Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,141–2,160 of 3,186 words

    က

    ကျောင်းစားကျောင်းနီ

    [t͡ɕáʊɴsát͡ɕáʊɴní]
    ကျောင်းမာ စားသောက်နီထိုင်ပနာ ပညာသင်ယူသူ
    ကျောင်းတွင် စားသောက်နေထိုင်၍ ပညာသင်ယူသူ
    student
    နာမ်

    ကျောင်းစိုနံ

    [t͡ɕáʊɴsÒnံ]
    ဘုန်းကြီးကျောင်း၌ စာဆိုစာဖတ်သော အသံ
    ဘုန်းကြီးကျောင်း၌ စာဆိုစာကျက်သော အသံ
    study lessons
    နာမ်

    ကျောင်းစိုနံ၂

    [t͡ɕáʊɴsÒnံ၂]
    စာမသင်ပေမသင်သော ဘုန်းကြီးကျောင်း၌ တခေါက်တခါစာသံပေသံ ကြားရရေအခါ ရှုတ်ချလိုရေ သဘောနန့်ပြောသော စကား
    စာမသင်ပေမသင်သော ဘုန်းကြီးကျောင်း၌ တစ်ကြိမ်တစ်ခါစာသံပေသံ ကြားရသောအခါ ရှုတ်ချလိုသော သဘောဖြင့်ပြောသော စကား
    none
    နာမ်

    ကျောင်းစုတ်

    [t͡ɕáʊɴsoʊʔ]
    အမည်မထင်ပေါ်သော သာမညကျောင်း
    အမည်မထင်ပေါ်သော သာမညကျောင်း
    school
    နာမ်

    ကျောင်းဆင်း

    [t͡ɕáʊɴsʰɪ́ɴ]
    ၁၊ ကျောင်းရွှတ်ရေ။ ၂၊ ကျောင်း၌ ဘွဲ့ရသင်ယူပြီးပနာ ထွက်လှာသည်
    ၁၊ ကျောင်းလွတ်သည်။ ၂၊ ကျောင်း၌ ဘွဲ့ရသင်ယူပြီး၍ ထွက်လာသည်
    gratuate
    ကြိယာ

    ကျောင်းဆရာ

    [t͡ɕáʊɴsʰɹà]
    စာသင်ကျောင်းမာ ပညာသင်ပီးသောသူ
    စာသင်ကျောင်းတွင် ပညာသင်ပေးသောသူ
    teacher
    နာမ်

    ကျောင်းဆောင်

    [t͡ɕáʊɴsʰàʊɴ]
    ၁၊ ကျောင်းတိုက် ထဲမာ အသီးသီးဆောက်ထားရေ ပါဝင်ရေ အဆောင်။ ၂၊ ဘုရားရုပ်ပွားတော်များ ထည့်သွင်းထားရေ အဆောင်ငယ်
    ၁၊ ကျောင်းတိုက် ထဲတွင် အသီးသီးဆောက်ထားသော ပါဝင်သော အဆောင်။ ၂၊ ဘုရားရုပ်ပွားတော်များ ထည့်သွင်းထားသော အဆောင်ငယ်
    building in a monastery
    နာမ်

    ကျောင်းတက်

    [t͡ɕáʊɴtɛʔ]
    ကျောင်း၌စပြီးကေ ပညာသင်ကြား သင်ယူရေ
    ကျောင်း၌စ၍ ပညာသင်ကြား သင်ယူသည်
    learn
    ကြိယာ

    ကျောင်းတပ်

    [t͡ɕáʊɴtaʔ]
    ၁၊ ကျောင်းကိုပတ်ဆီး ကန့်ထားရေ အကာအရံ။ ၂၊ ကျောင်းပုရဝုဏ်
    ၁၊ ကျောင်းကိုပတ်ဆီး ကန့်ထားသော အကာအရံ။ ၂၊ ကျောင်းပုရဝုဏ်
    precinct
    နာမ်

    ကျောင်းတိုက်

    [t͡ɕáʊɴtaɪʔ]
    အုပ်ချုပ်မှုတခုတည်း အောက်မာဟိရေ ဘုန်းကြီးကျောင်း အစု
    အုပ်ချုပ်မှုတစ်ခုတည်း အောက်တွင်ရှိသော ဘုန်းကြီးကျောင်း အစု
    monasteries
    နာမ်

    ကျောင်းထား

    [t͡ɕáʊɴtʰá]
    ၁၊ သားငယ်သမီးသျှေရို့ကို ကျောင်းကိုလား၍ ပညာသင်ယူစီရေ။ ၂၊ ပညာသင်ပီးစီရန် ဆရာထံအပ်နှံခရေ
    ၁၊ သားငယ်သမီးငယ်တို့ကို ကျောင်းသို့သွား၍ ပညာသင်ယူစေသည်။ ၂၊ ပညာသင်ပေးစေရန် ဆရာထံအပ်နှံခဲ့သည်
    devolve
    ကြိယာ

