Dictionary Entries
Showing 2,541–2,560 of 3,186 words
က
ကြံရွယ်ချက်
[t͡ɕံɹwɛ̀ɕɛʔ]
Arakanese:
တခုတရီ ဦးတည် အာရုံထားချက်။ တခုတရီကို လုပ်ကိုင်ရန် ကြိုတင် မျှော်လင့်ထားချက်
Burmese:
တစ်စုံတစ်ရာ ဦးတည် အာရုံထားချက်။ တစ်စုံတစ်ခုကို လုပ်ကိုင်ရန် ကြိုတင် မျှော်လင့်ထားချက်
English:
target
Grammar Note:
နာမ်
ကြသပတိနိ
[t͡ɕθptìnì]
Arakanese:
ကြာသပတီးနိ။ သက္ကရာဇ် ၉၀၁ခု၊ နံတော်လဆန်း ၈ရက် ကြသပတိနိ ဓိသုံးပါးမာ တက်စားပီးစွာကားပြီး၏ (ခြင်ကိုက်)
Burmese:
ကြာသပတေးနေ့။ သက္ကရာဇ် ၉၀၁ခု၊ နတ်တော်လဆန်း ၈ရက် ကြသပတိနိ ဓိသုံးပါးတွင် တက်စားပီးသည်ကားပြီး၏ (ခြင်ကိုက်)
English:
Thursday
Grammar Note:
နာမ်
ကြသောင်း
[t͡ɕθáʊɴ]
Arakanese:
အပင်မြင့်ပနာ အသားထူပြီးကြီးရေ ဝါးပင်တမျိုး။ ကသောင်းဝါး
Burmese:
အပင်မြင့်၍ အသားထူပြီးကြီးသော ဝါးပင်တစ်မျိုး။ ဝါးပိုးဝါး
English:
bamboo
Grammar Note:
နာမ်
ကြံ့သွီး
[t͡ɕံ့θwï]
Arakanese:
ဆီးဖက်ဝင်ရေ ကြံ့သတ္တဝါ၏သွီး
Burmese:
ဆေးဖက်ဝင်သော ကြံ့သတ္တဝါ၏ သွေး
English:
rhinoceros blood
Grammar Note:
နာမ်
ကြံဟင်း
[t͡ɕံhɪ́ɴ]
Arakanese:
ဆီးဘက်ဝင်ပြီးကေ ဟင်းချက် စားရရေ နွယ်ပင်တမျိုး
Burmese:
ဆေးဘက်ဝင်၍ ဟင်းချက် စားရသော နွယ်ပင်တစ်မျိုး
English:
bine
Grammar Note:
နာမ်
ကြံ့အုန်းပိုး
[t͡ɕံ့ʔóʊɴpó]
Arakanese:
ကြံ့ပိုင် ဂြိုတချောင်းသာ ပေါက်သော အုန်းပင်ကို ဖျက်ဆီးတတ်ရေ ပိုးကောင်။ အုန်းပိုးကောင်
Burmese:
ကြံ့ကဲ့သို့ ဦးချိုတစ်ချောင်းသာ ပေါက်သော အုန်းပင်ကို ဖျက်ဆီးတတ်သော ပိုးကောင်။ အုန်းပိုးကောင်
English:
red palm weevil
Grammar Note:
နာမ်
ကြာ
[t͡ɕà]
Arakanese:
၁၊ ရှည်လျားသော အချိန်ကာလ ဖြစ်ရေ။ ကာလညောင်းသော။ ၂၊ နှောင့်နှေးသော
Burmese:
၁၊ ရှည်လျားသော အချိန်ကာလ ဖြစ်သော။ ကာလညောင်းသော။ ၂၊ နှောင့်နှေးသော
English:
delay
Grammar Note:
နာမဝိသေသန
ကြား
[t͡ɕá]
Arakanese:
၁၊ နားထောင်ဖို့အတွက် ရွတ်ဖတ်ရေ။ ဝေဿန္တရာမာလာပြန်ကို ဖတ်ကတ်ား၏။ ၂၊ မြွက်ဟရေ။ ပြောဆိုရေ။ သိစီရေ။ ဗျာဒိတ် မြွက်ဟကြားတော်မူ၏ ၃၊ အသိပီးရေ။ နားနန့် သိရရေ။ လေးတင်ရန်ကို၊ သန့်သန့်ကြားက (ရာမ)။ လျှာပါးပါးနှင့်၊ စကားသာကေ၊ ကြားကာမညီး (ဓမ္မသာ)
Burmese:
၁၊ နားထောင်ဖို့ရန် ရွတ်ဖတ်သည်။ ဝေဿန္တရာမာလာပြန်ကို ဖတ်ကြား၏။ ၂၊ မြွက်ဟသည်။ ပြောဆိုသည်။ သိစေသည်။ ဗျာဒိတ် မြွက်ဟကြားတော်မူ၏ ၃၊ အသိပေးသည်။ နားဖြင့် သိရသည်။ လေးတင်ရန်ကို၊ သန့်သန့်ကြားက (ရာမ)။ လျှာပါးပါးနှင့်၊ စကားသာကေ၊ ကြားကာမညီး (ဓမ္မသာ)
English:
know
Grammar Note:
ကြိယာ
ကြား၀င်
[t͡ɕá၀ɪ̀ɴ]
Arakanese:
ကိုယ့်နှင့်မသက်ဆိုင်ဘဲနှင့် လူတိကိစ္စမာ ဝင်ရောက်ပြောဆိုလုပ်ကိုင်သည်
Burmese:
မိမိနှင့်မသက်ဆိုင်ဘဲနှင့် သူတစ်ပါးကိစ္စတွင် ဝင်ရောက်ပြောဆိုလုပ်ကိုင်သည်
English:
interfere
Grammar Note:
ကြိယာ
ကြာ၂
[t͡ɕà၂]
Arakanese:
ကြာဖြူ၊ ကြာနီ၊ ကြာညို အစဟိရေ အမျိုးမျိုးရို့၏ အမည်
Burmese:
ကြာဖြူ၊ ကြာနီ၊ ကြာညို စသော အမျိုးမျိုးတို့၏ အမည်
English:
lotus
Grammar Note:
နာမ်
ကြား၂
[t͡ɕá၂]
Arakanese:
နှစ်ခုသုံးခုရို့၏ အထဲထဲ။ သစ်ကြားဝါးပျစ် (စကားပုံ)။ အကြား။ လမ်းကြားခရီးကြား၊ အစပ်ကြား၊ နီရာကြား အစဟိစွာ
Burmese:
နှစ်ခုသုံးခုတို့၏ အတွင်းထဲ။ သစ်ကြားဝါးပျစ် (စကားပုံ)။ အကြား။ လမ်းကြားခရီးကြား၊ အစပ်ကြား၊ နေရာကြား စသည်
English:
inside
Grammar Note:
နာမ်
ကြာ၃
[t͡ɕà၃]
Arakanese:
ကျွဲ၊ နွား၊ မြင်း ရို့၏ အဂေါင်းနှင့် ရင်ဝမာဖြစ်ပေါ်တတ်ရေ အဖြူကွက်
Burmese:
ကျွဲ၊ နွား၊ မြင်း တို့၏ ဦးခေါင်းနှင့် ရင်ဝတွင်ဖြစ်ပေါ်တတ်သော အဖြူကွက်
English:
none
Grammar Note:
နာမ်
ကြာကလပ်
[t͡ɕàklaʔ]
Arakanese:
ဘုန်းကြီးပျံအလောင်းကို ကြာချပ်ပုံရို့နန့် တန်ဆာဆင်၍ တင်ထားရေ အလောင်းတင်ခုံတမျိုး
Burmese:
ဘုန်းကြီးပျံအလောင်းကို ကြာချပ်ပုံတို့ဖြင့် တန်ဆာဆင်၍ တင်ထားသော အလောင်းတင်ခုံတစ်မျိုး
English:
none
Grammar Note:
နာမ်
ကြားကာလ
[t͡ɕákàl]
Arakanese:
လွတ်လွတ်နိန်ရေ အချိန်
Burmese:
လွတ်လွတ်နေသော အချိန်
English:
free time
Grammar Note:
နာမ်
ကြာကုက္ကား
[t͡ɕàkoʊkə́kəá]
Arakanese:
အများအနိန်နန့် ရီကန်ပျက်(ရီတိမ်)ရို့မာ ပေါက်တတ်ရေ ရိုးတံသေးသေး အပွင့်ငယ်ငယ် အရောင်ဖြူဖွေး၍ ပွင့်သော ကြာအမျိုးမာပါဝင်ရေ ကြာငယ်တမျိုး
Burmese:
များသောအားဖြင့် ရေကန်ပျက်(ရေတိမ်)တို့တွင် ပေါက်တတ်သော ရိုးတံသေးသေး အပွင့်ငယ်ငယ် အရောင်ဖြူဖွေး၍ ပွင့်သော ကြာအမျိုးတွင်ပါဝင်သော ကြာငယ်တစ်မျိုး
English:
lotus
Grammar Note:
နာမ်
ကြားကျပ်
[t͡ɕát͡ɕaʔ]
Arakanese:
၁၊ အရာဝတ္တု၊ ဌာန၊ ပုဂ္ဂိုလ်၊ ကာလအစဟိစွာနှစ်ခုရို့၏ အလယ်၊ အထဲ၊ အပိုင်း၊ အရာ။ အကြားမာ ညှပ်၍ညှပ်၍ထည့်သည်
Burmese:
၁၊ အရာဝတ္တု၊ ဌာန၊ ပုဂ္ဂိုလ်၊ ကာလစသည်နှစ်ခုတို့၏ အလယ်၊ အတွင်း၊ အပိုင်း၊ အခြား။ အကြားတွင် ညှပ်၍ညှပ်၍ထည့်သည်
English:
amongst
Grammar Note:
နာမ်
ကြားကျပ်ကြားကျပ်
[t͡ɕát͡ɕaʔt͡ɕát͡ɕaʔ]
Arakanese:
အကြားမာ ညှပ်၍ ညှပ်၍ ထည့်သည်
Burmese:
အကြားတွင် ညှပ်၍ ညှပ်၍ ထည့်သည်
English:
amongst
Grammar Note:
ကြိယာဝိသေသန
ကြားကျီကြားကျပ်
[t͡ɕát͡ɕít͡ɕát͡ɕaʔ]
Arakanese:
ရံဖိရံခါ။ ဂျိုကျိဂျိုကျား။ ကွက်ကျားကွက်ကျား
Burmese:
ရံဖန်ရံခါ။ ကြိုးကြားကြိုးကြား။ ကွက်ကျားကွက်ကျား
English:
irregularly
Grammar Note:
ကြိယာဝိသေသန
ကြားကြား
[t͡ɕát͡ɕá]
Arakanese:
တခုနှင့်တခု ကွာလှမ်းရေ။ အကြားကျယ်သည်
Burmese:
တစ်ခုနှင့်တစ်ခု ကွာလှမ်းသည်။ အကြားကျယ်သည်
English:
gap
Grammar Note:
ကြိယာ
ကြားကြား၂
[t͡ɕát͡ɕá၂]
Arakanese:
တခုနှင့်တခု ကွာလှမ်းသော။ အကြားကျယ်သော
Burmese:
တစ်ခုနှင့်တစ်ခု ကွာလှမ်းသော။ အကြားကျယ်သော
English:
gap
Grammar Note:
နာမဝိသေသန