Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,601–2,620 of 3,186 words

    က

    ကြာရိုးကြာပင်

    [t͡ɕàɹót͡ɕàpɪ̀ɴ]
    (ဥပစာ) ပင်ပန်းနွမ်းလျ ခွေယိုင်သည်၏ အဖြစ်။ လူမမာ ညော့လို့ခြင်းလို့ ကြာရိုးကြာပင် ဖြစ်နီရေ
    (ဥပစာ) ပင်ပန်းနွမ်းလျ ခွေယိုင်သည်၏ အဖြစ်။ လူမမာ ညော့လို့ခြင်းလို့ ကြာရိုးကြာပင် ဖြစ်နီရေ
    tire
    နာမ်

    ကြားရေလောက်က

    [t͡ɕáɹèlɔ́ɛʔk]
    (အရပ်သုံး) ကြားခြင်း အစပြုရာကာလကို ညွှန်ပြသောစကားလုံး။ ကြားရေ့အဂု။ အိုလေနှမ၊ သုဝဏ်၊ မေသုဝဏ်ကို၊ ကြားရေလောက်က၊ သက်လုံးမောင်ကြင်ဖို့ (ဓမ္မ)
    (အရပ်သုံး) ကြားခြင်း အစပြုရာကာလကို ညွှန်ပြသောစကားလုံး။ ကြားသည့်ချက်ချင်း။ အိုလေနှမ၊ သုဝဏ်၊ မေသုဝဏ်ကို၊ ကြားရေလောက်က၊ သက်လုံးမောင်ကြင်ဖို့ (ဓမ္မ)
    from all accounts
    သမ္ဗန္တ

    ကြားရောက်

    [t͡ɕáɹɔ́ɛʔ]
    ၁၊ နှစ်ခု၊ နှစ်ယောက်ရို့၏ အကြားထဲကို ဝင်ရောက်ရေ။ ၂၊ အသွင်ဆောင်ရေ။ တခုတရီသော အဖြစ်အနေသို့ ဆောင်ရေ
    ၁၊ နှစ်ခု၊ နှစ်ယောက်တို့၏ အကြားထဲသို့ ဝင်ရောက်သည်။ ၂၊ အသွင်ဆောင်သည်။ တစ်စုံတစ်ခုသော အဖြစ်အနေသို့ ဆောင်သည်
    interfere
    နာမ်

    ကြာရှည်

    [t͡ɕàʃɛ̀]
    ကာလ ကြာမြင့် ကြာရှည်လှသော။ ကြာရှည်ကေ ဗေါင်းစေါက်တေ (ပုံ)
    ကာလ ကြာမြင့် ကြာရှည်လှသော။ ကြာရှည်ကေ ဗေါင်းစေါက်တေ (ပုံ)
    along
    နာမဝိသေသန

    ကြာလန်

    [t͡ɕàlàɴ]
    စာတီနှပျိုး့ဖူး ဖေါင်းရစ် အထက်ကိုလှန်ပနာ ပြုလုပ်ထားရေ ကြာပန်း၏ ပွင့်ချပ်ပုံ
    စေတီငှက်ပျော့ဖူး ဖေါင်းရစ် အထက်သို့လှန်၍ ပြုလုပ်ထားသော ကြာပန်း၏ ပွင့်ချပ်ပုံ
    none
    နာမ်

    ကြာလိပ်သျှေ

    [t͡ɕàlìaʔʃè]
    ကြာပင်မှထွက်သစ် စလိပ်ခွေနိန်ရေ ကြာရွက်နု
    ကြာပင်မှထွက်သစ် စလိပ်ခွေနေသော ကြာရွက်နု
    lotus stalk
    နာမ်

    ကြာလိပ်သျှေပိုး

    [t͡ɕàlìaʔʃèpó]
    ကြာပင်မှ ခဲရာခဲဆစ် ထုတ်ယူရရေ ကြာမျှင်များ
    ကြာပင်မှ ခဲရာခဲဆစ် ထုတ်ယူရသော ကြာမျှင်များ
    none
    နာမ်

    ကြာလီရေလား

    [t͡ɕàlíɹèlá]
    (အရပ်သုံး) တခုတရီ အကြောင်းဖြစ်တန်လီရာ၏ဟု တွေးခေါ်ယုံမားပနာ မကြည်သင့်ပဲဗျာယ် ကြာနေခရာမာ သုံးသော စကား။ ကညာပျိုချော၊ ပန်းဂနိုင်နှင့်၊ စမ်းအိုင်နားမာ၊ ကစပ်ပြီးထွေ၊ မကြိုလှာကေ၊ ကြာလီရီလား (ပန်း)
    (အရပ်သုံး) တစ်စုံတစ်ရာ အကြောင်းဖြစ်တန်လေရာ၏ဟု တွေးတောယုံမှား၍ မကြည်သင့်ပဲလျက် ကြာနေခဲ့ရာတွင် သုံးသော စကား။ ကညာပျိုချော၊ ပန်းဂနိုင်နှင့်၊ စမ်းအိုင်နားမှာ၊ ကစားပြီးထွေ၊ မကြိုလှာကေ၊ ကြာလီရေလား (ပန်း)
    none
    ပစ္စည်း

