Dictionary Entries
Showing 2,161–2,180 of 3,186 words
က
ကျောင်းပြီး
[t͡ɕáʊɴpɹï]
Arakanese:
ကျောင်းမတက်ပဲ ယှောင်ဗြီးနိန်ရေ
Burmese:
ကျောင်းမတက်ပဲ တိမ်းရှောင်နေသည်
English:
absent
Grammar Note:
ကြိယာ
ကျောင်းရင်ပြင်
[t͡ɕáʊɴɹɪ̀ɴpɹɪ̀ɴ]
Arakanese:
ကျောင်းတော်၏ ညီညာပြန့်ပြူးသော မျက်နှာစာမြီပြင်။ ဘုရား၊ ပုထိုး၊ ကျောင်းရင်ပြင်၌ ရဟန်းပရိသတ်၊ လူပရိတ်သတ်ရို့၏ စုံညီစွာ (ဓညသစ်)
Burmese:
ကျောင်းတော်၏ ညီညာပြန့်ပြူးသော မျက်နှာစာမြေပြင်။ ဘုရား၊ ပုထိုး၊ ကျောင်းရင်ပြင်၌ ရဟန်းပရိသတ်၊ လူပရိတ်သတ်တို့၏ စုံညီစွာ (ဓညသစ်)
English:
precinct
Grammar Note:
နာမ်
ကျောင်းသံပီး
[t͡ɕáʊɴθံpï]
Arakanese:
အာရုံ၊ မွန်းစောင်း ဆွမ်းစားသည်အခါ၌ ပင်ဖြစ်ဖြစ် တီးခတ်သော သံစည်သံ။ အုန်းမောင်းသံ
Burmese:
အာရုံ၊ မွန်းတည့် ဆွမ်းစားသောအခါ၌ လည်းကောင်း တီးခတ်သော ကြေးစည်သံ။ အုန်းမောင်းသံ
English:
drum made from a hollowed log
Grammar Note:
နာမ်
ကျောင်းသံပီး၂
[t͡ɕáʊɴθံpï၂]
Arakanese:
ယင်းပိုင် သံစည်၊ အုန်းမောင်းတီးခတ်သည်
Burmese:
ယင်းသို့ ကြေးစည်၊ အုန်းမောင်းတီးခတ်သည်
English:
drum made from a hollowed log
Grammar Note:
ကြိယာ
ကျောင်းသံပီသံ
[t͡ɕáʊɴθံpíθံ]
Arakanese:
ဘုန်းကြီးကျောင်း၌ စာအံ၊ စာဖတ်သော အသံကိုလေ့သော့၊ ညဇာဘုရားဝတ်ပြုရေ အသံကိုလေ့သော့ ကြားရရေအသံ
Burmese:
ဘုန်းကြီးကျောင်း၌ စာအံ၊ စာကျက်သော အသံကိုလည်းကောင်း၊ ညနေဘုရားဝတ်ပြုသော အသံကိုလည်းကောင်း ကြားရသောအသံ
English:
recite
Grammar Note:
နာမ်
ကျောင်းသား
[t͡ɕáʊɴθá]
Arakanese:
ကျောင်းမာ ပညာ သင်ကြားနီသူ
Burmese:
ကျောင်းတွင် ပညာ သင်ကြားနေသူ
English:
student
Grammar Note:
နာမ်
ကျောင်းသူ
[t͡ɕáʊɴθù]
Arakanese:
ကျောင်းမာ ပညာသင်ကြားနီသော မမာ့ငယ်
Burmese:
ကျောင်းတွင် ပညာသင်ကြားနေသော မိန်းမငယ်
English:
student
Grammar Note:
နာမ်
ကျောင်းသျှင်
[t͡ɕáʊɴʃɪ̀ɴ]
