Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,641–2,660 of 3,186 words

    က

    ကြိမ်ခါးဖူး

    [t͡ɕèɪɴkʰàးpʰùး]
    ခါးသတ်သတ် ဟိရေ ကြိမ်ပင်၏ ထိပ်ဖျာပိုင်း။ ယင်းအဖျားကို ဖုတ်ပနာသော် ပင်ဖြစ်ဖြစ်၊ ပြုတ်ပနာသော် ပင်ဖြစ်ဖြစ် ငရုတ်နန့် တိုစားကတ်တေ
    ခါးသက်သက် ရှိသော ကြိမ်ပင်၏ ထိပ်ဖျာပိုင်း။ ယင်းအဖျားကို ဖုတ်၍သော် လည်းကောင်း၊ ပြုတ်၍သော် လည်းကောင်း ငရုတ်ဖြင့် တိုစားကြသည်
    none
    နာမ်

    ကြိမ်ချုပ်လှီ

    [t͡ɕèɪɴɕoʊʔɬí]
    လူကို မမြင်ရရောင် အလုံ ပိတ်ထားရေ စစ်ဖက်ဆိုင်ရာ တိုက်ကင်းလောင်း တမျိုး။ ရခိုင်ဘုရင်မင်း လက်ထက် ရီတပ်၌ တိုက်လှီအဖြစ် အသုံးပြုခရေ လောင်းတမျိုး။ ဖလ်ချုပ်လှီ ဆိုပနာလည်း ခေါ်ရေ
    လူကို မမြင်ရအောင် အလုံ ပိတ်ထားသော စစ်ဖက်ဆိုင်ရာ တိုက်ကင်းလှေ တစ်မျိုး။ ရခိုင်ဘုရင်မင်း လက်ထက် ရေတပ်၌ တိုက်လှေအဖြစ် အသုံးပြုခဲ့သော လှေတစ်မျိုး။ ဖလ်ချုပ်လှီ ဟူ၍လည်း ခေါ်သည်
    boat
    နာမ်

    ကြိမ်ခြုံ

    [t͡ɕèɪɴkʰɹÒʊɴ]
    ကြိမ်ပင်၏ အရွက်၊ အခက်၊ အနွယ်ရို့ ထွီးယှက်ပေါင်းစည်း ပေါက်ရောက်နီသော အပင်စုများ
    ကြိမ်ပင်၏ အရွက်၊ အခက်၊ အနွယ်တို့ ထွေးယှက်ပေါင်းစည်း ပေါက်ရောက်နေသော အပင်စုများ
    plants
    နာမ်

    ကြိမ်းဆို

    [t͡ɕéɪɴsʰÒ]
    ကိုယ့်ဂုဏ်ကို ထင်ရှား သိဟိစီရန် ချီးမွမ်း ပြောဆိုရေ
    မိမိ၏ဂုဏ်ကို ထင်ရှား သိရှိစေရန် ချီးမွမ်း ပြောဆိုသည်
    mountebank
    ကြိယာ

    ကြိမ်တော

    [t͡ɕèɪɴtɔ́]
    ကြိမ်ပင် ထူထပ်များပြားစွာ ပေါက်ရောက်နီသော နီရာ၊ အရပ်
    ကြိမ်ပင် ထူထပ်များပြားစွာ ပေါက်ရောက်နေသော နေရာ၊ အရပ်
    forest
    နာမ်

    ကြိမ်ဒဏ်

    [t͡ɕèɪɴdn်]
    အပြစ် တခုတရီကြောင့် ကြိမ်လုံးဖြင့် ရိုက်ခတ်သော ဒဏ်
    အပြစ် တစ်စုံတစ်ရာကြောင့် ကြိမ်လုံးဖြင့် ရိုက်ခတ်သော ဒဏ်
    flogging
    နာမ်

    ကြိမ်ပျစ်တော

    [t͡ɕèɪɴprɪʔtɔ́]
    ကြိမ်နွယ်ပင် အလွန် ထူထပ်များပြားစွာ ပေါက်ရောက်နီသော နီရာ၊ အရပ်
    ကြိမ်နွယ်ပင် အလွန် ထူထပ်များပြားစွာ ပေါက်ရောက်နေသော နေရာ၊ အရပ်
    forest
    နာမ်

