Dictionary Entries
Showing 2,281–2,300 of 3,186 words
က
ကျွဲနဖါးစူး
[t͡ɕwɛnpʰàးsùး]
Arakanese:
အပွင့်တံမာ အသီးချေ စီတန်း၍ သီးသော အပင်။ ကျွဲနခေါင်းချိတ် အပင်
Burmese:
အပွင့်တံတွင် အသီးငယ် စီတန်း၍ သီးသော အပင်။ ကျွဲနှာခေါင်းချိတ် အပင်
English:
none
Grammar Note:
နာမ်
ကျွဲနိုင်
[t͡ɕwɛnàɪɴ]
Arakanese:
၁၊ ဝှေတိုင်း အနိုင်ရရေ ကျွဲ။ ခတ်တိုင်း အနိုင်ရရေ ကျွဲ။ ၂၊ ကျွဲတရွီလုံးကို အုပ်ထိန်းသော ကျွဲ။ အဝတ်မမက်၊ ကျုတ်ညွန်အိုင်က၊ ကျွဲနိုင်တက်သို့ (ဒွေး)
Burmese:
၁၊ ဝှေတိုင်း အနိုင်ရသော ကျွဲ။ ခတ်တိုင်း အနိုင်ရသော ကျွဲ။ ၂၊ ကျွဲတစ်အုပ်လုံးကို အုပ်ထိန်းသော ကျွဲ။ အဝတ်မမက်၊ ကျုတ်ညွန်အိုင်က၊ ကျွဲနိုင်တက်သို့ (ဒွေး)
English:
buffalo
Grammar Note:
နာမ်
ကျွဲနိုင်ခံ
[t͡ɕwɛnàɪɴkʰံ]
Arakanese:
ဥပစာ အယှုံးဖြင့် ဟိက ထွက်ဗြီးရရေ။ အဗြီးပြိုင်၊ လှီပြိုင်၊ မြင်းပြိုင် အစဟိစွာရို့မာ အနိုင်ရရေ သူစွာ ဟိက ဟိစမြဲ ဖြစ်တေ။ ကျွဲ၊ နွားမာကား အနိုင်ရရေ ကျွဲ၊ နွားသည် နောက်ကသာ ဟိရေ။ တခုတရီသော အတတ်သညာကို တတ်သည် ဟု တာဝန်ယူပနာ လုပ်ဆောင်ရာမာ ကိုယ့်စီကေ
Burmese:
ဥပစာ အရှုံးဖြင့် ရှေ့က ထွက်ပြေးရသည်။ အပြေးပြိုင်၊ လှေပြိုင်၊ မြင်းပြိုင် စသည်တို့တွင် အနိုင်ရသော သူသည် ရှေ့က ရှိစမြဲ ဖြစ်သည်။ ကျွဲ၊ နွားတွင်ကား အနိုင်ရသော ကျွဲ၊ နွားသည် နောက်ကသာ ရှိသည်။ တစ်စုံတစ်ခုသော အတတ်သညာကို တတ်သည် ဟု တာဝန်ယူ၍ လုပ်ဆောင်ရာ၌ မိမိတာ
English:
duty for first run
Grammar Note:
ကြိယာ
ကျွဲနိုင်လု
[t͡ɕwɛnàɪɴloʊ]
Arakanese:
ဥပစာ ကိုယ့်ပိုင်နက်ကို ထားပနာ လူများ ပိုင်နက်ကို ကျူးကျော် ဝင်ရောက်ရေ
Burmese:
ဥပစာ မိမိပိုင်နက်ကို ထား၍ သူတစ်ပါး ပိုင်နက်ကို ကျူးကျော် ဝင်ရောက်သည်
English:
invade
Grammar Note:
ကြိယာ
ကျွဲနို့သီး
[t͡ɕwɛno̰θï]
Arakanese:
လူရို့၏ ကိုယ်၌ ကျွဲနို့သီးပိုင် တွဲလောင်း၍ ပေါက်တတ်ရေ အသမာ တမျိုး
Burmese:
လူတို့၏ ကိုယ်၌ ကျွဲနို့သီးကဲ့သို့ တွဲလျား၍ ပေါက်တတ်သော အသားမာ တစ်မျိုး
English:
none
Grammar Note:
နာမ်
