Dictionary Entries
Showing 2,421–2,440 of 3,186 words
က
ကြံစည်
[t͡ɕံsɛ̀]
Arakanese:
စိတ်ကူးရေ။ စိုင်းစားရေ။ အားထုတ်သည်
Burmese:
စိတ်ကူးသည်။ စဉ်းစားသည်။ အားထုတ်သည်
English:
think
Grammar Note:
ကြိယာ
ကြံဆ
[t͡ɕံsʰ]
Arakanese:
၁၊ နှလုံးသွင်း ဆင်ခြင်ရေ။ ၂၊ တွေးခေါ်ရေ။ နဂါးတန်ဆာ၊ လူနိုင်ငံမာ ရှာကြံဆလို့ (ပန်း)
Burmese:
၁၊ နှလုံးသွင်း ဆင်ခြင်သည်။ ၂၊ တွေးတောသည်။ နဂါးတန်ဆာ၊ လူနိုင်ငံမှာ ရှာကြံဆလို့ (ပန်း)
English:
think
Grammar Note:
ကြိယာ
ကြံ့ဆင်
[t͡ɕံ့sʰɪ̀ɴ]
Arakanese:
ဂြိုတချောင်းသာ ပေါက်သော ကြံ့သတ္တဝါ၏သွီး
Burmese:
ဦးချိုတစ်ချောင်းသာ ပေါက်သော ကြံ့သတ္တဝါ၏ သွေး
English:
rhinoceros blood
Grammar Note:
နာမ်
ကြံဆစ်
[t͡ɕံsʰɪʔ]
Arakanese:
ကြံပင်၏ အဆစ်နန့် တူသော အရာ
Burmese:
ကြံပင်၏ အဆစ်နှင့် တူသော အရာ
English:
sugar cane
Grammar Note:
နာမ်
ကြံဆောင်
[t͡ɕံsʰàʊɴ]
Arakanese:
၁၊ ဆင်ခြင် အောင်းမေ့။ စိုင်းစားရေ။ စိတ်ကူးရေ။ ၂၊ ကြိုးစား အားထုတ်ရေ။ ကြံဆောင်လုံ့လ၊ ဥဿဟဖြင့် (မြို့တည်)။ နောင်တော်ကြီးရို့၊ သီးသီးကြံဆောင် (ကော်)
Burmese:
၁၊ ဆင်ခြင် အောက်မေ့သည်။ စဉ်းစားသည်။ စိတ်ကူးသည်။ ၂၊ ကြိုးစား အားထုတ်သည်။ ကြံဆောင်လုံ့လ၊ ဥဿဟဖြင့် (မြို့တည်)။ နောင်တော်ကြီးတို့၊ သီးသီးကြံဆောင် (ကော်)
English:
think
Grammar Note:
ကြိယာ
ကြဉ်
[t͡ɕɪ̀ɴ]
Arakanese:
အပေါင်းအဖော် မပြုရာထားရေ။ မပါမဝင်ရယောင် ဖယ်ထုတ်ထားရေ။ အရာတပါးသို့ ဖယ်ထွက်သည်
Burmese:
အပေါင်းအဖော် မပြုပဲထားသည်။ မပါမဝင်ရအောင် ဖယ်ထုတ်ထားသည်။ အခြားတစ်ပါးသို့ ဖယ်ထွက်သည်
English:
leave
Grammar Note:
ကြိယာ
ကြဉ်ယှောင်
[t͡ɕɪ̀ɴʃàʊɴ]
Arakanese:
အပါးမှအဝီးကို ထွက်ရေ။ ရှောင်လွဲရေ။ အဆက်အဆံ၊ အပေါင်းအသင်းမပြုပဲ ထားရေ
Burmese:
အပါးမှအဝေးသို့ ထွက်သည်။ ရှောင်လွဲသည်။ အဆက်အဆံ၊ အပေါင်းအသင်းမပြုပဲ ထားသည်
English:
leave
Grammar Note:
ကြိယာ
ကြည်
[t͡ɕɛ̀]
Arakanese:
၁၊ ရောဂါကင်းယှင်းရေ။ အီသာရေ။ နေကောင်းရေ။ ကိုယ်၌ရောဂါ၊သွီးလေ မသျှောင်း၊ အေးကြည်ဖြောင့်လို့( ပဒုမ္မ)။ ၂၊ စိတ်ချမ်းသာရေ။ စိတ်အနှောင့်အယှက်မဟိ ပျော်ရေ။ ၃၊ နှစ်သက်အားရရေ
Burmese:
၁၊ ရောဂါကင်းရှင်းသည်။ အီသာသည်။ နေကောင်းသည်။ ကိုယ်၌ရောဂါ၊ သွေးလေ မသျှောင်း၊ အေးကြည်ဖြောင့်လို့( ပဒုမ္မ)။ ၂၊ စိတ်ချမ်းသာသည်။ စိတ်အနှောင့်အယှက်မရှိ ပျော်သည်။ ၃၊ နှစ်သက်အားရသည်
English:
healthy
Grammar Note:
ကြိယာ
ကြည့်
[t͡ɕɛ̰]
Arakanese:
၁၊ ရှုရေ။ မျက်စိနန့်် မြင်ယောင် အားစိုက်ရေ။၂၊ ဂရုပြုရေ။ သတိထားရေ
Burmese:
၁၊ ရှုသည်။ မျက်စိဖြင့်် မြင်အောင် အားစိုက်သည်။၂၊ ဂရုပြုသည်။ သတိထားသည်
English:
notice
Grammar Note:
ကြိယာ
ကြည်း
[t͡ɕɛ́]
Arakanese:
ကုန်းမြီဒေသ။ ကြည်း၊ ရေအစဟိရေ တပ်ရို့ကို စုရုံးထားပြီးသားကေ မစွာကြည်း
Burmese:
ကုန်းမြေဒေသ။ ကြည်း၊ ရေစသော တပ်တို့ကို စုရုံးထားပြီးလျှင် မဟာကြည်း
English:
plateau
Grammar Note:
နာမ်
ကြည်၂
[t͡ɕɛ̀၂]
Arakanese:
သဘောကျရေ။ မြတ်နိုးရေ။ စုံမက်သည်
Burmese:
သဘောကျသည်။ မြတ်နိုးသည်။ စုံမက်သည်
English:
enjoy
Grammar Note:
ကြိယာ
ကြည်၃
[t͡ɕɛ̀၃]
Arakanese:
စင်ကြယ်သန်ရှင်းသော
Burmese:
စင်ကြယ်သန်ရှင်းသော
English:
clean
Grammar Note:
နာမဝိသေသန
ကြည့်ကတ်
[t͡ɕɛ̰kaʔ]
Arakanese:
တခုတရီသော ဝန်ကို ကြည့်ရှုဖို့အတွက် လွလွတ်လလပ် ခွင့််ပြုကြောင်းကို ပြောသောစကား
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းကို ကြည့်ရှုရန်အတွက် လွတ်လွတ်လပ်လပ် ခွင့််ပြုကြောင်းကို ပြောသောစကား
English:
to look for
Grammar Note:
ပစ္စည်း
ကြည့်ကား
[t͡ɕɛ့̀ká]
Arakanese:
တခုတရီသော ဝန်ကို ဘောရိပိုက် ပ လွှားပြရေပိုင်၍ ကြည့်စမ်းပါဟု ညွှန်ပြသော စကားလုံး။ ငါ့လက်မာ ရွှီလက်ကောက် (အရပ်)
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းကို ကြွားဝါ ပ လွှားပြသလို၍ ကြည့်စမ်းပါဟု ညွှန်ပြသော စကားလုံး။ ငါ့လက်မှာ ရွှီလက်ကောက် (အရပ်)
English:
look
