Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,381–2,400 of 3,186 words

    က

    ကြက်သွီးစပါး

    [t͡ɕɛʔθwïspàး]
    ကြက်သွီးစပါး အခွံ နီရဲရဲအရောင်ဟိရေ စပါးတမျိုး
    ကြက်သွီးစပါး အခွံ နီရဲရဲအရောင်ရှိသော စပါးတစ်မျိုး
    grain
    နာမ်

    ကြက်သွီးရောင်

    [t͡ɕɛʔθwïɹàʊɴ]
    ကြက်၏ စွေးပိုင် နီရဲရဲဟိရေ အရောင်
    ကြက်၏ စွေးကဲ့သို့ နီရဲရဲရှိသော အရောင်
    crimson
    နာမ်

    ကြက်ဟင်းပင်

    [t͡ɕɛʔhɪ́ɴpɪ̀ɴ]
    အရွက်ကို ဟင်းချက်စားရရေ ပင်ပျပ်တမျိုး
    အရွက်ကို ဟင်းချက်စားရသော ပင်ပျပ်တစ်မျိုး
    like vegetable
    နာမ်

    ကြက်အိပ်

    [t͡ɕɛʔʔìaʔ]
    ဥပစာ ခေါ်ဝေါ်၍မထူး မပြောမဆိုကား မြုံစိစိလုပ်နိန်ရေ။ ပွင့်လင်းပြတ်သားခြင်း မဟိဖြစ်တေ။ ၂၊ ပြောလိုရာကို မဖွင့်မတိုးပဲ စိတ်ထဲမာ ထိန်းချုပ်ထားရေ
    ဥပစာ ခေါ်ဝေါ်၍မထူး မပြောမဆိုပဲ မြုံစိစိလုပ်နေသည်။ ပွင့်လင်းပြတ်သားခြင်း မရှိဖြစ်သည်။ ၂၊ ပြောလိုရာကို မဖွင့်မတိုးပဲ စိတ်ထဲတွင် ထိန်းချုပ်ထားသည်
    primly
    ကြိယာ

    ကြက်အိပ်ကြက်နိုး

    [t͡ɕɛʔʔìaʔt͡ɕɛʔnó]
    ထွတ်ထွတ်အိပ်လို့မဖြောင့်ပဲ မအိပ်တချက် အိပ်တချက်။ အိပ်လိုက်နိုးလိုက်နန့်
    နှိုက်နှိုက်အိပ်မပျော်ပဲ မအိပ်တစ်ချက် အိပ်တစ်ချက်။ အိပ်လိုက်နိုးလိုက်နှင့်
    sleepless
    ကြိယာဝိသေသန

    ကြက်ဥကျင်

    [t͡ɕɛʔʔṵt͡ɕɪ̀ɴ]
    သားမပေါက်သော ကြက်ဥ။ ကြက်ဥဆန်ချောင်
    သားမပေါက်သော ကြက်ဥ။ ကြက်ဥဆန်ချောင်
    egg
    နာမ်

    ကြက်ဥခိုးမြွီ

    [t͡ɕɛʔʔṵkʰómWɹí]
    ကြက်ဥနှင် ငှက်ဥရို့ကို မျိုတတ်ရေ မြွီတမျိုး။ ကျိုင်းခေါင်းမြွီ
    ကြက်ဥနှင် ငှက်ဥတို့ကို မျိုတတ်သော မြွေတစ်မျိုး။ ကျိုင်းခေါင်းမြွေ
    snake
    နာမ်

    ကြက်ဥတင်း

    [t͡ɕɛʔʔṵtɪ́ɴ]
    ကြက်မဥ၍ ဝပ်သော တောင်း။ ကြက်တင်း။ ငပိကျိုင်နန့်ဆားကိုင်မကြွင်း၊ ကြက်ဥတင်းမာ၊ မြင်းချင်းပြိုင်လို့ (ထာနု)
    ကြက်မဥ၍ ဝပ်သော တောင်း။ ကြက်တင်း။ ငပိကျိုင်နှင့်ဆားကိုင်မကြွင်း၊ ကြက်ဥတင်းမှာ၊ မြင်းချင်းပြိုင်လို့ (ထာနု)
    basket or box in which a hen nests
    နာမ်

    ကြက်ဥတင်းခြည်သီး

    [t͡ɕɛʔʔṵtɪ́ɴkʰɹɛθï]
    ဖေသာ ပြားခတ်လီာက်ခန့် ဟိပြီးး အဝိုင်း ရစ်ပတ်ထားရေ ခြည်သီးတမျိုး
    ပိုက်ဆံ ပြားစေ့လောက်ခန့် ရှိပြီး အဝိုင်း ရစ်ပတ်ထားသော ခြည်သီးတစ်မျိုး
    none
    နာမ်

    ကြက်ဦးတွန်

    [t͡ɕɛʔʔútʊ̀ɴ]
    အာရုဏ်ဖက် ပထမဆုံးအနိန်နန့် ကြက်တွန်သော အချိန်။ ကြက်ဦးလည်းတွန်၊ အာရုဏ်ဖက်မာ၊ ဆွမ်းခံလည်းကြ၊ မေလည်းထရေ (တေး)
    မိုးသောက်ယံ ပထမဦးဆုံး ကြက်တွန်သော အချိန်။ ကြက်ဦးလည်းတွန်၊ မိုးသောက်ယံမှာ၊ ဆွမ်းခံလည်းကြ၊ မေလည်းထရေ (တေး)
    dawn
    နာမ်

