Dictionary Entries
Showing 2,441–2,460 of 3,186 words
က
ကြည့်ခီကပ်မေ
[t͡ɕɛ̰kʰíkaʔmè]
Arakanese:
(အရပ်သုံး) တခုတရီကို လားရောက်ကြည့်ရှုလိုရာ၍ အဖေါ်ရို့အား ခေါ်ဆောင်သောစကား။ လှမိုးသူ၊ လင်တောင်းရေလည်း ဂျိမ်းဂျိမ်း၊ ကြည့်ခီကတ်မေ၊ လာလပ်လာလပ် (တေး)
Burmese:
(အရပ်သုံး) တစ်စုံတစ်ခုကို သွားရောက်ကြည့်ရှုလိုရာ၍ အဖေါ်တို့အား ခေါ်ဆောင်သောစကား။ လှမိုးသူ၊ လင်တောင်းရေလည်း ဂျိမ်းဂျိမ်း၊ ကြည့်ခီကတ်မေ၊ လာလပ်လာလပ် (တေး)
English:
invite for watching
Grammar Note:
ပစ္စည်း
ကြည့်ချင်ပွဲ
[t͡ɕɛ̰ɕɪ̀ɴpwɛ]
Arakanese:
ရပ်ရွာ၌ ဘုရားပွဲတရားပွဲစစွာကို အကြောင်းပြု၌ ကသော ဇာတ်သဘင် မဟုတ်ဘဲ၊ သတ်သတ်အပျော်သဘောနန့် ကသော ဇာတ်ပွဲ
Burmese:
ရပ်ရွာ၌ ဘုရားပွဲတရားပွဲစသည်ကို အကြောင်းပြု၌ ကသော ဇာတ်သဘင် မဟုတ်ဘဲ၊ သက်သက်အပျော်သဘောဖြင့် ကသော ဇာတ်ပွဲ
English:
play
Grammar Note:
နာမ်
ကြည့်ခြင်းကြီးငါးပါး
[t͡ɕɛ̰kʰɹɪ́ɴt͡ɕïŋàးpàး]
Arakanese:
၁၊ ကာလ။ ၂၊ ဒီပ။ ၃၊ ဒေသ။ ၄၊ ကုလ။ ၅၊ မာတုအာယုပရိစ္ဆေဒ
Burmese:
၁၊ ကာလ။ ၂၊ ဒီပ။ ၃၊ ဒေသ။ ၄၊ ကုလ။ ၅၊ မာတုအာယုပရိစ္ဆေဒ
English:
none
Grammar Note:
နာမ်
ကြည့်စမ်း
[t͡ɕɛ̰sáɴ]
Arakanese:
သဘောမကျမှု၊ မကြိုက်မှုကို မြင်ရာ၊ ကြားရာမာ နံဖီးအနားဟိ လူတိကိုညွန်ပြလိုရေတွက်နန့် ပြောသောစကားလုံး။ အေသူသျှေဇာပိုင် စကားပြောရေ ကြည့်ဖိချက် (အရပ်)
Burmese:
သဘောမကျမှု၊ မနှစ်သက်မှုကို မြင်ရာ၊ ကြားရာ၌ အနီးအနားရှိ လူများကိုညွန်ပြလို၍ ပြောသောစကားလုံး။ အေသူသျှေဇာပိုင် စကားပြောရေ ကြည့်စမ်း (အရပ်)
English:
look
Grammar Note:
ပစ္စည်း
ကြည်ဆွ
[t͡ɕɛ̀sʰw]
Arakanese:
၁၊ သဒ္ဓါရေ။ ပီးချင်ကမ်းချင်ရေ။ ၂၊ သန့်ရှင်းစင်ကြယ်ရေ။ ဖြူစင်ရေ။ ကြည်ဆွသဒ္ဒါ၊ လှူဒါန်းပါ၏ (ဓမ္မ)
Burmese:
၁၊ သဒ္ဓါသည်။ ပေးချင်ကမ်းချင်သည်။ ၂၊ သန့်ရှင်းစင်ကြယ်သည်။ ဖြူစင်သည်။ ကြည်ဆွသဒ္ဒါ၊ လှူဒါန်းပါ၏ (ဓမ္မ)
