Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,341–2,360 of 3,186 words

    က

    ကြက်တောင်ပေါက်ဆိန်

    [t͡ɕɛʔtàʊɴpaʊʔsʰèɪɴ]
    ၁၊ မာသော မြီကျောက်ကို တူးထွင်းရာမာ ပင်ဖြစ်ဖြစ်၊ လုံးထွင်းလှီကို တူးထွင်းရာမာ ပင်ဖြစ်ဖြစ်၊ ပေါက်ဆိန်ပိုင် အသုံးပြုရရေ ကရိယာတမျိုး။ ၂၊ အရိုးရှည်ရှည် တပ်ထားရေ ပဲခွပ်ကြီးတမျိုး။ တံစည်း
    ၁၊ မာသော မြေကျောက်ကို တူးထွင်းရာ၌ လည်းကောင်း၊ လုံးထွင်းလှေကို တူးထွင်းရာ၌ လည်းကောင်း၊ ပေါက်ဆိန်ကဲ့သို့ အသုံးပြုရသော ကရိယာတစ်မျိုး။ ၂၊ အရိုးရှည်ရှည် တပ်ထားသော ပဲခွပ်ကြီးတစ်မျိုး။ တံစည်း
    axe
    နာမ်

    ကြက်တွန့်

    [t͡ɕɛʔtʊ̀ɴ့]
    ဥပစာ အထဲလား ကောက်ကျစ်တတ်သူ။ အလိမ်အကောက်များသူ
    ဥပစာ ကောက်ကျစ် စဉ်းလဲတတ်သူ။ အလိမ်အကောက်များသူ
    faker
    နာမ်

    ကြက်တွန့်၂

    [t͡ɕɛʔtʊ̀ɴ့၂]
    ဥပစာ အထဲလား ကောက်ကျစ်တတ်ရေ။ အလိမ်အကောက်တိစွာ။ လိမ်ရာမာ ကြက်တွန် (ပုံ)
    ဥပစာ ကောက်ကျစ် စဉ်းလဲတတ်သည်။ အလိမ်အကောက်များသည်။ လိမ်ရာမှာ ကြက်တွန် (ပုံ)
    dishonest
    ကြိယာ

    ကြက်တွန်တက်

    [t͡ɕɛʔtʊ̀ɴtɛʔ]
    ၁၊ ကြိုးကျစ်ရာမာ မညီမညာပဲ အဖုအထုံးဖြစ်တေ။ ၂၊ ဥပစာ လျှပ်ပေါ် ဖောက်ပြန်ခြင်းကို ပြုသည်
    ၁၊ ကြိုးကျစ်ရာတွင် မညီမညာပဲ အဖုအထုံးဖြစ်သည်။ ၂၊ ဥပစာ လျှပ်ပေါ် လော်လည်ခြင်းကို ပြုသည်
    be wanton
    ကြိယာ

    ကြက်တွန့်ဝင်

    [t͡ɕɛʔtʊ̀ɴ့wɪ̀ɴ]
    ၁၊ ကြိုးကျစ်ရာမာ မညီမညာပဲ အဖုအထုံးဖြစ်တေ။ ၂၊ ဥပစာ လျှပ်ပေါ် ဖောက်ပြန်ခြင်းကို ပြုရေ။ ၃၊ ရင်းနှီးခင်မင်ရေ။ အကျွမ်းဝင်ရေ
    ၁၊ ကြိုးကျစ်ရာတွင် မညီမညာပဲ အဖုအထုံးဖြစ်သည်။ ၂၊ ဥပစာ လျှပ်ပေါ် လော်လည်ခြင်းကို ပြုသည်။ ၃၊ ခင်မင်ရင်းနှီးသည်။ အကျွမ်းဝင်သည်
    friendship
    ကြိယာ

    ကြက်တွေ

    [t͡ɕɛʔtwè]
    လိုင်ဖင်းမာ အရဲရစ်ဟိရေ မောင်ညိုကြီး တမျိုး
    လည်ပင်းတွင် အနီရစ်ရှိသော ကြက်တူရွေးကြီး တစ်မျိုး
    parrot
    နာမ်

