Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,401–2,420 of 3,186 words

    က

    ကြင့်၂

    [t͡ɕɪ̰ɴ၂]
    ဝမ်းပူရေ။ ပဋိသနေ္ဓဟိရေ
    ကိုယ်ဝန်ရှိသည်။ ပဋိသနေ္ဓရှိသည်
    pregnant
    ကြိယာ

    ကြင်း၂

    [t͡ɕɪ́ɴ၂]
    ၁၊ ကြည်လင်ပြတ်သားစွာ မြင်ရရေ။ ၂၊ အပိတ်အပေါင် အကာအကွယ် မဟိ။ ဟင်းလင်းပြင်
    ၁၊ ကြည်လင်ပြတ်သားစွာ မြင်ရသည်။ ၂၊ အပိတ်အဖုံး အကာအကွယ် မရှိ။ ဟင်းလင်းပြင်
    transparent
    ကြိယာဝိသေသန

    ကြင်၃

    [t͡ɕɪ̀ɴ၃]
    ချမ်းချမ်းအီးအေး။ ကောင်းကောင်းစိမ့်သော အတိဟိလျှက်
    ချမ်းချမ်းအေးအေး။ အလွန်အေးသော အတွေရှိလျှက်
    cool
    ကြိယာဝိသေသန

    ကြင့်၃

    [t͡ɕɪ̰ɴ၃]
    ၁၊ ထိုပိုင်ယှောင် ဒေပိုင်ယှောင်။ ထိတ်ထိတ်လန့်လန့်။ ၂၊ မူးတူးမေ့တဲ့ မပြောမဆိုကား ငေးတေးတေးဖြစ်ဗျာယ်
    ၁၊ ဟိုလိုလို သည်လိုလို။ ထိတ်ထိတ်လန့်လန့်။ ၂၊ မူးတူးမေ့တဲ့ မပြောမဆိုပဲ ငေးတေးတေးဖြစ်လျက်
    ambiguously
    ကြိယာဝိသေသန

    ကြင်၄

    [t͡ɕɪ̀ɴ၄]
    ၁၊ အပေါင်းအဖေါ် ပြုရေ။ ၂၊ အိမ်ထောင်ဖက် ပြုသည်
    ၁၊ အပေါင်းအဖေါ် ပြုသည်။ ၂၊ အိမ်ထောင်ဖက် ပြုသည်
    marriage
    ကြိယာ

    ကြင့်ကြင့်

    [t͡ɕɪ̰ɴt͡ɕɪ̰ɴ]
    ဝမ်း စိကေချေ ဖေါင်းတင်းနိန်ပနာ နေမသာ ထိုင်မသာ ဖြစ်တေ
    ဗိုက် အနည်းငယ် ဖေါင်းတင်းနေ၍ နေမသာ ထိုင်မသာ ဖြစ်သည်
    stomach ache
    ကြိယာ

    ကြင်းကြင်း

    [t͡ɕɪ́ɴt͡ɕɪ́ɴ]
    ၁၊ အိမ်၊ အဆောက်အဦး ကျယ်ဝန်းရေ။ ၂၊ အကာအကွယ်မဟိ ဟင်းလင်းပြင် ဟိရေ။ အိမ်ကြီး ရာကြီး ကြင်းကြင်းလင်းလင်းရာ မလားဒေ
    ၁၊ အိမ်၊ အဆောက်အဦး ကျယ်ဝန်းသည်။ ၂၊ အကာအကွယ်မရှိ ဟင်းလင်းပြင် ရှိသည်။ အိမ်ကြီး ရာကြီး ကြင်းကြင်းလင်းလင်းရာ မလားဒေ
    wide
    ကြိယာ

