Dictionary Entries
Showing 2,521–2,540 of 3,186 words
က
ကြမ်းပိုး
[t͡ɕáɴpó]
Arakanese:
လူအိပ်နီရာမာ နီတတ်၍သွီးကိုစုတ်သော ပိုးကောင်တမျိုး
Burmese:
လူအိပ်နေရာတွင် နေတတ်၍ သွေးကိုစုတ်သော ပိုးကောင်တစ်မျိုး
English:
bug
Grammar Note:
နာမ်
ကြမ်းပျက်
[t͡ɕáɴprɛʔ]
Arakanese:
ကရားကထား ယိုယွင်း ပျက်စီးလှားသည်
Burmese:
ဖရိုဖရဲ ယိုယွင်း ပျက်စီးသွားသည်
English:
perish
Grammar Note:
ကြိယာ
ကြမ်းပြင်
[t͡ɕáɴpɹɪ̀ɴ]
Arakanese:
အိမ်၌ ခင်းထားရေ ကြမ်း၏ အခင်းတခုလုံး
Burmese:
အိမ်၌ ခင်းထားသော ကြမ်း၏ အခင်းတစ်ခုလုံး
English:
rough
Grammar Note:
နာမ်
ကြမ်းမခတ်
[t͡ɕáɴmkʰaʔ]
Arakanese:
အိမ်၏ အဆောက်အအုံ၌ ကြမ်းမခင်းပဲ ထားရေ
Burmese:
အိမ်၏ အဆောက်အအုံ၌ ကြမ်းမခင်းပဲ ထားသည်
English:
not floor
Grammar Note:
ကြိယာ
ကြမ်းမခတ်၂
[t͡ɕáɴmkʰaʔ၂]
Arakanese:
ကြမ်းမခတ် အုတ်မား၊ ရီကန်ကို ဖေါက်ထားရေအခါ ရွာသမျှ မိုးရီသည် မတင်ပဲ ခြောက်ခန်းသွားပိုင် ပီးသကြား၊ ကမ်းသမျှသော အရာဝတ္တုရို့စွာ အဖတ်မတင်သည်သာ ဖြစ်တေ။ မင်းရို့ကို ပီးမျိုးပီး ကုန်ရေကျေးပျာယ်၊ ဇာခါပီးလို့လောက်ဖို့လဲ၊ ကြမ်းကမခတ်ပျာယ် (အရပ်)
Burmese:
ကြမ်းမခတ် ရေတွင်း၊ ရေကန်ကို ဖေါက်ထားသည့်အခါ ရွာသမျှ မိုးရေသည် မတင်ပဲ ခြောက်ခန်းသွားသကဲ့သို့ ပေးသမျှ၊ ကမ်းသမျှသော အရာဝတ္တုတို့သည် အဖတ်မတင်သည်သာ ဖြစ်သည်။ မင်းရို့ကို ပီးမျိုးပီး ကုန်ရေကျေးပျာယ်၊ ဇာခါပီးလို့လောက်ဖို့လဲ၊ ကြမ်းကမခတ်ပျာယ် (အရပ်)
English:
inasmuch
Grammar Note:
ကြိယာ
ကြယ်
[t͡ɕɛ̀]
Arakanese:
ညည့်အခါ၌ အာကာပြင်မာ မီးပွင့်ပိုင် အလင်းရောင်မြင်ရရေ နက္ခတ်။ တာရာ။ ညဇာအခါကာလမာ အာကာ တပြင်လုံးမာ မီးပွင့်မီးဆိုင်းဆွဲပိုင် နက္ခတ်၊ တာရာ ကြယ်တိုင်းရို့ကို တွိမြင်ကတ်ရ၏ (ပါရာ)
Burmese:
ညည့်အခါ၌ ကောင်းကင်ပြင်တွင် မီးပွင့်ကဲ့သို့ အလင်းရောင်မြင်ရသော နက္ခတ်။ တာရာ။ ညအခါကာလ၌ ကောင်းကင် တစ်ပြင်လုံးတွင် မီးပွင့်မီးဆိုင်းဆွဲသကဲ့သို့ နက္ခတ်၊ တာရာ ကြယ်တကာတို့ကို တွေ့မြင်ကြရ၏ (ပါရာ)
English:
star
Grammar Note:
နာမ်
ကြယ်ကျ
[t͡ɕɛ̀t͡ɕ]
Arakanese:
ကွမ်းသီး၊ သစ်သီးဝလံအစဟိရေ အသီးမျိုးရို့မာ အပေါက်၊ အနာကွက်ပါရေ သစ်သီးဝလံ အစဟိစွာ
Burmese:
ကွမ်းသီး၊ သစ်သီးဝလံစသော အသီးမျိုးတို့တွင် အပေါက်၊ အနာကွက်ပါသော သစ်သီးဝလံ စသည်
English:
fruit
Grammar Note:
နာမ်
ကြယ်ကျ၂
[t͡ɕɛ̀t͡ɕ၂]
Arakanese:
အာကာလဟာမှ ကမ္ဘာ့ လီထုထဲကို မီးပွင့်ပိုင် အစိုင်အခဲကျရေ။ ကြယ်ကြွီးစွာလေ့ ဟူ၏
Burmese:
ကောင်းကင်လဟာမှ ကမ္ဘာ့ လေထုထဲသို့ မီးပွင့်သဖွယ် အစိုင်အခဲကျသည်။ ကြယ်ကြွီးသည်လည်း ဟူ၏
English:
shooting star
Grammar Note:
ကြိယာ
ကြယ်ကြီး
[t͡ɕɛ̀t͡ɕï]
Arakanese:
နီထွက်ခါနီး အာရုဏ်တက် ရောင်ဖြူလာစအခါမှ အာကာအဟိဖက်၌ မြင်ရတွိရတတ်ရေ ကြယ်။ ဗဒူးဂြိုလ်။ ရောင်ဖြူလာလို့၊ လင်းခါလည်းနီး၊ ကြယ်ကြီးထွက်ပြန် (သာချမ်းဦးဘ)
Burmese:
နေထွက်ခါနီး အရုဏ်တက် ရောင်ဖြူလာစအခါတွင် ကောင်းကင်အရှေ့ဘက်၌ မြင်ရတွေ့ရတတ်သော ကြယ်။ ဗုဒ္ဓဟူးဂြိုလ်။ ရောင်ဖြူလာလို့၊ လင်းခါလည်းနီး၊ ကြယ်ကြီးထွက်ပြန် (သာချမ်းဦးဘ)
English:
north star
Grammar Note:
နာမ်
ကြယ်ကြွီ
[t͡ɕɛ̀t͡ɕwí]
Arakanese:
အာကာလဟာမှ ကမ္ဘာ့ လီထုထဲကို မီးပွင့်ပိုင် အစိုင်အခဲကျရေ။ ကြယ်ကြွီးစွာလေ့ ဟူ၏
Burmese:
ကောင်းကင်လဟာမှ ကမ္ဘာ့ လေထုထဲသို့ မီးပွင့်သဖွယ် အစိုင်အခဲကျသည်။ ကြယ်ကြွီးသည်လည်း ဟူ၏
English:
shooting star
Grammar Note:
ကြိယာ
ကြယ်ဂဏန်း
[t͡ɕɛ̀ɡnáɴ]
Arakanese:
ကြယ်နက္ခတ်၊ တာရာတခု၏အမည်။ ဖြုတ်ဆိတ်ကေ၊ နဂါးဖေါင်၊ လ ကိုမျှောင်၊ သူယောင်ဗင်းထမ်း၊ ထက်အာကာမာ ကြယ်ဂဏန်းလေ (စန္ဒြားဖွဲ့)
Burmese:
ကြယ်နက္ခတ်၊ တာရာတစ်ခု၏အမည်။ ဖြုတ်ဆိတ်ကေ၊ နဂါးဖေါင်၊ လ ကိုမျှောင်၊ သူယောင်ဗင်းထမ်း၊ ထက်ကောင်းကင်မှာ ကြယ်ဂဏန်းလေ (စန္ဒြားဖွဲ့)
English:
star
Grammar Note:
နာမ်
ကြယ်တံခွန်
[t͡ɕɛ̀tံkʰʊ̀ɴ]
Arakanese:
မီးခိုးပိုင် အလင်းရောင်တန်း ထွက်နိန်ရေကြယ်။ ဂြိုလ်အခိုး ထွက်သည်၊ နက္ခတ်အခိုး ထွက်ရေ။ ကြယ်မည်ကာ အခိုး ထွက်ရေ။ ဤစွာကား ကြယ်တင်းခွန်ဟု ဆိုသတည်း (ပါရာ)။ အဟိက မြင်သော ကြယ်တင်းခွန်ကား တုမ္ဗေါကေတုနည်း (ပါရာ)
Burmese:
မီးခိုးကဲ့သို့ အလင်းရောင်တန်း ထွက်နေသောကြယ်။ ဂြိုလ်အခိုး ထွက်သည်၊ နက္ခတ်အခိုး ထွက်သည်။ ကြယ်မည်ကာ အခိုး ထွက်သည်။ ဤသည်ကား ကြယ်တံခွန်ဟု ဆိုသတည်း (ပါရာ)။ အရှေ့က မြင်သော ကြယ်တံခွန်ကား တုမ္ဗေါကေတုနည်း (ပါရာ)
English:
comet
Grammar Note:
နာမ်
ကြယ်တံတိုင်း
[t͡ɕɛ̀tံtáɪɴ]
Arakanese:
ခုနစ်လုံး အရွီအတွက်ဟိကတ်တေ ကြယ်စု။ ခုနစ်ရက်ကြယ်စဉ်၊ အထက်လည်း အာကာ၊ အာကာပြင်မာ၊ ကြယ်တံတိုင်းရာလေ (စန္ဒြားဖွဲ့)
Burmese:
ခုနစ်လုံး အရေအတွက်ရှိကြသော ကြယ်စု။ ခုနစ်ရက်ကြယ်စဉ်၊ အထက်လည်း ကောင်းကင်၊ အာကာပြင်မှာ၊ ကြယ်တံတိုင်းရာလေ (စန္ဒြားဖွဲ့)
English:
star
Grammar Note:
နာမ်
ကြယ်နဂါးဖေါင်
[t͡ɕɛ̀nɡàးpʰèàɪ̀ɴ]
Arakanese:
ပတုံးကောက် ပိုင်ဖြစ်နီသော ကြယ်စု။ နက္ခတ်တာရာ တခု၏ အမည်။ ဖြုတ်ဆိတ်ကေ၊ နဂါးဖေါင်လ ကိုမျှောင် (စန္ဒြားဖွဲ့)
Burmese:
အမြီးကောက် သဖွယ်ဖြစ်နေသော ကြယ်စု။ နက္ခတ်တာရာ တစ်ခု၏ အမည်။ ဖြုတ်ဆိတ်ကေ၊ နဂါးဖေါင်လ ကိုမျှောင် (စန္ဒြားဖွဲ့)
English:
star
Grammar Note:
နာမ်
ကြယ်ပျံ
[t͡ɕɛ̀prံ]
Arakanese:
မိုးအာကာပြင်မှ မီးပွင့် အလင်းရောင်တခုသည် ကမ္ဘာ့လီထုထဲကို တန်း၍ ဝင်လှာရေ အစိုင်အခဲ
Burmese:
မိုးကောင်းကင်ပြင်မှ မီးပွင့် အလင်းရောင်တစ်ခုသည် ကမ္ဘာ့လေထုထဲသို့ တန်း၍ ဝင်လာသော အစိုင်အခဲ
English:
shooting star
Grammar Note:
နာမ်
ကြယ်ပျံ၂
[t͡ɕɛ̀prံ၂]
Arakanese:
အာကာလဟာမှ ကမ္ဘာ့ လီထုထဲကို မီးပွင့်ပိုင် အစိုင်အခဲကျရေ။ ကြယ်ကြွီးစွာလေ့ဟူ၏
Burmese:
ကောင်းကင်လဟာမှ ကမ္ဘာ့ လေထုထဲသို့ မီးပွင့်သဖွယ် အစိုင်အခဲကျသည်။ ကြယ်ကြွီးသည်လည်းဟူ၏