    ကြက်နက်

    [t͡ɕɛʔnɛʔ]
    သက်ကယ်၊ အုန်းအစဟိရေ အမိုးရို့ကို ရွင့်ပါး လန်မပါ လားကတ်မေ ဝါကပ်ကျဲကျဲဖြင့် ဖုံးအုပ်ထားရေ ထရံ။ အိမ်ဆိုးကြက်နက်၊ မိုးရီစက်နန့်၊ ဆီးနှင်းသွင်သွင်၊ ကြည့်နီလေလျှင်၊ ဇီးတေ့မြင်ကေ (ထွန်းတိ)
    သက်ကယ်၊ ဓနိစသော အမိုးတို့ကို လွင့်ပါး လန်မပါ သွားရအောင် ဝါကပ်ကျဲကျဲဖြင့် ဖုံးအုပ်ထားသော ထရံ။ အိမ်ဆိုးကြက်နက်၊ မိုးရေစက်နှင့်၊ ဆီးနှင်းသွင်သွင်၊ ကြည့်နေလေလျှင်၊ ဇီးတေ့မြင်ကေ (ထွန်းတိ)
    hatch
    နာမ်

    ကြက်နက်အုပ်

    [t͡ɕɛʔnɛʔʔoʊʔ]
    သက်ကယ်၊ အုန်း မိုးရို့ကို ရွင့်ပါး လန်မပါလားကတ်မေ ရက်ထားရေ ဝါးကျဲကျဲ ထရံဖြင့် ခြည်တုတ် ထားရေ
    သက်ကယ်၊ ဓနိ မိုးတို့ကို လွင့်ပါး လန်မပါသွားရအောင် ရက်ထားသော ဝါးကျဲကျဲ ထရံဖြင့် ချည်တုတ် ထားသည်
    tie
    နာမ်

    ကြက်နင်း

    [t͡ɕɛʔnɪ́ɴ]
    သက်ကယ်၊ အုန်းအစဟိရေ အမိုးရို့ကို ရွင့်ပါး လန်မပါလားကတ်မေ ဝါကပ်ကျဲကျဲဖြင့် ဖုံးအုပ်ထားရေ ထရံ
    သက်ကယ်၊ ဓနိစသော အမိုးတို့ကို လွင့်ပါး လန်မပါသွားရအောင် ဝါကပ်ကျဲကျဲဖြင့် ဖုံးအုပ်ထားသော ထရံ
    hatch
    နာမ်

    ကြက်နင်းအုပ်

    [t͡ɕɛʔnɪ́ɴʔoʊʔ]
    သက်ကယ်၊ အုန်း မိုးရို့ကို ရွင့်ပါး လန်မပါလားကတ်မေ ရက်ထားရေ ဝါးကျဲကျဲ ထရံဖြင့် ခြည်တုတ် ထားရေ
    သက်ကယ်၊ ဓနိ မိုးတို့ကို လွင့်ပါး လန်မပါသွားရအောင် ရက်ထားသော ဝါးကျဲကျဲ ထရံဖြင့် ချည်တုတ် ထားသည်
    feel
    ကြိယာ

    ကြက်နား

    [t͡ɕɛʔná]
    သက်ကယ်၊ အုန်းအစဟိရေ အမိုးရို့ကို ရွင့်ပါးလန်းမပါ လားကတ်မေ ဝါကပ်ကျဲကျဲဖြင့် ဖုံးအုပ်ထားရေ ထရံ
    သက်ကယ်၊ ဓနိစသော အမိုးတို့ကို လွင့်ပါးလန်းမပါ သွားရအောင် ဝါကပ်ကျဲကျဲဖြင့် ဖုံးအုပ်ထားသော ထရံ
    hatch
    နာမ်

