Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,321–2,340 of 3,186 words

    က

    ကြက်ဆင်းကြက်နင်း

    [t͡ɕɛʔsʰɪ́ɴt͡ɕɛʔnɪ́ɴ]
    မညီမညာမြေ
    မညီမညာမြေ
    irregular land
    နာမ်

    ကြက်ဆင်းချိန်

    [t͡ɕɛʔsʰɪ́ɴɕèɪɴ]
    အိပ်ရေနီရာမှ ကြက်ဆင်းသော အချိန်။ မိုးလင်းချိန်
    အိပ်သည့်နေရာမှ ကြက်ဆင်းသော အချိန်။ မိုးလင်းချိန်
    morning
    နာမ်

    ကြက်ဆုတ်ကြက်ခွပ်

    [t͡ɕɛʔsʰoʊʔt͡ɕɛʔkʰwaʔ]
    ကိုယ့်အခွင့်မသာရေအခါ သူတိအလိုသို့ လိုက်လျောပြီး အခွင့်ပိုပြီးကေ စီးရေအခါ ပြီးပြတ်အောင် လုပ်သော နည်းတမျိုး
    မိမိအခွင့်မသာသည့်အခါ သူများအလိုသို့ လိုက်လျောပြီး အခွင့်သာ၍ စီးသည့်အခါ ပြီးပြတ်အောင် လုပ်သော နည်းတစ်မျိုး
    waiting for good chance
    နာမ်

    ကြက်ဆူ

    [t͡ɕɛʔsʰù]
    ၁၊ မှင်းကျိုးသီး မမှည့်တမှည့်။ အခွံမချောင်တချာင်။ ၂၊ အစိမှဆီရပြီးကေ အရွက်လက်ခြားဟိရေ အပင် တမျိုး
    ၁၊ မန်ကျည်းသီး မမှည့်တမှည့်။ အခွံမချောင်တချာင်။ ၂၊ အစေ့မှဆီရ၍ အရွက်လက်ခြားရှိသော အပင် တစ်မျိုး
    castoroil plant
    နာမ်

    ကြက်ဆူး

    [t͡ɕɛʔsʰùး]
    ကြက်ခြီထောက်မာ ထွက်သော အတက်
    ကြက်ခြေထောက်တွင် ထွက်သော အတက်
    cock’s spur
    နာမ်

    ကြက်ညင်းဟင်း

    [t͡ɕɛʔɲɪ́ɴhɪ́ɴ]
    စိမ့်စိုသော တောနား တောင်နားမာ ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် တမျိုး။ ပင်မမှ ထွက်သောအပင် ပေါင်ငယ်တိကို ဟင်းချက်စားကတ်တေ
    စိမ့်စိုသော တောနား တောင်နားတွင် ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် တစ်မျိုး။ ပင်မမှ ထွက်သောအပင် ပေါင်ငယ်များကို ဟင်းချက်စားကြသည်
    like sea weed
    နာမ်

    ကြက်ညှာ

    [t͡ɕɛʔɲ̯à]
    သူငယ်နာ ခြောင်းဆိုးနာ တမျိုး
    သူငယ်နာ ချောင်းဆိုးနာ တစ်မျိုး
    pharygitis
    နာမ်

    ကြက်တက်

    [t͡ɕɛʔtɛʔ]
    ရီသောက်များတွက်နန့် ပင်ဖြစ်ဖြစ်၊ တခုတရီ အစားများတွက်နန့် ပင်ဖြစ်ဖြစ် ဝမ်းဖေါင်းတင်းနိန်ပနာ မခံမရပ်နှိုင်ယောင် ဖြစ်နီရေ။ ဖျားတုံဆယ်ခါ၊ ဝမ်းမာကြက်တက်၊ အော်လျှက်တုံပါ (ပဉ္စဘုတ်)
    ရေသောက်များ၍ လည်းကောင်း၊ တစ်စုံတစ်ခု အစားများ၍ လည်းကောင်း ဗိုက်ဖေါင်းတင်းနေ၍ မခံမရပ်နိုင်အောင် ဖြစ်နေသည်။ ဖျားတုံဆယ်ခါ၊ ဝမ်းမှာကြက်တက်၊ အော်လျှက်တုံပါ (ပဉ္စဘုတ်)
    be surfeited with food or water
    ကြိယာ

    ကြက်တက်၂

    [t͡ɕɛʔtɛʔ၂]
    မျက်စိပြူးတူးပြဲတဲ အိပ်စက်မပျော်သော ရောဂါ၊ ညည့်နိမစက်၊ ကြက်တက်မျက်စိ၊ မချိဝေဒနာ၊ ပြင်းစွာတုန်သည် (ပဉ္စဘုတ်)
    မျက်စိပြူးတူးပြဲတဲ အိပ်စက်မပျော်သော ရောဂါ၊ ညည့်နေ့မစက်၊ ကြက်တက်မျက်စိ၊ မချိဝေဒနာ၊ ပြင်းစွာတုန်သည် (ပဉ္စဘုတ်)
    insomnia
    နာမ်

    ကြက်တက်ကန်း

    [t͡ɕɛʔtɛʔkáɴ]
    မျက်စိပုံပန်းမပျက်ပဲနှင့်် အကောင်း ပကတိဟိဗျာယ်နန့် မမြင်ရဘဲဖြစ်တေ
    မျက်စိပုံပန်းမပျက်ပဲနှင့်် အကောင်း ပကတိရှိလျက်နှင့် မမြင်ရဘဲဖြစ်သည်
    blind
    ကြိယာ