English:
clean
Grammar Note:
ကြိယာ
ကြည်ညို
[t͡ɕɛ̀ɲÒ]
Arakanese:
စိတ်သက်ဝင်ရေ။ အရီးတယူ ဂရုတစိုက်ပြုရေ။ ဘုန်းတော်သခင်၊ ထိုအသျှင်ကို၊ ကြည်ညိုသဒ္ဒါ၊ ပွားဘိရာကား (ထွန်းတိ)
Burmese:
စိတ်သက်ဝင်သည်။ အရေးတယူ ဂရုတစိုက်ပြုသည်။ ဘုန်းတော်သခင်၊ ထိုအသျှင်ကို၊ ကြည်ညိုသဒ္ဒါ၊ ပွားဘိရာကား (ထွန်းတိ)
English:
care
Grammar Note:
ကြိယာ
ကြည်းတပ်
[t͡ɕɛ́taʔ]
Arakanese:
ဆင်တပ်၊ မြင်းတပ်၊ ခြီမြန်တပ် အစဟိရေ ကုန်းကြောင်းခရီးနန့် လားလာမှုဆိုင်ရာ စစ်တပ်
Burmese:
ဆင်တပ်၊ မြင်းတပ်၊ ခြေမြန်တပ် စသော ကုန်းလမ်းခရီးနှင့် သွားလာမှုဆိုင်ရာ စစ်တပ်
English:
military
Grammar Note:
နာမ်
ကြည့်ထော
[t͡ɕɛ̰tʰɔ́]
Arakanese:
အဝီးနံဖီးဟိ တခုတရီကို ကြည့်ရန်ညွှန်ပြသော စကားလုံ။ ကြည့်ထော ငါ့လွယ်အိပ်မာ ဇာပါရေ (အရပ်)
Burmese:
အဝေးအနီးရှိ တစ်စုံတစ်ခုကို ကြည့်ရန်ညွှန်ပြသော စကားလုံ။ ကြည့်ထော ငါ့လွယ်အိပ်မှာ ဇာပါရေ (အရပ်)
English:
there
Grammar Note:
နာမ်
ကြည့်ထော၂
[t͡ɕɛ̰tʰɔ́၂]
Arakanese:
သဘောမကျမှု၊ မကြိုက်မှုကို မြင်ရာ၊ ကြားရာမာ နံဖီးအနားဟိလူတိကို ညွှန်ပြလိုရေတွက်နန့်ပြောသော စကားလုံး။ အေသူသျှေဇာပိုင် စကားပြောရေ ကြည့်ဖိချက် (အရပ်)
Burmese:
သဘောမကျမှု၊ မနှစ်သက်မှုကို မြင်ရာ၊ ကြားရာ၌ အနီးအနားရှိလူများကို ညွှန်ပြလို၍ပြောသော စကားလုံး။ အေသူသျှေဇာပိုင် စကားပြောရေ ကြည့်စမ်း (အရပ်)
English:
look
Grammar Note:
နာမ်
ကြည်နူး
[t͡ɕɛ̀nùး]
Arakanese:
နှစ်သက်ရွှင်ပြရေ။ ကျီနပ်ရေ။ လိုလားနှစ်သက်သည်
Burmese:
နှစ်သက်ရွှင်ပျသည်။ ကျေနပ်သည်။ လိုလားနှစ်သက်သည်
English:
enjoy
Grammar Note:
ကြိယာ
ကြည်ဖြူ
[t͡ɕɛ̀pʰɹù]
Arakanese:
၁၊ ချစ်ခင်စုံမက်ရေ။ နှစ်သက်မြတ်နိုးရေ။ ၂၊ လှူဒါန်းချင်သော စိတ်ဟိရေ။ ၃၊ သန့်ပြန့်စင်ကြယ်ရေ။ နှစ်သက်၊ သဒ္ဒါဖက်၍၊ မပျက်သဒ္ဒါ၊ စင်ကြည်ပါလျှက် (မြို့တည်)