    ကြက်ပျံမကျ

    [t͡ɕɛʔprံmt͡ɕ]
    မြေသိုကြက်ပျံမကျ နှိုင်လောက်ယောင် အိမ်ခြေ၊ ရပ်ရွာအစဟိစွာ အလွန်တရာ စည်ကားရေ။ ငါရို့ရပ်မှန်၊ ရွှီပြည်မွန်လည်း၊ ကြက်ပျံမကျ၊ စည်ကားလှလည်း၊ တမနိျက၊ သင်္ခါရဘုံ၊ ဖြစ်ရကတ်ုံ (မြို့တည်)
    မြေသိုကြက်ပျံမကျ နိုင်လောက်အောင် အိမ်ခြေ၊ ရပ်ရွာစသည် အလွန့်အလွန် စည်ကားသည်။ ငါတို့ရပ်မှန်၊ ရွှေပြည်မွန်လည်း၊ ကြက်ပျံမကျ၊ စည်ကားလှလည်း၊ တနေ့ကျက၊ သင်္ခါရဘုံ၊ ဖြစ်ရကြုံ (မြို့တည်)
    be densely crowded
    ကြိယာဝိသေသန

    ကြက်ပျောက်ငှက်ပျောက်

    [t͡ɕɛʔprɔ́ɛʔŋ̊ɛʔprɔ́ɛʔ]
    လူများ သတိမှုခြင်း မဟိစီပဲ။ ရုတ်ခြည်း အမှတ်မထင် ကွယ်ပျောက်လားသည်
    လူများ သတိမှုခြင်း မရှိစေပဲ။ ရုတ်ခြည်း အမှတ်မထင် ပျောက်ကွယ်သွားသည်
    disappear
    ကြိယာဝိသေသန

    ကြက်ဖင်

    [t͡ɕɛʔpʰɪ̀ɴ]
    ဥပစာ မိုက်သူ။ ပစ်သုံးကျ
    ဥပစာ မလိမ္မာသူ။ အသုံးမကျသူ
    Good-for-nothing
    နာမ်

    ကြက်ဖင်မှာရေဆုံး

    [t͡ɕɛʔpʰɪ̀ɴm̥àɹèsʰóʊɴ]
    ဥပစာ အခြည်းနှီး။ ကျိုးမဲ့သတ်သတ်။ အလဟဿ
    ဥပစာ အချည်းနှီး။ ကျိုးမဲ့သက်သက်။ အလဟဿ
    useless
    ကြိယာဝိသေသန

    ကြက်ဖပုစွန်

    [t͡ɕɛʔpʰpoʊsʊ̀ɴ]
    ဝမ်း အခွံနီသော ပုစွန်တမျိုး
    ဝမ်းဗိုက် အခွံနီသော ပုစွန်တစ်မျိုး
    Medium-sized spotted prawn
    နာမ်

    ကြက်ဖါး

    [t͡ɕɛʔpʰàး]
    ကြက်ထီး။ ကြက်ဖိုး
    ကြက်ထီး။ ကြက်ဖိုး
    rooster
    နာမ်

    ကြက်ဖြတ်ဖြတ်လို့

    [t͡ɕɛʔpʰɹaʔpʰɹaʔlo̰]
    တခုတရီသော ဝေဒနာကြောင့် ကိုယ်ခန္ဓာကို ဇာညာစောင်းလှည့်ပနာ ချသွန်လာ ပြုရေ။ လူးလှိမ့်ရေ။ မငြိမ် မသက်အောင် လှုပ်ရှားသည်
    တစ်စုံတစ်ခုသော ဝေဒနာကြောင့် ကိုယ်ခန္ဓာကို ဘယ်ညာစောင်းလှည့်၍ ကပြောင်းကပြန် ပြုသည်။ လူးလှိမ့်သည်။ မငြိမ် မသက်အောင် လှုပ်ရှားသည်
    welter
    ကြိယာ

    ကြက်မ မခေါင်း

    [t͡ɕɛʔm mkʰèàɪ́ɴ]
    တခေါက်တခါသာ ပေါက်ဘူးသော ကြက်မ
    တစ်ကြိမ်တစ်ခါသာ ပေါက်ဘူးသော ကြက်မ
    hen
    နာမ်

    ကြက်မ မတန်း

    [t͡ɕɛʔm mtáɴ]
    တခေါက်တခါလောင်းာက်ရာ မပေါက်ဘူးသော ကြက်မအချေ။ အရွယ်ရောက်စ ကြက်မအချေ
    တစ်ကြိမ်တစ်ခါမျှသာ မပေါက်ဘူးသော ကြက်မကလေး။ အရွယ်ရောက်စ ကြက်မကလေး
    hen
    နာမ်