    ကြိမ်ဖန်

    [t͡ɕèɪɴpʰàɴ]
    အထပ်ထပ် အခါခါ၊ ကြိမ်ဖန်တရာ၊ လိလာကတ်ရ၏ (ဒိဌါ)
    အထပ်ထပ် အခါခါ၊ ကြိမ်ဖန်များစွာ၊ လေ့လာကြရ၏ (ဒိဌါ)
    repeat
    ကြိယာဝိသေသန

    ကြိမ်းမောင်း

    [t͡ɕéɪɴmáʊɴ]
    မျိုးက်ခြောက်ခြောက်ရေ။ လူသူကြားကေ အလန့်တကြား ကြောက်လန့် ထွက်ဗြီးအောင် ကျယ်လောင်သောအသံဖြင့် ကျွီး ပြောဆိုရေ
    ခြိမ်းခြောက်သည်။ လူသူကြားလျှင် အလန့်တကြား ကြောက်လန့် ထွက်ပြေးအောင် ကျယ်လောင်သောအသံဖြင့် အော်ဟစ် ပြောဆိုသည်
    threat
    ကြိယာ

    ကြိမ်လုံး

    [t͡ɕèɪɴlóʊɴ]
    ကြိမ်ကို ပိုင်းဖြတ်ထားရေ တုတ်
    ကြိမ်ကို ပိုင်းဖြတ်ထားသော တုတ်
    stick
    နာမ်

    ကြိမ်းဝါ

    [t͡ɕéɪɴwà]
    အသံကို ကြားသနန့် ကြောက်လန့်စီရေ။ ကြိမ်းဆိုရေ
    အသံကို ကြားသဖြင့် ကြောက်လန့်စေသည်။ ကြိမ်းဆိုသည်
    afraid
    ကြိယာ

    ကြိမ်သတ်

    [t͡ɕèɪɴθaʔ]
    ကြိမ်ကိုခွဲစိတ်၍ နန်းလုံးပိုင် ချောအောင် ပြုလုပ်ထားရေ အရာ
    ကြိမ်ကိုခွဲစိတ်၍ နန်းလုံးကဲ့သို့ ချောအောင် ပြုလုပ်ထားသော အရာ
    stick
    နာမ်

    ကြိမ်သတ်၂

    [t͡ɕèɪɴθaʔ၂]
    ၁၊ အပြစ် တခုတရီအတွက် ကြိမ်လုံး အစဟိစွာအနိန်နန့် ရိုက်သော ဒဏ်။၂၊ ဆတ်ကျာသတ်။ ကြိမ်သတ်ပြီးကေ၊ ထုတ်လီကျင်ကေ (ဥဒိန်သာ)
    ၁၊ အပြစ် တစ်စုံတစ်ရာအတွက် ကြိမ်လုံး စသည်ဖြင့် ရိုက်သော ဒဏ်။၂၊ ကြိမ်ဒဏ်။ ကြိမ်သတ်ပြီးလျှင်၊ ထုတ်လေကျင်ကေ (ဥဒိန်သာ)
    flogging
    ကြိယာဝိသေသန

    ကြိယာ

    [t͡ɕìjà]
    သဒ္ဒါ တခုတရီပြုခြင်း၊ ဖြစ်ခြင်း၊ စားခြင်း၊ သွားခြင်း၊ ဟိခြင်းကိုပြသော စကား။ (ပါ
    သဒ္ဒါ တစ်စုံတစ်ခုပြုခြင်း၊ ဖြစ်ခြင်း၊ စားခြင်း၊ သွားခြင်း၊ ရှိခြင်းကိုပြသော စကား။ (ပါ
    verb
    နာမ်

    ကြိယာဝိသေသန

    [t͡ɕìjàwìθèθn]
    သဒ္ဒါ ကြိယာကို အထူးပြုရေပုဒ်။ (ပါ
    သဒ္ဒါ ကြိယာကို အထူးပြုသောပုဒ်။ (ပါ
    adverb
    နာမ်

