Dictionary Entries
Showing 2,301–2,320 of 3,186 words
က
ကြက်ခါးသီး
[t͡ɕɛʔkʰàးθï]
Arakanese:
အရသာခါး၍ အခွံမာဗြုတ်ထနိန်ရေ အသီးသီးရေနွယ်ပင်။ ကြက်ဟင်းခါးသီး
Burmese:
အရသာခါး၍ အခွံတွင်ဗြုတ်ထနေသော အသီးသီးသည့်နွယ်ပင်။ ကြက်ဟင်းခါးသီး
English:
bitter grout
Grammar Note:
နာမ်
ကြက်ချ
[t͡ɕɛʔɕ]
Arakanese:
ကြက်တိကို အိပ်ရာမှချသော အချိန်။ မိုးလင်းချိန်
Burmese:
ကြက်များကို အိပ်ရာမှချသော အချိန်။ မိုးလင်းချိန်
English:
morning
Grammar Note:
နာမ်
ကြက်ချီး
[t͡ɕɛʔɕï]
Arakanese:
၁၊ အိန်းဂလိချ်လူမျိုးကို ခေါ်သော စကားလုံး။၂၊ လူမျိုးချင်း တတူရောစပ်၍ မိဖနှစ်ပါးမှ ပေါက်ဖွားသူ။ လူဘန်ဒတ်။ ဥပစါ ၃၊ ပစ်သုံးကျ
Burmese:
၁၊ အင်္ဂလိပ်လူမျိုးကို ခေါ်သော စကားလုံး။၂၊ လူမျိုးချင်း အတူရောစပ်၍ မိဖနှစ်ပါးမှ ပေါက်ဖွားသူ။ ကပြား။ ဥပစါ ၃၊ အသုံးမကျသူ
English:
Half-caste
Grammar Note:
နာမ်
ကြက်ချီးကွမ်းသီး
[t͡ɕɛʔɕïkʊ̀ɴθï]
Arakanese:
ကွမ်းသီးအနုခြောက်
Burmese:
ကွမ်းသီးအနုခြောက်
English:
Dry areca nut
Grammar Note:
နာမ်
ကြက်ချီးခံ
[t͡ɕɛʔɕïkʰံ]
Arakanese:
အုန်းပျစ်မမိုးမီ အမိုးစွန်းအဖျား၌ အောက်ကခံရရေ မျက်ကွင်းကျဲ။ ငှက်ချီးခံလည်းဟူ၏
Burmese:
ဓနိပျစ်မမိုးမီ အမိုးစွန်းအဖျား၌ အောက်ကခံရသော ဝါးကပ်ကျဲ။ ငှက်ချီးခံလည်းဟူ၏
English:
bamboo mat
Grammar Note:
နာမ်
ကြက်ချီးခုတ်စား
[t͡ɕɛʔɕïkʰoʊʔsá]
Arakanese:
အလွန် စကားတိတတ်သူ။ ပစ်သုံးကျ
Burmese:
အလွန် စကားများတတ်သူ။ အသုံးမကျသူ
English:
useless man
Grammar Note:
နာမ်
ကြက်ချီးစား
[t͡ɕɛʔɕïsá]
Arakanese:
ခေါင်းကြီးပြီးကေ မျက်စိပြူးတူးပြဲတဲ၊ ညည့်အခါ၌ အစာယှာစားလိဟိရေ ငှက်တမျိုး။ ခေါင်တောက်
Burmese:
ခေါင်းကြီး၍ မျက်စိပြူးတူးပြဲတဲ၊ ညည့်အခါ၌ အစာရှာစားလေ့ရှိသော ငှက်တစ်မျိုး။ ဇီးကွက်
English:
owl
Grammar Note:
နာမ်
ကြက်ချီးစားခေါင်ပတ်
[t͡ɕɛʔɕïsákʰèàɪ̀ɴpaʔ]
