Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,721–2,740 of 3,186 words

    က

    ကြီးကြီးမြင့်မြင့်

    [t͡ɕït͡ɕïmɹɪ̰ɴmɹɪ̰ɴ]
    သန်မာထွားကျိုင်းသော။ မနိမ့်လွန်းသော။ မသေးလွန်း မကြီးလွန်းသော
    သန်မာထွားကျိုင်းသော။ မနိမ့်လွန်းသော။ မသေးလွန်း မကြီးလွန်းသော
    strong
    နာမဝိသေသန

    ကြီကြီရွီရွီ

    [t͡ɕít͡ɕíɹwíɹwí]
    ၁၊ အရွီအတွက် များရေ ပမာဏဟိရေ။ ၂၊ အရွယ်အစား မှုန်စိချေသော
    ၁၊ အရေအတွက် များသော ပမာဏရှိသော။ ၂၊ အရွယ်အစား အလွန်သေးသော
    extra small
    နာမဝိသေသန

    ကြီးခြီငင်

    [t͡ɕïkʰɹìŋɪ̀ɴ]
    ကြီးခေါင်းငင် ရှု
    ကြီးခေါင်းငင် ရှု
    none
    ကြိယာ

    ကြီစပ်

    [t͡ɕísaʔ]
    ပျော်ရွှင်လိုရေသဘောနန့် တဦးတယောက် မခံမရပ်နှိုင်ယောင် မခံချင်သာယောင် ပြောဆိုပြုမူရေ။ ပျက်ရယ်ပြုရေ။ ကစပ်တေ
    ပျော်ရွှင်လိုသောသဘောဖြင့် တစ်ဦးတစ်ယောက် မခံမရပ်နိုင်အောင် မခံချင်သာအောင် ပြောဆိုပြုမူသည်။ ပျက်ရယ်ပြုသည်။ ကစားသည်
    cheap gibe
    ကြိယာ

    ကြီးစိုး

    [t͡ɕïsó]
    မင်းမူသည်
    မင်းမူသည်
    govern
    ကြိယာ

    ကြီးစိုင်ငယ်လိုက်

    [t͡ɕïsàɪɴŋɛ̀laɪʔ]
    အကြီးအချေ အစိုင်လိုက် တန်းဗျာယ်
    အကြီးအငယ် အစဉ်လိုက် တန်းလျက်
    descendant
    ကြိယာဝိသေသန

    ကြီးထက်မြင့်ခေါင်

    [t͡ɕïtʰɛʔmɹɪ̰ɴkʰèàɪ̀ɴ]
    ၁၊ လွန်ကဲမြင့်မြတ်သောသူ။ လွန်ကဲမြင့်မြတ်သော ဂုဏ်သရေဟိရေ။ ဂုဏ်အမျိုးမျိုးရို့နန့် မြင့်မြတ်သော။ ၂၊ တဦးထက်တဦး မြင့်မြတ်သော
    ၁၊ လွန်ကဲမြင့်မြတ်သောသူ။ လွန်ကဲမြင့်မြတ်သော ဂုဏ်သရေရှိသော။ ဂုဏ်အမျိုးမျိုးတို့ဖြင့် မြင့်မြတ်သော။ ၂၊ တစ်ဦးထက်တစ်ဦး မြင့်မြတ်သော
    prestigious
    ကြိယာဝိသေသန

    ကြီးထက်မြင့်ခေါင်၂

    [t͡ɕïtʰɛʔmɹɪ̰ɴkʰèàɪ̀ɴ၂]
    ဂုဏ်အမျိုးမျိုးရို့နန့် မြင့်မြတ်သောသူ။ လွန်ကဲမြင့်မြတ်သော ဂုဏ်သရေဟိရေသူ
    ဂုဏ်အမျိုးမျိုးတို့ဖြင့် မြင့်မြတ်သောသူ။ လွန်ကဲမြင့်မြတ်သော ဂုဏ်သရေရှိသောသူ
    prestigious man
    နာမ်

    ကြီးနင်း

    [t͡ɕïnɪ́ɴ]
    ဗုံပတ်ဝိုင်းပိုင် ဆိုင်းဝိုင်းမာ တွဲခြည်း၍ တီးခတ်ရရေ အချေစားကတ်ေးမောင်း
    ဗုံပတ်ဝိုင်းကဲ့သို့ ဆိုင်းဝိုင်းတွင် တွဲချည်း၍ တီးခတ်ရသော အငယ်စားကြေးမောင်း
    drum
    နာမ်