    ကျောင်းထိန်း

    [t͡ɕáʊɴtʰéɪɴ]
    ကျောင်းတိုက် တခုလုံးကို အုပ်ချုပ်ရေပုဂ္ဂိုလ်။ ဆရာကြီး
    ကျောင်းတိုက် တစ်ခုလုံးကို အုပ်ချုပ်သောပုဂ္ဂိုလ်။ ဆရာကြီး
    headmaster
    နာမ်

    ကျောင်းထိုင်

    [t͡ɕáʊɴtʰàɪɴ]
    ကျောင်းမာ အကြီးအကဲပုဂ္ဂိုလ်။ ဘုန်းကြီး
    ကျောင်းတွင် အကြီးအကဲပုဂ္ဂိုလ်။ ဘုန်းကြီး
    headmaster
    နာမ်

    ကျောင်းထိုင်၂

    [t͡ɕáʊɴtʰàɪɴ၂]
    အကြီးအကဲ ကျောင်းဘုန်းကြီးအဖြစ် သီတင်းသုံးနီထိုင်သည်
    အကြီးအကဲ ကျောင်းဘုန်းကြီးအဖြစ် သီတင်းသုံးနေထိုင်သည်
    stay
    ကြိယာ

    ကျောင်းထောင်

    [t͡ɕáʊɴtʰàʊɴ]
    ကျောင်းတိုက် တခုလုံးဟိ ဝန်ဝန်အစဟိစွာ
    ကျောင်းတိုက် တစ်ခုလုံးရှိ ဝန်ပစ္စည်းစသည်
    utensils
    နာမ်

    ကျောင်းနီ

    [t͡ɕáʊɴní]
    ၁၊ ကျောင်းမာ အကြီးအကဲပုဂ္ဂိုလ်။ ဘုန်းကြီး။ ၂၊ ကျောင်း၌နိန်ပနာ ပညာသင်ယူရေ
    ၁၊ ကျောင်းတွင် အကြီးအကဲပုဂ္ဂိုလ်။ ဘုန်းကြီး။ ၂၊ ကျောင်း၌နေ၍ ပညာသင်ယူသည်
    headmaster
    နာမ်

    ကျောင်းနီကျောင်းစား

    [t͡ɕáʊɴnít͡ɕáʊɴsá]
    ကျောင်းမာ စားသောက်နီထိုင်ပနာ ပညာသင်ယူသူ
    ကျောင်းတွင် စားသောက်နေထိုင်၍ ပညာသင်ယူသူ
    student
    နာမ်

    ကျောင်းနီဖက်

    [t͡ɕáʊɴnípʰɛʔ]
    ကျောင်း၌တတူတကွ ပညာသင်ဖက် သူငယ်ချင်း။ ကျောင်းမာနီဖော်၊ သူငယ်တော်ကို၊ မျက်ပါးခဏ၊ မမြင်ရရေ်၊ (ထွန်းတိ)
    ကျောင်း၌အတူတကွ ပညာသင်ဖက် သူငယ်ချင်း။ ကျောင်းမှာနီဖော်၊ သူငယ်တော်ကို၊ မျက်ပါးခဏ၊ မမြင်ရသော်၊ (ထွန်းတိ)
    friend
    နာမ်

    ကျောင်းနီဖော်

    [t͡ɕáʊɴnípʰɔ̀]
    ကျောင်း၌တတူတကွ ပညာသင်ဖက် သူငယ်ချင်း။ ကျောင်းမာနီဖော်၊ သူငယ်တော်ကို၊ မျက်ပါးခဏ၊ မမြင်ရရေ်၊ (ထွန်းတိ)
    ကျောင်း၌အတူတကွ ပညာသင်ဖက် သူငယ်ချင်း။ ကျောင်းမှာနီဖော်၊ သူငယ်တော်ကို၊ မျက်ပါးခဏ၊ မမြင်ရသော်၊ (ထွန်းတိ)
    friend
    နာမ်

    ကျောင်းနှံ

    [t͡ɕáʊɴn̥ံ]
    ၁၊ သားငယ်သမီးသျှေရို့ကို ကျောင်းကိုလား၍ ပညာသင်ယူစီရေ။ ၂၊ ပညာသင်ပီးစီရန် ဆရာထံအပ်နှံခရေ
    ၁၊ သားငယ်သမီးငယ်တို့ကို ကျောင်းသို့သွား၍ ပညာသင်ယူစေသည်။ ၂၊ ပညာသင်ပေးစေရန် ဆရာထံအပ်နှံခဲ့သည်
    devolve
    ကြိယာ