Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,661–2,680 of 3,186 words

    က

    ကြို့၂

    [t͡ɕo̰၂]
    လီးလံသော ဝန်ဝန် တခုခုကို ရွိလားလီရန် တွန်းအားပီးသည်
    လေးလံသော ဝန်ပစ္စည်း တစ်ခုခုကို ရွေ့လျားသွားစေရန် တွန်းအားပေးသည်
    encourage
    ကြိယာ

    ကြိုး၂

    [t͡ɕó၂]
    စုစုဝီးဝီး တပျော်တပါး သသောင်းဖဖြ စားသောက်ကတ်တေ။ ပြိုင်လောင်ပွဲမာ ကြက်သားနန့် ကြိုးပါအောင် စားသည် (အရပ်)
    စုစုဝေးဝေး တစ်ပျော်တစ်ပါး သောင်းသောင်းဖြဖြ စားသောက်ကြသည်။ ပြိုင်လောင်ပွဲမှာ ကြက်သားနန့် ကြိုးပါအောင် စားရေ (အရပ်)
    party
    ကြိယာ

    ကြိုး၃

    [t͡ɕó၃]
    ၁၊ ခြည်မျှင်၊ လျှော်မျှင်အစဟိစွာရို့ကို နှစ်လွန်း၊ သုံးလွန်းအစဟိစွာအနိန်နန့် လိမ်ကျစ်ထားရေ ချိုင်နှောင်စရာ။ ရွက်ကြိုးထောင်ကေ၊ ငှက်တုံးလောင်းနန့် (တေး)။ ကြိုးနန့်သီ၍၊ ချီကာချကေ၊ က ရုပ်သီးသို့ (ဥဒိန်သာ)။ ၂၊ တေးခြင်းတမျိုး၏ အမည်။ ဝေဿန္တရာကြိုး၊ မဟော်သဓာကြိုး
    ၁၊ ချည်မျှင်၊ လျှော်မျှင်စသည်တို့ကို နှစ်လွန်း၊ သုံးလွန်းစသည်ဖြင့် လိမ်ကျစ်ထားသော ချည်နှောင်စရာ။ ရွက်ကြိုးထောင်ကေ၊ ငှက်တုံးလောင်းနှင့် (တေး)။ ကြိုးနှင့်သီ၍၊ ချီကာချကေ၊ က ရုပ်သီးသို့ (ဥဒိန်သာ)။ ၂၊ သီချင်းတစ်မျိုး၏ အမည်။ ဝေဿန္တရာကြိုး၊ မဟော်သဓာကြိုး
    string
    နာမ်

    ကြိုး၄

    [t͡ɕó၄]
    ပြင်းစွာသော အသံထိန် ရိုက်မြည်ဟည်းရေ။ ဂြိမ်းဂြိမ်းဂြိုးဂြိုး၊ မြည်ထစ်ကြိုးဗျာယ် (ရှီးထုံး)
    ပြင်းစွာသော အသံထိန် ရိုက်မြည်ဟည်းသည်။ ဂြိမ်းဂြိမ်းဂြိုးဂြိုး၊ မြည်ထစ်ကြိုးလျက် (ရှေးထုံး)
    clang
    ကြိယာ

    ကြိုးကိုင်

    [t͡ɕókàɪɴ]
    ၁၊ အကြီးအမှုးပြုပနာ ဆောင်ရွက်သူ။ ၂၊ ဥပစါ ဩဇာပီး၍ စီစား ထိန်းကိုင်သူ
    ၁၊ အကြီးအမှုးပြု၍ ဆောင်ရွက်သူ။ ၂၊ ဥပစါ ဩဇာပေး၍ စေစား ထိန်းကိုင်သူ
    headman
    နာမ်