    ကြီးနန်း

    [t͡ɕïnáɴ]
    ကြီးကို ငယ်အောင် လုပ်ထားရေ ကြီးလုံးချောင်း။ ကြီးလုံးငယ်
    ကြေးကို သေးငယ်အောင် လုပ်ထားသော ကြေးလုံးချောင်း။ ကြေးလုံးငယ်
    thin thread
    ကြိယာ

    ကြီးနိုင်

    [t͡ɕïnàɪɴ]
    ရာထူးဂုဏ်ထူးဟိရေ အမှုထမ်းရို့က ကျွန်းရွာ၊ ကျေးလက်ဟိ ပြည်သူ ရွာသားရို့ကို မဖွယ်မရာစော်ကားပြီး နိုင်ထက်ကလူ ပြောဆိုပြုမူသည်
    ရာထူးဂုဏ်ထူးရှိသော အမှုထမ်းတို့က တောရွာ၊ ကျေးလက်ရှိ ပြည်သူ ရွာသားတို့ကို မဖွယ်မရာစော်ကားပြီး နိုင်ထက်ကလူ ပြောဆိုပြုမူသည်
    bully
    ကြိယာ

    ကြီးနီ

    [t͡ɕïní]
    နီညိုရောင်အဆင်းဟိရေ သတ္တုတမျိုး
    နီညိုရောင်အဆင်းရှိသော သတ္တုတစ်မျိုး
    copper
    နာမ်

    ကြီးပေါင်း

    [t͡ɕïpèàɪ́ɴ]
    အသက်အရွယ်ကြီးရင့် ပြီးမှ တွိဆုံပေါင်းသင်းရသူ
    အသက်အရွယ်ကြီးရင့် ပြီးမှ တွေ့ဆုံပေါင်းသင်းရသူ
    get married at getting old
    နာမ်

    ကြီပျောက်

    [t͡ɕíprɔ́ɛʔ]
    ပြုန်းတီးရေ။ ပျက်စီးရေ
    ပြုန်းတီးသည်။ ပျက်စီးသည်
    damage
    ကြိယာ

    ကြီးပြင်း

    [t͡ɕïpɹɪ́ɴ]
    ၁၊ လူလားမြောက်လာရေ။ အရွယ်ရောက်လှာရေ။ အသက်အရွယ် ကြီးရင့်လာရေ
    ၁၊ လူလားမြောက်လာသည်။ အရွယ်ရောက်လာသည်။ အသက်အရွယ် ကြီးရင့်လာသည်
    grow
    နာမ်

    ကြီးပြား

    [t͡ɕïpɹá]
    ကြီးကို ဗြက် ပြုလုပ်ထားရေအရာ
    ကြေးကို အပြားလိုက် ပြုလုပ်ထားသောအရာ
    coin
    နာမ်

    ကြီပွန်

    [t͡ɕípʊ̀ɴ]
    ၁၊ တတ်ကျွမ်းနားလည်ရေ။ ၂၊ ကျရောက်ရေ့ တာဝန်ကို ပြီးပြတ်အောင် လုပ်ဆောင်ရေ
    ၁၊ တတ်ကျွမ်းနားလည်သည်။ ၂၊ ကျရောက်သည့် တာဝန်ကို ပြီးပြတ်အောင် လုပ်ဆောင်သည်
    manage
    ကြိယာ

    ကြီးပွား

    [t͡ɕïpWà]
    ၁၊ ကြွယ်ဝ ချမ်းသာရေ။ ၂၊ ပြည့်ဖြိုး တိုးတက်ရေ
    ၁၊ ကြွယ်ဝ ချမ်းသာသည်။ ၂၊ ပြည့်ဖြိုး တိုးတက်သည်
    wealth
    ကြိယာ

    ကြီးဖေသာ

    [t͡ɕïpʰèθà]
    ကြီးနန့်ပြုလုပ်ထားရေ ဖေသာပြား
    ကြေးဖြင့်ပြုလုပ်ထားသော ပိုက်ဆံပြား
    coin
    နာမ်

    ကြီးဖြူ

    [t͡ɕïpʰɹù]
    ခဲနှင့်ကြီးကို ရောစပ်ထားရေ ကြီးသတ္တုတမျိုး
    ခဲနှင့်ကြေးကို ရောစပ်ထားသော ကြေးသတ္တုတစ်မျိုး
    bronze
    နာမ်