Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,581–2,600 of 3,186 words

    က

    ကြာတင်

    [t͡ɕàtɪ̀ɴ]
    အချိန်ကာလ ရှည်မြင့်စွာသော။ ကြန့်ကြာနှောင့်နှေးသော။ ကြာတင်ပတ်ကုံး၊ ပက်ခုံးပေါက်အောင်၊ လုပ်ဆောင်ထမ်းရွက် (ကင်းမဟော်)
    အချိန်ကာလ ရှည်မြင့်စွာသော။ ကြန့်ကြာနှောင့်နှေးသော။ ကြာတင်ပတ်ကုံး၊ ပခုံးပေါက်အောင်၊ လုပ်ဆောင်ထမ်းရွက် (ကင်းမဟော်)
    delay
    နာမဝိသေသန

    ကြာတန်းကား

    [t͡ɕàtáɴká]
    အရွက် ဖေသာပြားခတ်အရွယ် ဝိုင်းဝိုင်း၊ အရိုးသက်ငယ်တံခန့်၊ အပွင့်ငယ် ဖြူဖြူပွင့်သော ကြာတမျိုး
    အရွက် ပိုက်ဆံပြားစေ့အရွယ် ဝိုင်းဝိုင်း၊ အရိုးသက်ငယ်တံခန့်၊ အပွင့်ငယ် ဖြူဖြူပွင့်သော ကြာတစ်မျိုး
    lotus
    နာမ်

    ကြာတံပက်

    [t͡ɕàtံpɛʔ]
    ကြာခြည်ပိုးမျှင်ရို့နန့် လုပ်ပနာ ရက်ထားရေ ဗူးပွင့်ပန်းပိုင် စီချယ်ထားရေ ကိုယ်လွှမ်းခြုံစရာ ပါးလွှာသည့်အထည် တမျိုး။ ဗူးပွင့်ရံ၊ ကြာတံပက်ကို၊ ရွှတ်ပါဘိလေး (မိုး)
    ကြာချည်ပိုးမျှင်တို့ဖြင့် လုပ်၍ ရက်ထားသော ဗူးပွင့်ပန်းသဖွယ် စီချယ်ထားသော ကိုယ်လွှမ်းခြုံစရာ ပါးလွှာသည့်အထည် တစ်မျိုး။ ဗူးပွင့်ရံ၊ ကြာတံပက်ကို၊ ရွှတ်ပါဘိလေး (မိုး)
    shawl
    နာမ်

    ကြာတံရိုး

    [t͡ɕàtံɹó]
    ကြာပင်၏ရိုးတံ
    ကြာပင်၏ရိုးတံ
    lotus stalk
    နာမ်

    ကြာတော

    [t͡ɕàtɔ́]
    ကြာပင်များ ပေါက်ရောက်ရာ နီရာ။ အင်းအိုင် ကန်အစဟိစွာ
    ကြာပင်များ ပေါက်ရောက်ရာ နေရာ။ အင်းအိုင် ကန်စသည်
    lake
    နာမ်

    ကြာနတ်သီး

    [t͡ɕànaʔθï]
    အသီးအခွံမာသည့် ရေပေါက်ပင်ငယ်တမျိုး
    အသီးအခွံမာသည့် ရေပေါက်ပင်ငယ်တစ်မျိုး
    lotus
    နာမ်

    ကြားနာ

    [t͡ɕánà]
    နားထောင်သည်
    နားထောင်သည်
    listen
    ကြိယာ

    ကြားနီ

    [t͡ɕání]
    ဟိုဘက်ကိုလေ့မလိုက်၊ ဤဖက်သို့လည်းမလိုက်ဘဲ နိန်ရေ
    ထိုဘက်သို့လည်းမလိုက်၊ ဤဖက်သို့လည်းမလိုက်ဘဲ နေသည်
    stay neutral
    ကြိယာ

    ကြားပေါက်

    [t͡ɕápaʊʔ]
    ကိုယ့်ရဟိနီကျ ငွီကြီးကလွဲကေ အပြင်မှအပိုရဟိရေ ငွီကြီးဥစ္စာ
    မိမိရရှိနေကျ ငွေကြေးမှတစ်ပါး အပြင်မှအပိုရရှိသော ငွေကြေးဥစ္စာ
    bonus
    နာမ်

    ကြားပြင်း

    [t͡ɕápɹɪ́ɴ]
    နားကြိုင်းရေ။ နားခါးရေ။ နား၌မသာယာမှုဖြစ်တေ။ ကြားပနာမကောင်း ဖြစ်တေ။ တန်ပါအဖျင်း၊ ယောက်ျားငဝါ၊ စကားလာကို၊ ငကြားပျင်းလို့ (ပဒုမ္မ)။ ထိုငှက်မက၊ ဆိတ်ဆွပြီးခါ။ မေးနိန်ကေေ၊ နားမာကြားပျင်း၊ ငှက်မဝယ်လျှင်၊ ဖြစ်နီခြင်းကြောင့် (ဒွေး)
    နားညီးသည်။ နားခါးသည်။ နား၌မသာယာမှုဖြစ်သည်။ ကြား၍မကောင်း ဖြစ်သည်။ တန်ပါအဖျင်း၊ ယောက်ျားငဝါ၊ စကားလာကို၊ ငကြားပျင်းလို့ (ပဒုမ္မ)။ ထိုငှက်မက၊ ဆိတ်ဆွပြီးခါ။ မေးနေပါကေ၊ နားမှာကြားပျင်း၊ ငှက်မဝယ်လျှင်၊ ဖြစ်နေခြင်းကြောင့် (ဒွေး)
    hate to hear - listen
    ကြိယာ