    ကြံကြံ

    [t͡ɕံt͡ɕံ]
    ဆူဆူညံညံ။ လှုပ်လှုပ်ရွရွ။ ဟစ်အော်ခြင်းကိုပြုဗျာယ်။ ပြည်သူအပေါင်း၊ သောင်းသောင်းညံညံ၊ တကြံကြံနန့် (ထာနု)
    ဆူဆူညံညံ။ လှုပ်လှုပ်ရွရွ။ ဟစ်အော်ခြင်းကိုပြုလျက်။ ပြည်သူအပေါင်း၊ သောင်းသောင်းညံညံ၊ တကြံကြံနှင့် (ထာနု)
    noisy
    ကြိယာဝိသေသန

    ကြံကြံ၂

    [t͡ɕံt͡ɕံ၂]
    ဆူညံ ကျွီးသော အသံ
    ဆူညံ အော်ဟစ်သော အသံ
    hubbub
    နာမ်

    ကြံ့ကြံ့ခံ

    [t͡ɕံ့t͡ɕံ့kʰံ]
    မူလ တည်နီရာမာ ရွေ့လျာခြင်း မပြုပဲ။ မြဲခိုင် တည်တံ့သောအနိန်နန့်
    မူလ တည်နေရာမှာ ရွေ့လျာခြင်း မပြုပဲ။ မြဲခိုင် တည်တံ့သော အားဖြင့်
    stable
    ကြိယာဝိသေသန

    ကြခပ်

    [t͡ɕkʰaʔ]
    လုံးပတ်တထွာခွဲ နှစ်ထွာခန့်၊ တလက်မခန့်အသားထထူ၊ အဆစ်စိပ်စိပ်ဟိရေ ဝါးတမျိုး စူးမပါ
    လုံးပတ်တစ်ထွာခွဲ နှစ်ထွာခန့်၊ တစ်လက်မခန့်အသားထူထူ၊ အဆစ်စိပ်စိပ်ရှိသော ဝါးတစ်မျိုး ဆူးမပါ
    bamboo
    နာမ်

    ကြံ့ချီပိုး

    [t͡ɕံ့ɕípó]
    ဂြိုတချောင်းသာ ပေါက်ပနာ ကျွဲချီး၊ နွားချီးအပုံမာ နီလိဟိရေ ပိုးကောင်တမျိုး
    ဦးချိုတစ်ချောင်းသာ ပေါက်၍ ကျွဲချေး၊ နွားချေးအပုံတွင် နေလေ့ရှိသော ပိုးကောင်တစ်မျိုး
    beetal
    နာမ်

    ကြံ့ခွာ

    [t͡ɕံ့kʰwà]
    ဆီးဖက်ဝင်ရေ ကြံ့သတ္တဝါ၏ ခြီချောင်း၊ လက်ချောင်း အစွန်းကို ဖုံးအုပ်ထားရေ မာသော အရာ
    ဆေးဖက်ဝင်သော ကြံ့သတ္တဝါ၏ ခြေချောင်း၊ လက်ချောင်း အစွန်းကို ဖုံးအုပ်ထားသော မာသော အရာ
    rhinoceros strips
    နာမ်

    ကြင်

    [t͡ɕɪ̀ɴ]
    နို့ရည်ပြည့်တင်းလာသနန့် နာကြင်ရေ။ ကိုက်ခဲရေ။ မခံမရပ်နိုင်ဖြစ်တေ။ နို့ကလေ့ရင်၊ ကြင်လည်းကြင်ကေ၊ မိခင်ဒုက္ခ (နာရဒ)
    နို့ရည်ပြည့်တင်းလာသဖြင့် နာကျင်သည်။ ကိုက်ခဲသည်။ မခံမရပ်နိုင်ဖြစ်သည်။ နို့ကလည်းရင်၊ ကြင်လည်းကြင်ကေ၊ မိခင်ဒုက္ခ (နာရဒ)
    none
    ကြိယာ

    ကြင့်

    [t͡ɕɪ̰ɴ]
    ဝမ်းဖေါင်း၍ မို့မောက်နိန်ရေ
    ဗိုက်ဖေါင်း၍ မို့မောက်နေသည်
    paunchy
    ကြိယာ

    ကြင်း

    [t͡ɕɪ́ɴ]
    ၁၊ ဗရမ်းဗစွာပါရာ။ ကြင်းလျှက်။ ၂၊ အဝှမ်းဖြစ်ယောင် ဖြန့်ကျဲလျှက်။ ကုလားပုဇွန်၊ ဆားငန်ငန်၊ ကြာဇံမစား၊ အမျက်တက်၊ ရွှီလောင်ဗွန်းမာ၊ ကြင်းလို့ထား (တေး)
    ၁၊ အစီအစဉ်မကျပဲ။ ဖရိုဖရဲကြဲပြန့်လျှက်။ ၂၊ အနှံ့အပြားဖြစ်အောင် ဖြန့်ကျဲလျှက်။ ကုလားပုဇွန်၊ ဆားငန်ငန်၊ ကြာဇံမစား၊ အမျက်တက်၊ ရွှီလောင်ဗွန်းမှာ၊ ကြင်းလို့ထား (တေး)
    scatter
    ကြိယာဝိသေသန

    ကြင်၂

    [t͡ɕɪ̀ɴ၂]
    သနားချစ်ခင်ရေ။ မွေးဖခင်မာ၊ ကြင်မချစ်ပဲ၊ နှစ်ပစ်တုံစဉ် (ဓမ္မသာ)
    သနားချစ်ခင်သည်။ မွေးဖခင်မှာ၊ ကြင်မချစ်ပဲ၊ နှစ်ပစ်တုံစဉ် (ဓမ္မသာ)
    kind
    ကြိယာ