English:
shooting star
Grammar Note:
ကြိယာ
ကြယ်ဗင်းထမ်း
[t͡ɕɛ̀bɪ́ɴtʰáɴ]
Arakanese:
နက္ခတ်နှစ်ဆယ့် ခုနစ်လုံးမာ နှစ်ဆယ့်တလုံးမြောက် အာကာ၌ သူငယ် ဆိုင်းထမ်းသည့်ပုံဟန် ကြယ်သုံးလုံးပါဝင်ရေ မြှားသဏ္ဍာန်ဟိရေ သရဝဏ်နက္ခတ်။ တိမ်တောင်တင့်ထွန်း၊ ထက်အာကာမာ၊ ကြယ် ဗင်းထမ်းလေ (စန္ဒြားဖွဲ့)
Burmese:
နက္ခတ်နှစ်ဆယ့် ခုနစ်လုံးတွင် နှစ်ဆယ့်တစ်လုံးမြောက် ကောင်းကင်၌ သူငယ် ဆိုင်းထမ်းသည့်ပုံဟန် ကြယ်သုံးလုံးပါဝင်သော မြှားသဏ္ဍာန်ရှိသော သရဝဏ်နက္ခတ်။ တိမ်တောင်တင့်ထွန်း၊ ထက်ကောင်းကင်မှာ၊ ကြယ် ဗင်းထမ်းလေ (စန္ဒြားဖွဲ့)
English:
star
Grammar Note:
နာမ်
ကြယ်မီးကျောင်း
[t͡ɕɛ̀mït͡ɕáʊɴ]
Arakanese:
ကြယ်နက္ခတ်တာရာ တခု၏အမည်။ ကြယ်ဖြူရာထောင်သောင်း၊ အထက်ပင်ဖြစ်ဖြစ်ကင်၊ အာကာပြင်မာ၊ ကြယ်မီးကျောင်းရာ ( စန္ဒြားဖွဲ့)
Burmese:
ကြယ်နက္ခတ်တာရာ တစ်ခု၏အမည်။ ကြယ်ဖြူရာထောင်သောင်း၊ အထက်လည်းကောင်းကင်၊ အာကာပြင်မှာ၊ ကြယ်မီးကျောင်းရာ ( စန္ဒြားဖွဲ့)
English:
type of star
Grammar Note:
နာမ်
ကြယ်သင်္ဘော
[t͡ɕɛ̀θɪ̀ɴ္bʱɔ́]
Arakanese:
ကြယ်သုံးလုံး ငါးလုံးပါဝင်ရေ လောင်းဦးကင်း သင်္ဘောချက်မနန့်တူသော ပုန္နဖုသျှနက္ခတ်။ နာဝါလောင်းငယ်၊ တူဖွယ်သမှု၊ ပုန္နဖုသျှ၊ နှိုင်းတုသာမော၊ သင်္ဘောချက်မ၊ ကြယ်ပဥ္စတည်း (ပါရာ)
Burmese:
ကြယ်သုံးလုံး ငါးလုံးပါဝင်သော လှေဦးကင်း သင်္ဘောချက်မနှင့်တူသော ပုန္နဖုသျှနက္ခတ်။ နာဝါလှေငယ်၊ တူဖွယ်သမှု၊ ပုန္နဖုသျှ၊ နှိုင်းတုသာမော၊ သင်္ဘောချက်မ၊ ကြယ်ပဥ္စတည်း (ပါရာ)
English:
star ship
Grammar Note:
နာမ်
ကြံရွယ်
[t͡ɕံɹwɛ̀]
Arakanese:
တခုတရီကို ဦးတည် အာရုံထားရေ။ တခုတရီကို လုပ်ကိုင်ဖို့အတွက် မျှော်မှန်းထားရေ
Burmese:
တစ်စုံတစ်ရာကို ဦးတည် အာရုံထားသည်။ တစ်စုံတစ်ခုကို လုပ်ကိုင်ရန်အတွက် မျှော်မှန်းထားသည်
English:
target
Grammar Note:
ကြိယာ