    ကြာသင်္ကန်း

    [t͡ɕàθŋ̇kaáɴ]
    ကမ္ဘာဦးကာလမာ ကြာပွင့်မှရရေ သင်္ကန်း။ ဘုရားလောင်းရို့၊ တောထွက်တော်မူလျှင်၊ ရွှီကြာသင်္ကန်းဟု၊ ဆက်ပေးလှာ၏ (တိဋါနုဂ္ဂတိ)
    ကမ္ဘာဦးကာလ၌ ကြာပွင့်မှရသော သင်္ကန်း။ ဘုရားလောင်းတို့၊ တောထွက်တော်မူလျှင်၊ ရွှေကြာသင်္ကန်းဟု၊ ဆက်ပေးလှာ၏ (တိဋါနုဂ္ဂတိ)
    sacred robe woven rom louts fibre
    နာမ်

    ကြာသိန်

    [t͡ɕàθèɪɴ]
    အရွယ်ငယ်ငယ် အရိုးပပိန်ချေ၍ အပွင့်ဖြူ ပွင့်ငယ် ပွင့်သော ကြာတမျိုး။ တယူဇနာ၊ မျှညီစွာနန့်၊ ကြာသိန်တလို၊ ကြာညိုတမှု၊ ကြာဖြူတလီ (ဆဒ္ဒန်)
    အရွယ်ငယ်ငယ် အရိုးသေးသွယ်၍ အပွင့်ဖြူ ပွင့်ငယ် ပွင့်သော ကြာတစ်မျိုး။ တယူဇနာ၊ မျှညီစွာဖြင့်၊ ကြာသိန်တလို၊ ကြာညိုတမှု၊ ကြာဖြူတလီ (ဆဒ္ဒန်)
    lotus
    နာမ်

    ကြာသီတံ

    [t͡ɕàθítံ]
    ရေကို ခွက်နန့် မသောက်နှိုင်ရေ လူမမာကို ကြာရိုးပြွန်၊ တနည်း ဝါးလုံး သေးသေးအချေပြွန်တံ၊ တနည်း ပလစ်စတိတ်ပြွန်တံ အစဟိစွာနန့် သောက်သော ပြွန်တံရှည်။ ယင်းကို ကြာရိုးနန့်ဆိုကေ ကြာတန်းသိန်ဟုပင်ဖြစ်ဖြစ်၊ ဝါးလုံးအချေနန့်ဆိုကေ ဝါးတန်းသိန်ဟုပင်ဖြစ်ဖြစ်၊ အားလုံးကိ
    ရေကို ခွက်ဖြင့် မသောက်နိုင်သော လူမမာကို ကြာရိုးပြွန်၊ သို့မဟုတ် ဝါးလုံး သေးသေးကလေးပြွန်တံ၊ သို့မဟုတ် ပလစ်စတိတ်ပြွန်တံ စသည်ဖြင့် သောက်သော ပြွန်တံရှည်။ ၎င်းကို ကြာရိုးဖြင့်ဆိုလျှင် ကြာသီတံဟုလည်းကောင်း၊ ဝါးလုံးကလေးဖြင့်ဆိုလျှင် ဝါးသီတံဟုလည်းကောင်း၊ အားလုံးကိ
    straw
    နာမ်

    ကြာသွတ်အိုး

    [t͡ɕàθwaʔʔó]
    ကြာမျိုးငါးပါးစိုက်ပနာ ပူဇော်သောဖန်အိုးး။ ကုံရာသိစု၊ လှူကောင်းမှုနန့်၊ ယာဂုမီးပုံး၊ တိုင်းလုံးလျှံဖြိုး၊ ကြာသွတ်အိုးနှင့်၊ ပဥ္စဖဝါး၊ ယူလားဆောင်ယောင် (ဆယ့်နှစ်လ)
    ကြာမျိုးငါးပါးစိုက်၍ ပူဇော်သောပန်းအိုး။ ကုံရာသိစု၊ လှူကောင်းမှုဖြင့်၊ ယာဂုမီးပုံး၊ တိုင်းလုံးလျှံဖြိုး၊ ကြာသွတ်အိုးနှင့်၊ ပဥ္စဖဝါး၊ ယူသွားဆောင်ယောင် (ဆယ့်နှစ်လ)
    vase
    နာမ်