    ကြိုးကိုင်၂

    [t͡ɕókàɪɴ၂]
    ၁၊ အကြီးအမှုးပြုပနာ ဆောင်ရွက်ရေ။ ၂၊ ဥပစါ ဩဇာပီး၍ စီစား ထိန်းကိုင်သည်
    ၁၊ အကြီးအမှုးပြု၍ ဆောင်ရွက်သည်။ ၂၊ ဥပစါ ဩဇာပေး၍ စေစား ထိန်းကိုင်သည်
    govern
    ကြိယာ

    ကြိုးကုတ်

    [t͡ɕókoʊʔ]
    ကြိုးစားရေ။ အားထုတ်ရေ။ လုံ့လပြုရေ။ အားထုတ်လုံ့လ၊ ဝီရိယဖြင့်၊ မရမက၊ ကြိုးကုတ်ပီးပြီးကေ (ဗုဒ္ဓဝင်)
    ကြိုးစားသည်။ အားထုတ်သည်။ လုံ့လပြုသည်။ အားထုတ်လုံ့လ၊ ဝီရိယဖြင့်၊ မရမနေ၊ ကြိုးကုတ်ပေး၍ (ဗုဒ္ဓဝင်)
    try
    ကြိယာ

    ကြိုက်

    [t͡ɕaɪʔ]
    ၁၊ ဆုံတွိရေ၊ ကြုံတွိရေ။ တိုက်ဆိုင်ရေ။ ၂၊ သဘောကျရေ။ နှစ်သက်ရေ။ မေ့ကိုပင်လေ၊ မြင်ကေကြိုက်လို့ (ပန်း)။ ကြိုက်ရာဆိုလော ရွှီကိုယ်မောင်လှ (ကော်)
    ၁၊ ဆုံတွေ့သည်၊ ကြုံကြိုက်သည်။ တိုက်ဆိုင်သည်။ ၂၊ သဘောကျသည်။ နှစ်သက်သည်။ မေ့ကိုပင်လေ၊ မြင်လျှင်ကြိုက်လို့ (ပန်း)။ ကြိုက်ရာဆိုလော ရွှီကိုယ်မောင်လှ (ကော်)
    meet
    ကြိယာ

    ကြို့ကျောက်

    [t͡ɕo̰t͡ɕɔ́ɛʔ]
    လူ၏ လိုင်ခြောင်းမားမှ လေပြတ်တောင်း ပြတ်တောင်း ထွက်ခြင်း။၂၊ လူ၏ အသက် ထွက်ခါနီးမာ လည်ချောင်မားမှ မြည်သော အသံ
    လူ၏ လည်ချောင်းတွင်းမှ လေပြတ်တောင်း ပြတ်တောင်း ထွက်ခြင်း။၂၊ လူ၏ အသက် ထွက်ခါနီးတွင် လည်ချောင်တွင်းမှ မြည်သော အသံ
    voice of be dying
    နာမ်

    ကြိုးကြ

    [t͡ɕót͡ɕ]
    အကြား မစီစပ်သော။ အကြားအလပ် ဟိရေ
    အကြား မစေ့စပ်သော။ အကြားအလပ် ရှိသော
    space
    နာမဝိသေသန

    ကြိုးကြံ

    [t͡ɕót͡ɕံ]
    အားထုတ်ရေ။ လုံ့လပြုရေ။ အားသွန်သည်
    အားထုတ်သည်။ လုံ့လပြုသည်။ အားသွန်သည်
    try
    ကြိယာ

    ကြိုးကြိုးကြံကြံ

    [t͡ɕót͡ɕót͡ɕံt͡ɕံ]
    လုံ့လကြီးစွာနန့်။ အားအင် ထုတ်ဗျာယ်။ အထူး ပိုပြီးကေ လွန်ကဲစွာဖြင့်
    လုံ့လကြီးစွာဖြင့်။ အားအင် ထုတ်လျက်။ အထူး ပိုမို လွန်ကဲစွာဖြင့်
    try
    ကြိယာဝိသေသန