    ကြာပြွန်

    [t͡ɕàpWɹàɴ]
    ပြွန်ပိုင် အပေါက်အခေါင်းဟိရေ ကြာပင်၏အရိုး
    ပြွန်ကဲ့သို့ အပေါက်အခေါင်းရှိသော ကြာပင်၏အရိုး
    none
    နာမ်

    ကြာပွင့်

    [t͡ɕàpwɪ̀ɴ့]
    (ဥပစာ) အထူးတလေ ဝန်ဥစ္စာတိုးတက်ရေ။ လပ်လာဘ် ပွားတိစွာ။ ပြုလုပ်ဆောင်သမျှ အထူးတလေ အောင်မြင်မှုဟိရေ
    (ဥပစာ) အထူးတလေ ပစ္စည်းဥစ္စာတိုးတက်သည်။ လပ်လာဘ် ပွားများသည်။ ပြုလုပ်ဆောင်သမျှ အထူးတလေ အောင်မြင်မှုရှိသည်
    success
    ကြိယာ

    ကြာပွင့်ထပ်

    [t͡ɕàpwɪ̀ɴ့tʰaʔ]
    ကြာပွင့်ချပ်၏ အထပ် အလွှာများ
    ကြာပွင့်ချပ်၏ အထပ် အလွှာများ
    flounce
    နာမ်

    ကြားဖူးနားဝ

    [t͡ɕápʰùးnáw]
    အကြားအမြင်ဟိရေသူ။ ဗဟုသုတဟိရေသူ
    အကြားအမြင်ရှိသောသူ။ ဗဟုသုတရှိသောသူ
    knowledgeable man
    နာမ်

    ကြားဖေါက်

    [t͡ɕápʰaʊʔ]
    နှစ်ယောက်ရို့၏ အကြားမှဝင်ပြီးကေ ဖောက်ရေ။ ကြားဖြတ်ရေ။ စကားပြောစိုင် ကြားဖေါက်ဝင်ပြီးကေ ပြောရေ
    နှစ်ယောက်တို့၏ အကြားမှဝင်၍ ဖောက်သည်။ ကြားဖြတ်သည်။ စကားပြောစဉ် ကြားဖေါက်ဝင်၍ ပြောသည်
    interpolate
    ကြိယာ

    ကြားဖျိုင်

    [t͡ɕápʰràɪɴ]
    နှစ်ယောက်စကားအက်၍ ကျီအီးရာ ကျီအီးကြောင်း ပြောဆိုရေ
    နှစ်ယောက်အငြင်းပွား၍ ကျေအေးရာ ကျေအေးကြောင်း ပြောဆိုသည်
    intervence
    ကြိယာ

    ကြားဖြတ်

    [t͡ɕápʰɹaʔ]
    တခုတရီ သတ်မှတ်ထားချက်အရာသို့ မရောက်ဖို့ ရှေးပြေးအဖြစ် လုပ်ဆောင်ရေ
    တစ်စုံတစ်ခု သတ်မှတ်ထားချက်အရာသို့ မရောက်မည် ရှေးပြေးအဖြစ် လုပ်ဆောင်သည်
    preserve
    ကြိယာ

    ကြားဖြီကြားဖြတ်

    [t͡ɕápʰɹìt͡ɕápʰɹaʔ]
    အကြားမာ စွက်ဖက်ဗျာယ်။ ကြားဖြတ်ဗျာယ်
    အကြားတွင် စွက်ဖက်လျက်။ ကြားဖြတ်လျက်
    intervention
    ကြိယာဝိသေသန

    ကြားမှာ

    [t͡ɕám̥à]
    မလာမရောက်ဖို့ အထဲ။ အချိန်ကာလနှစ်ခု၏အကြား။ စာရီးအလုပ်ကိုမလုပ်မည် ကြားမာအဇာအလုပ် လုပ်ကိုင်နီပါ သနည်း
    မလာမရောက်မည် အတွင်း။ အချိန်ကာလနှစ်ခု၏အကြား။ စာရေးအလုပ်ကိုမလုပ်မည် ကြားမှာအဘယ်အလုပ် လုပ်ကိုင်နေပါ သနည်း
    interim
    နာမ်

    ကြာမှောက်

    [t͡ɕàm̥ɔ́ɛʔ]
    စာတီမာနှပျိုး့ဖူး အောက်ကိုချပနာ ပြုလုပ်ထားရေ ကြာပန်း၏ ပွင့်ချပ်ပုံ
    စေတီတွင်ငှက်ပျော့ဖူး အောက်သို့ချ၍ ပြုလုပ်ထားသော ကြာပန်း၏ ပွင့်ချပ်ပုံ
    none
    နာမ်