Dictionary Entries
Showing 2,361–2,380 of 3,186 words
က
ကြက်မတက်စူး
[t͡ɕɛʔmtɛʔsùး]
Arakanese:
ကြက်ခြီထောက်မာ ဟိရေ အတက်စူးပိုင် အစူးဟိရေ အပင်တမျိုး
Burmese:
ကြက်ခြေထောက်တွင် ရှိသော အတက်ဆူးကဲ့သို့ အဆူးရှိသော အပင်တစ်မျိုး
English:
castoroil plant
Grammar Note:
နာမ်
ကြက်မတွန်ရွာ
[t͡ɕɛʔmtʊ̀ɴɹwà]
Arakanese:
ဥပစာ သုဿာန်။ သင်္ချိုင်း။ လုဖ်တိုင်း
Burmese:
ဥပစာ သုဿာန်။ သင်္ချိုင်း။ လုဖ်တိုင်း
English:
cemetery
Grammar Note:
နာမ်
ကြက်မအုပ်
[t͡ɕɛʔmʔoʊʔ]
Arakanese:
အရွက်စိမ်း၍ တထွာလောက်ခန့်၊ အပြား လက်နှစ်လုံးလောက် ဟိပြီးး၊ မြေနိမ့်ပင် တမျိုး
Burmese:
အရွက်စိမ်း၍ တစ်ထွာလောက်ခန့်၊ အပြား လက်နှစ်လုံးလောက် ရှိပြီး၊ မြေနိမ့်ပင် တစ်မျိုး
English:
plant
Grammar Note:
နာမ်
ကြက်မအုပ်၂
[t͡ɕɛʔmʔoʊʔ၂]
Arakanese:
ဥမကွဲ သိုက်မပျက် တစုတရုံးတည်း ဟိရေ
Burmese:
ဥမကွဲ သိုက်မပျက် တစ်စုတစ်ရုံးတည်း ရှိသည်
English:
plant
Grammar Note:
ကြိယာ
ကြက်မေါက်
[t͡ɕɛʔmaʊʔ]
Arakanese:
၁၊ ကြက်အမင်ါက်နန့်တူသော ပန်းပွင့်ရေ ပန်းပင်ငယ် တမျိုး။ ပွင့်ကျင်သရီဖီ၊ ပင်နာခါချီးရီနန့်၊ စုံစီကြက်မေါက် (ထွန်းတိ)။ ၂၊ ကြက်၏ အဂေါင်းထိပ်မာ နီရဲရဲဟိရေ အသားစု
Burmese:
၁၊ ကြက်အမေါက်နှင့်တူသော ပန်းပွင့်သည့် ပန်းပင်ငယ် တစ်မျိုး။ ပွင့်ကျင်သရီဖီ၊ ပန်းနာရီနှင့်၊ စုံစီကြက်မေါက် (ထွန်းတိ)။ ၂၊ ကြက်၏ ဦးခေါင်းထိပ်တွင် နီရဲရဲရှိသော အသားစု
English:
flower
Grammar Note:
နာမ်
ကြက်မျက်ဝင်
[t͡ɕɛʔmrɛʔwɪ̀ɴ]
Arakanese:
ကြက်ပိုင် ညဇာအခါ၌ မျက်စိမမြင်ပဲ ဖြစ်တေ။ ကြက်မျက်သင့်လည်း ဟူ၏
Burmese:
ကြက်ကဲ့သို့ ညအခါ၌ မျက်စိမမြင်ပဲ ဖြစ်သည်။ ကြက်မျက်သင့်လည်း ဟူ၏
English:
unseeingly
Grammar Note:
ကြိယာ
ကြက်မွီးစူး
[t͡ɕɛʔmwïsùး]
Arakanese:
ဥပစာ အမြင်ကတ်ရေ။ အကြည့်ရ ကတ်သည်
Burmese:
ဥပစာ အမြင်ကတ်သည်။ အကြည့်ရ ကတ်သည်
English:
cannot stand the sight of someone
Grammar Note:
ကြိယာ
ကြက်ယက်ဟင်း
[t͡ɕɛʔjɛʔhɪ́ɴ]
Arakanese:
စိမ့်စိုသော တောနားတောင်နားမာ ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် တမျိုး။ ပင်မမှထွက်သော အပင်ပေါင်ငယ်တိကို ဟင်းချက်စားကတ်တေ
Burmese:
စိမ့်စိုသော တောနားတောင်နားတွင် ပေါက်တတ်၍ အပွင့်မပွင့်သော ကျောက်ခက်ပင် တစ်မျိုး။ ပင်မမှထွက်သော အပင်ပေါင်ငယ်များကို ဟင်းချက်စားကြသည်