Arakanese:
ခေါင်းကြီးပြီးကေ မျက်စိပြူးတူးပြတဲ၊ ညည့်အခါ၌ အစာယှာစားလိဟိရေ ငှက်တမျိုး။ ခေါင်တောက်
Burmese:
ခေါင်းကြီး၍ မျက်စိပြူးတူးပြတဲ၊ ညည့်အခါ၌ အစာရှာစားလေ့ရှိသော ငှက်တစ်မျိုး။ ဇီးကွက်
English:
owl
Grammar Note:
နာမ်
ကြက်ချီးစု
[t͡ɕɛʔɕïsoʊ]
Arakanese:
ဝါးနှီးနှစ်စကို ရစ်လိမ်၍ အစုပေါ်ယောင် ချိုင်နှောင်တည်းတမျိုး။ အိမ်တိုင်း အိမ်တိုင် ကြက်ချီးစု (ပန်းဝှက်)
Burmese:
ဝါးနှီးနှစ်စကို ရစ်လိမ်၍ အစုပေါ်အောင် ချည်နှောင်တည်းတစ်မျိုး။ အိမ်တိုင်း အိမ်တိုင် ကြက်ချီးစု (ပန်းဝှက်)
English:
like of tie
Grammar Note:
နာမ်
ကြက်ချီးရီနံ
[t͡ɕɛʔɕïɹínံ]
Arakanese:
ရနံဆီ စရေဝန်တိကို ထုတ်ယူပြီးကေ၊ ကြွင်းကျန်နီသော စေးပျစ်ရေ ကြက်ချီးရနံ
Burmese:
ရေနံဆီ စသည့်ပစ္စည်းများကို ထုတ်ယူပြီးနောက်၊ ကြွင်းကျန်နေသော စေးပျစ်သည့် ရေနံချေး
English:
petroleun
Grammar Note:
နာမ်
ကြက်ခြိုင့်
[t͡ɕɛʔkʰɹa̰ɪɴ]
Arakanese:
ကြက်ပျံမထွက်အောင် မွိးမြူထားရေ အိမ်ငယ်။ ပြီးမလွတ်ယောင်၊ ကြက်ချိုင့်လောင်းာင်သို့ (ရခိုင်ကာ)
Burmese:
ကြက်ပျံမထွက်အောင် မွေးမြူထားသော အိမ်ငယ်။ ပြီးမလွတ်ယောင်၊ ကြက်ချိုင့်လှောင်သို့ (ရခိုင်ကာ)
English:
chick sty
Grammar Note:
နာမ်
ကြက်ခြီ
[t͡ɕɛʔkʰɹì]
Arakanese:
၁၊ အရီးအကြောင်းနှစ်ခုကို ကန့်လန့်တိုက်ထားပုံ။ ၂၊ အဖြီမားနိန်ကေ မားနီကြောင်းကို ဖေါ်ပြသောအမှတ်အသား။ ကြက်ခြီတံကျင်း၊ မှတ်ကြောင်းထင်၍ (ပါရာ)
Burmese:
၁၊ အရေးအကြောင်းနှစ်ခုကို ကန့်လန့်ဖြတ်ထားပုံ။ ၂၊ အဖြေမှားနေလျှင် မှားနေကြောင်းကို ဖေါ်ပြသောအမှတ်အသား။ ကြက်ခြီတံကျင်း၊ မှတ်ကြောင်းထင်၍ (ပါရာ)
English:
cross
Grammar Note:
နာမ်
ကြက်ခြီခတ်
[t͡ɕɛʔkʰɹìkʰaʔ]
Arakanese:
ကြက်ခြေ ပုံသဏ္ဍာန် သင်္ကေတ ရီးမှတ်သည်
Burmese:
ကြက်ခြေ ပုံသဏ္ဍာန် သင်္ကေတ ရေးမှတ်သည်
English:
cross
Grammar Note:
ကြိယာ
ကြက်ခွပ်လှိုင်း
[t͡ɕɛʔkʰwaʔɬáɪɴ]