    ကြိုးကြိုးကြကြ

    [t͡ɕót͡ɕót͡ɕt͡ɕ]
    လုံ့လကြီးစွာဖြင့်။ အားအင် ထုတ်ဗျာယ်။ မပျင်းမရိပဲ အလုပ်ကို ကြိုးကြိုးကြကြ လုပ်ရရေ
    လုံ့လကြီးစွာဖြင့်။ အားအင် ထုတ်လျက်။ မပျင်းမရိပဲ အလုပ်ကို ကြိုးကြိုးကြကြ လုပ်ရရေ
    like the devil
    ကြိယာဝိသေသန

    ကြိုးကြိုးကြကြ၂

    [t͡ɕót͡ɕót͡ɕt͡ɕ၂]
    တင့်ရေ လျောက်ပတ်စွာ
    တင့်တယ် လျောက်ပတ်စွာ
    compatible
    ကြိယာဝိသေသန

    ကြိုးကြိုးပမ်းပမ်း

    [t͡ɕót͡ɕópáɴpáɴ]
    လုံ့လ ပြုရေ။ အားထုတ်သည်
    လုံ့လ ပြုသည်။ အားထုတ်သည်
    try
    ကြိယာ

    ကြိုင်

    [t͡ɕàɪɴ]
    ၁၊ ကြည်လင်အီးမြရေ။ အညစ်အကြီး ကင်းစင်သန့်ရှင်းသော။ ၂၊ မကြည်မလင် နောက်ကျိမှု မဟိသော စိတ်ရေ
    ၁၊ ကြည်လင်အေးမြသော။ အညစ်အကြေး ကင်းစင်သန့်ရှင်းသော။ ၂၊ မကြည်မလင် နောက်ကျိမှု မယှိသော စိတ်ရေ
    clean
    နာမဝိသေသန

    ကြိုင်း

    [t͡ɕáɪɴ]
    ဖျားနာဖြစ်ပနာ ကြိုင်းသည်
    နာမကျန်းဖြစ်၍ ညည်းတွားသည်
    groan
    ကြိယာ

    ကြိုင်၂

    [t͡ɕàɪɴ၂]
    မွှီးပျံ့သော။ မြတ်လေးဂန္ဓမာ၊ ပန်းမျိုးစုံကေ၊ ဂနိုင်တောမာ၊ သာယာကြိုင်မွှီးရေ (ဓမ္မသာ)
    မွှေးပျံ့သော။ မြတ်လေးဂန္ဓမာ၊ ပန်းမျိုးစုံကေ၊ ဂနိုင်တောမှာ၊ သာယာကြိုင်မွှီးရေ (ဓမ္မသာ)
    sweet
    နာမဝိသေသန

    ကြိုင်ကြိုင်

    [t͡ɕàɪɴt͡ɕàɪɴ]
    ၁၊ လွန်ကဲများရေ။ ၂၊ အလွန်မွှီးသော။ ဒေါနကြိုင်မွှီး၊ ချရားဖြူရို့၊ ကြိုင်ကြိုင်မွှီးကေ (ပဒုမ္မ)
    ၁၊ လွန်ကဲများပြားသော။ ၂၊ အလွန်မွှေးသော။ ဒေါနကြိုင်မွှီး၊ ချရားဖြူတို့၊ ကြိုင်ကြိုင်မွှီးကေ (ပဒုမ္မ)
    plenty
    နာမဝိသေသန

    ကြိုင်းကြိုင်း

    [t͡ɕáɪɴt͡ɕáɪɴ]
    ( ကြိုင်းကြိုင်း) ယိုင်းမည်သော အသံ။ ဆွဲငင် ယိုင်းယိုင်းကြိုင်းကြိုင်း မြည်ရေ ပုခွက်သျှေ (တေး)
    ( ကြိုင်းကြိုင်း) ပုခက်မည်သော အသံ။ ဆွဲငင် ယိုင်းယိုင်းကြိုင်းကြိုင်း မြည်ရေ ပုခွက်သျှေ (တေး)
    none
    နာမ်