English:
plant
Grammar Note:
နာမ်
ကြက်လှယာ
[t͡ɕɛʔɬjà]
Arakanese:
ကြက်၏လျှာ ပုံသဏ္ဍာန် သုံးဒေါင့် ပြုလုပ်ထားရေ စက္ကူပန်း။ ဒက်စွန်ဒက်စွန်၊ တင်းခွန်လိပ်လက်တေး။ ၂၊ သုံးဒေါင့် ပုံသဏ္ဍာန်ဟိရေ လယ်မြီခြံကွက်
Burmese:
ကြက်၏လျှာ ပုံသဏ္ဍာန် သုံးထောင့် ပြုလုပ်ထားသော စက္ကူပန်း။ ကြက်လျှာဒက်စွန်၊ တံခွန်လိပ်လက်တေး။ ၂၊ သုံးထောင့် ပုံသဏ္ဍာန်ရှိသော လယ်မြေခြံကွက်
English:
triangle
Grammar Note:
နာမ်
ကြက်လှီးကား
[t͡ɕɛʔɬïká]
Arakanese:
ကြက်လှဂ။ တခုတရီ အမြင့်သို့တက်ရန် ဝါးလုံးဖြင့်ယာယီ ပြုလုပ်ထားရေ လှဂ
Burmese:
ကြက်လှဂ။ တစ်စုံတစ်ခု အမြင့်သို့တက်ရန် ဝါးလုံးဖြင့်ယာယီ ပြုလုပ်ထားသော လှေကား
English:
stair
Grammar Note:
နာမ်
ကြက်သရေ
[t͡ɕɛʔθɹè]
Arakanese:
၁၊ မင်္ဂလာဟိခြင်း။ ထူးခြားသော ဂုဏ်သတင်းနှင့် ပြည့်စုံခြင်း။ ကြက်သရေ မင်္ဂလာ၊ ပြည့်စုံ၍။ ၂၊ ဘုန်းတန်ခိုး အာနုဘော်ကြီးခြင်း။ ဂုဏ်သတင်း ကျော်ဇော်ခြင်း၊ အစိုးရရေ၏အဖြစ်။ ကပ္ပီလမှ၊ အဇ္ဇုနမင်း၊ ထွန်းလင်းကြက်သရေ၊ တောက်ပနိန်ပနာ (ရခိုင်ကာ)
Burmese:
၁၊ မင်္ဂလာရှိခြင်း။ ထူးခြားသော ဂုဏ်သတင်းနှင့် ပြည့်စုံခြင်း။ ကြက်သရေ မင်္ဂလာ၊ ပြည့်စုံ၍။ ၂၊ ဘုန်းတန်ခိုး အာနုဘော်ကြီးခြင်း။ ဂုဏ်သတင်း ကျော်ဇော်ခြင်း၊ အစိုးရသည်၏အဖြစ်။ ကပ္ပီလမှ၊ အဇ္ဇုနမင်း၊ ထွန်းလင်းကြက်သရေ၊ တောက်ပနေ၍ (ရခိုင်ကာ)
English:
famous
Grammar Note:
နာမ်
ကြက်သရေဆောင်
[t͡ɕɛʔθɹèsʰàʊɴ]
Arakanese:
မင်္ဂလာဟိရေ အဆောင်။ နန်း။ နန်း၏ အလယ်ဗဟိုဆောင်
Burmese:
မင်္ဂလာရှိသော အဆောင်။ နန်း။ နန်း၏ အလယ်ဗဟိုဆောင်
English:
palace
Grammar Note:
နာမ်
ကြက်သားဟင်း
[t͡ɕɛʔθáhɪ́ɴ]
Arakanese:
အရွက်ကို ဟင်းချက်စားရရေ ပင်ပျပ်တမျိုး
Burmese:
အရွက်ကို ဟင်းချက်စားရသော ပင်ပျပ်တစ်မျိုး
English:
plant
Grammar Note:
နာမ်
ကြက်သီကြက်မေါ
[t͡ɕɛʔθít͡ɕɛʔmèà]
Arakanese:
၁၊ သေနီရေ ထင်ရလောက်ယောင် အိပ်ရေ။ ၂၊ ကြောက်အားလန့််အား ကြီးအတွက်နန့် ဇာပိုင် ပြုလုပ်ရဖို့မသိပနာ မလှုပ်မရှားသောအနိန်နန့်
Burmese:
၁၊ သေနေသည့် ထင်ရလောက်အောင် အိပ်သည်။ ၂၊ ကြောက်အားလန့််အား ကြီးသောကြောင့် မည်သို့ ပြုလုပ်ရမည်မသိ၍ မလှုပ်မရှားသော အားဖြင့်
English:
sleep
Grammar Note:
ကြိယာဝိသေသန
ကြက်သီးထ
[t͡ɕɛʔθïtʰ]
Arakanese:
ကြောက်ခြင်းရို့ကြောင့် ပင်ဖြစ်ဖြစ်၊ ချမ်းခြင်းရို့ကြောင့် ပင်ဖြစ်ဖြစ် အရီးပြားထက်မာ အဖုကချေတိ စူကြွတက်လာရေ။ အထုကျယ်စွာ၊ များဗိုလ်ပါနှင့်၊ မြင်ခါကာလ၊ ခြုပ်တိကျလှာ၊ ဖြာလို့စိမ့်ကေ၊ ကြက်သိန့်ထလို့ (ကော်)
Burmese:
ကြောက်ခြင်းတို့ကြောင့် လည်းကောင်း၊ ချမ်းခြင်းတို့ကြောင့် လည်းကောင်း အရေးပြားပေါ်တွင် အဖုကလေးများ စူကြွတက်လာသည်။ အထုကျယ်စွာ၊ များဗိုလ်ပါနှင့်၊ မြင်ခါကာလ၊ ချွေးများကျလာ၊ ဖြာလို့စိမ့်ကေ၊ ကြက်သိန့်ထလို့ (ကော်)
English:
Goose-flesh
Grammar Note:
ကြိယာ
ကြက်သီးမွှေးညှင်းထ
[t͡ɕɛʔθïmW̯éɲ̯ɪ́ɴtʰ]
Arakanese:
ကြောက်ခြင်းရို့ကြောင့် ပင်ဖြစ်ဖြစ်၊ ချမ်းခြင်းရို့ကြောင့် ပင်ဖြစ်ဖြစ် အရီးပြားထက်မာ အဖုကချေတိ စူကြွ တက်လာရေ။ အထုကျယ်စွာ၊ များဗိုလ်ပါကေ့၊ မြင်ခါကာလ၊ ခြုပ်တိကျလှာ၊ ဖြာလို့စိမ့်ကေ၊ ကြက်သိန့်ထလို့ (ကော်)
Burmese:
ကြောက်ခြင်းတို့ကြောင့် လည်းကောင်း၊ ချမ်းခြင်းတို့ကြောင့် လည်းကောင်း အရေးပြားပေါ်တွင် အဖုကလေးများ စူကြွ တက်လာသည်။ အထုကျယ်စွာ၊ များဗိုလ်ပါနှင့်၊ မြင်ခါကာလ၊ ချွေးများကျလာ၊ ဖြာလို့စိမ့်ကေ၊ ကြက်သိန့်ထလို့ (ကော်)
English:
Goose-flesh
Grammar Note:
ကြိယာ
ကြက်သီးဝှန်
[t͡ɕɛʔθïʍàɴ]
Arakanese:
အထိတ်တလန့်ကြောက အားပိုပြီးကေအရီပြားပေါ်ဟိ အဖုကချေတိ တကိုယ်လုံး အပျံ့အနှံ့ ထင်ရှားစွာ လွှမ်းမိုးရေ။ ကြက်သိန်းဝှန်းပျာ၊ ဖလံထွက်လုလုတည်း (ဗမာချီ)
Burmese:
အထိတ်တလန့်ကြောက အားပို၍အရေပြားပေါ်ရှိ အဖုကလေးများ တစ်ကိုယ်လုံး အပျံ့အနှံ့ ထင်ရှားစွာ လွှမ်းမိုးသည်။ ကြက်သိန်းဝှန်းပျာ၊ လိပ်ပြာထွက်လုလုတည်း (ဗမာချီ)
English:
Goose-flesh
Grammar Note:
ကြိယာ
ကြက်သီသီ
[t͡ɕɛʔθíθí]
Arakanese:
ကြောက်အားလန့်အားကြီးပြီးကေ မျက်စိပြူးတူးပြဲတဲနန့် မပြောမဟော မလှုပ်ရှားနိုင်ဖြစ်တေ။ ဇာပိုင် ပြုလုပ်ရဖို့မသိ ဖြစ်တေ
Burmese:
ကြောက်အားလန့်အားကြီး၍ မျက်စိပြူးတူးပြဲတဲနှင့် မပြောမဟော မလှုပ်ရှားနိုင်ဖြစ်သည်။ မည်သို့ ပြုလုပ်ရမည်မသိ ဖြစ်သည်
English:
terrified
Grammar Note:
ကြိယာ
ကြက်သွန်ဖြူတပင်တိုင်
[t͡ɕɛʔθʊ̀ɴpʰɹùtpɪ̀ɴtàɪɴ]
Arakanese:
အမြွာမပါရေ တလုံးတည်း ဥသော ကြက်သွန်ဖြူ
Burmese:
အမြွာမပါသော တစ်လုံးတည်း ဥသော ကြက်သွန်ဖြူ
English:
garlic
Grammar Note:
နာမ်
ကြက်သွန်လက်
[t͡ɕɛʔθʊ̀ɴlɛʔ]
Arakanese:
ကြက်သွန်ဥမှ ပေါက်သော အရွက်၊ ကြက်သွန်မြိတ်
Burmese:
ကြက်သွန်ဥမှ ပေါက်သော အရွက်၊ ကြက်သွန်မြိတ်
English:
chive
Grammar Note:
နာမ်