Dictionary Entries
Showing 2,741–2,760 of 3,186 words
က
ကြီးမား
[t͡ɕïmá]
Arakanese:
ကမ္ဘာလောက်သည်၏အဖြစ်။ ကြီးမားရေခေါင်၊ ကျောက်တော်တောင်၌ (မုနိ)
Burmese:
အလွန်ကြီးသည်၏အဖြစ်။ ကြီးမားသောခေါင်၊ ကျောက်တော်တောင်၌ (မုနိ)
English:
huge
Grammar Note:
နာမ်
ကြီးမား၂
[t͡ɕïmá၂]
Arakanese:
ကမ္ဘာလောက်သော
Burmese:
အလွန်ကြီးသော
English:
huge
Grammar Note:
နာမဝိသေသန
ကြီးမုံ
[t͡ɕïmòʊɴ]
Arakanese:
ကြည့််မှန်၊ မှန်ပိုင် ကြည်လင်သောအရာ၊ ဟဲဟို ဟဲဟို၊ နတ်ဆရာရို့၊ ဆိုကာဖွဲ့နွဲ့၊ ကြီးမုံပြင်မာ၊ ဆန်ခွက်ကြည့်လို့ (ကော်
Burmese:
ကြည့််မှန်၊ မှန်ကဲ့သို့ ကြည်လင်သောအရာ၊ ဟဲဟို ဟဲဟို၊ နတ်ဆရာတို့၊ ဆိုကာဖွဲ့နွဲ့၊ ကြီးမုံပြင်မှာ၊ ဆန်ခွက်ကြည့်လို့ (ကော်
English:
mirror
Grammar Note:
နာမ်
ကြီးမြင့်
[t͡ɕïmɹɪ̰ɴ]
Arakanese:
၁၊ အရွယ်ကြီးပြင်းလာရေ။ ၂၊ အရွယ်ရောက်ပနာ လူလားမြောက်လာရေ။ ကြီးမြင့်ရွယ်ရောက်၊ တင်းခွန်ဆောက်သို့ (ထွန်းတိ)
Burmese:
၁၊ အရွယ်ကြီးပြင်းလာသည်။ ၂၊ အရွယ်ရောက်၍ လူလားမြောက်လာသည်။ ကြီးမြင့်ရွယ်ရောက်၊ တံခွန်ဆောက်သို့ (ထွန်းတိ)
English:
grow
Grammar Note:
ကြိယာ
ကြီးမြတ်
[t͡ɕïmɹaʔ]
Arakanese:
ဂုဏ်အမျိုးမျိုးရို့ ကဲမောက်သော။ ဂုဏ်အထူး ကြီးမြတ်တော်မူသော အသျှင်ဘုရား (ဒိဌ။
Burmese:
ဂုဏ်အမျိုးမျိုးတို့ ကဲမောက်သော။ ဂုဏ်အထူး ကြီးမြတ်တော်မူသော အသျှင်ဘုရား (ဒိဌ။
English:
prestigious
Grammar Note:
နာမဝိသေသန
ကြီမွ.
[t͡ɕímw.]
Arakanese:
မုန့်မုန့်ညက်ညက်ဖြစ်တေ။ ထုံးပုံဟန်ပမာသို့၊ ကြီမွ.ကာသီဆုံးပျောက် (ဗမါချီ)
Burmese:
မုန့်မုန့်ညက်ညက်ဖြစ်သည်။ ထုံးပုံဟန်ပမာသို့၊ ကြီမွ.ကာသီဆုံးပျောက် (ဗမါချီ)
English:
brake
Grammar Note:
ကြိယာဝိသေသန
ကြီမှုန်း
[t͡ɕím̥óʊɴ]
Arakanese:
ရန်သူကို ပျက်စီး ပြုန်းတီးအောင် လုပ်ရေ
Burmese:
ရန်သူကို ပျက်စီး ပြုန်းတီးအောင် လုပ်သည်
English:
attack
Grammar Note:
ကြိယာ
ကြီးရင့်
[t͡ɕïɹɪ̀ɴ့]
Arakanese:
၁၊ အိုမင်းခြင်းသို့ရောက်သော။ အသက်အရွယ် ကြီးပြင်းလာရေ။ ၂၊ အရည်အသွီး သစ်လွင်ခြင်းမဟိ ညှိုးဖျော့သော
Burmese:
၁၊ အိုမင်းခြင်းသို့ရောက်သော။ အသက်အရွယ် ကြီးပြင်းလာသော။ ၂၊ အရည်အသွေး သစ်လွင်ခြင်းမရှိ ညှိုးဖျော့သော
English:
old
Grammar Note:
နာမဝိသေသန
ကြီးလေး
[t͡ɕïlé]
Arakanese:
၁၊ ကြီးရေအပြစ်ဒဏ်ဟိရေ။ ၂၊ အားနှင့်မမျှအောင် အလီးချိန်ဟိရေ
Burmese:
၁၊ ကြီးသောအပြစ်ဒဏ်ရှိသော။ ၂၊ အားနှင့်မမျှအောင် အလေးချိန်ရှိသော
English:
heavy
Grammar Note:
နာမဝိသေသန
ကြီးလေး၂
[t͡ɕïlé၂]
Arakanese:
လီးလံသောဝန်ဝတ္တု
Burmese:
လေးလံသောပစ္စည်းဝတ္တု
English:
heavy thing
Grammar Note:
နာမ်
ကြီးဝါ
[t͡ɕïwà]
Arakanese:
ဝါသောအရောင်ဟိရေ ကြီးသတ္တုတမျိုး
Burmese:
ဝါသောအရောင်ရှိသော ကြေးသတ္တုတစ်မျိုး
English:
brass
Grammar Note:
နာမ်
ကြီးသွား
[t͡ɕïθWà]
Arakanese:
ငယ်ကသွား ကျိုးကုန်ရားမှ နောက်ထပ် ပေါက်သော သွား။ ကြီးပြီးမှ ပေါက်သော သွား
Burmese:
ငယ်ကသွား ကျိုးကုန်ပြီးမှ နောက်ထပ် ပေါက်သော သွား။ ကြီးပြီးမှ ပေါက်သော သွား
English:
teeth
Grammar Note:
နာမ်
ကြီးဟင်းရာ
[t͡ɕïhɪ́ɴɹà]
Arakanese:
ကြီးနန့်ပြုလုပ်ရေ တိမ်၍ အဝှမ်းပြန့်သော၊ ဟိးရက္ခိုင်ရိုးရာ မိသားစု ဝိုင်းဖွဲ့ပြီးကေ စားသုံးနှိုင်ရေ ကြီးဗျတ် အကြီးစား တမျိုး။ ကြီးဟင်းရာ၊ ငွီဟင်းရာ၊ ရွှီဟင်းရာ၊ ကြွီဟင်းရာ အစဟိစွာနန့် ဟိရေ။ သောက်ပါစားပါ၊ ကြီးဟင်းရာမှ၊ မုန်လာလက်သုပ်၊ တခွက်လုပ်လို့ (ငှက်ဆင်
Burmese:
ကြေးဖြင့်ပြုလုပ်သော တိမ်၍ အဝှမ်းပြန့်သော၊ ရှေးရခိုင်ရိုးရာ မိသားစု ဝိုင်းဖွဲ့၍ စားသုံးနိုင်သော ကြေးလင်ဗန်း အကြီးစား တစ်မျိုး။ ကြီးဟင်းရာ၊ ငွီဟင်းရာ၊ ရွှီဟင်းရာ၊ ကြွီဟင်းရာ စသည်ဖြင့် ရှိသည်။ သောက်ပါစားပါ၊ ကြီးဟင်းရာမှ၊ မုန်လာလက်သုပ်၊ တခွက်လုပ်လို့ (ငှက်ဆင်
English:
bronze tray
Grammar Note:
နာမ်
ကြုံ
[t͡ɕòʊɴ]
Arakanese:
အသားအရီ ပိန်ကပ်၍ အင်အား နည်းပါးသော။ ပိန်သော။ ကိုယ်လက်ညှိုးကြုံ၊ ကြာပဒုံကို၊ နီပူထိုးသောသွင်သို့ (မေတ္တာတု)။ ငိုပါတုံလည်း၊ ရုပ်ဝါညှိုးသူ၊ ကိုယ်လက်ကြုံ၍ (ဗုဒ္ဓဝင်)။ အချမ်းတတူ၊ အပူမမျှ၊ ငါ့သည်းအူမာ၊ ကြုံကြန်ရလို့ (ကော်)။ မညိုမဖြူ၊ ကြုံမဆူကေ၊ ထူမပါးပဲ (ပဒုမ
Burmese:
အသားအရေ ပိန်ကပ်၍ အင်အား နည်းပါးသော။ ပိန်သော။ ကိုယ်လက်ညှိုးကြုံ၊ ကြာပဒုံကို၊ နီပူထိုးသောသွင်သို့ (မေတ္တာတု)။ ငိုပါတုံလည်း၊ ရုပ်ဝါညှိုးသူ၊ ကိုယ်လက်ကြုံ၍ (ဗုဒ္ဓဝင်)။ အချမ်းအတူ၊ အပူမမျှ၊ ငါ့သည်းအူမှာ၊ ကြုံကြန်ရလို့ (ကော်)။ မညိုမဖြူ၊ ကြုံမဆူကေ၊ ထူမပါးပဲ (ပဒုမ
English:
weakness
Grammar Note:
နာမဝိသေသန
ကြုံး
[t͡ɕóʊɴ]
Arakanese:
ကိုယ့်အတွက် အကျိုးမထင်စီပဲ ကုန်ဆုံးစီရေ၊ အခြည်းအနှီး၊ အလဟဿ ဖြစ်တေ။ အချိန်ကြုံး၊ ရက်ကြုံး၊ လကြုံး၊ နှစ်ကြုံး အစဟိစွာ သုံးစွဲသည်
Burmese:
မိမိအတွက် အကျိုးမထင်စေပဲ ကုန်ဆုံးစေသည်၊ အချည်းအနှီး၊ အလဟဿ ဖြစ်သည်။ အချိန်ကြုံး၊ ရက်ကြုံး၊ လကြုံး၊ နှစ်ကြုံး စသည် သုံးစွဲသည်
English:
useless
Grammar Note:
ကြိယာ
ကြုံ၂
[t͡ɕòʊɴ၂]
Arakanese:
တိုက်ဆိုင်ရေ။ တောင်းဆုမွန်ကေ၊ သုဓမ္မနန့်၊ မုချတွိကြုံ (ဓမ္မသာ)။ ကြုံသည်ဂနိ၊ တွိဗျာယ်နန့်ကံ၊ ကျမ္မာဟန်ကို၊ ပြန်ပြောပါလား (မိုးပန်)
Burmese:
တိုက်ဆိုင်သည်။ တောင်းဆုမွန်ကေ၊ သုဓမ္မနှင့်၊ မုချတွေ့ကြုံ (ဓမ္မသာ)။ ကြုံသည်ဂနိ၊ တွိလျက်နှင့်ကံ၊ ကျန်းမာဟန်ကို၊ ပြန်ပြောပါလား (မိုးပန်)
English:
accident
Grammar Note:
ကြိယာ
ကြုံကပ်
[t͡ɕòʊɴkaʔ]
Arakanese:
အသားအရီ ကြုံလှီ၍ အသားတင် အရိုး ထိစပ်လုသော
Burmese:
အသားအရေ ကြုံလှီ၍ အသားတင် အရိုး ထိစပ်လုသော
English:
thin
Grammar Note:
နာမဝိသေသန
ကြုံကျာ
[t͡ɕòʊɴt͡ɕà]
Arakanese:
အသားအရီ ကြုံလှီ၍ အင်အားနည်း တက်ကြွလှုပ်ယှားမှုကို မပြုနှိုင်ရေ။ ပိန်ကပ်နိန်ရေ
Burmese:
အသားအရေ ကြုံလှီ၍ အင်အားနည်း တက်ကြွလှုပ်ရှားမှုကို မပြုနိုင်သော။ ပိန်ကပ်နေသော
English:
thin
Grammar Note:
နာမဝိသေသန
ကြုံကျိကြုံကျာ
[t͡ɕòʊɴt͡ɕìt͡ɕòʊɴt͡ɕà]
Arakanese:
အသားအရီ ကြုံလှီ၍ အင်အားနည်း တက်ကြွလှုပ်ယှားမှုကို မပြုနှိုင်ရေ။ ပိန်ကပ်နိန်ရေ
Burmese:
အသားအရေ ကြုံလှီ၍ အင်အားနည်း တက်ကြွလှုပ်ရှားမှုကို မပြုနိုင်သော။ ပိန်ကပ်နေသော
English:
thin
Grammar Note:
နာမဝိသေသန
ကြုံကြုံကပ်ကပ်
[t͡ɕòʊɴt͡ɕòʊɴkaʔkaʔ]
Arakanese:
အသားအရီ လျော့ပါး ကျုံ့ယုံ့သော။ ပိန်ခြုံးသော
Burmese:
အသားအရေ လျော့ပါး ကျုံ့ယုံ့သော။ ပိန်ချုံးသော
English:
thin
Grammar Note:
နာမဝိသေသန