Burmese:
၁၊ ချစ်ခင်စုံမက်သည်။ နှစ်သက်မြတ်နိုးသည်။ ၂၊ လှူဒါန်းချင်သော စိတ်ရှိသည်။ ၃၊ သန့်ပြန့်စင်ကြယ်သည်။ နှစ်သက်၊ သဒ္ဒါဖက်၍၊ မပျက်သဒ္ဒါ၊ စင်ကြည်ပါလျှက် (မြို့တည်)
English:
like
Grammar Note:
ကြိယာ
ကြည်ရွှင်
[t͡ɕɛ̀ɹW̯ɪ̀ɴ]
Arakanese:
စိတ်ကြည်လင် ဝမ်းသာရေ။ အနှောက်အယှက် ကင်းရေ။ ရွှင်ပြော်ရေ
Burmese:
စိတ်ကြည်လင် ဝမ်းမြောက်သည်။ အနှောက်အယှက် ကင်းသည်။ ရွှင်ပျော်သည်
English:
happy
Grammar Note:
ကြိယာ
ကြည့်ရှု
[t͡ɕɛ̰ʃoʊ]
Arakanese:
၁၊ တတ်သိနားလည်ယောင် ကြည့်ရှု လိလာမှတ်သားရေ။ ကောင်းစွာကြည့်ရှု၊ မျှော်ထောက်ပြုပနာ၊ ကောင်းမှုပွားစေ၊ များဝေနိန်ရို့ (ရှေ့ထုံး)။ ၂၊ ကူညီစောင်မသည်
Burmese:
၁၊ တတ်သိနားလည်အောင် ကြည့်ရှု လေ့လာမှတ်သားသည်။ ကောင်းစွာကြည့်ရှု၊ မျှော်ထောက်ပြု၍၊ ကောင်းမှုပွားစေ၊ များဝေနေတို့ (ရှေ့ထုံး)။ ၂၊ ကူညီစောင်မသည်
English:
learn
Grammar Note:
ကြိယာ
ကြည်လင်
[t͡ɕɛ̀lɪ̀ɴ]
Arakanese:
ရှင်းသန့် စင်ကြယ်သော။ တခုတရီ နှောက်ယှက်ခြင်းက ကင်းစင်သော။ အီးမြကြည်လင်၊ သောက်ရီစင်သို့၊ မြူပင်မခ၊ ကင်းဝီးကြလျှက် (ဓမ္မ)
Burmese:
သန့်ရှင်း စင်ကြယ်သော။ တစ်စုံတစ်ရာ နှောက်ယှက်ခြင်းမှ ကင်းစင်သော။ အီးမြကြည်လင်၊ သောက်ရီစင်သို့၊ မြူပင်မခ၊ ကင်းဝေးကြလျှက် (ဓမ္မ)
English:
clean
Grammar Note:
နာမဝိသေသန
ကြည်သာ
[t͡ɕɛ̀θà]
Arakanese:
ရွှင်လန်း ဝမ်းသာရေ၊ စိတ်နှလုံး မသာမယာမှုမှ ကင်းရေ။ ရွှင်လန်းကြည်သာ။ ဝမ်းသာစွာဖြင့်၊ လှူဒါန်းပါရမြတ်ပုညကြောင်း (ထွန်းတိ)။ ရွှင်လန်းဝမ်းသာရေ
Burmese:
ရွှင်လန်း ဝမ်းမြောက်သည်၊ စိတ်နှလုံး မသာမယာမှုမှ ကင်းသည်။ ရွှင်လန်းကြည်သာ။ ဝမ်းမြောက်စွာဖြင့်၊ လှူဒါန်းပါရမြတ်ပုညကြောင်း (ထွန်းတိ)။ ရွှင်လန်းဝမ်းမြောက်သည်
English:
wonderful
Grammar Note:
ကြိယာ
ကြည်အီး
[t͡ɕɛ̀ʔï]
Arakanese:
