၍ ပြောဆိုသော စကားလုံး
    cheap gibe
    နာမ်

    ကျောက်လက်စ

    [t͡ɕɔ́ɛʔlɛʔs]
    ကျောက်ဆီးထိုးသော အမာရာ
    ကျောက်ဆေးထိုးသော အမာရာ
    cicatrice
    နာမ်

    ကျောက်ဝင်

    [t͡ɕɔ́ɛʔwɪ̀ɴ]
    ၁၊ ကျောက်ရောဂါ ငုပ်ဝင်လှားရေ။ ၂၊ ကျောက်၏ငုပ်တိုင်
    ၁၊ ကျောက်ရောဂါ ငုပ်ဝင်သွားသည်။ ၂၊ ကျောက်၏ငုပ်တိုင်
    monolith
    ကြိယာ

    ကျောက်ဝါး

    [t͡ɕɔ́ɛʔwàး]
    လောင်း၊ သင်္ဘော မရွေ့မလား ရပ်တည်နီအောင် ကြိုးတပ်ပြီးကေ ရေမာချထားပြီးသား မြေမာကုပ်ထားရေ သံစူးကြီး။ ကျောက်ဟက်
    လှေ၊ သင်္ဘော မရွေ့မသွား ရပ်တည်နေအောင် ကြိုးတပ်၍ ရေတွင်ချထားပြီး မြေတွင်ကုပ်ထားသော သံဆူးကြီး။ ကျောက်ဆူး
    anchor
    နာမ်

    ကျောက်ဝါးကြိုး

    [t͡ɕɔ́ɛʔwàးt͡ɕó]
    သင်္ဘောရေယာဉ်ရို့၏ ကျောက်ဟက်ကို ခြည်သောကြိုး
    သင်္ဘောရေယာဉ်တို့၏ ကျောက်ဆူးကို ချည်သောကြိုး
    anchor
    နာမ်

    ကျောက်သင်ပုန်း

    [t͡ɕɔ́ɛʔθɪ̀ɴpóʊɴ]
    ကျောက်အလွှာကို လုပ်ထားရေ စာရီးရန်သင်ပုန်း
    ကျောက်အလွှာကို လုပ်ထားသော စာရေးရန်သင်ပုန်း
    blackboard
    နာမ်

    ကျောက်သရစ်

    [t͡ɕɔ́ɛʔθɹɪʔ]
    အလွန်မာကျောသော ကျောက်သီးလုံးအချေ။ နင်းသွားမတတ်၊ ကျောက်သရစ်နှင့် ထိခိုက်လတ်က၊ ဆွတ်ဆတ်လည်းနာ (ဓမ္မသာ)
    အလွန်မာကျောသော ကျောက်ခဲလုံးကလေး။ နင်းသွားမတတ်၊ ကျောက်သရစ်နှင့် ထိခိုက်လတ်က၊ ဆွတ်ဆတ်လည်းနာ (ဓမ္မသာ)
    pebble
    နာမ်

    ကျောက်သလေး

    [t͡ɕɔ́ɛʔθlé]
    အလွန်မာကျောသော ကျောက်သီးလုံးအချေ။ နင်းသွားမတတ်၊ ကျောက်သရစ်နှင့် ထိခိုက်လတ်က၊ ဆွတ်ဆတ်လည်းနာ (ဓမ္မသာ)
    အလွန်မာကျောသော ကျောက်ခဲလုံးကလေး။ နင်းသွားမတတ်၊ ကျောက်သရစ်နှင့် ထိခိုက်လတ်က၊ ဆွတ်ဆတ်လည်းနာ (ဓမ္မသာ)
    pebble
    နာမ်

    ကျောက်သား

    [t͡ɕɔ́ɛʔθá]
    အလျားတထောင် အနံတပေခန့်ဟိ ကျောက်ဖျိုင်မာ လက်နှစ်ဖက်နန့်ဖိ၍ ငရုပ်ကြိတ်ရရေ လုံးပတ် ၁၂ လက်မပတ်လည် အလျား ၁၀ လက်မခန့်ဟိ ကျောက်လုံးချောအချေ
    အလျားတစ်ထောင် အနံတစ်ပေခန့်ရှိ ကျောက်ပျဉ်တွင် လက်နှစ်ဖက်ဖြင့်ဖိ၍ ငရုပ်ကြိတ်ရသော လုံးပတ် ၁၂ လက်မပတ်လည် အလျား ၁၀ လက်မခန့်ရှိ ကျောက်လုံးချောကလေး
    muller
    နာမ်

    ကျောက်သျှေ

    [t͡ɕɔ́ɛʔʃè]
    ၁၊ ကျောက်သီးငယ်အချေ။ ငယ်သောကျောက်။ ၂၊ ရွာ၏အမည်တခု
    ၁၊ ကျောက်ခဲငယ်ကလေး။ ငယ်သောကျောက်။ ၂၊ ရွာ၏အမည်တစ်ခု
    stone
    နာမ်

    ကျောက်ဟက်

    [t͡ɕɔ́ɛʔhɛʔ]
    လောင်း၊ သင်္ဘောမရွေ့မလား ရပ်တည်နီအောင် ကြိုးတပ်ပြီးကေ ရေမာချထားပြီးသား မြေမာကုပ်ထားရေ သံစူးကြီး။ ကျောက်ဟက်။ ကျောက်ကိုက်ကိုချ၊ ရွက်ကိုမပြီးကေ၊ နီဖို့တုံလိုက်၊ ထိုအခိုက်မာ (ထွန်းတိ)
    လှေ၊ သင်္ဘောမရွေ့မသွား ရပ်တည်နေအောင် ကြိုးတပ်၍ ရေတွင်ချထားပြီး မြေတွင်ကုပ်ထားသော သံဆူးကြီး။ ကျောက်ဆူး။ ကျောက်ဟက်ကိုချ၊ ရွက်ကိုမ၍၊ နေမည်တုံလိုက်၊ ထိုအခိုက်တွင် (ထွန်းတိ)
    anchor
    နာမ်

    ကျောက်ဟက်ကြိုး

    [t͡ɕɔ́ɛʔhɛʔt͡ɕó]
    ကျောက်ဝါးကြိုး။ သင်္ဘောရီရိုး၊ ကျောက်ကိုက်ကြိုးကို၊ ဖြတ်နှိုင်ဖို့သူ၊ တလူမဟိ(ထွန်းတိ)
    ကျောက်ဝါးကြိုး။ သင်္ဘောရီရိုး၊ ကျောက်ဟက်ကြိုးကို၊ ဖြတ်နိုင်မည်သူ၊ တလူမဟိ(ထွန်းတိ)
    anchor string
    နာမ်