    ကြက်တက်ကန်း၂

    [t͡ɕɛʔtɛʔkáɴ၂]
    မျက်စိပုံပန်းမပျက်ပဲနှင့်် အကောင်းပကတိဟိဗျာယ်နှင် မမြင်ရသူ
    မျက်စိပုံပန်းမပျက်ပဲနှင့်် အကောင်းပကတိရှိလျက်နှင် မမြင်ရသူ
    blind
    နာမ်

    ကြက်တက်ချိန်

    [t͡ɕɛʔtɛʔɕèɪɴ]
    ကြက်အိပ်တန်းသို့ တက်သောအချိန်။ နရောင်ညှိုးချိန်
    ကြက်အိပ်တန်းသို့ တက်သောအချိန်။ နေဝင်ခါနီး အချိန်
    sunset
    နာမ်

    ကြက်တက်စူး

    [t͡ɕɛʔtɛʔsùး]
    ကြက်ခြီထောက်ပုံဟိရေ အတက်စူး။ ယင်းအတက်ပိုင် အစူးဟိရေ အပင်တမျိုး
    ကြက်ခြေထောက်ပုံရှိသော အတက်ဆူး။ ယင်းအတက်ကဲ့သို့ အဆူးရှိသော အပင်တစ်မျိုး
    plant
    နာမ်

    ကြက်တက်ပင်

    [t͡ɕɛʔtɛʔpɪ̀ɴ]
    ကြက်ခြီထောက်ပုံဟိရေ အတက်စူးပိုင် အစူးဟိရေအပင်တမျိုး
    ကြက်ခြေထောက်ပုံရှိသော အတက်ဆူးကဲ့သို့ အဆူးရှိသောအပင်တစ်မျိုး
    plant
    နာမ်

    ကြက်တက်ရည်

    [t͡ɕɛʔtɛʔɹɛ̀]
    ထုံးကိုအနစ်ထိုင်စီပနာ ယူထားရေ အရည်
    ထုံးကိုအနည်ထိုင်စေ၍ ယူထားသော အရည်ကြည်
    liquid
    နာမ်

    ကြက်တံခွန်

    [t͡ɕɛʔtံkʰʊ̀ɴ]
    အမွီးအတောင်များ ကောပြန်နိန်ရေ ကြက်တမျိုး။ ကြက်တောင်ပြန်ဟု ခေါ်ရေ
    အမွေးအတောင်များ ကောပြန်နေသော ကြက်တစ်မျိုး။ ကြက်တောင်ပြန်ဟု ခေါ်သည်
    chicken
    နာမ်

    ကြက်တင်

    [t͡ɕɛʔtɪ̀ɴ]
    ကြက်များ အိပ်ရန်တင်သော အချိန်။ နီမိုက်စ
    ကြက်များ အိပ်ရန်တင်သော အချိန်။ နေဝင်ချိန်
    sunset
    ကြိယာ

    ကြက်တိုက်မင်းသားကြယ်

    [t͡ɕɛʔtaɪʔmɪ́ɴθát͡ɕɛ̀]
    ကောင်ကင်၌ ကြက်ခွပ်ပိုင် ထိလုထိချင်မြင်ရရေ ကြယ်နှစ်လုံး။ ကြယ်ဆယ်လုံးပါဝင်ရေ ငါးကြင်းပွတ် သဏ္ဍာန်ဟိရေ ရောဟဏီနက္ခတ်။ နှိုင်းတုစဉ်ဆိုက်ရောဟဏီ၊ မိဂသီသမင်ခေါင်း (ပါရာ)
    ကောင်ကင်၌ ကြက်ခွပ်သကဲ့သို့ ထိလုထိချင်မြင်ရသော ကြယ်နှစ်လုံး။ ကြယ်ဆယ်လုံးပါဝင်သော ငါးကြင်းပွတ် သဏ္ဍာန်ရှိသော ရောဟဏီနက္ခတ်။ နှိုင်းတုစဉ်ဆိုက်ရောဟဏီ၊ မိဂသီသမင်ခေါင်း (ပါရာ)
    star
    နာမ်

    ကြက်တီးကြက်တက်

    [t͡ɕɛʔtït͡ɕɛʔtɛʔ]
    ၁၊ ဟိုပိုင်၊ သည်ပိုင်။ ယောင်ဝါးဝါး။ ၂၊ လန့်ထိန်တွေဝေ၍ ကာယိန္ဒြေကို မထိန်းနိုင် မသိမ်းနိုင် ဖြစ်လျှက်။ ၃၊ ငေးမောလျှက်
    ၁၊ ဟိုလိုလို၊ သည်လိုလို။ ယောင်ဝါးဝါး။ ၂၊ လန့်ထိန်တွေဝေ၍ ကာယိန္ဒြေကို မထိန်းနိုင် မသိမ်းနိုင် ဖြစ်လျှက်။ ၃၊ ငေးမောလျှက်
    ambiguously
    ကြိယာဝိသေသန

    ကြက်တောင်ပံစည်း

    [t͡ɕɛʔtàʊɴpံsɛ́]
    လက်မောင်းရင်း နှစ်ဖက်ကို နောက်ပြန် ချိုင်နှောင်ထားရေ နည်းတမျိုး
    လက်မောင်းရင်း နှစ်ဖက်ကို နောက်ပြန် ချည်နှောင်ထားသည့် နည်းတစ်မျိုး
    arm band
    နာမ်