    ကြိရိယာ

    [t͡ɕìɹìjà]
    (ကရိယာ) ကြိယာ သဒ္ဒါ တခုတရီပြုခြင်း၊ ဖြစ်ခြင်းဟိစွာကို ပြသောစကား။ ၂၊ ပြုခြင်းဖြစ်ခြင်း။ ပြုဟန်ဖြစ်ဟန်။ ပြုပုံအမူအရာ။ ကြိယျာ ကိုဝ်ပါယ်ဟူရာမာ ကြိယျာဆိုရေ်ကား (ဂဝိ)။ အဆုံးကြိယျာ၍ ခတ်ကြိယျာမြောက်အံ့ (ယင်း)
    (ကရိယာ) ကြိယာ သဒ္ဒါ တစ်စုံတစ်ခုပြုခြင်း၊ ဖြစ်ခြင်းရှိသည်ကို ပြသောစကား။ ၂၊ ပြုခြင်းဖြစ်ခြင်း။ ပြုဟန်ဖြစ်ဟန်။ ပြုပုံအမူအရာ။ ကြိယျာ ကိုဝ်ပါယ်ဟူရာ၌ ကြိယျာဟူသော်ကား (ဂဝိ)။ အဆုံးကြိယျာ၍ ခတ်ကြိယျာမြောက်အံ့ (၎င်း)
    style
    နာမ်

    ကြို

    [t͡ɕÒ]
    တယောက်တလီသော သူအား ခရီးအကြားမာ လားရောက် တွိ့ဆုံရေ။ ခါတိုင်းခါလို၊ မကြိုလာပဲ၊ မပေါ်လှာကေ၊ ကြာလီရီလား (ပန်း)။ ကြိုဆိုရေ။ ၂၊ နောင်ဖြစ်အံ့ဖို့ အမှုကိစ္စကို ကြိုတင်ဆောင်ရွက်သည်
    တစ်စုံတစ်ယောက်သော သူအား ခရီးအကြားတွင် သွားရောက် တွေ့ဆုံသည်။ ခါတိုင်းခါလို၊ မကြိုလာပဲ၊ မပေါ်လာကေ၊ ကြာလီရေလား (ပန်း)။ ကြိုဆိုသည်။ ၂၊ နောင်ဖြစ်လတ္တံ့မည့် အမှုကိစ္စကို ကြိုတင်ဆောင်ရွက်သည်
    preassign
    ကြိယာ

    ကြို့

    [t͡ɕo̰]
    အထက်ကို တခုတရီ ဝန်တင်ရန် တွန်းအား ပင့်ပီးရေ။ ပတ်ကုန်းနန် ကြို့တင်
    အပေါ်သို့ တစ်စုံတစ်ခု ပစ္စည်းတင်ရန် တွန်းအား ပင့်ပေးသည်။ ပတ်ကုန်းနန် ကြို့တင်
    force to push on
    ကြိယာ

    ကြိုး

    [t͡ɕó]
    ၁၊ ပွဲပရိတ်သတ်များ သိုက်သိုက်ဝန်းဝန်း ထူထပ် စည်ကားစွာ။ ကျိန်းတောင်ဘုရားပွဲမာ လူတိ သည်ရေ မစည်ရေကို ကြိုးပါရေ။ ၂၊ ပျစ်မျှ စည်ကားရွီတွက်နန့်
    ၁၊ ပွဲပရိတ်သတ်များ သိုက်သိုက်ဝန်းဝန်း ထူထပ် စည်ကားစွာ။ ကျိန်းတောင်ဘုရားပွဲမှာ လူတိ သည်ရေ မစည်ရေကို ကြိုးပါရေ။ ၂၊ ကြိတ်ကြိတ်တိုးမျှ စည်ကားသောအားဖြင့်
    thriving
    ကြိယာဝိသေသန

    ကြို၂

    [t͡ɕÒ၂]
    အခဲကို အရည်ဖြစ်ယောင် ချက်ရေ။ ၂၊ တခုတရီသော ဝန်ကို ရေဖြင့် ချက်ရေ။ ၃၊ ရေ တနည်း အရည် တခုခုကို ချက်သည်
    အခဲကို အရည်ဖြစ်အောင် ချက်သည်။ ၂၊ တစ်စုံတစ်ခုသော ပစ္စည်းကို ရေဖြင့် ချက်သည်။ ၃၊ ရေ သို့မဟုတ် အရည် တစ်ခုခုကို ချက်သည်
    boil
    ကြိယာ