    ကြင်းကြင်းလင်းလင်း

    [t͡ɕɪ́ɴt͡ɕɪ́ɴlɪ́ɴlɪ́ɴ]
    ၁၊ အိမ်၊ အဆောက်အဦး ကျယ်ဝန်းရေ။ ၂၊ အကာအကွယ်မဟိ ဟင်းလင်းပြင် ဟိရေ။ အိမ်ကြီးရာကြီး ကြင်းကြင်းလင်းလင်းရာ မလားဒေ
    ၁၊ အိမ်၊ အဆောက်အဦး ကျယ်ဝန်းသည်။ ၂၊ အကာအကွယ်မရှိ ဟင်းလင်းပြင် ရှိသည်။ အိမ်ကြီးရာကြီး ကြင်းကြင်းလင်းလင်းရာ မလားဒေ
    wide
    ကြိယာ

    ကြင်ချင်

    [t͡ɕɪ̀ɴɕɪ̀ɴ]
    ပီးစပ်ချင်ရေ။ မယားယူချင်ရေ။ ကြင်ချင်စိတ်ရစ်၊ ညီအစ်ကိုယ်လေ၊ ထိုသုံးယောက်ရို့၊ နောက်ပိုးကြိုက်၍ (ကော်)
    အိမ်ထောင်ပြုချင်သည်။ မယားယူချင်သည်။ ကြင်ချင်စိတ်ရစ်၊ ညီအစ်ကိုယ်လေ၊ ထိုသုံးယောက်တို့၊ နောက်ပိုးကြိုက်၍ (ကော်)
    marriage
    ကြိယာ

    ကြင်ချစ်ဦး

    [t͡ɕɪ̀ɴɕɪʔʔú]
    ၁၊ အထူး ချစ်ခင်အပ်ရေ မယား။ ၂၊ ပထမ ချစ်ရရေ အချစ်ဦး။ ကြင်စ ဦး
    ၁၊ အထူး ချစ်ခင်အပ်သော မယား။ ၂၊ ပထမ ချစ်ရသော အချစ်ဦး။ ကြင်စ ဦး
    wife
    နာမ်

    ကြင်စွယ်

    [t͡ɕɪ̀ɴswɛ̀]
    အထက် နှုတ်ခမ်းထက်မာ ပေါက်သော အမွီးစု။ ကြင်စွယ်မုတ်ဆိတ်၊ ခြူအခြာလေ၊ လိမ်ကာကျိတ်လို့ (ဆဒ္ဒန်)
    အထက် နှုတ်ခမ်းထက်တွင် ပေါက်သော အမွေးစု။ ကြင်စွယ်မုတ်ဆိတ်၊ ခြူအခြာလေ၊ လိမ်ကာကျိတ်လို့ (ဆဒ္ဒန်)
    whiskered
    နာမ်

    ကြင်စွယ်၂

    [t͡ɕɪ̀ɴswɛ̀၂]
    အထပ်သို့ကော့၍ တက်နိန်ရေ အပေါ် မဆွီး
    အထပ်သို့ကော့၍ တက်နေသော အပေါ် နှုတ်ခမ်းမွှေး
    whiskered
    နာမဝိသေသန

    ကြင်ညီ

    [t͡ɕɪ̀ɴɲí]
    ကြိုးစားပန်းစားချစ်ခင်အပ်ရေ မယား။ နှလုံးစူးကေ၊ စါးမူးမကြိုက်၊ လှကြင်ညီမာ၊ အိပ်နီမပျော် (သာချမ်းဦးဘ)
    အထူးတလည် ချစ်ခင်အပ်သော မယား။ နှလုံးဆူးကေ၊ စါးမူးမခြီ၊ လှကြင်ညီမှာ၊ အိပ်နီမပျော် (သာချမ်းဦးဘ)
    wife
    နာမ်

    ကြင့်တင့်တင့်

    [t͡ɕɪ̰ɴtɪ̰ɴtɪ̰ɴ]
    အထက်ကိုလေ့ လေမဆန်၊ အောက်ကိုလေ့ လေမသက်၊ ဝမ်းဖောင်းတင်းပြီး နေမချိထိုင်မသာ ဖြစ်တေ
    အထက်သို့လည်း လေမဆန်၊ အောက်ကိုလည်း လေမသက်၊ ဗိုက်ဖောင်းတင်းပြီး နေမချိထိုင်မသာ ဖြစ်သည်
    stomach ache
    ကြိယာ