ကျွဲပျောက်နွားပျောက်
[t͡ɕwɛprɔ́ɛʔnWàprɔ́ɛʔ]
Arakanese:
ဗြုန်းခနဲ ကွယ်ပျောက်လားရေ။ အမှတ်မထင် ဖြစ်ပေါ်သောအနိန်နန့်
Burmese:
ရုတ်တရက် ပျောက်ကွယ်သွားသည်။ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်
English:
absent mindedly
Grammar Note:
ကြိယာဝိသေသန
ကျွဲဗက်ကား
[t͡ɕwɛbɛʔká]
Arakanese:
ဂြိုကားသော ကျွဲ
Burmese:
ဦးချိုကားသော ကျွဲ
English:
buffalo
Grammar Note:
နာမ်
ကျွဲမတုံး
[t͡ɕwɛmtóʊɴ]
Arakanese:
ပင်လယ်ငါး တမျိုး
Burmese:
ပင်လယ်ငါး တစ်မျိုး
English:
fish
Grammar Note:
နာမ်
ကျွဲမတုံး၂
[t͡ɕwɛmtóʊɴ၂]
Arakanese:
မိုးကျောက်ကျစ အခါ၌ မိုးထမိုးလင်းဝါမာ မောင်ချစ်သူ၊ မောင်ချစ်သူဟု သာယာစွာ သီဆိုမြည်သော မဲနက်ရေ အဆင်းဟိပြီးကေ ပတုံးနှစ်ခွ ဟိရေ ပိုးမွှားကောင်ကို စားသုံးသော ငှက်တမျိုး
Burmese:
မိုးဦးကျစ အခါ၌ မိုးသောက်ချိန်တွင် မောင်ချစ်သူ၊ မောင်ချစ်သူဟု သာယာစွာ သီဆိုမြည်သော မည်းနက်သော အဆင်းရှိ၍ အမြီးနှစ်ခွ ရှိသော ပိုးမွှားကောင်ကို စားသုံးသော ငှက်တစ်မျိုး
English:
none
Grammar Note:
နာမ်
ကျွဲရိုင်းသွင်းချိန်
[t͡ɕwɛɹáɪɴθwɪ́ɴɕèɪɴ]
Arakanese:
ကချေတိ အိပ်သော ညဦးအချိန်
Burmese:
ကလေးများ အိပ်သော ညဦးအချိန်
English:
evening
Grammar Note:
နာမ်
ကျွဲလူးအိုင်
[t͡ɕwɛlùးʔàɪɴ]
Arakanese:
ကျွဲလူးသော ဘိတ်ညွန်အိုင်။ ဥပစာ မမာ့၏ အင်္ဂါဇာတ်
Burmese:
ကျွဲလူးသော ရွှံ့ညွန်အိုင်။ ဥပစာ မိန်းမ၏ အင်္ဂါဇာတ်
English:
bog
Grammar Note:
နာမ်
ကျွဲသည်းမုန့်
[t͡ɕwɛθɛ́mòʊɴ့]
Arakanese:
ဆန်မုန့််ညက်ကို ကြက်တက်ရည် သင့်တော်ပိုင် ထည့်ပြီး သကြားရည်နန့် ဖျော်ကာ၊ ခန်းအောင် ကြိုချက်၍ အအီးခံထားရေ စားဖွယ် မုန့်တမျိုး။ ဆင်ဝလောက်မုန့်၊ ထမင်းမဲကေ၊ ကျွဲသည်းမုန့််နန့် (ပဒုမ္မာ)
Burmese:
ဆန်မုန့််ညက်ကို ထုံးကြက်တက်ရည် သင့်တော်သလို ထည့်ပြီး သကြားရည်နှင့် ဖျော်ကာ၊ ခန်းအောင် ကျိုချက်၍ အအေးခံထားသော စားဖွယ် မုန့်တစ်မျိုး။ ဆင်ဝလောက်မုန့်၊ ထမင်းမဲကေ၊ ကျွဲသည်းမုန့််နှင့် (ပဒုမ္မာ)
English:
type of rakhine cake