    ကြိကြိနယ်

    [t͡ɕìt͡ɕìnɛ̀]
    မုန့်မုန့်ညက်ညက် ကြေမွယောင်လုပ်ရေ
    မုန့်မုန့်ညက်ညက် ကြေမွအောင်လုပ်သည်
    crush
    ကြိယာ

    ကြိကြိနယ်၂

    [t͡ɕìt͡ɕìnɛ̀၂]
    တဦးနှင့်တဦး အလျော့မပီးဘဲ လုံးထွေးကတ်တေ
    တစ်ဦးနှင့်တစ်ဦး အလျော့မပေးဘဲ လုံးထွေးကြသည်
    fight
    ကြိယာ

    ကြိတ်

    [t͡ɕeɪʔ]
    မာသော အရာနှစ်ခု ပွတ်တိုက်ရေ။ ကြိတ်ကေစင်စစ်၊ သစ်မျိုးက်ဖြစ်၏ (ဗိသုကာ)။ ၂၊ မုံညင်း၊ နှမ်း၊ ပဲစစွာကိုဆုံမာ ထည့်၍ ဆီဖြစ်ယောင် ပြုလုပ်ရေ။ ၃၊ ငရုပ်သီး အစဟိစွာရို့ကို ဆုံမာထည့်၍ အမှုန့်ဖြစ်ယောင် ပြုလုပ်ရေ။ ကျောက်ပျိုင်မာ ညက်စီရေ
    မာသော အရာနှစ်ခု ပွတ်တိုက်သည်။ ကြိတ်လျှင်စင်စစ်၊ သစ်မျောက်ဖြစ်၏ (ဗိသုကာ)။ ၂၊ မုံညင်း၊ နှမ်း၊ ပဲစသည်ကိုဆုံတွင် ထည့်၍ ဆီဖြစ်အောင် ပြုလုပ်သည်။ ၃၊ ငရုပ်သီး စသည်တို့ကို ဆုံတွင်ထည့်၍ အမှုန့်ဖြစ်အောင် ပြုလုပ်သည်။ ကျောက်ပျိုင်တွင် ညက်စေသည်
    mill
    ကြိယာ

    ကြိတ်၂

    [t͡ɕeɪʔ၂]
    လူသူမသိယောင် ဝမ်းထဲသို၍ ပြုမူလုပ်ကိုင်ပြီးကေ
    လူသူမသိအောင် ဝမ်းထဲသို၍ ပြုမူလုပ်ကိုင်လျက်
    none
    ကြိယာဝိသေသန

    ကြိတ်ကြိတ်

    [t͡ɕeɪʔt͡ɕeɪʔ]
    ကြိတ်ကြိတ်မြည်သောအသံ။ မြဧယာဉ်ကို၊ လွှဲငင် ကြိန်ကြိန်၊ ညည့်ဗဟွေမာ၊ သားကိုသိပ်လို့ (ဂုတ္တိလ)
    ကြိတ်ကြိတ်မြည်သောအသံ။ မြဧယာဉ်ကို၊ လွှဲငင် ကြိန်ကြိန်၊ ညည့်ဗဟိုမှာ၊ သားကိုသိပ်လို့ (ဂုတ္တိလ)
    sound
    နာမ်

    ကြိတ်ဆုံ

    [t͡ɕeɪʔsʰòʊɴ]
    စပါးစစွာကို အခွံကျွတ်အောင် ချွတ်ရရေ ဆုံ။ တန်ဆာပလာ
    စပါးစသည်ကို အခွံကျွတ်အောင် ချွတ်ရသော ဆုံ။ တန်ဆာပလာ
    blender
    နာမ်

    ကြိတ်ဆုံပမာတိုင်

    [t͡ɕeɪʔsʰòʊɴpmàtàɪɴ]
    ကြိတ်ဆုံအောက်ခြီ အပေါက် အလယ်ထည့်ထည့် စိုက်ထူထားရေ တိုင်
    ကြိတ်ဆုံအောက်ခြေ အပေါက် အလယ်ထည့်ထည့် စိုက်ထူထားသော တိုင်
    blender
    နာမ်

    ကြိတ်ဆုံပေါင်

    [t͡ɕeɪʔsʰòʊɴpèàɪ̀ɴ]
    ကြိတ်ဆုံအောက်မာ ကြက်ခြေခတ်၍ တပ်ထားရေ အခြီ
    ကြိတ်ဆုံအောက်၌ ကြက်ခြေခတ်၍ တပ်ထားသော အခြေ
    blender
    နာမ်