    ကြင်းထား

    [t͡ɕɪ́ɴtʰá]
    အဝှမ်း ဖြန့်ကျဲထားရေ
    အနှံ့အပြား ဖြန့်ကျဲထားသည်
    spread
    ကြိယာ

    ကြင်နာ

    [t͡ɕɪ̀ɴnà]
    ဂရုဏာ သက်ရေ။ မေတ္တာ သက်ဝင်ရေ။ သနား ချစ်ခင်ရေ။ မယားကိုလျှင်၊ ကြင်နာသနား၊ မေတ္တာထားလျှက် (ချမ်းသာ)
    ဂရုဏာ သက်သည်။ မေတ္တာ သက်ဝင်သည်။ သနား ချစ်ခင်သည်။ မယားကိုလျှင်၊ ကြင်နာသနား၊ မေတ္တာထားလျှက် (ချမ်းသာ)
    kind
    ကြိယာ

    ကြင်ဖက်

    [t͡ɕɪ̀ɴpʰɛʔ]
    ချစ်နှစ်သက်အပ်ရေ ခင်၊ ချစ်နှစ်သက်အပ်ရေ မယား။ ခင်မက်လို့၊ ကြင်ဖက်ကိုနှင်၊ မေ့ငယ်လင်ကို (ပန်း)
    ချစ်နှစ်သက်အပ်သော ခင်၊ ချစ်နှစ်သက်အပ်သော မယား။ ခင်မက်လို့၊ ကြင်ဖက်ကိုနှင်၊ မေ့ငယ်လင်ကို (ပန်း)
    wife
    နာမ်

    ကြင်ဖေါ်

    [t͡ɕɪ̀ɴpʰɔ̀]
    ချစ်နှစ်သက်အပ်ရေ ခင်၊ ချစ်နှစ်သက်အပ်ရေ မယား။ ခင်မက်လို့၊ ကြင်ဖက်ကိုနှင်၊ မေ့ငယ်လင်ကို (ပန်း)
    ချစ်နှစ်သက်အပ်သော ခင်၊ ချစ်နှစ်သက်အပ်သော မယား။ ခင်မက်လို့၊ ကြင်ဖက်ကိုနှင်၊ မေ့ငယ်လင်ကို (ပန်း)
    wife
    နာမ်

    ကြင်ရာ

    [t͡ɕɪ̀ɴɹà]
    နှစ်သက် မြတ်နိုးအပ်ရေ မယား
    နှစ်သက် မြတ်နိုးအပ်သော မယား
    wife
    နာမ်

    ကြငှန်း

    [t͡ɕŋ̊áɴ]
    ၁၊ ထူးကဲခြင်း။ ထက်မြတ်ခြင်း။ မြင့်မြတ်ခြင်း။ နန်းတော်။ တူနှစ်ကိုလျှင်၊ မငြိုမငြင်၊ ဘမရာလေ၊ ဆောင်းကြငှန်းနှင့်၊ တောင်နန်းတင်ပနာ(ပဒုမ္မ)။ ၂၊ အိမ်သည်တိုင်တလုံး၏ အမည်။ ၃၊ ရှု၊ ကြငှန်း၊ ညောင်ရမ်း၊ သပြီ၊ ရဝေ၊ ရုမ္ဘီ ဆိုရေတိုင် မြတ်ခြောက်လုံးမာ အဟိတောင်ထောင
    ၁၊ ထူးကဲခြင်း။ ထက်မြတ်ခြင်း။ မြင့်မြတ်ခြင်း။ နန်းတော်။ တူနှစ်ကိုလျှင်၊ မငြိုမငြင်၊ ဘမရာလေ၊ ဆောင်းကြငှန်းနှင့်၊ တောင်နန်းတင်၍(ပဒုမ္မ)။ ၂၊ အိမ်သည်တိုင်တစ်လုံး၏ အမည်။ ၃၊ ရှု၊ ကြငှန်း၊ ညောင်ရမ်း၊ သပြီ၊ ရဝေ၊ ရုမ္ဘီ ဆိုတဲ့တိုင် မြတ်ခြောက်လုံးတွင် အရှေ့တောင်ထောင
    palace
    နာမ်