Grammar Note:
နာမ်
ကျွဲသီးပေါက်မပိုး
[t͡ɕwɛθïpaʊʔmpó]
Arakanese:
ကျွဲသီးပေါက်ရည် အနံဟိရေ ရီနီပိုးကောင် တမျိုး
Burmese:
ကျွဲသေးပေါက်ရည် အနံရှိသော ရေနေပိုးကောင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ကျွဲအိုင်
[t͡ɕwɛʔàɪɴ]
Arakanese:
ကျွဲရို့ လှဲ ပွတ်တိုက်ပနာ ပျော်ပါးရာ ဘိတ်ဟိရေ ကျင်း။ ဘိတ်ညွန်ရီအိုင်
Burmese:
ကျွဲတို့ လဲလျောင်း ပွတ်တိုက်၍ ပျော်ပါးရာ ရွှံ့ရှိသော ကျင်း။ ရွှံ့ညွန်ရေအိုင်
English:
bog
Grammar Note:
နာမ်
ကျွဲအူပိုင်း
[t͡ɕwɛʔùpáɪɴ]
Arakanese:
မျက်နှာ၊ ကိုယ်လက် အစဟိစွာ သန့်စင်ရရေ ခြည်ပွ၊ အမွှီးဖွာ ရက်လုပ်ရေ အထည်ပိုင်း။ မျက်နှာ သုတ်ပုဝါ
Burmese:
မျက်နှာ၊ ကိုယ်လက် စသည် သန့်စင်ရသော ချည်ပွ၊ အမွှေးဖွာ ရက်လုပ်သည့် အထည်ပိုင်း။ မျက်နှာ သုတ်ပုဝါ
English:
shawl
Grammar Note:
နာမ်
ကြ
[t͡ɕ]
Arakanese:
ဗဟုဝုစ်ကြိယာသုံး။ ကုလား မရမာ၊ နီကတ်ပါရေ။
Burmese:
ဗဟုဝုစ်ကြိယာသုံး။ ကုလား မရမာ၊ နီကြပါသည်။
English:
none
Grammar Note:
ပစ္စည်း
ကြံ
[t͡ɕံ]
Arakanese:
စိတ်ဖြင့် ဉာဏ်ထုတ်ရေ။ ဆင်ခြင် တွေးခေါ်သည်
Burmese:
စိတ်ဖြင့် ဉာဏ်ထုတ်သည်။ ဆင်ခြင် တွေးတောသည်
English:
think
Grammar Note:
ကြိယာ
ကြံ့
[t͡ɕံ့]
Arakanese:
နှာရိုးအဖျား နခေါင်း အထက်မာ ဂြိုပေါက်ပနာ ခြီလေးချောင်း ဟိရေ သတ္တဝါတမျိုး
Burmese:
နှာရိုးအဖျား နှာခေါင်း အထက်မှာ ဦးချိုပေါက်၍ ခြေလေးချောင်း ရှိသော သတ္တဝါတစ်မျိုး
English:
rhinoceros
Grammar Note:
နာမ်
ကြက်
[t͡ɕɛʔ]
Arakanese:
မိုးကာရေ။ သားလှကြင်သူ၊ သဇင်ဖြူကို၊ နီပူမည်စိုး၊ တံပက်ဝါနန့်၊ ကြက်ကာ မိုးလို့ (ကော်)
Burmese:
မိုးကာသည်။ သားလှကြင်သူ၊ သဇင်ဖြူကို၊ နီပူမည်စိုး၊ တံပက်ဝါနှင့်၊ ကြက်ကာ မိုးလို့ (ကော်)
English:
rain cover
Grammar Note:
ကြိယာ
ကြက်၂
[t͡ɕɛʔ၂]
Arakanese:
ခြေဖြင့်ယက်၍ အစာ ယှာစားတတ်ရေ အချိန်မှန် တွန်တတ်ရေ သတ္တဝါ
Burmese:
ခြေဖြင့်ယက်၍ အစာ ရှာစားတတ်သော အချိန်မှန် တွန်တတ်သော သတ္တဝါ
English:
creature
Grammar Note:
နာမ်