Grammar Note:
ပစ္စည်း
ကြည်းကုန်း
[t͡ɕɛ́kóʊɴ]
Arakanese:
၁၊ မိုမောက်သောမြေအရပ်။ အနိမ့်မှအမြင့်သို့။ ၂၊ အကုသိုလ်အဖို့မှ ကုသိုလ်အဖို့သို့။ အငါ့ကို ကြည်းကုန်းထက်သို့ တင်ဆောင်တော်မူပါ
Burmese:
၁၊ မိုမောက်သောမြေအရပ်။ အနိမ့်မှအမြင့်သို့။ ၂၊ အကုသိုလ်အဖို့မှ ကုသိုလ်အဖို့သို့။ အကျွန်ုပ်ကို ကြည်းကုန်းထက်သို့ တင်ဆောင်တော်မူပါ
English:
plateau
Grammar Note:
နာမ်
ကြည့်ကြည့်
[t͡ɕɛ̰t͡ɕɛ̰]
Arakanese:
အံ့အားသင့်မှု။ သဘောမကျ မကြိုက်မှုကိုပြသော အာမေဠိတ်စကား။ ကြည့်ကတ်ည့်
Burmese:
အံ့အားသင့်မှု။ သဘောမကျ မနှစ်သက်မှုကိုပြသော အာမေဠိတ်စကား။ ကြည့်ကြည့်
English:
amazing
Grammar Note:
အာလုပ်
ကြည့်ကြည့်၂
[t͡ɕɛ̰t͡ɕɛ̰၂]
Arakanese:
တံပက်လူအား ကျီနပ်မှုမဟိရာမာ ကိုယ့်ကိုမထီလေးစား ပြုမှုရာမာ နံဖီးအနားဟိလူတိကို သက်သီအနေထားပနာ ညွှန်ပြသော စကား။ ကြည့်ကတ်ည့်လူကို ဆဲနိန်ရေထော (အရပ်)
Burmese:
တစ်ဘက်သားအား ကျေနပ်မှုမရှိရာ၌ မိမိကိုမထီလေးစား ပြုမှုရာ၌ အနီးအနားရှိလူများကို သက်သေအနေထား၍ ညွှန်ပြသော စကား။ ကြည့်ကြည့်လူကို ဆဲနေရေထော (အရပ်)
English:
look
Grammar Note:
နာမ်
ကြည့်ကြတ်
[t͡ɕɛ̰t͡ɕaʔ]
Arakanese:
တခုတရီသော ဝန်ကို ကြည့်ရှုဖို့အတွက် လွလွတ်လလပ် ခွင့််ပြုကြောင်းကို ပြောသောစကား
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းကို ကြည့်ရှုရန်အတွက် လွတ်လွတ်လပ်လပ် ခွင့််ပြုကြောင်းကို ပြောသောစကား
English:
to look for
Grammar Note:
ပစ္စည်း
ကြည်းကြောင်း
[t͡ɕɛ́t͡ɕáʊɴ]
Arakanese:
ကုန်းကြောင်းခရီး။ ကုန်းကြောင်း
Burmese:
ကုန်းလမ်းခရီး။ ကုန်းကြောင်း
English:
land route
Grammar Note:
နာမ်
ကြည့်ခီ
[t͡ɕɛ̰kʰí]
Arakanese:
တခုတရီကို ကြည့်ရှုလိုရေတွက်နန့် မိဖထံခွင့်တောင်းရာမာ မိဖက လားလီကြည့်ခီဟု ခွင့်ပြုရေစကား
Burmese:
တစ်စုံတစ်ခုကို ကြည့်ရှုလို၍ မိဖထံခွင့်တောင်းရာ၌ မိဖက လားလီကြည့်ခီဟု ခွင့်ပြုသောစကား
English:
to look for
Grammar Note:
ပစ္စည်း