၁၊ ရောဂါကင်းရေ။ ၂၊ စိတ်ချမ်းသာရေ။ ၂၊ ဆူပူနှောက်ယှက် အန္တရာယ်ပြုခြင်းက ကင်းပြီးကေငြိမ်းချမ်းရေ။ ၃၊ စိတ်အနှာက်အယှက်မှ ကင်းသည်
Burmese:
၁၊ ရောဂါကင်းသည်။ ၂၊ စိတ်ချမ်းသာသည်။ ၂၊ ဆူပူနှောက်ယှက် အန္တရာယ်ပြုခြင်းမှ ကင်း၍ငြိမ်းချမ်းသည်။ ၃၊ စိတ်အနှာက်အယှက်မှ ကင်းသည်
English:
health
Grammar Note:
ကြိယာ
ကြတ္တိကာ
[t͡ɕt̪t̪a̰ìkà]
Arakanese:
စပါးစု သဏ္ဍာန် ခြောက်လုံးမြင်ရရေ ကြယ်စု။ ဖျောက်ဆိတ်ကြယ်။ စပါးစုနန့်၊ တူမှုအကယ်၊ ကြယ်ကြတ္တိကာ၊ ခြောက်လုံးသားတည်း (ပါရာ)
Burmese:
စပါးစု သဏ္ဍာန် ခြောက်လုံးမြင်ရသော ကြယ်စု။ ဖျောက်ဆိတ်ကြယ်။ စပါးစုနှင့်၊ တူမှုအကယ်၊ ကြယ်ကြတ္တိကာ၊ ခြောက်လုံးသားတည်း (ပါရာ)
English:
star
Grammar Note:
နာမ်
ကြတ်
[t͡ɕaʔ]
Arakanese:
ဗဟုဝုစ် ကြိယာကို ထောက်ပံ့ ခိုင်ခန့်စီတတ်ရေ တွဲဖက်သုံး အရင်းခံစကား။ ဤဒေနိကေ၊ ညည့်အခါ၌၊ စေါင့်ပါကြတ်မေ၊ ဆိုတုံလီကေ (ထာနု)။ လားကြတ်မေ၊ လာကြတ်မေ၊ စားကတ်တ်မေ၊ နီကြတ်မေ အစဟိစွာ
Burmese:
ဗဟုဝုစ် ကြိယာကို ထောက်ပံ့ ခိုင်ခန့်စေတတ်သော တွဲဖက်သုံး အရင်းခံစကား။ ဤယနေ့ကေ၊ ညည့်အခါ၌၊ စေါင့်ပါကြတ်မေ၊ ဆိုတုံလေကေ (ထာနု)။ လားကြတ်မေ၊ လာကြတ်မေ၊ စားကြတ်မေ၊ နီကြတ်မေ စသည်
English:
none
Grammar Note:
ပစ္စည်း
ကြတ်၂
[t͡ɕaʔ၂]
Arakanese:
အကြီးစား ကြိမ်ပင် တမျိုး
Burmese:
အကြီးစား ကြိမ်ပင် တစ်မျိုး
English:
Type of rattan
Grammar Note:
နာမ်
ကြတ်၃
[t͡ɕaʔ၃]
Arakanese:
စိုထိုင်းနိန်ရေ အဝတ်အထည်ရို့မာ အမည်းစက် အပြောက်ကချေတိ ဖြစ်ပေါ်လှာရေ။ စွန်းထင်းရေ။ ဖါးဥစွဲရေ။ ၂၊ တခုတရီ နှောင့်ယှက်မှုကြောင့် နေ၊ လ ရို့ကို မမြင်ရခြင်း ဖြစ်တေ
Burmese:
စိုထိုင်းနေသော အဝတ်အထည်တို့တွင် အမည်းစက် အပြောက်ကလေးများ ဖြစ်ပေါ်လာသည်။ စွန်းထင်းသည်။ ဖါးဥစွဲသည်။ ၂၊ တစ်စုံတစ်ခု နှောင့်ယှက်မှုကြောင့် နေ၊ လ တို့ကို မမြင်ရခြင်း ဖြစ်သည်
English:
fungus
Grammar Note:
ကြိယာ