Arakanese:
ရီထွက်နန့်ရေဝင် နှစ်ခုရို့ ပေါင်းဆုံ၍ ဖြစ်ပေါ်လှာသော ရီလှိုင်း
Burmese:
ရေထွက်နှင့်ရေဝင် နှစ်ခုတို့ ပေါင်းဆုံ၍ ဖြစ်ပေါ်လာသော ရေလှိုင်း
English:
wave
Grammar Note:
နာမ်
ကြက်ဂေါင်းမွါး
[t͡ɕɛʔɡèàɪ́ɴmwàး]
Arakanese:
ဥပစါ မိကေပင်ဖြစ်ဖြစ်၊ ဖကေပင်ဖြစ်ဖြစ်၊ မိဖနှစ်ပါး စုံကေပင်ဖြစ်ဖြစ်၊ သီဆုံးသော သားငယ်၊ သမီးသျှေတိကို မခံချိ မခံသာ နာကျည်းအောင် မိသဆိုး၊ ဖသဆိုးသားဟု နှိမ့်ချပနာ ပြောဆိုရေ စကား
Burmese:
ဥပစါ မိသော်လည်းကောင်း၊ ဖသော်လည်းကောင်း၊ မိဖနှစ်ပါး စုံသော်လည်းကောင်း၊ သေဆုံးသော သားငယ်၊ သမီးငယ်များကို မခံချိ မခံသာ နာကျည်းအောင် မိသဆိုး၊ ဖသဆိုးသားဟု နှိမ့်ချ၍ ပြောဆိုသော စကား
English:
none
Grammar Note:
နာမ်
ကြက်စာကောက်
[t͡ɕɛʔsàkɔ́ɛʔ]
Arakanese:
၁၊ အစအန မကျန်ရယောင် အားလုံးကောက်ယူရေ။ ၂၊ နှံ့စပ်ရေ
Burmese:
၁၊ အစအန မကျန်ရအောင် အားလုံးကောက်ယူသည်။ ၂၊ နှံ့စပ်သည်
English:
overall
Grammar Note:
ကြိယာ
ကြက်စိန့်
[t͡ɕɛʔsèɪɴ့]
Arakanese:
ကြက်တိကို လောင်းာင်မွိးမြူထားရန် ဝါးဇလီကာ၍ ပြုလုပ်ထားရေ အိမ်ငယ်
Burmese:
ကြက်များကို သိုလှောင်မွေးမြူထားရန် ဝါးထရံကာ၍ ပြုလုပ်ထားသော အိမ်ငယ်
English:
chick sty
Grammar Note:
နာမ်
ကြက်စိန့်ညက်
[t͡ɕɛʔsḛɪɴɲɛʔ]
Arakanese:
ဂုံမင်းအမျိုးအပါအဝင် အပင်နုကို ဟင်းချက်စားရရေ မြေပေါက် ဂမုန်းပင် တမျိုး
Burmese:
ဂုံမင်းအမျိုးအပါအဝင် အပင်နုကို ဟင်းချက်စားရသော မြေပေါက် ဂမုန်းပင် တစ်မျိုး
English:
jonquil
Grammar Note:
နာမ်
ကြက်စူပင်
[t͡ɕɛʔsùpɪ̀ɴ]
Arakanese:
ကြက်ခြီထောက်ပုံဟိရေ အတက်စူးပိုင် စူးဟိရေ အပင်တမျိုး
Burmese:
ကြက်ခြေထောက်ပုံရှိသော အတက်ဆူးကဲ့သို့ ဆူးရှိသော အပင်တစ်မျိုး
English:
castoroil plant
Grammar Note:
နာမ်
ကြက်ဆင်းကြက်တက်
[t͡ɕɛʔsʰɪ́ɴt͡ɕɛʔtɛʔ]
Arakanese:
မညီမညာမြေ
Burmese:
မညီမညာမြေ
English:
irregular land
Grammar Note:
နာမ်