Arakanese:
ကျောင်းတိုက် တခုလုံးကို အုပ်ချုပ်ရေ ပုဂ္ဂိုလ်။ ဆရာကြီး။ အိမ်သျှင်ကျောင်းသျှင်၊ နံသင့်ပန်းကိုဆွဲ (ဗိသုကာ)။ တောမာခိုကေ၊ ကျားကိုလေ့ကြောက်၊ ကျောင်းမာခိုကေ၊ ကျောင်သျှင်ပုဂ္ဂိုလ်၊ ကျားထက်ဆိုးရေ (ရိုးရာ)
Burmese:
ကျောင်းတိုက် တစ်ခုလုံးကို အုပ်ချုပ်သော ပုဂ္ဂိုလ်။ ဆရာကြီး။ အိမ်သျှင်ကျောင်းသျှင်၊ နံသင့်ပန်းကိုဆွဲ (ဗိသုကာ)။ တောမှာခိုကေ၊ ကျားကိုလည်းကြောက်၊ ကျောင်းမှာခိုကေ၊ ကျောင်သျှင်ပုဂ္ဂိုလ်၊ ကျားထက်ဆိုးရေ (ရိုးရာ)
English:
preside at a monastery
Grammar Note:
နာမ်
ကျောင်သျှေ
[t͡ɕàʊɴʃè]
Arakanese:
ခြုံကြိုခြုံကြား၌ ခုန်ဆွ ခုန်ဆွ တကျော်ကျော်မြည်တတ်ရေ ငှက်ငယ်အချေ
Burmese:
ချုံကြိုချုံကြား၌ ခုန်ဆွ ခုန်ဆွ တကျော်ကျော်မြည်တတ်သော ငှက်ငယ်ကလေး
English:
sparrow
Grammar Note:
နာမ်
ကျောင်းသျှေ
[t͡ɕáʊɴʃè]
Arakanese:
ညကျောင်း ညကျောင်းပြသော ကျောင်းကိုခေါ်သော စကားလုံး။ (အစိုးရသင်ကျောင်း) မူလတန်း၊ အလယ်တန်း၊ အထက်ကျောင်း အစဟိစွာ
Burmese:
ကျူရှင် ညကျောင်းပြသော ကျောင်းကိုခေါ်သော စကားလုံး။ (အစိုးရသင်ကျောင်း) မူလတန်း၊ အလယ်တန်း၊ အထက်ကျောင်း စသည်
English:
lyce’e
Grammar Note:
နာမ်
ကျောင်းအပ်
[t͡ɕáʊɴʔaʔ]
Arakanese:
၁၊ သားငယ်သမီးသျှေရို့ကို ကျောင်းကိုလား၍ ပညာသင်ယူစီရေ။ ၂၊ ပညာသင်ပီးစီရန် ဆရာထံအပ်နှံခရေ
Burmese:
၁၊ သားငယ်သမီးငယ်တို့ကို ကျောင်းသို့သွား၍ ပညာသင်ယူစေသည်။ ၂၊ ပညာသင်ပေးစေရန် ဆရာထံအပ်နှံခဲ့သည်
English:
bestowal
Grammar Note:
ကြိယာ
ကျောင်းအိပ်ကျောင်းစား
[t͡ɕáʊɴʔìaʔt͡ɕáʊɴsá]
Arakanese:
ကျောင်းမာ စားသောက်နီထိုင်ပနာ ပညာသင်ယူသူ
Burmese:
ကျောင်းတွင် စားသောက်နေထိုင်၍ ပညာသင်ယူသူ
English:
student
Grammar Note:
နာမ်
ကျောင်းအိပ်ကျောင်းနီ
[t͡ɕáʊɴʔìaʔt͡ɕáʊɴní]
Arakanese:
ကျောင်းမာ စားသောက်နီထိုင်ပနာ ပညာသင်ယူသူ
Burmese:
ကျောင်းတွင် စားသောက်နေထိုင်၍ ပညာသင်ယူသူ
English:
student
Grammar Note:
နာမ်
ကျောင်းအုပ်
[t͡ɕáʊɴʔoʊʔ]
Arakanese:
စာသင်ကျောင်းကို အုပ်ချုပ်ရေ ကျောင်းအုပ် ဆရာကြီး
Burmese:
စာသင်ကျောင်းကို အုပ်ချုပ်သော ကျောင်းအုပ် ဆရာကြီး
English:
headmaster
Grammar Note:
နာမ်
ကျော့တံ
[t͡ɕɔ̰tံ]
Arakanese:
ယက္ကန်းသုံးကိရိယာတမျိုး
Burmese:
ယက္ကန်းသုံးကိရိယာတစ်မျိုး
English:
equipment
Grammar Note:
နာမ်
ကျော့ထောင်
[t͡ɕɔ̰tʰàʊɴ]
Arakanese:
ကြိုးလွန်ကိုင်းကွင်းရို့နန့် ထောင်သည်
Burmese:
ကြိုးလွန်ကျော့ကွင်းတို့ဖြင့် ထောင်သည်
English:
catch
Grammar Note:
ကြိယာ
ကျော့ဖမ်း
[t͡ɕɔ̰pʰáɴ]
Arakanese:
ကြိုးလွန်ကိုင်းကွင်းရို့နန့် ဖမ်းရေ
Burmese:
ကြိုးလွန်ကျော့ကွင်းတို့ဖြင့် ဖမ်းသည်
English:
catch
Grammar Note:
ကြိယာ
ကျော့ရစ်
[t͡ɕɔ̰ɹɪʔ]
Arakanese:
ကြိုးလွန်ကိုအထက်မှ အောက်ကိုလျှိုသွင်း၍ ပတ်ရစ်ယူရေ
Burmese:
ကြိုးလွန်ကိုအထက်မှ အောက်သို့လျှိုသွင်း၍ ပတ်ရစ်ယူသည်
English:
tie
Grammar Note:
ကြိယာ
ကျော့ဝါးလုံး
[t͡ɕɔ̰wàးlóʊɴ]
Arakanese:
အတိုင်ခြည်များ မရှုပ်ရယောင် ခြည်လွှာနှစ်ထပ်ကြားမာ ထိုးသွင်းရရေ ဝါးလုံး
Burmese:
အတိုင်ချည်များ မရှုပ်ရအောင် ချည်လွှာနှစ်ထပ်ကြားတွင် ထိုးသွင်းရသော ဝါးလုံး
English:
bamboo
Grammar Note:
နာမ်
ကျော်
[t͡ɕɔ̀]
Arakanese:
၁၊ အထက်မှဖြတ်ပနာလားရေ။ တဖက်မှတဖက်သို့ အထက်က ကူးလားရေ။ ကွင်းရှောင်၍လားရေ။ မြိုင်ခွင်ဟေမာ၊ ဤတောတန်းကို၊ သန်းလို့ကျော်သော် (ရာမ)။ ၂၊ လွန်မြောက်ရေ။ လွန်ရေ။ ပိုရေ။ ကျူးရေ။ သုံးပိုကျော်ပြီးကေ၊ လင်းခါလည်းနီ၊ ညည့်အချိန်မာ (ထာနု)
Burmese:
၁၊ အထက်မှဖြတ်၍သွားသည်။ တစ်ဖက်မှတစ်ဖက်သို့ အပေါ်က ကူးသွားသည်။ ကွင်းရှောင်၍သွားသည်။ မြိုင်ခွင်ဟေမာ၊ ဤတောတန်းကို၊ သန်းလို့ကျော်သော် (ရာမ)။ ၂၊ လွန်မြောက်သည်။ လွန်သည်။ ပိုသည်။ ကျူးသည်။ သုံးပိုကျော်၍၊ လင်းခါလည်းနီ၊ ညည့်အချိန်မှာ (ထာနု)
English:
ultra
Grammar Note:
ကြိယာ